Apr 11, 2013 (Burmese Version)

 

သတင်းလွှာကို ကောင်းကောင်းမမြင်ရပါက ဤနေရာသို့နှိပ်ပါ။

 
 

ကျေနပ်သည်အထိ တောင်းပန်မှ ကျေအေးနိုင်မည်ဟု အမရာဒ်ငြိမ်းပြော

ပုံတပုံတည်းကို ယူပြီး ဒီမော်ဒယ်လ်က ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုပြီး တင်လိုက်တာ ပေါ့နော်။ အဲ့ဒီ Page က သတင်းကို Myanmar Newsweek ဂျာနယ်က ယူပြီး ရေးလိုက်တာပါ Read More

 

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ညွှန်းကိစ္စပြီး၍ ကုန်ကျစရိတ် တွက်ချက်နေပြီ

အဲဒီအချိန်ကျမှ ဒါရိုက်တာ၊ သရုပ်ဆောင် ရွေးရမယ်၊ ဂဠုန်ဦးစော နေရာ ဘယ်သူလဲ၊ ဒေါက်တာ ဘမော် နေရာဘယ်သူလဲ ဆိုတာ ရွေးရမှာ Read More

 

ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည်လည်း မင်္ဂလာတပါး မည်၏

နိုင်ငံတကာတွင်မူ အားကစား ပြိုင်ပွဲတွင် ပထမရသူ (၀ါ) ရွှေတံဆိပ် ရှင်များကို သာ ဂုဏ်ပြုလေ့ရှိကြသည်။ မြန်မာနိုင်ငံကမူ ရွှေတံဆိပ် ရှင်များသာ မက ငွေနှင့် ကြေး တံဆိပ်ဆုရှင်များကို ဂုဏ်ပြုခြင်းမှာ ထူးခြားချက် ပင်ဖြစ်သည်။ Read More

 

ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ ချန်ပီယံ လိဂ် ဆီမီးဖိုင်နယ် တက်

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်များကို ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ စပိန်ကလပ် ဘာစီလိုနာနဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီ၊ အီတလီကလပ် ဂျုဗင်တပ်နဲ့  ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ် အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ Read More

 

မီးရှို့ဆန္ဒပြရာတွင် ဗိုလ်ချုပ် အောင်ဆန်း ပုံ ပါဝင်မှု မွတ်စလင်များ ရှင်းချက်ထုတ်

ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာကိစ္စမှာရော၊ မြန်မာမွတ်စလင် ကိစ္စမှာရော နှုတ်ဆိတ်နေတဲ့ အတွက်ကြောင့်မို့လို့ မီးရှို့လိုက်တာပါ။ ဗိုလ်ချုပ် အောင်ဆန်းပုံ ပါသွားတဲ့အတွက်ကြောင့်တော့ စိတ်မကောင်းပါဘူး။ Read More

 

ရှမ်းမြောက်ပိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး SSA ဦးဆောင်လုပ်ကိုင်နေ

အခုလို မူးယစ်ဆေးဝါးတွေ မီးရှို့တာကတော့ ကောင်းပါတယ်။ ဒါပေမယ့် အဲဒီလို လုပ်တဲ့အချိန်မှာ နိုင်ငံတော်နဲ့ လက်တွဲပြီး လုပ်ရင်တော့ ပိုကောင်းမယ်၊ ပိုထိရောက်မယ် Read More

 

စစ်တွေ ဆန္ဒပြ ဦးဆောင်သူ ၂ ဦး တရားစွဲခံရ

ရခိုင်ပြည်နယ်စစ်တွေမြို့တွင် ရခိုင်အရေးကို နိုင်ငံတကာမှ ဝင်ရောက်မစွက်ဖက်ရေး ဆန္ဒပြပွဲ ဦးဆောင်ခဲ့ သူများအဖြစ် အမှုဖွင့် ခံ ထားရသူ ၂ ဦးကို အာဏာပိုင်များက ဧပြီ ၉ ရက်တွင် ရုံးတင် တရားစွဲဆိုလိုက်ကြောင်း သတင်းရသည်။ Read More

 

ဥပဒေစိုးမိုးမှ ပဋိပက္ခဖြေရှင်းနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

တရားဥပဒေစိုးမိုးမှ ပဋိပက္ခများဖြေရှင်းနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က အစ္စလမ်ဘာသာရေး ခေါင်းဆောင်များကို ပြောဆိုသည် Read More

 

ဗလီ မီးလောင်မှု ကော်မရှင်တွေ့ရှိချက် အစ္စလမ် ဘာသာရေး အဖွဲ့များ လက်ခံ

၄၈ လမ်း အစ္စလမ် ဘာသာရေး စာသင်ကျောင်း မီးလောင်ရခြင်းမှာ ပေါ့ဆမှုကြောင့် လောင်ကျွမ်းရခြင်း ဖြစ်သည်ဟု အထောက်အထားများဖြင့် ရှင်းပြရာ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်း ၅ ခုမှ ခေါင်းဆောင်များ လက်ခံခဲ့ကြသည်။ Read More< /p>

 

မြန်မာပြည်အတွက် ဆုတောင်းရေးကွန်ရက် နောက်ကွယ်တွင် ပံ့ပိုးသူမရှိဟုဆို

ကျနော်တို့ လူငယ်တွေသုံးမယ့်စားမယ့် ပိုက်ဆံတွေကိုစုပြီးဒီအဖွဲ့အစည်းထဲကိုထည့်တာပါ။တခြား ဘယ်နိုင်ငံရေးပါတီ၊နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့အနှောင်အဖွဲ့တွေမှ မရှိပါဘူး Read More

