April 04, 2013 (Burmese Version)

 

သတင်းလွှာကို ကောင်းကောင်းမမြင်ရပါက ဤနေရာသို့နှိပ်ပါ။

 
 

မန္တလေး၌ ပဋိပက္ခ ကာကွယ်တားဆီးရေး ကော်မတီ ဖွဲ့

လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ မဖြစ်ပွားစေရေးအတွက် “ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ် တားဆီးရေး ကော်မ တီ” ကို ယမန်နေ့က မန္တလေးမြို့တွင် ဖွဲ့စည်းလိုက်သည်။ Read More

 

တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် လွှတ်တော်သို့ တင်ပြ

သက်တမ်းနုစဉ် ကာလတွင် ကိုယ်ဝန် ဖျက်ချခြင်းကို အစိုးရအနေဖြင့် တရားဝင် ခွင့်ပြုသင့်ပြီး ကလေးထိခိုက်မှု မရှိစေရန် အတွက်လည်း ဥပဒေအရ အကာအကွယ် လိုအပ်ကြောင်း Read More

 

အထက် ပေါင်းလောင်းဆည် ရွှေ့ပြောင်းရွာများ အတွက် လျော်ကြေးစပေး

တချို့အိမ်ဆိုရင် သိန်း ၁၈၀ တန်တာ ရှိတယ်။ သိန်း ၁၀၀ တန်ရင် ၁၀၀ ပေးတယ်။ ပေးတဲ့ဟာရယ် နောက် သူ့ခြံ ဘယ်လောက်ရှိလဲ၊ နှစ်ရှည်သီးနှံပင် ဘယ်လောက်ရှိလဲ၊ လယ်ယာကိုင်းကျွန်း ဘယ်လောက်ရှိလဲဆိုတာ နှုန်းထားအတိုင်း တွက်ဆပြီးတော့ ပေးလိုက်တယ်။ Read More

 

ရခိုင်ဒေသ သယံဇာတ စီမံကိန်းတွေကို ဆန္ဒပြမယ်

တည်ဆောက်နေတဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး ဗဟိုအစိုးရရဲ့ ပွင့်လင်း မြင်သာမှု မရှိတာ၊ ရခိုင်ပြည်နယ် အစိုးရရဲ့ လုပ်ပိုင်ခွင့် နည်းပါးတာတွေကြောင့် ကြုံတွေ့နေရတဲ့ နစ်နာဆုံးရှုံးမှုတွေ အတွက် မကြာမီ ဆန္ဒပြတောင်းဆိုမှုတွေ ဆက်တိုက် လုပ်သွားမယ် Read More

 

ရခိုင်ရိုးရာသင်္ကြန်ပွဲ သုဝဏ္ဏကွင်းတွင် ပြောင်းရွှေ့ ကျင်းပမည်

နိုင်ငံတကာအဆင့် အားကစားပွဲတော်များ ကျင်းပနိုင်ရန် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်နေခြင်းကြောင့် သုဝဏ္ဏကွင်းသို့ ပြောင်းရွှေ့ ကျင်းပရခြင်း ဖြစ်ကြောင်း၊ နေရာပြောင်း သွားသည့်တိုင် အစီအစဉ်များ အားလုံးကို အပြောင်းအလဲ မရှိဘဲ ကျင်းပသွားမည် Read More

 

ငွေကျပ် ၁၅၀၀ တန် ဖုန်းကတ် အကန့်အသတ်ဖြင့်သာ ရောင်းမည်

ဖုန်းကတ် တကတ်လျှင် ၁၅၀၀ ကျပ်ဖြင့် ရောင်းချမည် ဖြစ်သော်လည်း လတ်တလော လစဉ် ဖုန်းအရေ အတွက် အကန့်အသတ်ဖြင့်သာ ရောင်းချနိုင်ဦးမည် ဖြစ်သည် Read More

 

တောင်သူလယ်သမား အကာအကွယ်ပေးရေး ဥပဒေရေးဆွဲ ပြဋ္ဌာန်းမည်

တောင်သူ အကာ အကွယ်ပေးရေး ဥပဒေတွင် လယ်သမားများ ရင်ဆိုင်နေရသော အကြွေးသံသရာ၊ ဆင်းရဲမွဲတေမှု အပါအ၀င် အခက်အခဲများ လျော့ချပေးမည့် ပြဋ္ဌာန်းချက်များ ပါဝင်မည်ဖြစ်သည်။ Read More

 

