ငြိမ်းအေး မတ်လ ၁၉၊ ၂၀၁၃ ယခုတလော ကျွန်တော့်ခေါင်းထဲ၌ ရေးစရာများ ပြည့်နှက်လာပြန်ပါချေ၏။ သို့အတွက် ရေးလက်စ အစိမ်းရောင် စင်ကာပူအကြောင်း ခဏထားလျှက် ရင်ထဲ၌ ကျလိကျလိဖြစ်နေသည်များကို ဖွင့်အံချရပါသည်။ သို့မဟုတ်ပါက ရင်ထဲ၌ ခိုးလိုးခုလု ဖြစ်နေသောကြောင့် ကောင်းကောင်းအိပ်ပျော်မှာ မဟုတ်ပါ။   တစ်နေ့သ၌ ဦးသန်းဝင်းက သူ့သား၏စာရွက်စာတမ်းများကို မွှေနှောက်ရှာဖွေရင်းမှ မာမာအေးတေးဆိုပွဲ ကြော်ငြာကို အမှတ်မထင်တွေ့ရသည်၊ သွားမလားဟု အဖော်စပ်လာလေရာ သီချင်းတစ်ရက်နားမထောင်ရလျှင် အသက်တစ်ရက်တိုတတ် သည့် ကျွန်ုပ်မှာ ၀မ်းသာအားရ သဘောတူလိုက်လေ၏။     ပွဲကျင်းပမည့်ရုံကို ယခင်ကရောက်ဖူးသော်လည်း သေချာစေရန် သွားခါနီး အင်တာနက်၌ ထပ်ရှာ၏။ ကြော်ငြာ စာရွက်တွင်ရေးထားသည့်အတိုင်း Areta Ayer Theatre ကိုရှာရာ ဘယ်လိုမှရှာလို့မရ။ အင်း၊ တစ်ခုခုတော့လွဲနေပြီဟု [...]

Read more of this post