သစ်ထူးလွင်

သစ်ထူးလွင်


ဆန္ဒပြသူ ဒေသခံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်း လမ်းမှာတွေ့ဆုံ။ (ရုပ်/သံ)

Posted: 13 Mar 2013 04:02 PM PDT

လက်ပံတောင်း ကြေနီးစီမံကိန်း ဆန္ဒပြသူ ဒေသခံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်း လမ်းမှာတွေ့ဆုံ။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


မြင်းခြံမြို့က ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ ကို လိုင်ဇာမြို့ က ကြိုဆို (ရုပ်/သံ)

Posted: 13 Mar 2013 04:01 PM PDT

ငြိမ်းချမ်းရေးအတွက် ခရီးရှည် လမ်းလျှောက်နေကြတဲ့ အဖွဲ့ ၂ ဖွဲ့ထဲက မြင်းခြံမြို့က အဖွဲ့ဟာ သူတို့ရဲ့ပန်းတိုင်ဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဋ္ဌာနချုပ် လိုင်ဇာမြို့ကို ဒီကနေ့ နေ့လည်ပိုင်းက ရောက်ရှိသွားပါပြီ။ အသေးစိတ်ကို RFA သတင်းထောက် ကိုရဲထက်က တရုတ်-မြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



လက်ပံတောင်းအစီရင်ခံစာနဲ့ ပါတ်သတ်လို့ မေးမြန်း ချက်တွေကို ဒေါ်အောင်ဆန်းစုကြည် အသေးစိတ် ဖြေကြား (ရုပ်/သံ)

Posted: 13 Mar 2013 03:46 PM PDT

လက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းရေး ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကို မတ်လ ၁၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ နေပြည်တော်မှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အသေးစိတ် ဖြေကြားခဲ့ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



မစိုးရိမ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသ ဘ၀နတ်ထံ ပြန်လွန်တော်မူ

Posted: 13 Mar 2013 01:47 PM PDT

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်များ၏ မဟာနာယကချုပ် မစိုးရိမ်ဆရာတော် ဘဒဒန္တရာဇ ဓမ္မာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ) မထောရ်မြတ်ကြီးသည်၊ ယနေ့ ည ၁၁း ၄၀ခန့် မှာ မစိုးရိမ်းတိုက်သစ် ဆရာတော် ဘုရားကြီး ဘ၀နတ်ထံ ပြန်လွန်တော်မူ သွားပါသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပုပ်ရဟန်းမင်း အသစ် ရွေးချယ် နိုင်ပြီ

Posted: 13 Mar 2013 01:13 PM PDT

ပုပ်ရဟန်းမင်းသစ် အဖြစ် အာဂျင်တီးနားက သက်တော် ၇၆ နှစ် ရှိပြီဖြစ်တဲ့ ရဟန်းအမတ် Jorge Mario Bergoglio ကို ရွေးချယ် တင်မြောက်လိုက်တာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းသစ် Bergoglio ဟာ စိန့်ပီတာ ကျောင်းတော်ပေါ်ကနေ ရင်ပြင်မှာ ရောက်ရှိလာတဲ့ လူပရိသတ်ကို ဆုတောင်းပေးခဲ့တယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပုပ်ရဟန်းမင်းသစ် Bergoglio ဟာ စိန့်ပီတာ ကျောင်းတော်ပေါ်ကနေ ရင်ပြင်မှာ ရောက်ရှိလာတဲ့ လူပရိသတ်ကို ဆုတောင်းပေးခဲ့တယ်။

ပုပ်ရဟန်းမင်းသစ် ဘယ်သူဖြစ်လာနိုင်သလဲ

Posted: 13 Mar 2013 01:01 PM PDT

ရိုမန်ကက်သလစ် ပုဒ်ရဟန်းမင်းကြီးတပါး ရွေးချယ်နေတာ ဒုတိယမြောက်နေ့ ရောက်လာပေမယ့် အခုချိန်အထိ ဘယ်သူရသလဲဆိုတာ အဖြေထွက်မလာသေးပါဘူး။ အင်္ဂါနေ့က စတင်တဲ့ လှိျု့ဝှက်မဲပေးမှု စတင်ပြီး သုံးနာရီအကြာ ဗာတီကန်အဆောက်အဦ မီးခိုး ခေါင်းတိုင်ကနေ အမဲရောင် မီးခိုးတွေ ထက်လာတာကြောင့် မဲပေးမှုက အဖြေ မထွက်ခဲ့ပါဘူး။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ပုပ်ရဟန်းမင်းကြီးသစ် ဘယ်တိုက်က ဖြစ်လာနိုင်သလဲ။

တူနီးရှားမှာ ကိုယ့်ကိုကိုယ် မီးရှို့သူ သေဆုံး

Posted: 13 Mar 2013 12:55 PM PDT

တူနီးရှား နိုင်ငံ တူးနစ် မြို့တော်မှာ ကိုယ့်ကိုကိုယ် မီးရှို့ ခဲ့တဲ့ အလုပ် လက်မဲ့ အမျိုးသားဟာ မီးလောင် ဒဏ်ရာ တွေကြောင့် သေဆုံး သွားခဲ့ပြီ ဆိုတဲ့ သတင်းတွေ ရရှိ ပါတယ်။ Adel Khadri ဆိုသူ ဟာ ဒီကနေ့ မနက်ကပဲ သေဆုံး သွားခဲ့တယ်လို့ ပြင်းထန်တဲ့ မီးလောင် ဒဏ်ရာတွေ အတွက် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



နိုင်ငံရေး မတည်ငြိမ်မှု ဖြစ်နေ ချိန်မှာ ကိုယ့်ကို ကိုယ် မီးရှို့ မှု ဖြစ်ခဲ့




စီမံကိန်း ဆက်မှ တိုင်းပြည် အကျိုးရှိမယ်လို့ ဒေါ်စုပြော

Posted: 13 Mar 2013 12:46 PM PDT

လက်ပံတောင်း တောင် စီမံကိန်း စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင် ခံစာ ထွက်လာ ခဲ့ပြီး နောက်တစ်နေ့မှာ ကော်မရှင် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် လက်ပန်း တောင်းတောင် ဒေသကို ရောက်လာခဲ့ ပြီး စီမံကိန်းတွေကို ဆက်လက် လုပ်ဆောင် မှသာ တိုင်းပြည်နဲ့ လူမျိုး အတွက် အကျိုး ရှိနိုင်မယ် ဆိုတာကို ပြောခဲ့ ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဒေါ်အောင်ဆန်း စုကြည်ကို ဝက်မှေးရွာမှာ ကြိုဆို နှုတ်ဆက် နေကြသူများ

လှေစီးပြေးရိုဟင်ဂျာ ထိုင်းပစ်သတ်သလား

Posted: 13 Mar 2013 12:40 PM PDT

ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည် တစုကို ထိုင်းရေတပ်က ပစ်ခတ်တာကြောင့် လူနှစ်ယောက် ထက်မနည်း သေဆုံးသွားတယ်လို့ စွပ်စွဲထားတဲ့ ဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေး
စောင့်ကြည့် လေ့လာရေးအဖွဲ့က တောင်းဆို လိုက်ပါတယ်။ ပြီးခဲ့တဲ့လမှာ လှေနဲ့ထွက်ပြေး လာကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၀ လောက်ကို ပင်လယ်ထဲ ပြန်မောင်းထုတ်ဖို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ထိုင်းအာဏာပိုင်တွေ ထိန်းသိမ်းခြင်းခံရတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (ဇန်နဝါရီ ၁၊ ၂၀၁၃)

