ဒေါက်တာဓမ္မပိယ (ITBMU) မတ်လ ၁၇၊ ၂၀၁၃  ဒီနေ့မနက် အိပ်ယာက အစောကြီးနိုးလာတယ်။ အချိန်က နံနက် နှစ်နာရီခွဲ။ စောနေသေးလို့ ပြန်အိပ်ဖို့ ကြိုးစားကြည့်တယ်။ အိပ်လို့မရအောင် ဖြစ်နေခဲ့တာကြောင့် ဘာလုပ်ရရင် ကောင်းမလဲလို့ စဉ်းစားကြည့်တော့ ဘာလုပ်သင့်တယ်ဆိုတာကို စဉ်းစားလို့မရနိုင်အောင် ဖြစ်နေခဲ့ပြန်တယ်။ တရားသွားထိုင်ဖို့ဆိုတာကလဲ  (ဆင်ခြေက ပါနေတော့) နဲနဲစောနေသေးတယ်လို့ ထင်မိတယ်။ စဉ်းစားရင်း စဉ်းစားရင်း ဘာလုပ်ရမှန်းမသိ ဖြစ်နေရာက အတွေးတစ်ခုဝင်လာတယ်။ ဟုတ်ပြီ … ။ ဘာကြောင့် လူတွေဟာ လူတွေအကြောင်းကို တွေးကြသလဲ။ ဘာကြောင့် လူတွေဟာ လောကအကြောင်းကို စဉ်းစားကြသလဲ။ အဲဒီလို စဉ်းစားမိရင်း သြော် … တွေးတာဆိုတာဟာလဲ အလုပ်တစ်မျိုးကို လုပ်နေခြင်းပဲလို့ သဘောပေါက်မိတယ်။ အတွေးဆိုတာ လူတွေ နေ့စဉ်ပြောဆိုနေတဲ့ စကားလုံးတွေ [...]

Read more of this post