အပြီးသတ်အစီရင်ခံစာနှင့်ပတ်သက်၍ တူမောင်ညို။ (၂၀၁၃ ခုနှစ်၊ မတ်လ ၁၃ ရက်) လက်ပံတောင်းစုံစမ်းစစ်ဆေးရေးကော်မရှင်၏ "အပြီးသတ်အစီရင်စာ" (၁၁ - ၃ - ၂၀၁၃) ထွက်လာခဲ့ပြီ။             အစီရင်ခံစာ၏ အနှစ်ချုပ်သဘောကတော့ "လက်ပံတောင်းကြေးနီစီမံကိန်း" ဆက်လက်ဆောင်ရွက်ရန် မီးစိမ်းပြ လိုက်ခြင်း ပင်ဖြစ်သည်။ လက်ဝါးကြီးအုပ်စစ်ခရိုနီကုမ္ပဏီ၊ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် (MEHL)ကို ပြတ်ပြတ်သားသား မင်္ဂလာရေစင်သွန်း၍ ချီးမြှင့်လိုက်ခြင်းလည်း ဖြစ်သည်။ ထို့အပြင် "လက်ပံတောင်းကြေးနီစီမံကိန်း"လုံးဝဖျက်သိမ်းရေးဆန္ဒပြနေသူများကို ဖြိုခွင်းရန် (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ အတွက် အချက်ကောင်းရသွားခြင်းဖြစ်သည်။ တပြိုင်နက်တည်းမှာပင် လက်ပံတောင်းကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းလိုသော ဒေသခံ ပြည်သူများ၏ ဆန္ဒကိုလျစ်လျူရှုလိုက်ခြင်းလည်းဖြစ်သည်။  "မီးခိုးဗုံး"ဟုပြောသည့်အချက်ကလည်း "မီးလောင်ဗုံး"ကြောင့် ထိခိုက်ခံခဲ့ကြရသူများအသည်းကို ကျွဲခတ်ခံရသည့်နှယ် ဖြစ်ရ သည်။    ယခုဆိုလျှင် "လက်ပံတောင်းကြေးနီစီမံကိန်း" လုံးဝဖျက်သိမ်းလိုသူများနှင့်ဆက်လက်လုပ်ဆောင်လိုသူတို့ ထိပ်တိုက်တွေ့ကြ ဖို့ [...]

Read more of this post