သန်းဝင်းလှိုင် မတ်လ ၁၁၊ ၂၀၁၃ မြန်မာ့သမိုင်းတကွေ့၌ ထင်ရှားခဲ့သော ဗြိတိသျှစာရေးဆရာတစ်ဦးမှာ ဂျော့ခ်ျအော်ဝဲလ် ဖြစ်သည်။ သူသည်ထက်မြက်သောစာရေးဆရာတဦးဖြစ်ပြီးအဖိနှိပ်ခံတို့ ဘက်မှရပ်တည်သောစာရေးဆရာလည်းဖြစ်သည်။သူ၏ ပထမဆုံးလုံးချင်းဝတ္ထု ဖြစ်သည့် Burmese Days မှာ ဂျော့ခ်ျအော်ဝဲလ် (George Orwell) စာပေလေ့လာသူတို့ လက်မလွှတ်နိုင်သော စာအုပ်တစ်အုပ် ဖြစ်သကဲ့သို့ မြန်မာပြည်နောက်ခံဖြင့် နိုင်ငံခြားသားတို့ရေးသားကြသည့် ၀တ္ထုများထဲတွင် အထင်ရှားဆုံးလက်ရာတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းခံရသည်။ ၁၉၃၄ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် Burmese Days ၀တ္ထုသည် နောက်ပိုင်းသူဆက်ရေးဖြစ်မည့် ၀တ္ထုအတော်များများကို ပုံစံချပေးခဲ့ သော ၀တ္ထုလည်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဖိနှိပ်ချုပ်ချယ်သော၊ ရိုးဖြောင့်မှန်ကန်မှုမရှိသော လူမှုပတ်ဝန်းကျင်တစ်ခုအတွင်း အံမ၀င်ခွင်မကျ ဖြစ်နေသည့် စာနာစိတ်ရှိသူ၊ မှန်ရာကိုသာလုပ်လိုသူ၊ မတူညီသူများအကြားစိတ်ပိုင်းဆိုင်ရာအရာ အထီးကျန်ဖြစ်နေသူတို့အကြောင်း ရေးဖွဲ့ ထားသည့် ၀တ္ထုများဖြစ်သည်။ Burmese Days တွင် [...]

Read more of this post