၈၈မျိုးဆက် ကိုဌေးကြွယ်နဲ့ စကားစမြည် မိုးမခ၊ မတ် ၁၆၊ ၂၀၁၃ မတ်လ ၁၃ ရက်နေ့က ဥရောပခရီးစဉ်ကနေ ကိုဌေးကြွယ် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်က ၈၈မတ်လ ကျောင်းသားအရေးအခင်းကာလမှာ လက်တွဲလုပ်ခဲ့ကြတဲ့ မိတ်ဆွေဟောင်းတွေသာမက မြန်မာ့ဒီမိုကရေစီရေး နိုးကြားလှုပ်ရှားသူ မြန်မာမျိုးဆက်ဟောင်း၊ မျိုးဆက်သစ်တွေက ၀ိုင်းဝန်းကြိုဆိုကြပြီး မိတ်ဆုံဆွေးနွေးပွဲတွေ စကားဝိုင်းတွေ စီစဉ်ကြဖို့ ပြင်ဆင်နေကြပါတယ်။             လက်ရှိ ၀ါရှင်တန်ဒီစီကို ရောက်ရှိနေခိုက် သတင်းဌာနများက တွေ့ဆုံမေးမြန်းနေကြတာမို့ မိုးမခကလည်း ရရှိတဲ့အချိန်အနည်းငယ်အတွင်းမှာ ကိုဌေးကြွယ်ကို မိတ်ဆက်ပြီး စကားစမြည် အနည်းငယ် ပြောဆိုခွင့် ရရှိခဲ့ပါတယ်။   လာမယ့် မတ် ၁၆ မှာ ရန်ကုန်တက္ကသိုလ် အင်ယားကန်ဘောင်ပေါ်မှာ လုံထိန်းများလက်ချက်နဲ့ ကျောင်းသား ကျောင်းသူများ [...]

Read more of this post