ပုဂံဒေသ မြေယာ ဈေးနှုန်းများ မြင့်တက်

“နိုင်ငံခြားသားတွေ အခု အရမ်းလာကြတော့ လုပ်ငန်းရှင်တွေက ဟိုတယ်တို့ စား သောက် ဆိုင်လုပ်ဖို့ ၀ယ်ကြတယ်၊ တချို့လည်း ရန်ကုန်က ခြံမြေတွေကို ရောင်းပြီးတော့ ဒီမှာလာ ရင်းနှီးမြှုပ်နှံတာမျိုးတွေ ရှိတယ်” Read More

 

မွန် နှစ်ပါတီ ပေါင်းစည်းရေး အခက်အခဲများရှိ

“ပေါင်းမဲ့နေရာမှာ ရွေးကောက်ပွဲဝင်ဖို့အတွက် နှစ်ပါတီပေါင်းပြီးတော့ ကော်မတီဖွဲ့ရမယ်၊ တနယ်ထဲမှာ နှစ်ယောက်ဝင်ပြိုင်လို့ မဖြစ် ဘူးလေ၊ ပေါင်းစည်းရေး တန့်သွားနိုင်တယ်”ဟု နိုင်ငွေသိန်းက ပြောဆိုသည်။ Read More

 

ကမ္ဘာကျော် စာရေးဆရာကြီးရဲ့ အမေ့ခံ အိမ်အိုဟောင်း

ကသာက ဂျော့အိုဝဲလ်ရဲ့ နေအိမ်ဟာ အဓိက သူတို့ သွားချင်တဲ့ နေရာဖြစ်တယ်။ ဧည့်သည် ၁၀၀ ရာခိုင်နှုန်းဟာ ဒီအိမ်ကြီးကို ကြည့်ချင်လို့ ဒီခရီးစဉ်ကို ရွေးတာ ဖြစ်ပါတယ် Read More

 

ထန်းတပင်ရဲ ကျူးလွန်တဲ့ လုယက်မှု (ရုပ်/သံ)

ဆိုင်ကယ် ခိုးယူလာသူလို့ စွပ်စွဲကာ လူငယ် ၃ ဦးကို ထိုးကြိတ် ရိုက်နှက်ပြီး ရွှေဆွဲကြိုး ၂ ကုံး လုယူသွားတဲ့ ထန်းတပင်မြို့နယ် ထိန်နှစ်ပင် ကျေးရွာက လုယက်မှုမှာ ရဲတပ်ဖွဲ့ဝင် ၂ ဦး ပါဝင် ပတ်သက်နေပြီး အဲဒီအမှု ဖြေရှင်းတဲ့ အခါမှာ ခံရတဲ့ မိသားစုဝင်တွေက တရားမျှတမှု မရှိမှာကို စိုးရိမ်နေကြပါတယ်။ ဧရာဝတီက ရုပ� �သံ ရိုက်ကူး တင်ဆက် ထားပါတယ်။ Read More

 

တန်ဖိုးနည်းဖုန်းများ ဆက်သွယ်ရေးက ရောင်းချတော့မည်

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တန်ဖိုးနည်း မိုဗိုင်းလ် ဖုန်းများကို ဧပြီ ၂၄ ရက်မှ စတင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။ Read More

 
 

ဂျင်မီကာတာ နှင့် ဦးသိန်းစိန် တွေ့ဆုံ

အမေရိကန် သမ္မတ ဟောင်း ဂျင်မီကာတာ နှင့် သမ္မတ ဦးသိန်းစိန်တို့ ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံသည်။ တွေ့ဆုံရာတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေး Read More

 
 

ဒေါ်အောင်ဆန်းစုကြည် ဂျပန် သွားမည်

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် လာမည့် သီတင်းပတ်အတွင်း ဂျပန်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ Read More

 
 

ဤသတင်းလွှာမှာ ဧရာဝတီအင်တာနက်စာမျက်နှာက သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်နဲ့ အခြားကဏ္ဍတွေအားလုံး ပါဝင်ပါတယ်။ သိလိုတာ များရှိရင် news@irrawaddy.org ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

 

ဧရာဝတီနေ့စဉ်သတင်းလွှာကို ဆက်မယူလိုတော့ပါက ဤနေရာသို့ နှိပ်ပါ။ သတင်းလွှာယူသူများစာရင်းမှ အလိုအလျောက်ပယ်ဖျက်ပြီး ဖြစ်ပါလိမ့်မယ်။