သစ်ထူးလွင်
သစ်ထူးလွင်
ချဲထီ လောင်းကစားပပျောက်ရေး အဆိုတင်သွင်း
Posted: 04 Apr 2013 02:18 AM PDT
လိုင်စင်ရ သဖွယ်လုပ်ကိုင် နေကြသည့် ချဲထီလောင်းကစားမှုများ ပပျောက်ရေးကို အထူုးစီမံချက်ဖြင့် ဆောင်ရွက်ရန် တိုက်တွန်း ကြောင်း အဆိုအား ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဥပဒေမဲ့ ရိုက်နှက်ခံရသည့် တောင်သူဦးညွန့် ဦး ခြေချုပ်ဖြင့် အဖမ်းခံရ
Posted: 04 Apr 2013 01:58 AM PDT
မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့ သခွတ်မြင့်ကျေးရွာနေ တောင်သူဦးညွှန့်
ဦး၏ အိမ်အတွင်းသို့(၈-၇-၂၀၁၂)နေ့တွင် ဦးဝင်းစိန်(အုပ်ချုပ်ရေးမှူး)နှင့်အပေါင်းပါ(၅၃)ဦး
တို့သည် တုတ် ၊ ဓါး ၊ ခရင်းခွများ ကိုင်ဆောင်ပြီး ၂ထပ်အိမ် အောက်ထပ်ထဲထိ ၀င်ရောက်ရိုက်
နှက်ခဲ့ကြပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဥပဒေမဲ့ ရိုက်နှက်ခံရသည့် တောင်သူဦးညွန့် ဦး ခြေချုပ်ဖြင့် အဖမ်းခံရ
ဥပဒေမဲ့ ရိုက်နှက်ခံရသည့် တောင်သူဦးညွန့် ဦး ခြေချုပ်ဖြင့် အဖမ်းခံရ
ကျောင်းသားသမဂ္ဂခေါင်းဆောင်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် ရုံးထုတ်
Posted: 04 Apr 2013 01:22 AM PDT
ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းဦးကို ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးမှာ ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ ဒီနေ့ ရုံးထုတ်ပါတယ်။----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှ ဦးရဲမင်းဦးကို ဧပြီ၎ရက်နေ့ နံနက် ၁၀နာရီခန့်က ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ် လာသည်ကို တွေ့ရစဉ်။
မတ်လ၂၅ရက်နေ့ ည ၉ နာရီ မိနစ် ၃၀ ခန့်တွင် အမည်မသိသူ နှစ်ဦးက ဗဟန်း မြို့နယ် ဦးသာသနာ့ကျောင်းတိုက်တွင် ရှိနေသည့် ဦးရဲမင်းဦးကို လာရောက် ခေါ်ဆောင်သွားခြင်းကြောင့် ရခိုင်လူငယ်များ အဖွဲ့က မတ်လ ၂၆ ရက်နေ့က ဗဟန်းမြို့နယ် ရဲစခန်းတွင် ၁၃/၂၀၁၃ လူပျောက် အနေဖြင့် အမှုဖွင့်ခဲ့သည်။ ဓါတ်ပုံ - The Voice Weekly
သတ်မှတ်ဦးရေထက် ပိုမိုတင်ဆောင်သဖြင့် ဓါတ်လှေခါးပြုတ်ကျ
Posted: 04 Apr 2013 01:22 AM PDT
နေပြည်တော်၊ ဧပြီ ၎
၃-၄-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံနှင့် ဘဏ်လမ်းထောင့်၊ အမှတ်(၃၃/၄၉)၊ ""ရှိုင်း""ကွန်ဒိုအဆောက် အဦးရှိ ဓါတ်လှေခါး ၃ ခုအနက် အလယ်ပေါက်ဓါတ်လှေကားသည် သတ်မှတ်လူဦးရေ ၁၀ ဦးထက် ၃ ဦး ပိုမိုတင်ဆောင်၍ လူ ၁၃ ဦးဖြင့် (၈)လွှာမှ မြေညီထပ်သို့ဆင်းခဲ့ရာ မြေညီထပ်မရောက်မီ Over Weight ဖြစ်ကာ အရှိန်လွန်ပြီး မြေကြီးအတွင်းသို့ ၁ ပေခန့်ကျွံဝင်သွားခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည် - Myanmar Police Force
ယာဉ်(၂)စီးတိုက်မိ၍ လူ(၂)ဦးသေ၊ (၂)ဦးဒဏ်ရာရ
Posted: 04 Apr 2013 12:56 AM PDT
၃-၄-၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၃၈/၁-၂)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပန်းတင်ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဧပြီလ(၄)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် အတွဲ (၂)၊ အမှတ် (၁၄)
Posted: 04 Apr 2013 12:44 AM PDT
ဧပြီလ(၄)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် အတွဲ (၂)၊ အမှတ် (၁၄)
ဂျာနယ် အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားလည်မည်
Posted: 04 Apr 2013 12:40 AM PDT
ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံကို လာမယ့် ဧပြီ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့ထိ လာရောက်လည်ပတ်မယ်လို့ ဂျပန်အစိုးရက ဧပြီ ၃ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။ ဒီခရီးစဉ်ဟာ ဆယ်စုနှစ်သုံးခုအတွင်း ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဆုံး ဂျပန်ခရီးစဉ်ဖြစ်ပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