 

နိုင်ငံသား စိစစ်ရေးကတ်များကို စမတ်ကတ်အဖြစ် ပြောင်းနိုင်ရန် စမ်းသပ်

မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသော နိုင်ငံသား စိစစ်ရေးကတ်ပြားများကို စမတ်ကတ် အဖြစ်ပြောင်းလဲ နိုင်ရေးအတွက် နိုင်ငံခြား ကုမ္ပဏီများက လာရောက် စမ်းသပ်မှု ပြုလုပ်နေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက) ထံမှ သိရသည်။ Read More

 

SSA နှင့် အစိုးရတပ်မတော် တိုက်ပွဲကြောင့် ပြေးရှောင်ရသည့် ဒုက္ခသည်များ နေရပ်ပြန်မည်

တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လွယ်လန်း၊ လွယ်စေး၊ ကုန်းကော်၊ ကောင်းဆိုင်း၊ ပါဖန်၊ လွိုင်ပု၊ နမ့်လွတ် စသည့် ကျေးရွာများမှ ဒေသခံ တထောင်နီးပါးခန့်တို့ တန့်ယန်းမြို့ပေါ်သို့ စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် ရောက်ရှိလာခဲ့ Read More

 

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း Read More

 

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေ ရေးဆွဲရန် တိုက်တွန်း

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ခန်းမတွင် ယမန်နေ့က ကျင်းပသည့် တောင်သူ လယ်သမားများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ရေးဆွဲရေး ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြား သည်။ စိုက်ပျိုးရေးနှင့် မွေးမြူ ရေး လုပ်ကိုင်သူများသည် Primary Producer(အခြေခံကုန်ထုတ် စွမ်းအားရှင်)များဖြစ်ကြောင်း၊ ယင်းတို့၏ အခွင့်အရေးအတွက် ခေတ်စနစ်နှင့် အညီ ဥပဒေ ကိုလည်း ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ဥပဒေ အမြန်ပေါ်ထွက်လာရေး အတွက် တာဝန်ရှိသူ အသီးသီးနှင့် ပြည်သူများမှ ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားကြောင်းလည်း သိရသည်။ Read More

 
 

ရခိုင်ဒေသ တခုလုံး ၂၄ နာရီ လျှပ်စစ်မီးရရှိရေး စီစဉ်နေ

လျှပ်စစ်စွမ်းအား ရခိုင်ပြည်နယ် တခုလုံး ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် အိန္ဒိယနိုင်ငံမှ ၀ယ်ယူထားသော ထရန်စဖော်မာများနှင့် ဆက်စပ်ပစ္စည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း အစိုးရ သတင်းစာများတွင် ယနေ့ ဖော်ပြထားသည်။ အိန္ဒိယမှ ၀ယ် ယူ ထားသော (၂၃၀/၁၃၂/၁၁)ကေဗီ(၃၃ ဒသမ ၃၃) အမ်ဗီအေ 1 – Phase Power Transformer ၁၂ လုံး န� �င့် ဆက်စပ် ပစ္စည်း များ ရန်ကုန်မြို့အေးရှားဝေါ်လ် ဆိပ်ကမ်းသို့ ရောက်ရှိလာပြီး ဧပြီ ၈ ရက်က သဘောင်္ ပေါ်မှ ချ၍ သက်ဆိုင်ရာ တည်ဆောက်ရေး စီမံ ကိန်းများသို့ ပို့ဆောင်လျက်ရှိကြောင်း၊ စီမံကိန်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်မှစတင်၍ [...] Read More

 
 

တိုင်းရင်းသား ဒေသများသို့ ဆန်နှင့် စားနပ်ရိက္ခာ ၁၇၅၅၄၄ တန် ဖြန့်ဝေမည်

ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်(WFP)က ငြိမ်းချမ်းရေးဆောင်ရွက်ဆဲ တိုင်းရင်းသား ဒေသများနှင့် နယ်စပ်ဒေသများရှိ အာဟာရ ချို့တဲ့မှု အပါအ၀င် အခက်အခဲများ ကြုံတွေ့နေရသော ပြည်သူများ၏ ပြန်လည် ထူထောင်ရေး နှင့် စားနပ်ရိက္ခာ ဖူလုံရေးတို့အတွက် အမေရိကန် ဒေါ်လာ ၁၆၇.၆၉ သန်း အကူအညီ ပေးမည် ဖြစ်ကြောင်း သိရသည်။ ယင်းအကူအညီ ငွေဖြင� ��့ ဆန် နှင့် စားနပ်ရိက္ခာ စုစုပေါင်း ၁၇၅၅၄၄ တန် ဖြန့်ဝေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်း ၊ ကရင် နှင့် မွန်ပြည်နယ်၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း နှင့် ရန်ကုန်တိုင်းဒေသကြီး တို့တွင် ၂၀၁၃ [...] Read More

 
 

ဤသတင်းလွှာမှာ ဧရာဝတီအင်တာနက်စာမျက်နှာက သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်နဲ့ အခြားကဏ္ဍတွေအားလုံး ပါဝင်ပါတယ်။ သိလိုတာ များရှိရင် news@irrawaddy.org ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

 

ဧရာဝတီနေ့စဉ်သတင်းလွှာကို ဆက်မယူလိုတော့ပါက ဤနေရာသို့ နှိပ်ပါ။ သတင်းလွှာယူသူများစာရင်းမှ အလိုအလျောက်ပယ်ဖျက်ပြီး ဖြစ်ပါလိမ့်မယ်။