လက်ပံတောင်းအစီရင်ခံစာ ဒေသခံတွေကန့်ကွက်

Posted: 13 Mar 2013 12:34 PM PDT

လက်ပံတောင်းတောင် ကြေးနီး စီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်လာပြီး NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က အစီရင်ခံစာနဲ့ပတ်သက်လို့ လိုက်လံ ရှင်းလင်းမှုတွေ လုပ်နေပေမဲ့ ကျေနပ်မှုမရှိတဲ့ ဒေသခံတွေ ကတော့ ဆန္ဒပြ ထုတ်ဖော်မှုတွေကို ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။

ဆန္ဒပြနေသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်း ဆုံကြပေမဲ့ နှစ်ဘက်လုံးက ဆွေးနွေးခြင်း၊ တားဆီးခြင်းတွေ မရှိကြဘူးလို့ ဆိုပါတယ်။ အပြည့်အစုံကို မအေးအေးမာ က သတင်းပေးပို့ထား ပါတယ်။

လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းရပ်တန့်ရေးအတွက် တောင်းဆိုနေကြ တဲ့ ဒေသခံတွေဟာ လက်ပံတောင်းတောင်အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာ အဖြေကို လက်မခံနိုင်တဲ့အကြောင်း မီးလောင်ဗုံးနဲ့ ပတ်သက်လို့ တာဝန်ရှိသူ တွေကို အရေးယူပေးဖို့ ဆန်ကျင့်ကန့်ကွက် မှုတွေကို လုပ်ခဲ့ကြတာပါ။

"စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အဖြေ အလိုမရှိ အလိုမရှိ၊ ပုဒ်မ ၁၄၄ ဖျက်သိမ်းရေး တို့အရေး၊ တို့အရေး"
တချိန်တည်းမှာပဲ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ရှင်းလင်းဖို့အတွက် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ပံတောင်းတောင် ဘက်ကို ရောက်နေ တာပါ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် လိုက်လံရှင်းပြနေတဲ့ ရွာတွေဟာ မကျေမနပ်ဖြစ်နေတဲ့ လက်ပံတောင်းတောင် ဒေသခံတွေ ရှိတဲ့နေရာမဟုတ်ဘဲ စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းကြောင့် တောင်တွေ ပျောက် ကွယ်သွားပြီး အက်ဆစ်အနံ့တွေနဲ့ ကျန်းမာရေး ထိခိုက်နေတဲ့ ရွာတွေဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒီအတွက် ကျန်းမာရေး ဆေးပေးခန်းတွေ ထားပေးဖို့ပဲ ဒေသခံတွေက ပြော ဆိုနေတာပါ။

လက်ပံတောင်းတောင် ဒေသခံတွေရှိရာကိုတော့ ဒေါ်အောင်ဆန်းစုကြည် လာမယ် မလာဘူးဆိုတာ အခုထိတော့ ရေရေရာရာ မသိရသေးကြောင်းနဲ့ ဒေသခံတဦးကတော့ ဆန္ဒပြရခြင်း အကြောင်းရင်း ကို အခုလို ပြောပါတယ်။

"စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အဖြေက ပြည်သူလူထုရဲ့ ဆန္ဒကို လုံးဝ မပါရှိတဲ့ အတွက် ကျမတို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အဖြေကို လက်မခံနိုင်လို့ ဆန္ဒပြရခြင်း ဖြစ်ပါတယ်။ ကျမတို့ ပြည်သူလူထုတွေ၊ ဒေသခံတွေကတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဘယ်လိုပဲ ဆက်လုပ်ဆက်လုပ် ကျမတို့ ဒေသခံတွေ၊ ပြည်သူတွေကတော့ စီမံကိန်း ရပ်ဆိုင်းရေးကိုပဲ လုံးဝ ဦးတည်လုပ်ဆောင်သွားမှာပါရှင့်။ ဒီနေ့ လူအင်အားကတော့ ၁ ထောင်ကျော် ၂ ထောင်နီးပါး
လောက် ရှိတယ်ရှင့်။ ကျမတို့ တောက်လျှောက် ဆန္ဒပြနေကြတာမှာ။ ကျမတို့ အခု တုံသပိတ် စခန်းကနေပြီးတော့ ၀မ်ဘောင်ရှေ့အထိကို လမ်းလျှောက် ဆန္ဒပြနေကြတာပါ။ ဒေါ်အောင်ဆန်း စုကြည် ကတော့ လာမယ်လို့တော့ ကျမတို့ဘက်တော့ မသိဘူးနော်။ လက်ပံတောင်းတောင် စီမံကိန်းကြီး ရပ်ဆိုင်းရေးကိုပဲ ဦးတည်ပြီးတော့ ပြောကြမှာပါရှင့်။ "

ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး လာနေတဲ့ ယာဉ်တန်းနဲ့ ဆန္ဒပြသူတွေ လမ်းခရီးမှာ ဆုံတွေကြပေမဲ့ ဆွေးနွေး ညှိနှိုင်းခြင်း၊ တားဆီးခြင်းတွေကို နှစ်ဘက်လုံးက မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဆန္ဒပြသူတွေကိုတော့ လုံခြုံရေး အာဏာပိုင်တွေက တားမြစ် ပိတ်ပင်ထားတဲ့ အကြောင်း ဒေသခံတဦးက ပြောပါတယ်။

"မုံရွာပုသိမ်လမ်းခွဲရဲ့ အရှေ့နားလေးမှာ ဆုံပါတယ်ခင်ဗျ။ သူတို့ကလည်း သူတို့ ယာဉ်တန်းအတိုင်း သွားတယ်။ ကျနော်တို့လည်း သွားနေကြ လမ်းအတိုင်းပဲ သွားတာပါခင်ဗျ။ သူတို့ကလည်း သူတို့ ယာဉ်တန်းအတိုင်း ဖြတ်လာတာဆိုတော့ ဆင်းပြီး ဆွေးနွေးတာ မရှိဘူး။ ကျနော်တို့ကလည်း ကျနော်တို့ လုပ်နေကြအတိုင်း ဆန္ဒပြတဲ့ လမ်းကြောင်းအတိုင်း သွားတာပါခင်ဗျ။ ကျနော်တို့ ထဲလည်း တားတာ ဆီးတာ မရှိပါဘူးခင်ဗျ။ ကျနော်တို့ လမ်းအတိုင်းပဲ ကျနော်တို့ သွားပါတယ်။ သူတို့လည်း သူတို့လမ်းအတိုင်းပဲ သူတို့ သွားပါတယ်။ အဲ့လိုကတော့ တားတာ ဆီးတာ မရှိပါဘူး။ ကျနော်တို့ မုံရွာပုသိမ်လမ်းမကြီးပေါ်ကို ရောက်သွားတဲ့အခါကျတော့ ရဲအင်အား ၃၀ ကျော်က သံဆူးကြိုးတွေနဲ့ ပိတ်ထားတာရှိတယ်။ လက်နက်တွေ ကိုင်ပြီးတော့ မီးသတ်ကားတွေ ခေါ်ထားပြီးတော့ ပိတ်ထားတာရှိတယ်။ သွားခွင့်ပေးပါလို့ ကျနော်တို့ တောင်းပါတယ်ခင်ဗျ။ သူတို့က သွားခွင့်မပေးနိုင်ဘူး။ ဒါက ၁၄၄ ထုတ်ထားတဲ့ နယ်မြေဆိုပြီး သွားခွင့်မပေးပါဘူးခင်ဗျ။ ကျနော်တို့က ဆန္ဒပြကြတာ ၀မ်ဘောင်နောက်ကျော ဖောင်းငါးရွာလမ်းကနေ မုံရွာပုသိမ်လမ်းမ ကြီးပေါ်ကို ပြန်ထွက်ခဲ့ရတာပါခင်ဗျ။"
 
