သာသနာ့ နေမင်း ကွယ်လေပြီ ဓမ္မ၀ိဟာရအရှင်၏ ဖေ့စ်ဘွတ်ကနေ ကူးယူတင်ဆက်ပါတယ်၊ မတ် ၁၄၊ ၂၀၁၃ မန္တလေးမြို့၊မဟာအောင်အောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်များ၏ မဟာနာယကချုပ် မစိုးရိမ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)မထောရ်မြတ်ကြီးသည်၊ ယနေ့ ည ၁၁း ၄၀ခန့် မှာ မစိုးရိမ်းတိုက်သစ်ဆရာတော်ဘုရားကြီး ဘ၀နတ်ထံ ပြန်လွန်တော်မူသွားပါသည်။ ဆရာတော်ကြီးသည်ကား မြန်မာနိုင်ငံ၏ ပရိယတ္တိစာသင်တိုက်များ၏ မီးရှုးတန်ဆောင်ဖြစ်သည်။ ဆရာတော်၏ မစိုးရိမ်တိုက်သည် မြန်မာနိုင်ငံတော်တွင် စာသင်သားသံဃာတော် (၃၀၀၀ )ကျော်စာသင်၊စာချ သာသနာပြုရာ စာသင်သံဃာအများဆုံးစာသင်တိုက်ကြီးဖြစ်ပြီး၊ မြန်မာပြည်မက ကမ္ဘာအထိတိုင်အောင် ဆရာတော်ဘုရားကြီးနှင့် မစိုးရိမ်တိုက်၏ ဂုဏ်သတင်းကားမွေးပြန့်လှချေသည်။ ယခုသော်ကား ပရိယတ္တိ ဦးသျှောင် နေမင်းကြီးသည်ကား ကွယ်တော်မူလေပြီး၊ မြန်မာနှင့် သာသနာအတွက် ပြောမပြနိုင်လောက်သော ဆုံးရှုံးမှုကြီးပဲ ဖြစ်ချေတော့၏။ (ဆရာတော်၏ ထေရုပ္ပတ္တိအား ကြည်ညိုပူဇော်ကြရန် အကျဉ်းမှ [...]

Read more of this post