အာဖရိက စစ်ရာဇ၀တ်ကျူးလွန်သူများ ဖမ်းမိဖို့ အမေရိကန် ဆုငွေထုတ်
Posted: 03 Apr 2013 09:22 PM PDT
ယူဂန်ဒါနိုင်ငံက သူပုန်ခေါင်းဆောင် ဂျိုးဇက် ကိုနီ (Joseph Kony) နဲ့ နောက်ထပ် စစ်ရာဇဝတ်မှု ကျူးလွန်ထားတယ်လို့ မသင်္ကာသူ အာဖရိကတိုက်သား ၃ ယောက်ကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးသူကို ဒေါ်လာ ၅ သန်း ပေးမယ်လို့ အမေရိကန်က ဆုကြေး ထုတ်ထားပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ယူဂန်ဒါနိုင်ငံက သူပုန်ခေါင်းဆောင် Joseph Kony
အာဂျင်တီးနား မိုးသည်း ရေကြီးလို့ လူ၄၆ယောက် သေဆုံး
Posted: 03 Apr 2013 09:22 PM PDT
အာဂျင်တီးနား နိုင်ငံ ဗျူနိုအေးရီး ပြည်နယ်မှာ မိုးသည်းသည်း ထန်ထန် ရွာလို့ အနည်းဆုံး လူလေးဆယ့် ခြောက်ယောက် သေဆုံး သွားပါတယ်။ သေဆုံး သူတွေဟာ လာပလက်တာ မြို့က လူတွေ အများဆုံး ဖြစ်ပြီး ရေကျသွားတဲ့ အချိန်မှာ လူသေ အလောင်းတွေ ထပ်ပြီး ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရေမြုပ်နေတဲ့ ဗျူနိုအေးရီးမြို့လယ် တနေရာ
ကြင်ယာတော်ရဲ့ အလွဲသုံးစားမှုနဲ့ စပိန်မင်းသမီးကို ရုံးတော်က ဆင့်ခေါ်
Posted: 03 Apr 2013 09:10 PM PDT
စပိန်နိုင်ငံမှာ တော်ဝင် မင်းသမီး ခရစ်စတီးနားရဲ့ ကြင်ယာတော်ဟာ အများပိုင်ငွေ ယူရို သန်းပေါင်းများစွာကို အလွဲသုံးစား လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အခုလကုန်ပိုင်းမှာ တရားရုံးကို လာရောက် ရင်ဆိုင်ဖို့ မင်းသမီးကို ဆင့်ခေါ် ခံထားရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
စပိန် မင်းသမီးနဲ့ ကြင်ယာတော် Inaki Urdangarin
တာဝန်ကျ ရဲတပ်ဖွဲ့ ဝင်တစ်ဦးကို စစ်တပ်က ပါးရိုက်၊ သေနတ်ဒင်ဖြင့်ထု
Posted: 03 Apr 2013 08:49 PM PDT
ပြီးခဲ့တဲ့ မတ်လ(၃၀)ရက်နေ့ က မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့ နယ် ရွာရှည်ကျေးရွာမှာ အ၀င်အထွက် သွားလာနေသော ကားများအား ယာဉ်ကျောများ ပိတ်ဆို့ မှု မရှိစေရန် ကားများအား တားဆီးနေရာချထားပေးနေစဉ် မန္တလေးဘက်မှလာသော ကားတစ်စီးမှ  တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ထွန်းထွန်းမြင့် က တာဝန် ထမ်းဆောင်နေတဲ့ ရဲတပ်သား ရန်နောင်စိုး အား ပါးရိုက်ပြီး ကျန်စစ်သည်များက ကျောပြင်၊ ခါးတို့ ကို သေနတ်ဒင်ဖြင့် ထုခဲ့ကြောင်း သတင်းရှိပါသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဝမ်းတွင်းမြို့ မှာ တာဝန်ကျ ရဲတပ်ဖွဲ့ ဝင်တွေကို စစ်တပ်က ခြိမ်းခြောက်
Posted: 03 Apr 2013 08:28 PM PDT
ပြီးခဲ့တဲ့ မတ်လ(၃၀)ရက်နေ့ က မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့ နယ် ကိုင်းတံတားမှာ အ၀င်အထွက် သွားလာနေသော ကားများအား ပိတ်ဆို့ တားဆီးရေး တာဝန် ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ ဝင်တွေကို နယ်မြေခံ လုံခြုံရေး တာဝန်ကျ စစ်တပ် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ထွန်းထွန်းမြင့် က ညစ်ညမ်းစွာ ဆဲဆို ကြိမ်းမောင်းပြီး ခြိမ်းခြောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မိတ္ထီလာမှာ တာဝန်ကျနေတဲ့ တပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်
ဂူဂယ်မှာ ဥုံဖွလုပ်နိုင်ပြီ
Posted: 03 Apr 2013 07:41 PM PDT
ဂူဂယ်မြန်မာ အင်တာနက် စာမျက်နှာ www.google.com.mm မှာ မြန်မာလို ဖော်ပြချက်၊ မြန်မာစာ သုံးပြီး ရှာဖွေမှုများကို ပြုလုပ်နိုင်အောင် ပြောင်းလဲ လိုက်ပြီ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဂူဂယ်မြန်မာ ၀ပ်ဆိုဒ်ကို Google ကုမ္ပဏီ အမှုဆောင် ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံကို လာရောက် မလည်ပတ်မှီ တရက်အလို ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရှမ်းလက်နက်ကိုင်အဖွဲ့တွေ နဲ့ အစိုးရဆွေးနွေး
Posted: 03 Apr 2013 07:25 PM PDT