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာစစ်တပ်ပိုင် မြန်မာ စီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက်နဲ့ တရုတ်နိုင်ငံပိုင် မြန်မာဝမ်ဘောင်ကုမ္ပဏီတို့က ဒေသခံတွေရဲ့ လယ်မြေဧက ၇၈၀၀ ကို သိမ်းယူပြီး၊  လုပ်ဆောင်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

စီမံကိန်းကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေး ထိခိုက်မှုတွေ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတွေ ရှိတယ်ဆိုပြီး ဒေသခံတွေကတော့ စီမံကိန်း ရပ်ဆိုင်းရေးကို တောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်ကနေ့တော့ ဆန္ဒပြနေတဲ့ သပိတ်စခန်းတွေကို အကြမ်းဖက် ဖြိုခွဲမှုလုပ်အပြီးမှာ သပိတ်စခန်းက သံဃာအတော်များများ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တာ ပါ ဖြစ်ပါတယ်။

ဒီနှိမ်နင်းမှုအတွင်းမှာ အာဏာပိုင်တွေဘက်က မီးစုန်းဓာတ်ပါတဲ့ မီးလောင်ဗုံးတွေ အသုံးပြုခဲ့ကြောင်း ဓာတ်ခွဲစမ်းသပ်ချက်တွေ လုပ်ပြီး မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်နဲ့ အမေရိကန် ရှေ့နေပေါင်းပြီး အစီရင်ခံစာတခုကို ကုလသမဂ္ဂရဲ့ လူအခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားကို ပြီးခဲ့တဲ့လက ပေးအပ်ခဲ့ပါတယ်။

မတ်လ ၁၂ ရက်နေ့က ထွက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံမှာတော့ မီးခိုးဗုံးလို့ ပြောဆိုထားပြီး မီးစုန်းဓာတ်များ ပါဝင်တဲ့အတွက် အများအပြားသုံးရင် မီးလောင်နိုင်တယ်လို့ ရေးသားထားပါတယ်။

ဆန္ဒပြသူတွေဟာ မတ်လ ၁၃ ရက်နေ့မှာလည်း အစီရင်ခံစာကို လက်မခံနိုင်ကြောင်း ကန့်ကွက်တာအပြင် မီးလောင်ဗုံးများ အသုံးပြုခဲ့တဲ့ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ တောင်း ဆိုနေပါတယ်။

အခုလိုမျိုး ဒေသခံတွေဘက်က ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်နေတဲ့အချိန်မှာပဲ စီမံကိန်းကို လုပ်ဆောင်နေဆဲဖြစ်တဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္ပဏီလ်ီမိတက်ဘက်ကတော့ အစီရင်ခံစာနဲ့ပတ်သက်လို့ ဆက်လက် အကောင်အထည် ဖော်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်ရှင်။

မအေးအေးမာ (ဗွီအိုအေ)

ဒေါ်အောင်ဆန်းစုကြည် ကြေးနီစီမံကိန်း အစီရင်ခံစာကိစ္စ ရှင်းလင်းနေစဉ် (၁၃ မတ် ၂၀၁၃)


Fulbright လျှောက်လွှာတင်နိုင်ပြီ

Posted: 13 Mar 2013 12:30 PM PDT

အမေရိကန်နိုင်ငံက တက္ကသိုလ်တွေမှာ ပညာသင်ကြားလိုတဲ့ မြန်မာနိုင်ငံ သားတွေ အနေနဲ့ Fulbright နိုင်ငံရပ်ခြား ကျောင်းသား ပညာသင်ဆုကို ၂၀၁၄ ခုနှစ်အတွက် စတင် လျှောက်ထားနိုင်ပြီလို့ အမေရိကန်သံရုံးက မတ်လ ၁၃ ရက် ဒီကနေ့မှာ သတင်းထုတ် ပြန်လိုက်ပါတယ်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အကျိုးတူ စိုက်ပျိုးရေးစနစ် စတော့မည်

Posted: 13 Mar 2013 12:23 PM PDT

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် လက်အောက်မှာရှိတဲ့ ဆန်စပါး အထူးပြု ကုမ္ပဏီတွေ အပါအဝင် စိုက်ပျိုးရေး ကုမ္ပဏီတွေအနေနဲ့ ပေါင်းစည်းလယ်ယာစနစ် Contract farming System ကိုအသုံးပြုပြီး လာမယ့်စိုက်ပျိုးရာသီမှာ လယ်ဧက တစ်သန်းကျော် စိုက်ပျိုးသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကြေးနီစီမံကိန်း ဒေသခံတွေ နဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံ

Posted: 13 Mar 2013 12:12 PM PDT

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်း ပစ်လိုက်မယ်ဆိုရင် မိမိတို့ တိုင်းပြည်နဲ့ ပြည်သူတွေ အတွက် အကျိုးမရှိ နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၃ ရက် ဒီကနေ့ ကြေးနီတောင်စီမံကိန်း ဒေသခံတွေ နဲ့တွေ့ဆုံစဉ် ပြောလိုက်ကြောင်း သိရပါတယ်။ ဒါ့အပြင် စီမံကိန်းကြောင့် နစ်နာဆုံးရှုံးမှုတွေကို ကုမ္ပဏီတွေဖက်က တာဝန်ယူ ဖြေရှင်းပေးသင့်တဲ့ အချက်တွေကိုတော့  ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောခဲ့ပါတယ်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လက်ပန်တောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အစီရင်ခံစာထုတ်ပြန်ပြီးနောက် မတ် ၁၃ ရက်နေ့က လက်ပန်တောင်းတောင် ဒေသခံပြည်သူတွေနဲ့ သွားရောက် တွေ့ဆုံစဉ် ။ Photo : RFA/ Aung Nay Myo

၆လကြာသော်လည်း အမှုမှန်ပေါ်ပေါက်ခြင်းမရှိသည့်အုပ်စုဖွဲ့လူသတ်မှု

Posted: 13 Mar 2013 09:17 AM PDT

စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ် ၊ နန့်သာအုပ်စု တုံမတက် ကျေးရွာ အတွင်း နေထိုင်သူ (၂ဦး) ၂၈.၁၀.၂၀၁၂ ည ၉နာရီ၄၅မိနစ် အချိန်တွင် နမ့်တော ဘုရားကုန်း ရွှေမှော်အထွက်တွင် ဆိုင်ကယ်ဖြင့် လမ်းပိတ်ထားသဖြင့် လမ်းမပိတ်ရန်သွားပြီး အပြော ရာတွင် စကားများပြီး မကျေနပ်သဖြင့် အမည်မသိ လမ်းပိတ်ဆို့သူ ၂ ဦးက အပေါင်းအပါ ၉ ဦး     ဖြင့် လိုက်လံ ရိုက်နှက်ခဲ့သောကြောင့် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အုပ်စုဖွဲ့ ရိုက်နှက်ခံ ရမှုကြောင့် သေဆုံးခဲ့သူ ကိုသန်းနိုင်

