ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ မင်္ဂလာပါ - ကော်မရှင်  ကျော်ဝင်း ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ မင်္ဂလာပါ ကော်မရှင် - ကျော်ဝင်း မတ် ၁၄၊ ၂၀၁၃ (စာရေးဆရာ ကျော်ဝင်းဖေ့စ်ဘွတ်) ဂိမ်းသီအိုရီ အများမျှော်လင့်စောင့်စားနေကြသော လက်ပံတောင်းအရေး စုံစမ်းရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ၊ ယနေ့ပင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ ကော်မရှင်က ၎င်း၏ ရည်ရွယ်ချက်၊ တာဝန်၊ အခြေခံမူများနှင့် လုပ်ဆောင်ချက်များကို ပဏာမ နိဒါန်းပျိုးပြသည်။ ပြီးမှ၊ ကော်မရှင်တွေ့ရှိချက်များနှင့်အတူ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်အသီးသီး၏ သုံးသပ်အဆိုပြုချက်များကို၊ ဘက်စုံထောင့်စုံ စုစည်းတင်ပြသည်။ နောက်ဆုံး၊ ကော်မရှင်၏ ခြုံငုံသုံးသပ်ချက်များနှင့် အကြံပြုချက်များကို ဖော်ပြလိုက်ပါသည်။ အစီရင်ခံစာတစ်ခုလုံး၏ အရေးကြီးဆုံးဖြစ်ဖွယ်ရှိသော အကြံပြုချက်အပိုင်းတွင် ကော်မရှင်က ရွေးချယ်စရာနည်းလမ်းသုံးသွယ်ကို ပထမခင်းပြသည်။ အဆိုပါနည်းလမ်းသုံးသွယ်ကို စဉ်းစားဆုံးဖြတ်ရာတွင်၊ 'တစ်ခုလုံး စီးပွားရေးအတွက် အကျိုးရှိမရှိ'၊ 'နိုင်ငံတကာဆက်ဆံရေး' [...]

Read more of this post