ရှမ်းပြည် တပ်မတော် မြောက်ပိုင်းခေါ် ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP/SSA တို့ ဟာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင် ရေး အဖွဲ့ဝင် တခိျု့ နဲ့ လားရှိုးမြို့ မှာ ပြီးခဲ့တဲ့ ရက်က တွေ့ဆုံဆွေးနွေး ကြပါတယ်။ တန့်ယန်းမြို့နယ် နဲ့ လားရှိုးမြို့နယ် အတွင်း အစိုးရတပ် နဲ့ SSPP တို့ ဒီရက်ပိုင်း အတွင်း တိုက်ပွဲ ပြန်ဖြစ်တာနဲ့ ပတ်သက် လို့ ဆွေးနွေး တာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရှမ်းတပ်မတော် SSPP နဲ့ SSA တပ်ဖွဲ့ဝင်များ
ဧပြီလ(၃)ရက်နေ့ ထုတ် shade journal အတွဲ(၇)၊ အမှတ်(၁၇)
Posted: 03 Apr 2013 06:23 PM PDT
ဧပြီလ(၃)ရက်နေ့ ထုတ် shade journal အတွဲ(၇)၊ အမှတ်(၁၇)
ဂျာနယ် အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဧပြီလ(၂)ရက်နေ့ ထုတ် မော်နီတာ သတင်းဂျာနယ် အတွဲ (၂)၊ အမှတ် (၄၉)
Posted: 03 Apr 2013 06:21 PM PDT
ဧပြီလ(၂)ရက်နေ့ ထုတ် မော်နီတာ သတင်းဂျာနယ် အတွဲ (၂)၊ အမှတ် (၄၉)
ဂျာနယ် အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဧပြီလ(၂)ရက်နေ့ ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ (၄)၊ အမှတ် (၂၅)
Posted: 03 Apr 2013 06:19 PM PDT
ဧပြီလ(၂)ရက်နေ့ ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ (၄)၊ အမှတ် (၂၅)
ဂျာနယ် အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မွတ်စလင် ကျောင်းသား ၁၃ဦး မီးလောင်သေဆုံးမှု စတင်စစ်ဆေး
Posted: 03 Apr 2013 05:25 PM PDT
ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ် ၄၈ လမ်းက အစ္စလာမ် စာသင်ကျောင်း ဧပြီ၂ရက် မနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့လို့ ကျောင်းသား ၁၃ ဦးသေဆုံးခဲ့ရ မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ရန်ကုန်တိုင်း အစိုးရက ဖွဲ့စည်းလိုက်ပါတယ်။ အခုအခါ စတင်စစ်ဆေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရေကျော်ဗလီ စာသင်ကျောင်းမီးလောင်
ရန်ကုန်လုံခြုံရေးတင်းကျပ်
Posted: 03 Apr 2013 05:19 PM PDT
ရန်ကုန်မြို့က အစ္စလာမ် ဘာသာရေး ကျောင်းတခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် လုံခြုံရေးကို ဒီကနေ့အထိ ဆက်လက်ပြီး တင်းတင်း ကျပ်ကျပ် ချထားပါတယ်။ မကြာသေးခင်က မြန်မာနိုင်ငံအနှံ့ မြို့အတော်များများမှာ ဘာသာရေး အခြေခံတဲ့ တိုက်ခိုက်မှုတွေ ပျံ့နှံ့လာမှာကို စိုးရိမ်မှုတွေ ရှိနေတဲ့အတွက်လည်း ရန်ကုန်တမြို့လုံးမှာ အရင်ကထက် လုံခြုံရေးတွေ တိုးမြှင့်ချထားတာပါ။ ရန်ကုန်မြို့က နောက်ဆုံးအခြေအနေ တွေကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
ရန်ကုန် ဗိုလ်တထောင်မြို့နယ်ထဲက အစ္စလာမ် ဘာသာဝင် ကလေး ၁၃ ယောက် သေ ဆုံးတဲ့အထိ မီးလောင်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် အာဏာပိုင်တွေက လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် ချထားတာ ဖြစ်ပါတယ်။
ဒီလိုပဲ ပြီးခဲ့တဲ့လထဲမှာ မိတ္ထီလာမြို့က စလိုက်တဲ့ ဘာသာရေး အခြေခံ အကြမ်းဖက် တိုက်ခိုက်မှုတွေ တခြားမြို့တွေကိုပါ ပျံ့နှံ့ခဲ့သလို၊ ရန်ကုန်မှာလည်း ဆူပူမှုတွေ ဖြစ် ပွားအောင် လှုံ့ဆော်မှုတွေ ပေါ်ပေါက်ခဲ့တဲ့အတွက် မြို့အနှံ့ လုံခြုံရေးတွေ သိသိသာသာ တိုးချထားတာ တွေ့ရတဲ့အကြောင်း ရန်ကုန်မြို့က စာရေးဆရာ မောင်သွေးသစ် က ပြောပါတယ်။
"ရန်ကုန် အခြေအနေကတော့ အခင်းဖြစ်ပွားတဲ့ နေရာမှာတော့ လုံခြုံရေးက ကနေ့အထိ ချထားတုန်းပဲ။ သိမ်ဖြူလမ်းကနေပြီး ဟိုဘက် ဗိုလ်မြတ်ထွန်းလမ်း အထိကတော့ လမ်းကို ပိတ်ထားတယ်ပေါ့။ ၄၈ လမ်းရဲ့ လမ်းဦးတိုက် နေရာပေါ့ဗျာ။ လုံခြုံရေးကတော့ သူတို့အပြည့်အ၀ တာဝန်ယူထားတယ်၊ စဖြစ်တဲ့အချိန်ကနေ ကနေ့အထိပေါ့နော်။ အခင်းမဖြစ်ခင် ကာလကတည်းက သူတို့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ကလည်း လုံခြုံရေးတွေကို တိုးမြှင့်ချထားတာကို ကျနော်တို့ မြင်တွေ့နေရတယ်လေ။ ဘာကြောင့်လဲဆိုတော့ ဖြစ်လာတဲ့ ဂယက်နဲ့ နောက် ဆက်တွဲတွေက ရန်ကုန်ကို ကူးစက်မှာ သူတို့ဘက်ကလည်း စိုးရိမ်တာပေါ့။
