နယ်စပ်ဒုက္ခသည်စခန်းတစ်ခု မီးအကြီးအကျယ်လောင်၊ သေဆုံးသူ များပြား မိုးမခအထောက်တော် အမှတ် ဝဝ၃ မတ် ၂၃၊ ၂၀၁၃ ထိုင်းမြန်မာနယ်စပ် မဲဟောင်ဆောင် ဒေသ ဒုက္ခသည်စခန်း တစ်ခုတွင် ယမန်နေ့ ညနေပိုင်းက မီးလောင်မှုတစ်ခု ဖြစ်ပွားရာ အများအပြား ဒဏ်ရာရ သေဆုံးသွားကြသည်။ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ ဟု မြန်မာတို့က ခေါ်သည့် ထိုစခန်းအတွင်း မီးလောင်မှုကြောင့် သေဆုံးသည့် အရေအတွက်မှာ ၃၀ ခန့်သာ ဖြစ်သော်လည်း ယနေ့ နေ့ခင်းပိုင်းတွင် အရေအတွက်က ၄၀ ကျော်အထိ တိုးပွားလာသည်ကို သတင်းများတွင် တွေ့ရသည်။ ပြီးခဲ့သောနာရီပိုင်းအတွင်း ပေါ်ထွက်လာသည့် ဘန်ကောက်ပို့စ်သတင်းစာ အင်တာနက် သတင်းတစ်ပုဒ်တွင်မူ သေဆုံးသူ အရေအတွက် အနည်းဆုံး ၆၂ ဦး ရှိသည်ဟု  အာဏာပိုင်တို့က [...]

Read more of this post