ဖိုးထက် မတ်လ ၄၊ ၂၀၁၃ စင်္ကာပူမှာ မြန်မာတွေ ဦးဆောင်ပြီး ပြုလုပ်သော စာပေဟောပြောပွဲ၊ စင်တင်ရှိုးပွဲ၊ ဂီတပဒေသာ၊ တရားပွဲ၊ အငြိမ့် စသည့် ပွဲ အမျိုးအစား စုံစုံလင်လင်ရှိလှသည်။ ဖောင်ဒေးရှင်းတွေ၊ အဖွဲ့အစည်းတွေလဲ အများကြီး ရှိကြသည်။ တစ်ချို့က အမှန်အကန်။ တစ်ချို့က အကြံအဖန်။ တစ်ချို့က စီးပွားရေး တွက် တွက်လွန်းသည်။ တစ်ချို့က အနစ်နာ ခံလွန်းသည်။ လူ့လောကမှာ တွေ့ရကြုံရသည့် သိပ်ပြီး မထူးဆန်းသော အလွန် အငြင်းပွားဖွယ် ကိစ္စများတွေ့ရသည်။ တစ်ခါတစ်ရံ စီစဉ်သူများကြောင့် အလွန်လှပသော ပွဲလေးများ ဖြစ်သွားတတ်ကြသလို၊ တစ်ခါတစ်ရံ စီစဉ်သူများကြောင့် မအီမသာကြီးဖြင့် ပွဲပြီးသွားရသည်များလဲ ကြုံရသည်။ စီစဉ်သူများ ပါးနပ်လျှင် ပါးနပ်သလို၊ ငွေရေး ကြေးရေး သိပ်တွက်ချက်မနေဘဲ [...]

Read more of this post