နောက်တခုက သင်္ကြန်အခါတော် ပွဲကလည်း နီးလာပြီလေ။ နီးလာပြီဆိုတော့ အဲ့ဒါကို ကြိုတင်လက်ဦးမှုရအောင် ဆိုတဲ့အနေနဲ့ လုံခြုံရေးကို၊ သူတို့အင်အားကိုပေါ့ဗျာ ယခင်ချထားတဲ့ အင်အားထက်ကို ၂ ဆလောက် တိုးပြီးတော့ အင်အားကို တိုးချဲ့ထားတာတွေရှိတယ်။ အင်အားတိုးချဲ့တဲ့ နေရာမှာ လှည့်ကင်းလည်းရှိတယ်၊ ရပ်ကင်းလည်းရှိတယ်၊ လျှပ်တပြတ်ကင်းလည်း ရှိတာပေါ့ဗျာ။ အဲ့ဒီတော့ ကင်း ၃ ကင်း နဲ့ သူတို့ လှည့်လည်နေတာတော့ရှိတယ်။ ညဘက်တွေရော၊ မနက်ရော၊ နေ့ခင်းရောပေါ့။ ဆိုတော့ သူတို့ဘက်ကတော့ ကြိုတင်ပြင်ဆင် ကာကွယ်ပြီးတော့ လက်ဦးမှုရအောင် ယူထားတဲ့ သဘောမျိုးတော့ ရှိပါတယ်။"
မန္တလေးတိုင်း မိတ္ထီလာမြို့နဲ့ တခြား မြို့တွေက အကြမ်းဖက်မှုတွေကြောင့် တင်းမာမှုတွေ ကြီးထွားနေချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ရန်ကုန်က ဗလီကျောင်းမှာ မီးလောင်မှု ဖြစ်ခဲ့ တာကြောင့်လည်း သံသယတွေ စိုးရိမ်မှုတွေ ထွက်ပေါ်နေကြတာပါ။ ဒါပေမဲ့လည်း ပြဿနာကို မီးထိုးပေးသလို မဖြစ်ရလေအောင် အစိုးရရော လူထုကပါ ၀ိုင်းဝန်းကြိုးပမ်းကြဖို့ ရန်ကုန်မြို့က ခရစ်ယာန်ဘာသာဝင် တဦးဖြစ်တဲ့ ဦးသိန်းအောင် တို့လို လူတွေက လိုလားနေကြပါတယ်။
"အဲ့ဒီလို ဖြစ်လာတာကတော့ မကောင်းဘူး။ ကောင်းကောင်း ငြိမ်းချမ်းပြီး နိုင်ငံတော် က ကောင်းကောင်းမှန်မှန် နေပြီးတော့မှ ပြည်သူတွေနဲ့ အားလုံး ချစ်ချစ်ခင်ခင်နဲ့နေဖို့ ဘုရားက ကောင်းချီးပေးပါ၊ မစပေးပါ ဆိုပြီးတော့ ဆုတောင်းခြင်း အားဖြင့်ပဲ ကျနော်တို့ ခရစ်ယာန်တွေက မေတ္တာပွားရတာပါခင်ဗျ။"
မကြာသေးခင် သီတင်းပတ်တွေအတွင်း လူပေါင်း ၄၀ ကျော် သေဆုံးပြီး ဘာသာရေး အဆောက်အအုံတွေ အပါအ၀င် အိုးအိမ် အများအပြား မီးလောင်ပျက်စီးမှုတွေ ကြုံခဲ့ရတယ်လို့ တရားဝင် ပြောဆိုထားတဲ့ ဆူပူအကြမ်းဖက်မှုတွေနဲ့ ရန်ကုန် ၄၈ လမ်းထဲက ဗလီကျောင်း မီးလောင်မှုဟာ ဆက်နွယ်မှု မရှိဘူးလို့ အစိုးရ တာဝန်ရှိသူတွေကတော့ ချက်ခြင်းဆိုသလို တုံ့ပြန်ပြောဆိုထားကြတာပါ။
ဒါပေမဲ့လည်း အာဏာပိုင်တွေရဲ့ ပြောဆိုချက်တွေအပေါ် လူထုက ယုံကြည်မှု နည်းပါးလေ့ရှိတဲ့ အစဉ်အလာအရ သံသယတွေကတော့ ရှိနေကြဆဲ ဖြစ်ပါတယ်။
"သူများပြောတာ နားထောင်ရတာကိုး၊ အဲ့ဒီအခါကျတော့ ဟုတ်နိုးနိုး၊ မီးတွေ ပစ်တယ် ဘာညာ၊ ရှို့တယ်ဆိုတာ ဟုတ်နိုးနိုး။ သတင်းက ကြေညာတယ် ဆိုတော့၊ သတင်းကလည်း ထာဝစဉ်က အစိုးရသတင်းကို မယုံတာက များလာပြီဆိုတော့ အခုကတော့ တိတိကျကျ တကယ် အစစ်အမှန် ကြေညာတာ။ ဒါပေသည့် ခုနပြောသလိုပေါ့ လူတွေက ကောလဟလဆိုတော့ နည်းနည်းလေးတော့ ဒွိဟဖြစ်တာပေါ့။ မမြင်ရတဲ့ အခါကျတော့ ဒွိဟဖြစ်တာပေါ့။"
ရန်ကုန်တိုင်း အစိုးရတာဝန်ရှိသူတွေကတော့ ရန်ကုန်မြို့က အစ္စလာမ် ဘာသာရေး
ကျောင်း မီးလောင်မှုဟာ မီးအားမြှင့်စက် အပူလွန်ရာက စတင်ခဲ့တာဖြစ်ပြီး၊ ကလေး
ငယ် ၁၃ ယောက် သေဆုံးရတာဟာလည်း အ၀င်တံခါးပေါက်ကို သော့ခတ်ထားတဲ့ အတွက် အချိန်မီ ထွက်မပြေးနိုင်တာကြောင့်လို့ အစောပိုင်း စုံစမ်းမှုတွေအပေါ် အခြေခံ ပြောဆိုထားတာပါ။ စစ်ဆေးတွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း အစိုးရတာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပြီး နောက်တနေ့မှာပဲ စုံစမ်းစစ်ဆေးရေးကော်မရှင် တရပ်ကိုလည်း ဖွဲ့စည်းလိုက်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။
အဖွဲ့ဝင် ၇ ဦး ပါဝင်တဲ့ ကော်မရှင်ကိုတော့ အများပြည်သူကြား သံသယတွေ ပိုရှင်းစေဖို့ ရည်ရွယ် ဖွဲ့စည်းခဲ့တာလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး ကပြောပါတယ်။
"မနေ့က အဲ့ဒါကတော့ တိုင်းဒေသကြီးအစိုးရက သတင်းစာရှင်းလင်းပွဲ လုပ်သွား တယ်။ နောက် အဲ့ဒါနဲ့ပတ်သက်ပြီး သူတို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဖြေကတော့ ထွက်နေပြီ။ သို့သော် သံသယကင်းအောင်လို့ ဒီအဖွဲ့ဖွဲ့ပြီးတော့ လုပ်နေတာ။ ဒီအဖွဲ့က စစ်ဆေးချက် အစီရင်ခံစာ ထွက်လာရင်တော့ သူတို့မီဒီယာတွေရော ဘာရော အများသိအောင် လုပ်မှာပါ။"
