ဟင်္သတသားများ၊ မတ် ၄၊ ၂၀၁၃ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ အင်္ဂပူ-ညောင်ကျိုး ပြည်သူများစုပေါင်း ထည့်ဝင်ငွေများနှင့်  တည်ဆောက်ခဲ့သော ကိုယ့်အားကိုယ်ကိုး လျပ်စစ်ပင်မဓါတ်အားလိုင်းကို အဆိုပါကျေးရွာ၏ လျပ်စစ်မီးလင်းရေးကော်မီတီဥက္ကဌ ဒေါက်တာဌေးဝင်း (အမျိုးသားလွှတ်တော်အမတ်)က အခြားကျေးရွာတခုဖြစ်သည့် သပြေကုန်းကျေးရွာကို လျပ်စစ်မီးသွယ်တန်းရန် ကြိုးစားလာသည့်အပေါ် အင်္ဂါပူ- ညောင်ကျိုးဒေသခံများက ကန့်ကွက်ခဲ့ကြပါတယ်။ အဆိုပါ မီးလိုင်းချိတ်ဆက်မှုကို မူလလျပ်စစ်သုံးစွဲသူများကို ကြိုတင်အသိမပေးခြင်း၊ သဘောထားကောက်ခံခြင်း မပြုခဲ့ခြင်းတို့ကြောင့် ဒေသခံများက သဘောမတူကြောင်း ဆန္ဒပြုခဲ့ကြတာကြာင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်စု ၃ စုမှာ ဆန္ဒခံယူပွဲများ ကျင်းပခဲ့ကြကြောင်း သိရပါတယ်။ ဖေဖော်ဝါရီ ၂၆ ညောင်ကျိုးကျေးရွာအုပ်စုမှာ အပြီးသတ်ဆန္ဒခံယူမှု စာရင်းအရ သပြေကုန်းကျေးရွာသို့ လျပ်စစ်မီးမချိတ်ဆက်လိုသူက မဲ ၄၃၂၊ ချိတ်ဆက်ပေးလိုသူက ၂၅ မဲနဲ့ အဆုံးအဖြတ်ကျခဲ့ပါတယ်။ အဆိုပါ [...]

Read more of this post