[aurorageneration] မိမိကိုယ်ကိုယုံကြည်မှု (Self Confidence)

မိမိကိုယ်ကိုယုံကြည်မှု (Self Confidence)

တစ်ခါကစီးပွားရေးသမားတစ်ဦးဟာ ထွက်ပေါက်မရှိအောင် အကြွေးတွေပတ်လည်ဝိုင်းနေပါတယ်။ ကြွေးရှင်တွေက သူ့ကို တကောက်ကောက် လိုက်ပြီးအကြွေးတောင်းနေကြပါတယ်။   ဒီလိုနဲ့ ကြံရာမရဖြစ်နေတဲ့စီးပွားရေးသမားဟာ သူ့ရဲ့ကုမ္ပဏီကို ဒေ၀ါလီခံရမယ့်ဘေးက ဘယ်လိုကယ်တင်ရမလဲဆိုတာကို ပန်းခြံတစ်ခုရဲ့ခုံတန်းရှည်ပေါ်မှာထိုင်ကာ မျက်နှာကို လက်မှာအပ်ပြီး အကြံထုတ်နေပါတယ်။


သူအကြံထုတ်နေတုန်းမှာ အဖိုးအိုတစ်ဦးဟာ ရုတ်တရက်သူ့အနားကိုရောက်လာပါတယ်။

အဖိုးအိုက "တူမောင့်မှာ အခက်အခဲတစ်ခုခုဖြစ်နေတယ်နဲ့တူတယ်" လို့မေးပါတယ်။

စီးပွားရေးသမားက သူ့ရဲ့ အခက်အခဲတွေအကြောင်းကို စီကာပတ်ကုံး ပြောပြတာကိုနားထောင်ပြီး အဖိုးအိုက "ဒီအခက်အခဲတွေကို ဦးလေးကူညီနိုင်မယ်လို့ယုံကြည်ပါတယ်" လို့ပြောပါတယ်။

အဖိုးအိုက စီးပွားရေးသမားရဲ့နာမည်ကိုမေးပြီး ချက်လက်မှတ်တစ်စောင်ကို ချက်ချင်းရေးပြီးပေးလိုက်ပါတယ်။

ချက်လက်မှတ်ပေးရင်း "ဒီငွေတွေကိုယူလိုက်ပါ၊ ဒီနေ့ကစပြီး တစ်နှစ်တိတိမှာ ဒီပန်းခြံထဲမှာပဲပြန်တွေ့ကြမယ်၊ အဲဒီအချိန်ကျမှ ဒီငွေတွေကိုလည်းပြန်ဆပ်ပါ" လို့ပြောပြီး သူလာခဲ့တုန်းကလိုပဲ ရုတ်တရက် ပြန်ထွက်သွားပါတယ်။

စီးပွားရေးသမားက သူ့လက်ထဲက ချက်လက်မှတ်ကို ကြည့်လိုက်တော့ ဒေါ်လာ ၅သိန်းလို့ရေးထားပြီး ကမ္ဘာ့အချမ်းသာဆုံး သူကြွယ်တစ်ဦးဖြစ်တဲ့ ဂျွန် ဒီ ရော့ကဖဲလား (John D. Rockefeller) လို့လက်မှတ်ထိုးထားတာကိုတွေ့ရပါတယ်။

 

ဒေါ်လာ သန်းဝက်တန်ချက်လက်မှတ်ကိုကိုင်ပြီး "ဒီငွေတွေနဲ့ဆိုရင် ငါ့အခက်အခဲတွေအကုန်လုံးရှင်းနိုင်မှာပဲ" လို့တွေးလိုက်မိပါတယ်။ ဒါပေမယ့် သူဟာ ဒီချက်လက်မှတ်ကို ဘဏ်မှာသွားမထုတ်ပဲ မီးခံသေတ္တာထဲမှာပဲ သိမ်းထားလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ရဲ့အတွေးထဲမှာ မီးခံသေတ္တာထဲက ငွေသန်းဝက်က လက်ရှိကြုံနေတဲ့အခက်အခဲ ကို ဖြေရှင်းနိုင်ဖို့ ကြိုးစားရန် စွမ်းအားတွေပေးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

ယခုလိုအသစ်ရလာတဲ့ ခွန်အားသစ်တွေနဲ့ အရောင်းအ၀ယ်တွေကိုပြန်လည်ညှိနှိုင်းတာတွေ အကြွေးပြန်ဆပ်ချိန်ကို ကာလတိုးမြှင့်တာတွေပြန်လုပ်ပြီး တဖန်ပြန်ပြီးကြိုးစားပါတယ်။ လအနည်းငယ်အတွင်းမှာပဲ အကြွေးတွေကြေသွားပြီး အမြတ်ပြန်လည်ရရှိလာပါတယ်။


