မတ်လ ၁၉၊ ၂၀၁၃ လက်ပံတောင်းတောင်သပိတ်စခန်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံးဖြေရှင်းခဲ့ပြီးနောက် ဖြစ်ပေါ်လာသော နောက်ဆက် တွဲပြဿနာများနှင့် ဒေသခံများကြုံ တွေ့နေရသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို နိုင်ငံတော်သမ္မတ က ဖွဲ့စည်းပေးခဲ့သည်။ အဆိုပါကော်မရှင်က ၄င်းတို့၏ အပြီးသတ်အစီရင်ခံစာကို မတ်လ ၁၂ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် ဒေသခံအချို့က အစီရင်ခံစာနှင့်ပတ်သက်၍ ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ စုံစမ်းစစ်ဆေး ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် အစီရင်ခံစာနှင့်ပတ်သက်၍ ဒေသခံများနှင့် တွေ့ဆုံရှင်းပြမှုများပြုလုပ်ရာတွင်လည်း ကန့်ကွက်ဆန္ဒပြမှုအချို့နှင့် ကြုံတွေ့ ခဲ့ရသည်။ ယင်းဆန္ဒပြမှုများ၏ နောက်ကွယ်တွင် ပြည်ပမှအထောက်အပံ့များရယူ၍ လက်ပံတောင်းတောင်ဒေသခံများအား ကြိုးကိုင် လှုပ်ရှားနေသူ နိုင်ငံရေးအရ အမြတ်ထုတ်နေသူဟု စွပ်စွဲခံထားရသော ကိုဟန်ဝင်းအောင်နှင့်The Messenger ဂျာနယ်က တွေ့ဆုံ မေးမြန်း ထားသည်များကို ဖော်ပြလိုက်ပါသည်။     [...]

Read more of this post