ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) ဧပြီ ၁၁၊ ၂၀၁၃ လူသားတိုင်းသည် ငြိမ်းချမ်းရေးကို လိုလားနှစ်သက်ကြသူများဖြစ်သလို ဘာသာတရားတိုင်းသည် လည်း ငြိမ်းချမ်းရေးကိုသာ လိုလားပေသည်။ ယနေ့ခေတ် ကမ္ဘာ့တိုင်းပြည်အချို့၌ ပြည်တွင်းစစ်မီးများ လောင်မြိုက်ကာ ငြိမ်းချမ်းရေးနှင့် ဝေးနေရသည်ကို မြင်တွေ့ကြရသည်။ ငြိမ်းချမ်းရေးရရှိနိုင်ကြစေရန် အတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှ လူ့အဖွဲ့အစည်းများ ကြိုးပမ်းနေကြသလို မြန်မာနိုင်ငံတွင်လည်း ကချင် စစ်ဘေးကြောင့် ဒုက္ခရောက်နေကြသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ဘဝများ အေးချမ်းစွာ နေထိုင်နိုင်ရန်အတွက် လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ NGO, INGO များနှင့် လူ့အဖွဲ့ အစည်းများမှ ကြိုးပမ်းဆောင်ရွက်နေချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သည်လည်း ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ် လှုပ်ရှားပါဝင်ခဲ့သည်။ သို့သော် ယခုအကြိမ်တွင်မှု တကယ်စစ်မှန်သော ငြိမ်းချမ်းမှုကိုရရှိစေမည့် ငြိမ်းချမ်းရေးအလှူပွဲကြီးအား ကျင်းပခဲ့ပါတော့သည်။   [...]

Read more of this post