စကားပြောသော လိပ်ကလေး  ဘုန်းသျှံ၊ (လန်ဒန်ဝိဟာရ)၊ မတ် ၈၊ ၂၀၁၃ လိပ်ကလေးက စကားပြောတယ်လို့ဆိုလျှင် စာဖတ်သူတို့ ယုံကြည်မှု ရှိနိုင်ကြပါမလား? ယုံချင်ယုံ- မယုံချင် အင်္ဂလန်က ပုံပြင်တစ်ခုလို့သာ မှတ်ကြပါ။ တကယ်တော့ လူတွေကသာ နားမလည်ကြတာပါ၊ အဟိတ် တိရ စ္ဆာန်တွေဟာ သူတို့၏ ဘာသာဘာဝ စကားကို ပြောတတ်ကြပါတယ်။ တစ်ကောင်နဲ့ တစ်ကောင် ပြောဆိုကြတာကို သူတို့က အချင်းချင်း နားလည်ကြပါတယ်။ သာယာမြည်ကျွေး တေးကလေးတွေလည်း သီဆိုတတ်ကြလို့ ကလူကြည်ဆယ် ပျော်မြူးကြလို့ ဟိုပြန် ဒီပြေး လုပ်နေတတ်တာကို တွေ့ဘူးနေကြမှာပါ။ ဟိုရှေးရှေးကဆို လူတွေဟာ ငှက်ကလေးတို့ ပြောစကားကို နားလည်ကြသလို လူတို့၏ စကားကိုလည်း ငှက်တို့က နားလည်ကြပါတယ်။ သူတို့၏စကား ကြားပြီးတော့ အကောင်းအဆိုး အကျိုးအပြစ်တွေကို [...]

Read more of this post