ရန်ကုန်က မီးလောင်မှုနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကြားမှာလည်း စိုးရိမ်မကင်းတဲ့ သဘောထားတွေကို ပြောဆိုခဲ့ကြသလို၊ အဖြစ်မှန် ပေါ်ပေါက်အောင် ဖော်ထုတ်ဖို့ တိုက်တွန်း မှုတွေလည်း ထွက်ပေါ်ခဲ့တာပါ။ မီးလောင်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ အခုနောက်ဆုံး ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်အနေနဲ့ ကတော့ တွေ့ရှိချက်တွေ၊ သုံးသပ်ချက်တွေနဲ့ အကြံပြုချက်တွေကို ၁ လအတွင်း အစီရင်ခံဖို့လည်း တာဝန်ပေးအပ် ထားတာ ဖြစ်ပါတယ်။
ကိုအောင်လွင်ဦး (ဗွီအိုအေ)
ငှက်တုပ်ကွေး ဗိုင်းရပ်စ်သစ် တရုတ်မှာကူးစက်
Posted: 03 Apr 2013 05:16 PM PDT
တရုတ်နိုင်ငံမှာ ငှက်တုပ်ကွေး ရောဂါပိုးသစ် ကူးစက်တာခံရသူ နောက်ထပ် ၄ ယောက်ကို ထပ်မံတွေ့ခဲ့ရတာမို့ အခုဆိုရင် ဒီရောဂါပိုး အကူးစက်ခံရသူ အားလုံးပေါင်း ၇ ဦး ရှိနေပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံ အရှေ့ပိုင်း Jiangsu ပြည်နယ်မှာ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦး  H7N9 အမျိုးစား ငှက်တုပ်ကွေး ရောဂါပိုး ကူးစက်တာ တွေ့ရပြီး၊ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
တောင်ကိုရီးယား လုပ်သားတွေကို မြောက်ကိုရီးယား က ဝင်ခွင့်မပေး တော့
Posted: 03 Apr 2013 05:07 PM PDT
တောင်နဲ့ မြောက် ကိုရီးယား နယ်စပ် က မြောက်ကိုရီးယား နယ်နိမိတ် ဘက်မှာ ကျရောက်နေတဲ့ တောင်နဲ့မြောက် ပူးပေါင်း စက်မှုဇုံ ၀င်းထဲ ကို တောင်ကိုရီးယား အလုပ်သမား တွေ မလာနိုင်အောင် မြောက်ကိုရီးယားက တားမြစ် လိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ကေဆွမ် စက်မှုဇုံ ဝင်ပေါက်
မိုဘိုင်းဖုန်း စင်းမ်ကဒ်ကျပ်၁၅၀၀ နဲ့စရောင်းတော့မယ်
Posted: 03 Apr 2013 05:09 PM PDT
မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းစင်းမ်ကဒ်တခုကို ကျပ်၁၅၀၀နှုန်းနဲ့ ဧပြီလ ၂၄ရက်နေ့ကနေ တပြည်လုံးကို ဖြန့်ချီပေးမှာဖြစ်ပါတယ်။ ပထမအဆင့် အနေနဲ့ CDMA အမျိုးအစား စင်းမ်ကဒ်တွေကို အရင်ဆုံးရောင်းချ ပေးမှာဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
နောက်ဆုံးပေါ် မိုဘိုင်းဖုန်းများ
၉၆၉ အပေါ် ဆရာတော်များ၏သုံးသပ်ချက်
Posted: 03 Apr 2013 04:43 PM PDT
မိတ္ထီလာအပါအဝင် လတ်တလောဖြစ်ပွားနေသော ပဋိပက္ခများမှာ ၉၆၉ နှင့် ပတ်သက်မှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် ဦးဝီရသူ၊ ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ အတွင်းရေးမှူး ဆရာတော် အရှင်ကုသလသာမိ၊ ပဲခူးမြို့ အောင်ဇေယျာ စာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးသာသနသိရီတို့နှင့် တွေ့ဆုံကာ ၉၆၉ ပေါ်ပေါက်လာပုံနှင့် ၉၆၉ အပေါ် ဆရာတော်ကြီးများ၏ အမြင်ကို တွေ့ဆုံမေးမြန်း ထားသည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။
ဆရာတော် ဦးဝီရသူနှင့် တွေ့ဆုံခြင်း
Voice ။ ။ အခုဖြစ်နေတဲ့ ပဋိပက္ခ တွေ မှာ ၉၆၉ နဲ့ ပတ်သက်မှုရှိတယ်လို့ တချို့သော သူတွေက သံသယဖြစ်နေကြတယ်။ အဲဒီအပေါ်မှာ ဆရာတော်အနေနဲ့ ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။
ဆရာတော် ။ ။ ၉၆၉ က ဘုရားဂုဏ်တော် ကိုးပါး၊ ဓမ္မဂုဏ်တော်ခြောက်ပါး၊ သံဃာ ဂုဏ်တော်ကိုးပါး ရတနာသုံးပါးကို ရည်ရွယ် ပြီးတော့ သင်္ကေတေပြုထားတာ။ အဓိကရုဏ်းနဲ့ ဘာမှမဆိုင်ပါဘူး။ မိတ္ထီလာ မြို့ကို ၉၆၉ လှည့်လည်ဟောပြောတဲ့အဖွဲ့ တစ်ဖွဲ့မှ ရောက်မလာဘူး။ ၉၆၉ လည်း တစ်ရွက်မှ မရောက်ဘူး။ ၉၆၉ အဖွဲ့ ရောက်တဲ့ နေရာတိုင်းမှာ ဘာအဓိကရုဏ်းမှ မဖြစ်ဘူး။ မန္တလေးဆိုရင် မောင်တော အဓိကရုဏ်း ကတည်းကိုက သွေးကြွနေတဲ့ သူတွေ၊ နိုင်ငံရေးသမားတွေ ပါတယ်။ ဦးပဉ္စင်းဆီကို လာကြတယ်။ ဒါပေမဲ့ ဦးပဉ္စင်း ထိန်းနိုင်ခဲ့တယ်။ မိတ္ထီလာမှာဖြစ်တယ်၊ မန္တလေးမှာ ဘာမှမဖြစ်ဘူး။ ၉၆၉ ပေါက်ဖွားရာနေရာ မော်လမြိုင်မှာ ဘာမှမဖြစ်ဘူး။ ၉၆၉ ကူးစက်သွားတဲ့ သံတွဲဘာမှမဖြစ်ဘူး။ အခြားမြို့နယ်တွေမှာပါ ဘာမှမဖြစ်ဘူး။ ပဲခူးမှာ ပဋိပက္ခဖြစ်နေတဲ့ နေရာတွေဆိုရင်လည်း ၉၆၉ နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ မရောက်ဘူး။ လုံးဝအချိတ်အဆက် မရှိဘူး။ အဆက်အသွယ် လုံးဝမရှိဘူး။ ၉၆၉ ဥပဒေ ကိုသာ လိုက်နာမယ်ဆိုရင် ဘာအဓိကရုဏ်း မှ မဖြစ်ဘူး။ ဦးပဉ္စင်း ရဲရဲ အာမခံရဲတယ်။
