ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) မတ်လ ၄၊ ၂၀၁၃ လူမျိုးရေးပဋိပက္ခကြောင့် ဘေးဒုက္ခခံစားနေရသော ရခိုင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ထံသို့ ကူညီထောက်ပံ့ရေးခရီးစဉ်အား နာရေးကူညီမှုအသင်း(ရန်ကုန်)သည် စတုတ္ထအကြိမ်မြောက်အဖြစ် ၁၄.၂.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏  အလုပ်အမှုဆောင်များဖြစ်ကြသော ဦးသိန်း ဦး၊ ဦးသိန်းထွန်းနှင့် ဦးကျော်ဝင်းတို့သည် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရောက်ရှိခဲ့ကြသည်။ ထို့နောက်စစ်တွေမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း (၅) ခုနှင့် (ABC) မိဘမဲ့ကလေးများစောင့်ရှောက် ရေးဂေဟာများသို့ လိုအပ်သည်များကို ပံ့ပိုးနိုင်ရန် သွားရောက်လေ့လာကြကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ၁၅.၂.၂ဝ၁၃ ရက်နေ့တွင် မြောက်ဦးမြို့နယ်နှင့် မောင်းတောမြို့နယ်များသို့ သွား ရောက် ကူညီမှုပေးနိုင်ရန် ၄င်းဒေသရှိ ကယ်ဆယ်ရေးစခန်းများအတွက် လိုအပ်သော ပဲ၊ ငါးခြောက်နှင့် ရေစုတ်စက်၊ လက်တွန်းထွန်စက် စသည့်ပစ္စည်းများကို ဝယ်ယူစုဆောင်းခဲ့ကြပြီး ၁၆.၂.၂ဝ၁၃ [...]

Read more of this post