ပေးပို့ - ဟင်္သာတမီဒီယာ မတ်လ ၇၊ ၂၀၁၃ မကြာမီကာလအတွင်းက ဟင်္သာတမြို့မှ ရဲသတင်းပေး အယောင်ဆောင် ခင်မောင်မြင့်ဆိုသူ၏ လိုင်စင်မဲ့ကား အဖမ်းခံရသည့်နောက် တရားရေး၊ ဥပဒေ၊ အကျဉ်းထောင် စသည်တို့နှင့် ရူတ်ယှတ်ခတ်နေသော ဖြစ်စဉ်များဖြစ်ပေါ်နေခဲ့ပါသည်။ ခင်မောင်မြင့်ဆိုသူသည် ဘာမှ မဟုတ်ဆိုသော စကားကို ဦးစွာပြောသင့်သည်။ တစ်ချိန်က နှစ်လုံး၊ သုံးလုံးဒိုင်ဖြစ်ခဲ့ပြီး ရဲများနှင့် အပေးအယူရှိခဲ့သူဖြစ်သည်။ သူ၏ မိသားစုမောင်နှမများမှာလည်း လောင်စာဆီမှောင် ခိုရောင်းဝယ်သူများဖြစ်ရာ ရဲများနှင့်အဆက်အစပ်ရှိခဲ့သည်၊ ရှိနေဆဲလဲဖြစ်သည်။ ထိုမှ ရဲသတင်းပေးဟု အမည်တပ်သော်လည်း ရဲထက် ဆိုးသော အပြုအမူများဖြင့် ပြည်သူများကို နှိပ်စက်နေသူဖြစ်သည်။ မြို့နယ်တွင်းလယ်ယာသုံးအဖြစ် နွားဆွဲလျှင်ပင် ခိုင်မာသော အထောက် အထား မရှိဟုဆိုကာ သူကိုယ်တိုင် ဖမ်းဆီးခွင့်ရှိသကဲ့သို့ ဖမ်းဆီးသူဖြစ်သည်။ အိမ်တွင်းစီးပွားရေးအဖြစ် ရိုးသားစွာဝင်ငွေရှာကာ ဗီဒီယိုအခွေငှားဆိုင်ဖွင့်ထားသူများထံ [...]

Read more of this post