နိုင်ငံရေးပဲ လုပ် လုပ် ဇာတ်ပဲ က က ပြည်သူချစ်ဖို့ လိုသည် တူမောင်ညို  (၂၀၁၃ ခုနှစ်၊ မတ် ၁၆ ရက်) (နဝတ-နအဖ) စစ်အစိုးရနှင့် အာဏာအမွေခံ (ဗိုလ်)ဦးသိန်းစိန်အစိုးရတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ဒီချုပ်ကို ဖြိုခွဲနှိမ်နင်းရမည့်ဗျူဟာနှင့်ပရိယာယ်ပေါင်းစုံရှိသည်။သတင်းစာများတွင်အပုတ်ချဆောင်းပါးများရေးသားဖေါ်ပြသည်မှအစ၊ အိမ်ချုပ်ချခြင်း၊ ထောင်ချ ခြင်းများအလယ်  ဒီပဲယင်းတွင်အကြမ်းဖက်သတ်ဖြတ်သည်အဆုံး အတွေ့အကြုံများစွာရှိသည်။ လက်မရွံ့သူတွေပေါလှသည်။ ယခုတစ်ခေါက် လက်ပံတောင်းဒေသသို့ သွားသည့်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သည် "မီးလောင်ဗုံး" ကဲ့သို့ ဖြစ်ခဲ့ရပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို"မီးလောင်ဗုံး"အဖြစ် (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက လှလှကြီးအသုံးချခဲ့ခြင်းဖြစ်သည်။ "အသုံးချ ခံမည်"ဟု တဖွဖွပြောဆိုနေသဖြင့် ကြုံကြိုက်တုန်း အသုံးချလိုက်ပုံရပါသည်။  ဒေါ်အောင်ဆန်းစုကြည်၏ မျက်လုံး၊စကားလုံးများ၊ ဟန်ပန်အမူအရာများသည် လက်ပံတောင်းဒေသခံ ပြည်သူများ၏အသည်း နှလုံးကို အလျှံညည်းညည်းလောင်ကျွမ်းစေခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ထိုသို့သောမီးလောင်မျက်လုံး၊ မီးလောင်စကားလုံးများ၊ မီးလောင်ဟန်ပန် အမူအရာများကို ယနေ့ခေတ်မီ ဆက်သွယ်ရေးနည်းပညာတန်ခိုးဖြင့် [...]

Read more of this post