သမ္မတ (ဗိုလ်)ဦးသိန်းစိန် ပြောတဲ့ "ခေတ်စနစ် အခြေအနေအရ အကျဉ်းချခံခဲ့ရသူများ" အကြောင်း တူမောင်ညို (၂၀၁၃ ခုနှစ်၊ မတ်လ ၅ ရက် ) မူနှင့်သဘောထားကိုဖေါ်ပြဖို့ဆိုလျှင်"ဝေါဟာရ၊စကားလုံး"တို့ဖြင့်ဖေါ်ပြရမည်သာဖြစ်သည်။ သုံးစွဲဖေါ်ပြသော "ဝေါဟာရ၊စကားလုံး"တို့၏ အနုအရင့်၊ အပျော့အမာ အပေါ်မူတည်ပြီး သုံးစွဲသူ၏ သဘောထားကို ရှင်းလင်း စွာသိရှိနိုင်သည်။ တစ်ခါတစ်ရံ လေသံ၊ ဟန်ပန်အမူအရာဖြင့်လည်း သဘောထားကိုဖေါ်ပြကြစမြဲဖြစ်သည်။ သမ္မတ (ဗိုလ်)ဦးသိန်းစိန်သည် သူတို့ ချမှတ်ထားသော မူ/သဘောထားအပေါ် စွဲမြဲစွာရပ်သည်ဟု ပြောရမည်ထင်သည်။ "နိုင်ငံရေးအကျဉ်းသားမရှိ" ဟူသောသဘောထားကို သမ္မတ(ဗိုလ်)ဦးသိန်းစိန်အပါအဝင် ကြံ့ဖွံ့အစိုးရတစ်ဖွဲ့လုံးနှင့် ကြံ့ဖွံ့အမတ် အားလုံးကတညီတညာတည်း ယနေ့အထိ စွဲကိုင်ထားကြဆဲဖြစ်သည်။  အဆိုပါသဘောထားကိုအလွယ်တကူစွန့်လွှတ်မည့် အရိပ်အယောင်မျှပင် ယနေ့အထိ မတွေ့မြင်မိသေးပါ။ "နိုင်ငံရေးအကျဉ်းသားမရှိ" ဟူသောသဘောထားသည် (နဝတ-နအဖ) စစ်အစိုးရ၏ သဘောထားဖြစ်သည်။  ယင်းသဘောထားကို (နဝတ-နအဖ) စစ်အစိုးရ၏ [...]

Read more of this post