၉၆၉ ကို တရားခံအဖြစ် လုပ်နေတာဟာ လူကို မဖော်ထုတ်နိုင်လို့ အပြစ် မရှိတဲ့သူကို ထုထောင်းပြီး တရားခံပါလို့ အတင်းဝန်ခံ ခိုင်းသလိုမျိုး ဖြစ်နေတယ်။ အခုလည်း မိတ္ထီလာပဋိပက္ခမှာ တကယ်အပြစ်ရှိတဲ့ သူကို မဖော်ထုတ်နိုင်တဲ့အခါ အပြစ်မရှိတဲ့ ၉၆၉ ကို ထုထောင်း ရိုက်နှက်နေတယ်လို့ ခံစားမိပါတယ်။
"၉၆၉ကြောင့် အဓိကရုဏ်း ဖြစ်တယ်လို့ အထောက်အထားပြနိုင်ရင် ဦးပဉ္စင်းတို့ ဒီနေ့ ရပ်တန့်ပေးပါမယ်"
Voice ။ ။ တချို့ကလည်း ၉၆၉ က ၇၈၆ ကို တုံ့ပြန်တဲ့အနေနဲ့ လုပ်တယ်လို့ လည်း သတင်းတွေထွက်နေတယ်။ အဲဒီ အပေါ်မှာရော ဘယ်လိုမြင်ပါလဲဘုရား။
ဆရာတော်။ ။ ၇၈၆ ကို တုပြီးပေါ်လာတဲ့ ဂဏန်းသုံးလုံးပါ။ ကိန်းဂဏန်းအားဖြင့် တော့ ၇၈၆ က သာတယ်။ ဒါပေမဲ့ ဦးပဉ္စင်းတို့ အခုလုပ်နေတဲ့ မူဝါဒတွေ၊ ဟောပြောနေတာ တွေက ဦးပဉ္စင်းတို့မှာ ကိုယ်ပိုင် အိုင်ဒီယာ ဘာမှမရှိဘူး။ မွတ်ဆလင်တွေ လုပ်တဲ့အတိုင်းပဲ လိုက်လုပ်နေရတာ။ ပြောရမယ်ဆိုရင် ခံစစ်နဲ့ လုပ်နေရတာ၊ တိုက်စစ်တစ်ခုမှ လုပ်တာမရှိသေးဘူး။ သူတို့က သူတို့ဆိုင်အချင်းချင်း ဈေးဝယ် ရမယ်လို့ ကန့်သတ်လို့ ဦးပဉ္စင်းတို့ကလည်း ကိုယ့်လူမျိုးဆိုင်ကပဲ ဝယ်ရမယ်လို့ ကန့်သတ်တာ။ သူတို့က ၇၈၆ လုပ်လို့ ဦးပဉ္စင်းတို့က ၉၆၉ လုပ်တာ။ ဒါပေမဲ့ အကုန်လုံး မတုပနိုင်သေးဘူး။ ဥပမာ - မွတ်ဆလင်ကို ညားရင် သူတို့ဘာသာကို ဝင်ရတယ်။ ဦးပဉ္စင်းတို့ကျတော့ အဲဒီလို မကျင့်သုံးရဲဘူး။ အဲဒါကြောင့် ဦးပဉ္စင်းတို့ လုပ်နေတာက ၇၈၆ နည်းဗျူဟာတွေပါ။
Voice ။ ။ ၉၆၉ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ဆက်လုပ်ဖို့ရှိပါသလား။ သို့မဟုတ် ရုပ်သိမ်းဖို့ ရှိပါသလား။
ဆရာတော် ။ ။ ရတနာသုံးပါးရဲ့ သင်္ကေတ ကို ဦးပဉ္စင်းတို့လူမျိုး တည်ရှိနေသရွေ့ သုံးစွဲသွားမှာပါ။ အသက်ထက်ဆုံး ဦးထိပ်ထားပြီးတော့ သုံးစွဲသွားမှာပါ။ ၉၆၉ လှုပ်ရှားမှုကတော့ ဦးပဉ္စင်းတို့က အမြဲတမ်း ဆက်လုပ်နေရမှာပဲ။ ၇၈၆ ကို တိတိကျကျ ထုတ်ပြန်ပြီးတော့ ၇၈၆ က ၂၁ ရာစုမှာ မြန်မာနိုင်ငံကို သိမ်းပိုက်ဖို့လုပ်တာ မဟုတ်ဘူးလို့ တရားဝင် ကြေညာပေးရင် ၉၆၉ လှုပ်ရှားမှုကိုလည်း ရပ်တန့်မယ်။ ၉၆၉ ကြောင့် ဖြစ်တာမဟုတ်ဘဲနဲ့ ၉၆၉ ကို ရုပ်သိမ်းပေးရမယ်ဆိုတာ လုံးဝသဘာဝ မကျဘူး။
Voice ။ ။ ၉၆၉ ကြောင့် ပဋိပက္ခ တစ်စုံတစ်ရာဖြစ်ခဲ့ရင် ဆရာတော်တို့အနေနဲ့ ဘယ်လိုလုပ်ဖို့ရှိပါသလဲ။
ဆရာတော် ။ ။ ၉၆၉ ကြောင့် ဖြစ်တယ် ဆိုရင်တော့ ဦးပဉ္စင်းကိုယ်တိုင် အရေးယူ သွားမယ်။ ၉၆၉ကြောင့် အဓိကရုဏ်း ဖြစ်တယ်လို့ အထောက်အထားပြနိုင်ရင် ဦးပဉ္စင်းတို့ ဒီနေ့ ရပ်တန့်ပေးပါမယ်။ မိတ္ထီလာမှာ အဓိကရုဏ်း စဖြစ်တယ်။ ဒါပေမဲ့ ၉၆၉ တစ်ရွက်မှ မရောက်ဘူး။ ဦးပဉ္စင်းတို့ ဖြန့်ခဲ့တာက Save Our Country, Save Our Future ဒါပဲ ဖြန့်ခဲ့ တယ်။ မိတ္ထီလာမှာ ဖြစ်ခဲ့တာနဲ့ ဘာဆိုင်လဲ။ ၉၆၉ ကို တရားခံလို့ ဖော်ထုတ်နိုင်ရင် ၉၆၉ ကို ဒီနေ့ ရပ်တန့်ပေးပါ့မယ်။
Voice ။ ။ ၉၆၉ ရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လိုမျိုး ပေါ်ပေါက်လာတာလဲဆိုတာ ရှင်းပြပေးပါဘုရား။
ဆရာတော် ။ ။ ၉၆၉ စတင်တီထွင်တဲ့ သူကတော့ နဖလ ဦးကျော်လွင်ပါ။ သာသနာထွန်းကား ပြန့်ပွားရေးမှာ ညွှန်ချုပ်အဆင့်အထိ လုပ်ခဲ့ပါတယ်။ ဘာသာရေး စာရေးဆရာပါ။ ရှေ့နေလည်း ရှေ့နေပါ။ သူဘယ်တုန်းက တီထွင်တယ် ဆိုတာ မသိပေမယ့် သူရေးထားတဲ့ စာအုပ် မှာတော့ စပြီးဖော်ပြတာက ၁၉၉၈ ခုနှစ်ပါ။ အဲဒါကို သဘောကျလို့ ဦးပဉ္စင်း အသုံး ပြုခဲ့တာကတော့ ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃ ခုနှစ်လောက်မှာ ၉၆၉ သင်္ကေတလေးတွေကို ဦးပဉ္စင်းကစပြီး တီထွင်တာ။ အဲဒီတုန်းက စတစ်ကာ ခေတ်မစားသေးတဲ့အတွက် သိပ်ကျယ်ကျယ်ပြန့်ပြန့် မရှိခဲ့ပါဘူး။ အခု စတင်သုံးစွဲတာကတော့ သီတင်းကျွတ် လောက်က ဖြစ်တယ်။ မော်လမြိုင် ဂဏဝါစက သံဃာ့ကွန်ရက်က လိုဂိုနဲ့ စတစ်ကာကို တီထွင်လို့ ကျယ်ပြန့်သွားတာ။ ဒါပေမဲ့ ဦးပဉ္စင်းက တစ်ရွက်မှ မဖြန့်ရသေးဘူး။ ရည်ရွယ်ချက်က ကိုယ့်လူမျိုး ကိုယ့်ဘာသာ အချင်းချင်း စီးပွားရေး၊ လူမှုရေး အားပေးဖို့ပါ။
