မိုးမခသို့ ကျေးဇူးစကား ၀င်းအောင်ကြီး၊ မတ် ၂၉၊ ၂၀၁၃             အပတ်စဉ်ဝတ်ပြုပွဲသို့အသွား မိတ်ဆွေကသူ့ကားနဲ့လာခေါ်လေ့ရှိပြီး အပြန်မတော့ ကျွန်တော်လမ်းလျှောက် လာလေ့ရှိတယ်။ နေပူလွန်းတဲ့အခါ သစ်ပင်ကြီးအောက်မှာ ခိုနားရတဲ့အရသာဟာ အအေးဓာတ်ပေးထားတဲ့ ဧည့်ခန်းဆိုဖာပေါ်ထိုင်ရတာထက် ပိုကောင်းတယ်။ ငယ်ငယ်တုန်းက ရွာမှာ ညောင်ပင်ကြီးအောက် ကုက္ကိုပင်ကြီးအောက် ဆော့ကစားခဲ့ရတာကိုသတိရမိတာကိုး။ ဒါပေမယ့် သစ်ပင်စိုက်သွားသူဝေးလို့ အရိပ်ခိုရတဲ့အတွက် အပင်ကိုကျေးဇူးတင်ဖို့တောင်မေ့နေလို့ ရှက်မိသလိုလို တာဝန်ပျက်သလိုလို ခံစားမိတယ်။ သန်းဝင်းလှိုင် မိုးမခမှာ သန်းဝင်းလှုင်ရေးသားနေတဲ့ အတ္ထုပ္ပတ္တိတွေကို တွေ့တိုင်း ကျေးဇူးတင်မိတယ်။ သေသေချာချာမသိဘဲ စိတ်ထင်တိုင်း ကွန်မင့်ဆိုတဲ့လွတ်လပ်ခွင့် အလွဲသုံးစားလုပ်ကာ တခါတလေ မကြားဝံ့မနာသာ မိုက်ရိုက်စော်ကားခံရသူ တွေအတွက် စိတ်မကောင်းဖြစ်ခဲ့ရလို့၊ အဲဒီပုဂ္ဂိုလ်ကြီးတွေ အကြောင်းအမှန်အတိုင်း သိပြီဆို ကြိုက်သလိုထင် ကြိုက်သလို မြင်။ သန်းဝင်းလှိုင်ရေးတာ သူတို့ဖတ်မဖတ်ကျွန်တော်မသိပါ။ သန်းဝင်းလှုင်ရေးတာ [...]

Read more of this post