ကလေးချစ်သူ မတ်လ ၂၁၊ ၂၀၁၃ နိုင်ငံတကာမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်ကိုစေခိုင်းရင် ဥပဒေအရ ထိရောက်စွာ အရေးယူကြပါတယ်။ ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံမှာလည်း ဒီလိုပါဘဲ ကလေးသူငယ်ကို စေခိုင်းတာဟာ ဥပဒေအရ ကာကွယ်ရပါ့မယ်။ဒီမိုကရေစီမို့ လုပ်ချင်တာ လုပ်တယ် ဘာဖြစ်လည်း ဆိုတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့မြ၀တီက နာမည်ကြီး ဘောဂိတ်မှာ ပုံပါအတိုင်း ကလေးအလုပ်သမားခေါ်တဲ့ ဆိုင်ဘုတ်ကို ချိတ်ဆွဲထားတာပါ။ ဒါပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း ကလေးအလုပ်သမားကို တရားဝင်သကဲ့သို့ ဆိုင်း ဘုတ်တင်ပြီး အလုပ်ခေါ်နေတာကို မသိတာလား မသိချင်ရောင်ဆောင်နေသလား မသိပါဘူး ဘာမှအရေးယူတာမျိုးမရှိပါဘူး။ ကျွန်တော်အမြင်မှာတော့ ကလေးအလုပ်သမားကို ဆိုင်ဘုတ်တင်ပြီးပြီး မခေါ်သင့်သလို ဒီလိုလူမြင်ကွင်းမှာ ဆိုင်ဘုတ်တင် ကလေးစားပွဲထိုး ခေါ်တာကို သက်ဆိုင်ရာအာဏာပိုင်ကလည်း တားသင့်တယ်လို့ ထင်ပါတယ်ဗျာ . . .

Read more of this post