ကျောင်းထိုင်ဆရာတော် ဦးသာသနသိရီ နှင့် တွေ့ဆုံခြင်း
Voice ။ ။ ၉၆၉ ဆိုတဲ့ ဝေါဟာရတွေ အတော်လေး ခေတ်စားလာတာ တွေ့ရပါတယ်ဘုရား။ ၉၆၉ နဲ့ ပတ်သက်ပြီး အရှင်ဘုရားရဲ့ အမြင်ကို သိပါရစေ။
ဆရာတော် ။ ။ ၉၆၉ ဆိုတာ ခုမှ စသုံးတာတော့ မဟုတ်ဘူး။ နှစ်ဖက်လှ ဦးကျော်လွင် ဆိုတာ ၉၆၉ ကို ဗုဒ္ဓဘာသာရဲ့ သင်္ကေတ အနေနဲ့ သတ်မှတ်ဖို့ ပြောခဲ့ဖူးတယ်။ ဗုဒ္ဓ ဘာသာက ဘုရား၊ တရား၊ သံဃာကို ဦးထိပ် ထားတာကိုး။ ဦးထိပ်ထားတယ် ဆိုတဲ့နေရာ မှာ ဂုဏ်တော်ကို ဦးထိပ်ထားစေချင်လို့ ၉၆၉ လို့ ပြောခဲ့တာ။ ဦးကျော်လွင်က လမ်းညွှန်တဲ့သဘော၊ အကြံပြုတဲ့သဘော အနေနဲ့ပဲ ရေးခဲ့တာ။ ၉၆၉ ဆိုတာကို ခုတုံး လုပ်တာမဟုတ်ဘဲ ဦးထိပ်ရွက်တဲ့သဘော ဆိုရင် လက်ခံပါတယ်။ ခုတုံးလုပ်တယ်၊ အုပ်စုဖွဲ့တဲ့ သဘောဆိုရင် မကောင်းပါဘူး။ အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့ဖို့ပြောခဲ့တာတော့ မဟုတ်ပါဘူး။
Voice ။ ။ တရားတစ်ပုဒ် ဟောတယ် ဆိုတာ ဟောတဲ့ပုဂ္ဂိုလ်အပေါ်မှာ ဘယ်လောက် တာဝန်ကြီးပါသလဲဘုရား။
ဆရာတော် ။ ။ ဦးပဉ္စင်းတို့ဘုရားက တရားတွေဟောခဲ့တယ် ဆိုတာ ကောင်းစေချင်လို့ ကောင်းတာတွေကိုပဲ ဦးတည်ဟောခဲ့တာ။ ကောင်းတာတွေပဲ လမ်းညွှန်ခဲ့တာ။ ကောင်းတာတွေကို ဖော်ထုတ်ပြီး လိုက်နာ ကြမယ်ဆိုရင် နားထောင်တဲ့ပုဂ္ဂိုလ်အတွက် ကျေနပ်စရာတွေဖြစ်စေတယ်။ စိုးရိမ်စရာ ပူပန်စရာတွေ ငြိမ်းစေရမယ်။ အဆင်ပြေမှု တွေနဲ့ ကြုံတွေ့စေရမယ်။ ဘုရားကို စံထား ပြီးတော့ ကောင်းတာတွေပြောမယ်။ ကောင်းတာတွေ ဟောမယ်ဆိုရင် ကောင်းတာပေါ့။ ဟောတဲ့ တရားတစ်ပုဒ်ဟာ နာကြားလိုက်ရလို့ ပီတိ ဖြစ်တယ်၊ စိတ်ကြည်နူးတယ်၊ နှစ်သက်စရာ၊ ကျေနပ်စရာတွေ ဖြစ်သွားတယ်ဆိုရင် ကောင်းတာပေါ့။ တရားဟောတာ ဟုတ် မဟုတ် ဆိုတာကို ဒါနဲ့ပဲ စစ်တမ်းထုတ်ရမယ်။ စကားပြောတာကတော့ ဘယ်လိုပြောပြော ဖြစ်ပေမယ့် တရားဟောတာကတော့ ဘုရားရဲ့နည်းအတိုင်းပဲ ကျင့်ကြံဟောပြ နိုင်ရမယ်။ တရားဆိုတာ စိတ်ကြည်နူး စေရမယ်၊ ကောင်းတဲ့ဘက်ကို လမ်းညွှန် နိုင်ရမယ်။ စိုးရိမ်ပူပန်စရာတွေ ကင်းရမယ်။ ထိတ်လန့်ကြောက်ရွံ့မှုတွေ မဖြစ်ပေါ် စေရဘူး။ ဗုဒ္ဓဝင်ပါဠိတော်မှာလည်း ဘုရားက ဒီအတိုင်းဟောခဲ့ပါတယ်။
အရှင်ကုသလသာမိနှင့် တွေ့ဆုံခြင်း
Voice ။ ။ အခုအချိန်မှာ လူတွေကြားထဲ ၉၆၉ ဘာလဲဘယ်လဲဆိုပြီး သို့လော သို့လော ဖြစ်နေကြတဲ့အတွက် ၉၆၉ အကြောင်း အများနားလည်အောင် မိန့်ပါဘုရား။
ဆရာတော် ။ ။ ၉၆၉ ဆိုတာ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော် ကို ကိုယ်စားပြုပါတယ်။ တခြားဘာသာ တွေမှာ အမှတ်တံဆိပ်တွေရှိသလို ကိုယ့်ဘာသာမှာလည်း ရှိသင့်တယ်ဆိုပြီး လုပ်ကြတာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာတိုင်းဟာ ၉၆၉ ကို တန်ဖိုးထားရမယ်။ ၉၆၉ ဆိုတာ ဂိုဏ်းလည်းမဟုတ်ဘူး။ အဖွဲ့အစည်းလည်း မဟုတ်ဘူး။ ဗုဒ္ဓဘာသာတွေ အားလုံးလည်း နားလည်သင့်တာက ၉၆၉ သည် ဂိုဏ်းဂဏမဟုတ်၊ အဖွဲ့အစည်း မဟုတ်၊ အဲ့ဒီလိုသိထားရမယ်။ တချို့က အဖွဲ့အစည်းတစ်ခုလို့ ထင်နေတယ်။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာအားလုံးသည် ၉၆၉ တွေပဲ ဆိုတဲ့ သဘောလေးကို သိစေချင်တယ်။
Voice ။ ။ ၉၆၉ လှုပ်ရှားမှုရဲ့ အဓိက ရည်ရွယ်ချက်က ဘာဖြစ်မလဲဘုရား။
ဆရာတော် ။ ။ အဓိကရည်ရွယ်ချက် ကတော့ ဗုဒ္ဓဘာသာဝင်တွေဟာ နောက်ပိုင်းမှာ စည်းလုံးမှုအားနည်းလာတယ်။ အဲ့ဒါကြောင့် အချင်းချင်းစည်းလုံးမှုရှိအောင် လူမှုရေး၊ စီးပွားရေးမှာ ကူညီရိုင်းပင်းနိုင်အောင် ၉၆၉ ဆိုတဲ့တံဆိပ်ကို ဆိုင်တိုင်းနေရာတိုင်းမှာ ကပ်ကြဖို့ပြောတာ။ ၉၆၉ ဆိုတာ မြင်လိုက်တာနဲ့ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ် ကို ချက်ချင်းအောက်မေ့ပြီး ကုသိုလ်စိတ် တွေဖြစ်အောင်ပါ။
