ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) မတ်လ ၂၈၊ ၂၀၁၃   ၂ဝ၁၃ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့ ည (၁ဝး၃ဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ အလုပ်အမှုဆောင်များဖြစ်ကြသော ဒေါ်ဧရာမောင်မောင်နှင့် ဒေါ်စောသဉ္ဇာစိုးတို့ ဦးဆောင်၍ အသင်း သား/သူများနှင့် ရွှေစင်စကြာ် အဝေးပြေးမော်တော်ယာဉ်လိုင်းပိုင်ရှင် ဦးလှမိုးလှိုင်နှင့် အဖွဲ့သားများတို့ လက်တွဲ၍ မိတ္ထီလာမြို့တွင်ဖြစ်ပွားသော မီးဘေးသင့်ဒုက္ခသည်များအား လူသားချင်းစာနာမှု၊ ဗြဟ္မစိုရ် ခြေလှမ်းများဖြင့် မိတ္ထီလာမြို့သို့ ရွှေစင်စကြာ် မော်တော်ယာဉ်ဖြင့် ခရီးနှင်ခဲ့ကြသည်။ ၂၄.၃.၂ဝ၁၃ ရက်နေ့ နံနက် (၇းဝဝ) နာရီအချိန်တွင် မိတ္ထီလာမြို့ရှိ ရွှေအုန်းပင်မိသားစု မြန်မာ ထမင်းဆိုင်သို့ရောက်ရှိခဲ့ပြီး ဒေသခံလူမှုရေးသမားများနှင့်လက်တွဲ၍ မီးဘေးသင့်ဒုက္ခသည်များအား စောင့်ရှောက်ထားသော ဘုန်းကြီးကျောင်းများ၊ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လေ့လာခဲ့ပြီး ရန်ကုန်မြို့မှ တပါးတည်း [...]

Read more of this post