မြ၀တီရဲခေါင် (၁၉ ၂၄ - ၂၀၁၃) ကွယ်လွန် နာရေးမှတ်တမ်း၊ မတ် ၈၊ ၂၀၁၃ အဘ ဦးသာဆိုင် အမိဒေါ်ရွှေမှတ်တို့၏သား၊ ဒေါ်ခင်လှိုင်၏ ခင်ပွန်း၊ ကိုနေလင်းနှင့် ကိုမိုးကြယ်တို့၏ အဖေ အဘ မြ၀တီ ဦးရဲခေါင်သည် 21/01/1924 ခုနှစ်တွင် မြစ်ဝကျွန်းပေါ် ဖျာပုံမြို့တွင် မွေးဖွားခဲ့ပြီး 06/03/2013 ခုနှစ် အသက် ၈၉ နှစ်အရွယ်တွင် အဆုပ်ကင်ဆာ ရောဂါဖြင့် သြစကြေးလျားနိုင်ငံ ဆစ်ဒနီမြို့ရှိ Aubrun Nursing Home တွင် ယနေ့နေ့လည် 13:15 နာရီတွင် ဘ၀တပါးသို့ ပြောင်းလဲကွယ်လွန်ခဲ့ပါသည်။  အဘဦးရဲခေါင်သည် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) နှင့် ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) တွင် နယ်ချဲ့အင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ရေးတွင် ပါဝင်လာခဲ့သည့် [...]

Read more of this post