မြ၀တီက ချစ်ကြည်ရေးတံတား ယာဉ်ပိတ်ဆို့မှု ဖြေရှင်းပေးစေလို မောင်လှမျိုး  (တံတားထိပ်)၊ မတ် ၁၅၊ ၂၀၁၃ ကျွန်တော်တို့  ထိုင်း-မြန်မာ နယ်စပ်က နာမည်ကြီး မြ၀တီမြို့တော်ဟာဖြင့် နေ့စဉ် ဆိုသလို ချစ်ကြည်ရေးတံတား ပတ်လမ်းပေါ် စည်းကမ်းမဲ့ ရပ်နေသော ယာဉ်များကစလို့ ဧရာဝတီဘဏ်၊ KBZ ဘဏ်ရှေ့မှာ ပရမ်းပတာ ယာဉ်ပိတ်နေတာပါ။  ဘယ်သူကမှ တာဝန်ယူဖြေရှင်းတာမျိုး မရှိပါဘူး။ ကျွန်တော်တို့လည်းအင်တာနက် စာမျက်နာကနေ အော်ရတာ အကြိမ်လည်း များနေပါပြီ။ မြ၀တီ ယာဉ်ထိန်းရဲများဟာဖြင့် ပြည်သူရဲ့အသံကို နားထောင်ပုံ မရတာဘဲလားတော့ မပြောတတ်ပါဘူး။ ဒါမှမဟုတ် ပြည်သူအတွက်မဟုတ်ဘဲ နိုင်ငံတော်လူကြီးလာမှ လမ်းရှင်းတာဆိုတော့၊ လူကြီးအတွက်ပဲ အလုပ်လုပ်တာလား ဆိုတာကို တွေးစရာဖြစ်လာနေပါတယ်။ လစာကတော့ ပြည်သူတွေဆီက ယူနေတာပေါ့နော်။ ဒီမနက် တံတာထိပ်မှ လမ်းတွေပိတ်နေလိုက်ပုံများ ရှုပ်နေလိုက်ပုံများ [...]

Read more of this post