တာဝန်အရ စစ်ဆေးသည်ဟု ဆိုသော်လည်း

Posted: 13 Mar 2013 08:58 AM PDT

မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မတ်လ ၁၀ ရက်ညနေ၌ အကောက်ခွန် ၀န်ထမ်းတစ်ဦး၏ မပြေမလည် ဆက်ဆံခြင်း ခံရ သည်ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကပြောသည်။ "ပစ္စည်း စစ်ဆေးတာက အကောက်ခွန် ၀န်ထမ်းတွေရဲ့ တာဝန်ဆိုတာ ကျွန်တော် နားလည်လက်ခံတယ်။ ဒါပေမဲ့ မချေမငံ ဆက်ဆံတာကိုတော့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






မတ်လ(၁၀)ရက်နေ့ ထုတ် မော်နီတာ သတင်းဂျာနယ် အတွဲ (၂)၊ အမှတ် (၄၆)

Posted: 13 Mar 2013 08:44 AM PDT

မတ်လ(၁၀)ရက်နေ့ ထုတ် မော်နီတာ သတင်းဂျာနယ် အတွဲ (၂)၊ အမှတ် (၄၆)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



စစ်ခုံရုံးခေတ် နစ်နာမှုများကို ပြန်လည်သုံးသပ်ပေးရန် အစီအစဉ် မရှိ

Posted: 13 Mar 2013 08:07 AM PDT

အရင် အစိုးရ လက်ထက်က စစ်ခုံးရုံးများဖြင့် စစ်ဆေးစီရင် ပြစ်ဒဏ် ချမှတ်ခဲ့တဲ့ ကိစ္စရပ်များနဲ့ စပ်လျဉ်းပြီး သင်္ဃန်းကျွန်း လွှတ်တော် အမတ် ဦးသိန်းညွန့်က ဒီနေ့ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ မေးမြန်း ခဲ့တဲ့အပေါ် ပြန်လည် သုံးသပ်ပေးဖို့ အစီအစဉ် မရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူ ကြီးဦးစိုးညွန့်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

စစ်ခုံရုံးနဲ့ အကျဉ်းထောင် အထူးရုံးတွေမှာ ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ ကိစ္စရပ်တွေအပေါ် နစ်နာဆုံးရှုံးခဲ့ရတဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ခံစားခွင့် ပေးနိုင်ရေးနဲ့ ပတ်သက်ပြီး အစီစဉ်ရှိမရှိ မေးမြန်းခဲ့တာပါ။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဦးသိန်းညွန့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

by ကို​ထွေး​ (ဒီဗွီဘီ)

အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ




မြင်းခြံက ငြိမ်းချမ်းရေးလမ်းလျှောက်သူများ လိုင်ဇာရောက်ရှိ

Posted: 13 Mar 2013 02:46 AM PDT

ကချင်ပြည်နယ်အတွင်း စစ်ပွဲတွေ ရပ်ဆိုင်းရေးအတွက် ငြိမ်းချမ်းရေး လမ်းလျှောက်ချီတက်သူတွေဟာ ဒီနေ့လယ် ၂ နာရီလောက်မှာ တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေး တပ်မတော် ဌာနချုပ်အနီးက လိုင်ဇာမြို့ကို ရောက်ရှိခဲ့ပါတယ်။ မန္တလေးတိုင်း မြင်းခြံမြို့နယ်ကနေ လမ်းလျှောက်တဲ့သူ ၅၅ ဦးကို ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


 ရန်ကုန်မှ လိုင်ဇာသို့ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ မြစ်ကြီးနားမြို့သို့ရောက်ရှိစဉ်။ (ဓာတ်ပုံ- ကိုမြတ်၊

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့် အစိုးရတပ် ပစ်ခတ်မှုထပ်မံဖြစ်ပွား

Posted: 13 Mar 2013 02:39 AM PDT

အပစ်ခတ်ရပ်လက်မှတ်ရေး ထိုးထားတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ အစိုးရ တပ်အကြား ပစ်ခတ်မှုတွေ ပြန်ဖြစ်နေပါတယ်။ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်အခြေစိုက် ခလရ ၂၉၁ က အစိုးရတပ်တွေဟာ  တန့်ယန်းမြို့နယ် မိုင်းကောဝ်ကျေးရွာ အုပ်စု အရှေ့ဘက် လွိုင်လင်တောင်က  ရှမ်းပြည်တပ်မတော် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



သံလွင်မြစ်နှင့်စပ်လျဉ်း၍ ပြုလုပ်မည့် သတင်းစာ ရှင်းလင်းပွဲအား အာဏာပိုင်များ တားမြစ်

Posted: 13 Mar 2013 02:27 AM PDT

သံလွင်မြစ်နှင့် စပ်လျဉ်း၍ ၁၄ ရက်နေ့တွင် ပြုလုပ်ကျင်းမည့် သဘာဝ ပတ်ဝန်ကျင်ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲအား သက်ဆိုင်ရာ အာဏာပိုင် များ၏ တားဆီး ပိတ်ပင်မှုကြောင့် မူလစီစဉ်ထားသည့် ဖားဆောင်းမြို့နယ်၌ ပြုလုပ်ခွင့် မရရှိကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





ဘတ်ဂျက် စာရင်းကို အတည်ပြုရန် သမ္မတ ဦးသိန်းစိန် တိုက်တွန်း

Posted: 13 Mar 2013 02:08 AM PDT

သမ္မတ ဦးသိန်းစိန်က ဘဏ္ဍာရေး ကော်မရှင် အဖွဲ့ဝင်များအား ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် အသစ်ပြန်လည် ရေးဆွဲထားသည့် ရသုံးခန့်မှန်းခြေ ငွေစာရင်း (ဘတ်ဂျက်စာရင်း) ကို ဆွေးနွေး အတည်ပြုပေးကြပါရန် မတ်လ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် ၂၀၁၃ခုနှစ်အတွက် ဘဏ္ဍာရေး ကော်မရှင်၏ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဘဏ္ဍာရေး ကော်မရှင်၏ ပထမဆုံး အစည်းအဝေး။  ဓါတ်ပုံ- သမ္မတရုံး ၀က်ဆိုဒ်

ဒေါ်အောင်ဆန်းစုကြည်အပေါ် နွေးထွေးမှုလျော့

Posted: 13 Mar 2013 01:27 AM PDT

စီမံကိန်းကိုတော့ ဆက်လုပ်မှာ ဖြစ်တယ်၊ ဒါဟာလည်း တိုင်းပြည်နဲ့လူထု အကျိုးစီးပွားအတွက် ဆောင်ရွက်တာ ဖြစ်တယ်။ ဒါကြောင့် သူ ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အကြံပြုချက်တွေ၊ မှတ်ချက်တွေကြောင့် သူ့ကို ဒေသခံလူထုက မကျေနပ်ဘူးဆိုရင် သူ့ကို ဆန္ဒြုပကြဖို့ ဖိတ်ခေါ်သွားပါတယ်။---


သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လက်ပံတောင်းစီမံကိန်းဝန်းကျင်ကို ကိုယ်တိုင်ဆင်းပြီး ရှင်းလင်းပြောဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

ကိုဖုန်းမော် နှင့် ကိုစိုးနိုင် ကျဆုံးခြင်း ၂၅ နှစ်မြောက် ငွေရတု အခမ်းအနား

Posted: 13 Mar 2013 01:13 AM PDT

စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးသွားသော မတ် ၁၃ ရက် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အား တရားဝင် အစိုးရရုံး ပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနား၏ ကြေညာချက်တွင် ထည့်သွင်းထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဂျော်ဒန်ရှိ ဆန္ဒပြမြန်မာလုပ်သားအချို့ လျှော်ကြေးပေး၍ အိမ်ပြန်ရမည်

