ဒီးဒိုး မတ်လ ၃၊ ၂၀၁၃ တနေ့ က ရွာက သူငယ်ချင်းဆီဖုန်းဆက်ပြီး သာကြောင်းမာကြောင်းလေး မေးခဲ့ပါတယ်။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြပြီးတော့ လက်ရှိ အကြောင်းလေးကို စကားစမြည် ပြောကြရင်းက ရွာမှာ လက်ရှိဖြစ်နေတဲ့ အကြောင်းလေး တစ်ခုကို သိခဲ့ရတယ်။ စစ်တပ် က ဗိုလ်မှူးတယောက် က ရွာကိုလာပြီး ပြောတယ်တဲ့ ကေအိုင်အေ ကို ရွာထဲ အလာမခံ နဲ့ ဆိုတဲ့ အကြောင်းနဲ့ တကယ်လို့ ရွာအနီးနားတ၀ိုက်မှာ ကေအိုင်အေ ကို တွေ့တယ် ဆိုရင် ဒီရွာကို နိုင်ငံတော်ပိုင် မြေလွတ်၊မြေရိုင်းပေါ် မှာ တည်ဆောက်ထားတဲ့ ရွာဆိုပြီး ရွာကိုပြောင်းပလိုက်မယ် ဆိုဘဲ။ တောင်ပေါ်သား တွေမှာ တော့ ဗိုလ်မှူး အဆင့်မပြောနဲ့ တပ်ကြပ်လောက်ကိုတောင် တော်တော်သိ [...]

Read more of this post