အိမ်ကွင်း၊ အဝေးကွင်း ဇော်အောင် (မုံရွာ)၊ ဧပြီ ၁၊ ၂၀၁၃ အဝေးကွင်းမှာ ရှုံးချည်းရှုံးရတဲ့ မြန်မာ ၁၉၆၀-၁၉၇၀ ခေတ်ကာလတုံးက မြန်မာဘော်လုံးအသင်း အာရှဖလားပွဲကို ၂ကြိမ်ရွှေတံဆိပ်ဆု၊ ပထမဗိုလ်စွဲခဲ့ဖူးပါတယ်။ အရှေ့တောင်အာရှက ထိုင်းနိုင်ငံအပါဝင် ဘယ်နိုင်ငံမှာ အာရှထိပ်သီးဘ၀ကို မရောက်ခဲ့ဖူးပါ။ အရှေ့တောင်အာရှ ရွှေတံဆိပ်အကြိမ်အများဆုံးရပြီး၊ အာရှအဆင့်မက ကမ္ဘာ့အဆင့်တိုင်အောင် တောင်ကိုးရီးယား၊ ဂျပန်၊ အီရန် အသင်းများကိုပခုံးချင်းယှဉ်ပြိုင်ခဲ့ပါတယ်။ နောက်ပိုင်းတော့ တိုင်းပြည်လည်း စစ်အာဏာရှင်တွေကြောင့် တိုင်းပြည်မွဲ၊ လူတွေလဲမွဲသွားပြီး ဘော်လုံး၊အားကစားလဲ မအောင်နိုင်တော့ပါ။ ၁၉၉၃လောက်မှာ မြန်မာနိုင်ငံစီးပွားရေး အနည်းငယ်ဦးမော့လာချိန် မြန်မာဘောလုံးအသင်း အရှေ့တောင်အာရှ၊ဗိုလ်လုပွဲမှာ ထိုင်းကို ၄း၃ နဲ့ရှုံးပြီး၊ ဒုတိယအဆင့်ရခဲ့ပြန်ပါတယ်။ ကျွန်တော်တို့လည်း အဲဒီအချိန် ထိုင်း၊မြန်မာ ဘောလုံးဗိုလ်လုပွဲ စင်ကာပူမှာ အော်ဟစ်အားပေးခဲ့ပါတယ်။ မြန်မာအသင်း ဒုတိယပိုင်းမှာ ၃း၂ နဲ့ [...]

Read more of this post