Posted: 13 Mar 2013 01:02 AM PDT

ဂျော်ဒန် CMJ အထည်ချုပ်စက်ရုံမှ မြန်မာသို့ပြန်မည့် လုပ်သက် ၃ နှစ်မပြည့် သေးသည့် ဆန္ဒပြလုပ်သားတို့ နေထိုင်ခွင့် စရိတ်အဖြစ်တစ်လ လျှင် ၇၂ ကန်ဒေါ်လာ ပေးလျှော် ကြရမည် ဟု ဆန္ဒပြလုပ်သားတို့ ထံမှသိရသည်။ "နေထိုင်ခွင့် စရိတ်လို့ ပြောတယ်။ကျမကတော့ ၉ လစာလောက် လျှော်ရမယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဂျော်ဒန်ရှိ ဆန္ဒပြမြန်မာလုပ်သားများ

သမိုင်းကပြောလာတယ်။ ရိုဟင်ဂျာမရှိဘူး

Posted: 13 Mar 2013 12:46 AM PDT

၂၀၁၂ ခုနှစ် ဇွန်လနဲ့ အောက်တိုဘာလတွေမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဌာနေ ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂါလီတွေကြားမှာ ပဋိပက္ခ ဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။ အဲဒီလို ပဋိပက္ခဖြစ်မှုတွေနဲ့အတူ နိုင်ငံတကာကလည်း မြန်မာနိုင်ငံနဲ့ ရခိုင် လူမျိုးအပေါ် ပိုမိုအာရုံစိုက်လာမှုတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် 'ရိုဟင်ဂျာ' ဆိုတဲ့စကားလုံးမှာလည်း ရခိုင်နှင့် သမိုင်းပညာရှင်တွေကြားထဲမှာ မေးခွန်းထုတ်စရာမလိုဘဲ ကျယ်လောင်လာတဲ့ စကားလုံးတစ်ခု ဖြစ်လာခဲ့ပါတယ်။အဲဒီအချိန်မှာပဲ ထိုင်းနိုင်ငံရောက် ရခိုင်လူမျိုးတွေက ထိုင်းနိုင်ငံ မဟီဒေါ တက္ကသိုလ်မှာ ပြုလုပ်မယ့် ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာပညာရှင်များ ရှင်းလင်းပွဲသို့ တက်ရောက်လေ့လာခွင့် ရခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိပါဘူး။ ရိုဟင်ဂျာဟု ဆိုသူတွေဟာ ဘင်္ဂါလီတွေသာဖြစ်ကြောင်း ရှင်းလင်းပွဲက အဖြေထုတ်သွားခဲ့ပါတယ်။

ရည်ရွယ်ချက်သုံးရပ်နဲ့ ကျင်းပတဲ့ ရှင်းလင်းပွဲ   

ရှင်းလင်းပွဲ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သောင်းက ''ရှင်းလင်းပွဲကို ဦးတည်ချက်သုံးချက်နဲ့ ကျင်းပတာပါ။ (၁) ကျွန်တော်တို့ ရခိုင်သမိုင်းကို နိုင်ငံတကာသတင်း မီဒီယာများနဲ့ မိတ်ဆက်ပေးဖို့၊ (၂) ပြည်ပအခြေစိုက် နိုင်ငံတကာသတင်း မီဒီယာတွေနဲ့ ပြည်ပအခြေစိုက် မြန်မာသတင်းမီဒီယာတွေဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အစိုးရ အဆက်ဆက် ယနေ့ထက်တိုင် အသိအမှတ်မပြုတဲ့ ရိုဟင်ဂျာဆိုတဲ့ အမည်နာမကို တွင်တွင်ကြီးသုံးနေကြတာ တွေ့ရှိရတယ်။ အမှားကြာလျင် အမှန်ဖြစ်တတ်သွားပါတယ်။ (၃) ဒီကနေ့ နိုင်ငံတကာ သမိုင်းပညာရှင်တွေ ဟောပြောပို့ချခဲ့တာတွေဟာ ရခိုင်သမိုင်း သုတေသီများအတွက် ကိုးကားနိုင်လောက်တဲ့ အထောက်အထားတွေ အပြည့်အစုံနဲ့ ရခိုင်သမိုင်းစာတမ်း တစ်စောင်ကျန်ရှိနေခဲ့ဖို့ ဖြစ်ပါတယ်'' လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် မငြိမ်သက်မှုများရဲ့ နိဒါန်းအစ

ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်တွင်း မငြိမ်သက်ရခြင်းတွေရဲ့ အခြေခံအကြောင်းတရားတွေကို လှစ်ဟပြသခဲ့ရာမှာ ရခိုင်သမိုင်းရှင်းလင်းပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌက ရခိုင်တွေဟာ မွတ်စလင်တွေနဲ့ ဆယ်စုနှစ် တော်တော်များများထိ ပြဿနာတွေမဖြစ်ဘဲ ငြိမ်းချမ်းစွာနဲ့ အတူ ယှဉ်တွဲ နေထိုင်ခဲ့ကြပါတယ်။ ဒီနေ့ အသစ်ရောက်ရှိလာတဲ့ ရိုဟင်ဂျာဆိုတဲ့ သမိုင်းလိမ် ဘင်္ဂါလီမွတ်စလင်တချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့်သာ ရခိုင်ပြည်တွင်း နေထိုင်ကြတဲ့ မွတ်စလင်ဘာသာဝင်တွေနဲ့ ရခိုင်တွေကြား တင်းမာခဲ့ရတယ်လို့ ဆိုခဲ့တယ်။ မွတ်စလင်တွေဟာ ရိုဟင်ဂျာဆိုတဲ့ သမိုင်းလိမ် ဘင်္ဂါလီတွေရဲ့စကားကို အများစု နားယောင်ပြီး ဒေသခံတွေကို ပြဿနာရှာခဲ့ရာက စတင်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။ ဒီပြဿနာဟာ သမိုင်းနဲ့ ဆက်စပ်နေတဲ့အတွက်ကြောင့် သမိုင်းရှုထောင့်မှ ရှင်းရလိမ့်မယ်လို့ ထင်မြင်မိတာကြောင့် ဒီနေ့ ရခိုင်သမိုင်းဟောပြောပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်လို့ ၎င်းက ထောက်ပြထားခဲ့ပါတယ်။

အဲဒီရှင်းလင်းပွဲမှာ ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာပညာရှင်တွေ ဖြစ်ကြတဲ့ ပြင်သစ်နိုင်ငံ အာရှလေ့လာရေးဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါ၊ နယ်သာလန်နိုင်ငံ ဟိုက်ဂူးဒေသ၊ ဒတ်ခ်ျဘာသာစကား အသိအမှတ်ပြုအသင်းရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာစတီဖင်ဗင်ဂလန်၊ ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းတို့က ရခိုင်သမိုင်းနဲ့ စပ်လျဉ်းပြီးတော့ အခုလိုရှင်းလင်းခဲ့တယ်။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကတော့ မတွေ့မိပါဘူး။ ဒါပေမယ့်လို့ ၁၇ ရာစုလောက်မှာတော့ မွတ်စလင်အုပ်စု မြောက်ဦးမှာ ရှိနေပါပြီ။ အဲဒီခေတ်မှာ လူတွေက ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာလို့ မသတ်မှတ်ကြပါဘူး'ဆိုတာကတော့ ကျွန်တော်တို့ နားထောင်ခဲ့ရတဲ့ သမိုင်းထဲက အထင်အရှားပြသခဲ့တဲ့ ပြယုဂ်တစ်ခုပါ  .   .   .

