အယ်ဒီတာ့လက်ရေး ၂၀ ပြောင်းပြန် ရေးခြင်း မောင်ရစ်၊ မတ် ၆၊ ၂၀၁၃             ကဗျာဆရာမင်းထက်မောင်ရဲ့ ကဗျာပြောင်းပြန် ဆိုတဲ့ ကဗျာစာအုပ်လေး ရှိတယ်။ ပြောင်းပြန်ဆိုတဲ့ လူတစ်ယောက်အကြောင်း ရေးတာပါ။ အရင်စစ်အစိုးရလက်ထက်မှာ စာအုပ်မထွက်ခဲ့ပေမယ့် အခုတော့ စာအုပ်လေးထွက်လာပြီ။ ပြောင်းပြန်တွေးပြီး ပြောင်းပြန်လုပ်တဲ့ သူတယောက်အကြောင်းရေးထားတာ။ နောင်ကျမှ စာကူးပြန်ရိုက်ပြီး တင်ဆက်ပေးပါဦးမယ်။             ဆရာမောင်စွမ်းရည်နဲ့ ဖုံးဆက်ဖြစ်တယ်။ ၈၈မျိုးဆက် ကိုဌေးကြွယ် အမေရိကား အလည်လာမယ်။ ဆရာတို့ နယူးယောက်လည်း လာမယ်။ ကျနော်တို့ ဆန်ဖရန်ဖက်လည်း လှည့်ဝင်မယ်။ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံကြဖို့၊ ကြိုဆိုကြဖို့ အစီအစဉ်တွေအကြောင်း မေးမြန်းမိပါတယ်။ ဒါနဲ့ ဆရာက ပြောတယ်။ ပြည်ပရောက်တွေက လက်ရှိ (စစ်)အစိုးရထံကနေ ကြိုတင်ကန့်သတ်ထားခြင်းမရှိတဲ့ လွတ်ငြိမ်းချမ်းသာခွင့်၊ ပြည်တော်ပြန်ခွင့် တောင်းဆိုကြဦး [...]

Read more of this post