Voice ။ ။ ၉၆၉ ကို ဘယ် အချိန်မှာ ဘယ်သူတွေကစခဲ့တယ်ဆိုတာ သိလိုပါတယ်။
ဆရာတော် ။ ။ ၉၆၉ ဘယ်အချိန်မှာ ဘယ်သူတွေက စခဲ့တာ အတိအကျပြောဖို့ တော့ ခက်တယ်။ သိသလောက်ဆိုရင်တော့ ၉၆၉ ကို ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်တွေကို ရည်ညွှန်းပြီး ဗုဒ္ဓဘာသာ အမှတ်တံဆိပ် လုပ်သင့်တယ်လို့ ပြောကြတာတွေရှိတယ်။ ကျယ်ကျယ်ပြန့်ပြန့် မဟုတ်ပေမယ့် ၉၆၉ ကို ကားတွေ၊ အိမ်တွေမှာ ရေးကြတာ တွေ့ရတယ်။ ဒီဘက်ခေတ်မှာ အခြေအနေအရ ဗုဒ္ဓဘာသာတွေဟာ ပိုမို စည်းလုံးဖို့ လိုအပ်တယ်လို့ ယူဆပြီး ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေက ၉၆၉ ကို တွင်တွင်ကျယ်ကျယ် ဟောပြောလာကြတယ်။ ဒါကြောင့် ၉၆၉ အမှတ်တံဆိပ်ဟာ လူသိများ လာတယ်လို့ ဆိုရမယ်။
Voice ။ ။ လတ်တလောပဋိပက္ခ တွေမှာ ၉၆၉ အဖွဲ့တွေရဲ့ ပယောဂကြောင့် လို့ ပြည်ပမီဒီယာတွေနဲ့ လူတွေအကြား ပျံ့နှံ့နေတဲ့အပေါ် အရှင်ဘုရား ဘာများ မိန့်ချင်ပါလဲဘုရား။
ဆရာတော် ။ ။ လတ်တလောဖြစ်ပျက် ခဲ့တာတွေမှာ ၉၆၉ ကြောင့်ဖြစ်သယောင် မီဒီယာအသုံးချ ဖန်တီးတာတွေဟာ တကယ်တော့ အဖြစ်အပျက်မှန်သမျှ ၉၆၉ နဲ့ လုံးဝ မဆိုင်ပါဘူး။ ပြည်ပမီဒီယာတွေကို အသုံးချပြီးတော့ အကြမ်းဖက်ပါတယ်ဆိုပြီး မိတ္ထီလာ အဖြစ်အပျက်နဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်တဲ့ အကြမ်းဖက်မှုတွေကို နောက်ခံထား တိုက်ခိုက်နေကြတာပါ။ ၉၆၉ လှုပ်ရှားမှုပေါ်လာတဲ့ အတွက်ကြောင့် တခြားအဖွဲ့အစည်းတွေက သူတို့စီးပွားရေး အဆင်မပြေဘူးဆိုပြီးတော့ ပြောကြတယ်။ အဲ့ဒါကြောင့် ၉၆၉ ဟာ သူတို့ရဲ့ ရန်သူလို့ သတ်မှတ်ကြတယ်။ အဲ့တော့ ၉၆၉ နာမည်ပျက်အောင်၊ လူတွေ အကြည်ညိုမဲ့အောင် ပုံစံအမျိုးမျိုးနဲ့ လုပ်နေကြတာ။
Voice ။ ။ ၉၆၉ အပေါ် သံဃာ့အကြီးအကဲတွေရဲ့ သဘောထားက ဘယ်လိုရှိပါလဲဘုရား။
ဆရာတော် ။ ။ အကြီးအကဲဆရာတော် တွေရဲ့ သဘောထားကို တိုက်ရိုက် မလျှောက်ဖူးတဲ့ အတွက် သေချာမသိပါဘူး။ ဒါပေမဲ့ ပြောရဲပါတယ်။ ဗုဒ္ဓဘာသာဝင် တိုင်းဟာ ဘုရား၊ တရား၊ သံဃာဆိုတဲ့ ရတနာသုံးပါး ဂုဏ်တော်တွေကို ကိုယ်စားပြုတဲ့ ဒီ ၉၆၉ ကိုသေသေချာချာသိရင် မလို လား ကန့်ကွက်တာတွေရှိမှာ မဟုတ်ပါဘူး။
Voice ။ ။ နိဂုံးချုပ်ဘာများ မိန့်ချင် ပါသလဲဘုရား။
ဆရာတော် ။ ။ ၉၆၉ ဟာ လတ်တလော ဖြစ်ပျက်တဲ့ ပဋိပက္ခတွေနဲ့ လုံးဝပတ်သက် ဆက်နွှယ်ခြင်းမရှိဘဲ ၉၆၉ ဟာ အဖွဲ့အစည်း ပုံစံတွေ၊ ဂိုဏ်းဂဏပုံစံတွေ၊ အကြမ်းဖက်မှု ပုံစံတွေဖြစ်နေတာ အားလုံးမှန်သမျှဟာ တစ်ဖက်အဖွဲ့အစည်းက မီဒီယာနဲ့ပေါင်းပြီး လုပ်ကြံတဲ့အတွက်ကြောင့် သာလျှင် ဒီလိုနာမည် ထွက်နေရတာဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။
Written by  Voice Weekly
မြန်မာ လူငယ် နှစ်ဦး ပစ္စတို နှစ်လက်နှင့် အတူ ဘင်္ဂလာဒေခ်ျ့တွင် အဖမ်းခံရ
Posted: 03 Apr 2013 04:41 PM PDT
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားခရိုင် ပန်းဝါ (ရာမူးမြို့) တွင် မြန်မာနိုင်ငံမှ ရခိုင် လူငယ် နှစ်ဦးကို ပစ္စတို (၂) လက်နှင့် အတူ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု ဘင်္ဂလာ အွင်လိုင်း သတင်း များတွင် ဖေါ်ပြသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
လူပျောက်တိုင်ခံထားရသူ ဦးရဲမင်းဦးကို ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ရုံးထုတ်မည်
Posted: 03 Apr 2013 04:40 PM PDT
ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် လူပျောက်အဖြစ် တိုင်ကြားထားသည့် ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှ ဦးရဲမင်းဦးကို ဧပြီလ ၄ ရက်နေ့တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ ပုဒ်မ ၅၀၅ (ခ) ဖြင့် ရုံးထုတ်မည်ဖြစ်ကြောင်း ၄င်း၏အစ်ကိုဖြစ်သူ ဦးခင်မောင်လင်းက The Voice သို့ အတည်ပြုပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