နိုင်ငံရေး၊ စီးပွားရေး စေ့ဆော်ချက်များနဲ့ ရခိုင်သမိုင်း

ပြင်သစ်နိုင်ငံရဲ့ အာရှလေ့လာရေးဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါ က ရခိုင်ဘုရင်နိုင်ငံ မြန်မာဘုရင်နိုင်ငံရဲ့ နယ်ပယ်ဖြစ်လာတဲ့အခါ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ရှင်းလင်းတဲ့အခါ ရခိုင်ကို ဘိုးတော်ဘုရား သိမ်းပိုက်အနိုင်ယူခဲ့စဉ်က စေ့ဆော်ချက်တွေထဲမှာ နိုင်ငံရေးနဲ့ သဘောတရားရေး၊  ဘာသာရေး၊ စီးပွားရေး စေ့ဆော်ချက်များ ရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေး သမိုင်းများကြားက ရခိုင်-မြန်မာဆက်ဆံရေး

ရခိုင်ကို မြန်မာတွေ (၁၇၈၅-၁၈၂၅) ခုနှစ်အတွင်း အုပ်ချုပ်ခဲ့စဉ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတွေ ပြောင်းလဲလာပုံတွေ ကို ၎င်းက ဆက်လက်ရှင်းလင်းခဲ့ပါတယ်။  (၁၇၈၅-၁၇၉၅) ခုနှစ်အတွင်းမှာ ရခိုင်အထက်တန်းလွှာတွေကို နယ်နှင်ဒဏ်ပေးခဲ့တာတွေ၊ မြန်မာ-ရခိုင် ပူးတွဲအုပ်ချုပ်ရေးဆိုင်ရာ ကဏ္ဍတွေ၊ (၁၇၉၅ -၁၈၁၀) ခုနှစ်အတွင်းမှာ အခွန်အခ တိုးမြှင့်ကောက် ခံတာတွေ၊ အဓမ္မစေခိုင်းမှုများ ပြုလုပ်ခဲ့တာတွေ၊ မြန်မာဘုရင်ရဲ့စစ်ပွဲများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့ရခြင်းတွေ၊ ရခိုင်ကို မြန်မာတွေ ၀င်ရောက်အခြေချ နေထိုင်ခဲ့ကြတာတွေဟာ အိပ်မက်တစ်ခုလို သမိုင်းတစ်ခုမှာ ရှိနေခဲ့ကြပါတယ်။


နေထိုင်မှု ပုံစံပြောင်းလဲလာခဲ့တဲ့ ရခိုင်လူမျိုးတွေ

(၁၇၈၇-၁၈၁၅)ခုနှစ်အတွင်းမှာ တစ်ချိန်တည်းမှာပဲ မြန်မာဘုရင်ရဲ့ အုပ်စိုးမှုကို ပုန်ကန်တဲ့ အရှိန်အဟုန်တွေဟာလည်း တရိပ်ရိပ် မြင့်လာခဲ့ကြတယ်။ နောက်ပြီး ရခိုင်လူမျိုး အလုံးအရင်းဟာ ဘင်္ဂလားတောင်ပိုင်းသို့ ရွှေ့ပြောင်းအခြေချသွားခဲ့ကြတယ်။ (၁၈၁၅-၁၈၂၅) ခုနှစ်အတွင်းမှာ စီးပွားရေးပုံစံ ကူးပြောင်းလာခဲ့ပေမယ့်  မြန်မာဘုရင်အုပ်ချုပ်မှုကို ထိခိုက်စေနိုင်တဲ့ ခြိမ်းခြောက်မှုပုံစံမျိုးတွေတော့ မရှိခဲ့ဘူးလို့ ဒေါက်တာ ဂျက်ပလိုင်ဒါက  ဆိုပါတယ်။

တစ်ချိန်က ရခိုင်နဲ့ ဘင်္ဂါလီ ဆက်ဆံရေး

ရှင်းလင်းပွဲမှာ နယ်သာလန်နိုင်ငံ ဟိုက်ဂူးဒေသ ဒတ်ခ်ျဘာသာစကား အသိအမှတ်ပြုအသင်းရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး ပါမောက္ခ ဒေါက်တာစတီဖင်ဗင်ဂလန်(လိုက်ဒင်းတက္ကသိုလ်) က ၁၅ ရာစုမှ ၁၈ ရာစုအတွင်းက ရခိုင်ဒေသမှာရှိခဲ့တဲ့ ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂလားအကြား ဆက်ဆံရေးအခြေအနေတွေကို ရှင်းလင်းခဲ့တဲ့အခါမှာ ကျွန်တော်တို့အတွက် အားတက်သရော နားထောင်စရာ ဖြစ်လာခဲ့တယ်။

သမိုင်းထဲက ရခိုင်စီးပွားရေး

၁၆၃၅ ခုနှစ်မှာ ရခိုင်ဘုရင် သြဇာအာဏာ ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့ပါတယ်။ ရခိုင်ဘုရင်တွေ သြဇာအာဏာ ကြီးထွားလာမှုရဲ့ အဓိကအချက်ကတော့ ကုန်သွယ်ရေးက ရရှိတဲ့ အခွန်ဘဏ္ဍာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကလည်း ရခိုင်နဲ့ ဘင်္ဂလားဒေသတွေမှာ ရှိခဲ့ကြတဲ့ ဒတ်ခ်ျလူမျိုးတွေရဲ့ ကုန်သွယ်ရေး ဖြစ်စဉ်တွေကြောင့်လို့ အထောက်အထားတွေအရ သိခဲ့ရတယ်။ ၁၆၃၈ ခုနှစ် နောက်ပိုင်း ဘင်္ဂလားအရှေ့တောင်ဘက်ပိုင်းမှာ ရခိုင်တွေရဲ့ ထိန်းချုပ်မှု စတင်အားလျော့လာခဲ့ရတယ်။ အဲဒီလိုအားလျော့လာ ခဲ့ရတဲ့ အကြောင်းရင်းကတော့ အခွန်ဘဏ္ဍာရရှိမှု လျော့နည်းလာခြင်းကြောင့်ပဲ ဖြစ်ခဲ့တယ်။ ၁၆၆၆ ခုနှစ် နောက်ပိုင်းမှာတော့ စစ်တကောင်းကို လက်လွှတ်ခဲ့ရတဲ့အတွက် ရခိုင်ဒေသ အားနည်းလာခဲ့ရတော့တယ်။ ဒါ့အပြင် ရခိုင်ဒေသကနေ ဒတ်ခ်ျ ကုန်သည်တွေ ထွက်ခွာသွားခြင်းဟာလည်း ရခိုင်စီးပွားရေးအပေါ် သက်ရောက်မှု ရှိစေခဲ့တယ်လို့ သိခဲ့ရတယ်။ ဒီလို ဘင်္ဂလားကနေပြီးတော့ အခွန်ဘဏ္ဍာမရရှိမှု၊ ဒတ်ခ်ျကုန်သည်တွေ ထွက်ခွာသွားမှုတွေဟာ ရခိုင်စီးပွားရေး ဈေးကွက်ကို အေးစက်စေ ခဲ့ပါတယ်။ ဘင်္ဂလားကို ထိန်းချုပ်ပြီး ရရှိလာတဲ့ ကြွယ်ဝချမ်းသာမှုနဲ့ ကုန်သွယ်မှုမှ ရရှိတဲ့ အခွန်အခတွေကို မှီခိုနေရတဲ့ ရခိုင်ဘုရင်ရဲ့ သြဇာအာဏာဟာလည်း ခြိမ်းခြောက်ခံနေခဲ့ရပါတယ်။ ထို့အတူ ၁၇ ရာစုနှောင်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့် လည်း ရခိုင်ဘုရင့်တိုင်းပြည်ဟာ မြန်မာဘုရင်လက်အောက်မှာ ကျဆုံးခဲ့ရပါတယ်။ သမိုင်းက ပြောလာတယ်။ ရိုဟင်ဂျာ မရှိဘူး။ ''ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကတော့ မတွေ့မိပါဘူး။ ဒါပေမယ်လို့ ၁၇ ရာစုလောက်မှာတော့ မွတ်စလင်အုပ်စု မြောက်ဦးမှာ ရှိနေပါပြီ။ အဲဒီခေတ်မှာ လူတွေက ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာလို့ မသတ်မှတ်ကြပါဘူး''ဆိုတာကတော့ ကျွန်တော်တို့ နားထောင်ခဲ့ရတဲ့ သမိုင်းထဲက အထင်အရှားပြသခဲ့တဲ့ ပြယုဂ်တစ်ခုပါ။