တစ်နှစ်တိတိပြည့်တဲ့အချိန်မှာတော့ ပန်းခြံရှိရာကို ငွေမထုတ်ရသေးတဲ့ချက်လက်မှတ်ကို ကိုင်ပြီးသွားပါတယ်။

ချိန်းချက်ထားတဲ့ အချိန်ရောက်တဲ့အခါမှာ အဖိုးအိုလဲရောက်လာပါတယ်။

စီးပွားရေးသမားက သူ့ရဲ့အောင်မြင်မှုတွေကိုမပြောပြနိုင်ခင်နဲ့ ချက်လက်မှတ်ပြန်မပေးခင်မှာပဲ သူနာပြုတစ်ဦးဟာပြေးလာပြီး အဖိုးအိုကို ဆုပ်ကိုင်လိုက်ပါတယ်။ ပြီးတော့သူနာပြုက "တော်သေးတာပေါ့ ပြန်တွေ့လို့" လို့ ပြောပါတယ်။ ဆက်ပြီးတော့သူက "ဒီအဖိုးက အစ်ကို့ကို ဘာမှစိတ်အနှောင့်အယှက်မပေးဘူးမလား။ အဖိုးက ဆေးရုံကနေ ဒီလိုခဏခဏထွက်ထွက်သွားတတ်ပြီး သူ့ကိုယ်သူ ဂျွန် ဒီ ရော့ကဖဲလားလို့ လူတွေကိုပြောတတ်တယ်ရှင့်"လို့ရှင်းပြပြီး အဖိုးအိုရဲ့လက်မောင်းကိုတွဲပြီးပြန်ခေါ်သွားပါတယ်။

စီးပွားရေးသမားဟာ အဲဒီနေရာမှာပဲ အံ့သြတကြီးနဲ့ ကြက်သေသေဖြစ်လို့ ရပ်နေမိပါတယ်။ တစ်နှစ်ပတ်လုံး ဒီလိုကြိုးစားရုန်းကန်၊ ရောင်းဝယ်နေခဲ့တာဟာ သူ့ရဲ့နောက်မှာ ဒေါ်လာငါးသိန်းရှိတယ်လို့ ယုံကြည်ပြီးကြိုးစားခဲ့တာသာဖြစ်ပါတယ်။

စဉ်းစားနေရင်းနဲ့ သူ့ဘ၀က ပြောင်းလဲသွားစေခဲ့တာက ငွေကြေးမဟုတ်ဘူးဆိုတာကို သူသဘောပေါက်လာခဲ့ပါတယ်။ သူ့ရဲ့အသစ်ပြန်လည်ရရှိလာတဲ့ မိမိကိုယ်ကို ယုံကြည်မှုကြောင့်သာ အခက်အခဲတွေကိုကျော်ဖြတ်ဖို့ စွမ်းအားတွေရရှိခဲ့ခြင်းသာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ မိမိကိုယ်ကို ယုံကြည်မှုစိတ်အခြေအနေက နေ့စဉ်အမြဲတသမတ်တည်းဖြစ်မနေပါဘူး။

ကျွန်တော်တို့ဘ၀မှာ လုပ်သမျှအရာတိုင်း အောင်မြင်နေတဲ့အချိန်မှာ မိမိကိုယ်ကိုယုံကြည်မှု ဟာအမြင့်ဆုံးဖြစ်နေတတ်ပါတယ်။ အခက်အခဲတွေဆက်တိုက်ကြုံတွေ့ရတဲ့အခါမှာတော့ မိမိကိုယ်ကိုယုံကြည်မှုက တဖြည်းဖြည်းပျောက်ဆုံးသွားတတ်ပါတယ်။ သင့်ဘ၀မှာ အကြိမ်ကြိမ်လဲကျခဲ့ဖူးကြမှာပါ။ လဲကျတိုင်းကြိုးစားပြီးပြန်ထခဲ့ရင် လဲကျတဲ့အကြိမ်တိုင်းဟာ သင့်အတွက် အရှုံးမဟုတ်ပါဘူး။ ဒါပေမယ့် ပြန်ပြီးထဖို့ မကြိုးစားတော့ရင်သာ အရှုံးဖြစ်ပါတယ်။


Self Confident Story အားဆီလျော်အောင်ဘာသာပြန်ဆိုပါသည်။

25.2.13

telos.purple@gmail.com

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
---
You received this message because you are subscribed to the Google Groups "Newgeneration" group.
To unsubscribe from this group and stop receiving emails from it, send an email to aurorageneration+unsubscribe@googlegroups.com.
To post to this group, send email to aurorageneration@googlegroups.com.
Visit this group at http://groups.google.com/group/aurorageneration?hl=en.
For more options, visit https://groups.google.com/groups/opt_out.