၈၈ မျိုးဆက် ကိုဌေးကြွယ် နယူးယောက်မြန်မာကွန်မြူနီတီနှင့် မတ် ၂၂ မှာ တွေ့ဆုံမည် မိုးမခရွာဆော်ကြီး၊ မတ် ၃၊ ၂၀၁၃ မတ်လတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရောက်မည့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်အား အမေရိကန်ပြည်ထောင်စုရှိ မြန်မာမိသားစုများက ကြိုဆိုတွေ့ဆုံကြရန် စီစဉ်လျက်ရှိရာ နယူးယောက်မြန်မာကွန်မြူနီတီက မတ်လ ၂၂ ရက်နေ့တွင် မြန်မာတိုင်းရင်းသားမိသားစုများနှင့် တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပမည်ဖြစ်ကြောင်း အသိပေး ဖိတ်ကြားလိုက်သည်ကို တွေ့ရသည်။             ဖိတ်ကြားစာမှာ အောက်ပါအတိုင်းဖြစ်သည်။ "ရင်းနှီးစွာ အသိပေးဖိတ်ခေါ်ခြင်း"                        နေစ­ွဲ  - ဖေဖော်ဝါရီလ ၂၈ ၂၀၁၃                         မြန်မာနိုင်ငံမှ ဒီမိုကရေစီအရေး လှုပ်ရှားတက်ကြွသူ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဌေးကြွယ်ဟာ မတ်လ ၂၂ ရက်နေမှာ နယူးယောက်မြို့ကိုရောက်ရှိလာ၍ နယူးယောက်မြိုမှ မြန်မာတိုင်းရင်းသား မိသားစုများနဲ  ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးမည် [...]

Read more of this post