'ရခိုင်-နယ်စပ်ဖြတ်ကျော်ပြောင်းရွှေ့ နေထိုင်မှုမှသည် လူမျိုးစု အကြမ်းဖက်မှုဆီသို့ '


ဆက်လက်ပြီးတော့ ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနက သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက 'ရခိုင်-နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နေထိုင်မှုမှသည် လူမျိုးစုအကြမ်းဖက်မှု (၁၈၂၆-၁၉၇၅) 'ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့တယ်။ ရခိုင်ပြည်နယ်မှာ ၁၈၇၉ ခုနှစ်ကနေ စတင်ပြီးတော့ စစ်တကောင်းသားတွေရဲ့ ပြောင်းရွှေ့နေထိုင်မှုတွေက ပိုပြီးများလာခဲ့ပြီး မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ စစ်တကောင်းဒေသခံတွေ အများဆုံးဖြစ်လာခဲ့တယ်လို့ သိခဲ့ရတယ်။

ကိုလိုနီခေတ်မှတ်တမ်းကပြောတဲ့ အထောက်အထားတွေ

''ကျွန်တော်အသေအချာ ပြောနိုင်တာကတော့ ယခု ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကိုယ် ဆိုနေသူတွေဟာ ဘင်္ဂါလီတွေပါပဲ။ ဒါတွေကို ကိုလိုနီခေတ် မှတ်တမ်းတွေမှာ မှတ်တမ်းတင်ထားပါတယ်။ ရိုဟင်ဂျာဆိုတာ ရခိုင်မှာမရှိပါဘူး''ဆိုတဲ့ အချက်ကိုတော့ သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက အထောက်အထားများနဲ့ ပြောကြားသွားခဲ့တာပါ။ ဒါနဲ့ဆက်စပ်ပြီး ဘင်္ဂါလီတွေဟာ နှစ်ပေါင်း ၄၀ အတွင်း (၁၈၇၁ ခုနှစ်မှ ၁၉၁၁ ခုနှစ်)မှာ လူဦးရေတိုး ပွားမှု အမြင့်ဆုံးနှုန်း ရှိခဲ့တာကိုလည်း အထောက်အထားတွေနဲ့ တင်ပြခဲ့တာ တွေ့ခဲ့ရပါတယ်။ နှစ်ပေါင်း ၄၀ အတွင်းမှာ  ဘင်္ဂါလီ အစ္စလာမ် ဘာသာဝင်ဦးရေ ၅၈၂၅၅ မှ ၁၇၈၆၄၇ ဦးရေအထိ တိုးပွားလာပုံ၊ ရခိုင်ရွာတွေကို မူဂျာဟစ် သူပုန်တွေက ဖျက်ဆီးပုံနဲ့ မူဂျာဟစ်ပါတီရဲ့ တောင်းဆိုချက်တွေအရ မောင်တော၊ ဘူးသီးတောင်မြို့နယ်တွေမှာ ဘင်္ဂါလီတွေက ၉၄ ရာ ခိုင်နှုန်း၊ ၈၄ ရာခိုင်နှုန်းတို့နဲ့ လူအများစု ဖြစ်နေခဲ့ကြောင်း ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တယ်။ မစ္စတာကာဇိုင်းက မြန်မာတွေ အနေနဲ့ မောင်းထုတ်ပိုင်ခွင့်ရှိတဲ့ ရခိုင်ပြည်နယ်က ဘင်္ဂါလီကျူးကျော်သူ ငါးသိန်းကျော်ရှိတယ်ဆိုတာကို ၀န်ခံခဲ့ပါတယ်။ နောက်ပြီး သူက  ဘင်္ဂလားနိုင်ငံရဲ့ လက်ရှိပြဿနာတွေ အတောအတွင်းမှာ  ဒီပြဿနာကို အင်တိုက်အားတိုက် မလုပ်ဖို့ မြန်မာအစိုးရကို တောင်းပန်ခဲ့ပါတယ်။ နောက်ပြီးသူက မြန်မာနိုင်ငံကို လူတွေအစုလိုက် အပြုံလိုက် ၀င်ရောက်သွားခြင်း မရှိကြောင်း ငြင်းဆိုခဲ့တယ်လို့ The National Archives , London:FCO 15/2041 C 384097 ကို ကိုးကားပြီး ဒေါက်တာအေးချမ်းက ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာ စကားလုံးရဲ့အစ

ရိုဟင်ဂျာစကားလုံးကို မည်သည့်အချိန်တွင် မည်သူက စတင်သုံးစွဲခဲ့ကြောင်းကိုတော့ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ၁၉၅၁ ခုနှစ်တွင်  ဘူးသီးတောင်မှ Mr. Abdul Gaffa က တီထွင်ခဲ့ကြောင်း၊ စင်စစ်တွင် ၎င်းမှာရိုဟင်ဂျာ ဆိုသောစကားလုံးကို Roshang or Rohan က ယူတာဖြစ်ကြောင်းနှင့် Roshang or Rohan စကားရပ်မှာ ဘင်္ဂါလီစကားရပ်ဖြစ်ပြီး ရခိုင်လူမျိုးကိုသာ ခေါ်တွင်သည့် စကားရပ်ဖြစ်ကြောင်း ဖြေကြားသွားခဲ့ပါတယ်။ ဘင်္ဂါလီအရေး ဆောင်ရွက်ရေးသားနေသူ ဦးဌေးလွင်ဦးက Francis Buchanan ရေးသားခဲ့တဲ့ စာတမ်းမှာ ရခိုင်ပြည်မှာ ကာလကြာရှည် နေထိုင်ခဲ့ကြတဲ့ မိုဟာမေဒင်များဟာ သူတို့ကိုယ်သူတို့ rooinga လို့ ခေါ်ဆိုကြောင်း၊ အဆိုပါစာတမ်းမှာ ဗြိတိသျှတွေ ရခိုင်ကို မရောက်ခင် ၁၈၀၁ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့တာဖြစ်ကြောင်း၊ တစ်ကယ်လို့ ရိုဟင်ဂျာတွေသာ အဲဒီမှာ မရှိဘူးဆိုရင် ဘာကြောင့် ယခုလို အသုံးအနှုန်းမျိုးကို ထည့်သွင်းရေးသားခဲ့ရတာလည်းဆိုပြီး မေးမြန်းခဲ့ပါတယ်။ ဒီအခါမှာ  ဒေါက်တာအေးချမ်းက ဒါဟာ ရိုဟင်ဂျာတွေကို ဆိုလိုတာ မဟုတ်ကြောင်း၊ စာတမ်းရှင်က Rohhawn, Roan လို့လည်း သုံးနှုန်းခဲ့ကြောင်း၊ ထိုအချိန်က ဘင်္ဂါလီတွေဟာ ရခိုင်တွေကို Rohhawn, Roan လို့လည်း ခေါ်ဆိုခဲ့ကြောင်း၊ ဒီ Rohhawn, Roan ဆိုတာဟာ နောက်မှ တရားမ၀င် ရွှေ့ပြောင်း ရောက်လာတဲ့ ဘင်္ဂါလီတွေကို ခေါ်ဆိုခြင်း မဟုတ်ကြောင်း၊ primary sources များကို ကိုးကားပြီး မေးမြန်းချက်ကို ချေပခဲ့ပါတယ်။နောက်ပြီး ဒေါက်တာအေးချမ်းက သူ့ကိုးကားချက်တွေဟာ primary sources တွေဖြစ်ပြီး ဦးဌေးလွင်ဦး ပြောကြားခဲ့တာတွေက Secondary Sources ဖြစ်ပြီး Article သာ ဖြစ်တဲ့အတွက် ဒီအပေါ်မှာ အားထားယုံကြည်လို့ မဖြစ်နိုင်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။


ရိုဟင်ဂျာ ပြဿနာ၏ အရင်းအမြစ်

ရှင်းလင်းပွဲကို တက်ရောက် လာသူတစ်ဦးက ရခိုင်ပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခရင်းမြစ်ရဲ့ အဓိက အကြောင်းရင်းကို မေးမြန်းတဲ့အခါ ဒေါက်တာအေးချမ်းကပဲ ''ဒါဟာ ဗြိတိသျှ ကိုလိုနီမူဝါဒတွေရဲ့ အကျိုးဆက်တွေကြောင့် ဖြစ်ရတာပါ။ သူတို့ဟာ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံ ရဲ့ လယ်ယာလုပ်ငန်းခွင်တွေမှာ လုပ်ကိုင်ဖို့ ခေါ်ဆောင်လာခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ ဗြိတိသျှအစိုးရအနေနဲ့ ဒီတာဝန်ကို ယူဖို့ တွန့်ဆုတ်နေတယ်ဆိုတာ ရှင်းနေတာပါပဲ။ နောက်တစ်ချက်က ဘင်္ဂါလီတွေ ပြောတဲ့စကားဟာ စစ်တကောင်းဘက်မှာ ပြောတဲ့လူမျိုးတွေရဲ့ ဘာသာစကား သုံးစွဲပုံခြင်း တူနေတဲ့အချက်ပါပဲ''လို့ ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကို ၀င်ရောက်လာတဲ့ ဘင်္ဂါလီတွေရဲ့ မိခင်နိုင်ငံအနေနဲ့လည်း ဒီရွှေ့ပြောင်းလာမှုတွေအတွက် အပြစ်တင်သင့်တယ်လို့လည်း ဒေါက်တာအေးချမ်းက ဆိုပါတယ်။  ''ကျွန်တော်တို့ဟာ အိမ်ရှင်ပါ။ သူတို့တွေက ဧည့်သည်ပါ။'' ဆိုပြီးတော့ အဆုံးသတ်ခဲ့ပါတယ်။


ရိုဟင်ဂျာ မရှိကြောင်း ရှင်းရှင်းလင်းလင်း သိရပြီ

''ဒီရှင်းလင်းပွဲကြောင့် လူတွေဟာ ရိုဟင်ဂျာ မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိသွားတာပေါ့။ရိုဟင်ဂျာ မြန်မာနိုင်ငံမှာ မရှိဘူး'' ဆိုတာကတော့ သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက နိုင်ငံတကာနှင့် ပြည်တွင်းမှာ အာရုံစိုက်နေသည့် ရိုဟင်ဂျာ ဆိုသည့် အငြင်းပွားဖွယ်ရာ ပြဿနာများအား အဆုံးသတ်ပေးသွားခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်တွင် ဖြစ်ပေါ်နေသော မတည်ငြိမ်မှု၊ ပဋိပက္ခများအား နိုင်ငံတွင် အုပ်ချုပ်နေသော အကြီးအကဲများက ဖြေရှင်းပေးရန် မျှော်လင့်ကြောင်း၊ အမြန်ဆုံးငြိမ်း ချမ်းနိုင်စေရန် ဆန္ဒပြုကြောင်း၊  စီးပွားရေး၊ လူမှုရေး မငြိမ်မသက် ဖြစ်နေခြင်းများအား အမြန်ဆုံး အဆုံးသတ်စေရန် မျှော်လင့်ကြောင်းကို ဆွေးနွေးပွဲ တက်ရောက်လာတဲ့  ထိုင်းနိုင်ငံရှိ ချူလာလောင်ကွန်းတက္ကသိုလ်၊ ဗုဒ္ဓဘာသာ ပထမနှစ် တက်ရောက်နေသော အရှင်တေဇက မိန့်ကြားခဲ့ပါတယ်။

ဆွေးနွေးပွဲသို့ တက္ကသိုလ်အသီးသီးမှ သမိုင်းပါမောက္ခများ၊ နိုင်ငံတကာ သံအရာရှိများ၊ သတင်းဌာနများနဲ့ ဖိတ်ကြားထားသူများ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေကြတဲ့ ရခိုင်ရဟန်းသံဃာများနဲ့ ကျောင်းသား၊ ကျောင်းသူများ ၁၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ထို့ပြင် မြန်မာနိုင်ငံမှ ရခိုင်နိုင်ငံရေးပါတီများ ဖြစ်ကြသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့မှ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးအေးသာအောင်၊ ဒေါက်တာအေးမောင်နဲ့ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် ၈၈ မျိုးဆက်မှ ကိုမြအေးကိုလည်း ဒီပွဲတက်ရောက်ဖို့ ဖိတ်ကြားခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ်လို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိပါဘူး။

ငါးနာရီကျော်ကြာ ပြုလုပ်ခဲ့တဲ့ ရခိုင်သမိုင်း ဆွေးနွေးပွဲကနေ နှစ်ပေါင်းများစွာ သန္ဓေတည်နေခဲ့တဲ့ ဘင်္ဂါလီ၊ ရိုဟင်ဂျာဆိုတဲ့ ပြဿနာတွေကို အထောက်အထားတွေ၊ ကိုးကားချက်တွေ အစုံအလင်နဲ့ အဆုံး သတ်ပေးနိုင်ခဲ့ပါတယ်။ လက်တွေ့အနေအထားမှာတော့ မည်သို့မည်ပုံ အဖြေထုတ်လာနိုင်မည်ဆိုတဲ့ အချက်ကို ကျွန်တော်အပါအ၀င် ရခိုင်လူမျိုးတွေရဲ့ ရင်ထဲမှာ မေးခွန်းထုတ်နေမိပါတယ်။

 Eleven Media Group