သစ်ထူးလွင်

သစ်ထူးလွင်


မန်ယူနဲ့မြန်မာတို့ရဲ့ ဘောလုံးကစားပွဲ HIV ဝေဒနာသည်နဲ့ ဘုန်းတော်ကြီးကျောင်းတွေကို လှူမည် (ရုပ်/သံ)

Posted: 27 Apr 2013 03:17 AM PDT

HIV ဝေဒနာရှင်တွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေကို လှူဒါန်းဖို့ အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားဟောင်း ၄ယောက်ပါဝင်တဲ့ ဘောလုံးပြိုင်ပွဲ ကျင်းပဖို့ရှိတဲ့အကြောင်း ဧပြီ ၂၆ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ပြောဆိုခဲ့ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


မဟာမြိုင်ရပ်ကွက် လမ်းကြားတစ်ခုမှာ လည်ပင်းပြတ်လုဒဏ်ရာနဲ့ လူသေအလောင်း တစ်လောင်းတွေ့ရှိ

Posted: 27 Apr 2013 03:05 AM PDT

မန္တလေးမြို့၊ ဧပြီ (၂၇)

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက်ရှိ ကိုးဖူးရှင်ဘုရားနှင့် ဗန်းမော်တိုက်အတွင်းရှိ လမ်းကြားပေါ်မှာ ဦးခေါင်းပိုင်း လည်ပင်းပြတ်လုနီးပါး ဒဏ်ရာဖြင့် လူသေလောင်းတစ်လောင်းကို ဧပြီ (၂၇)ရက်၊ မနက်(၇)နာရီခန့်မှာ ဆွမ်းခံကြွလာတဲ့ ကိုရင်လေးများက စတင်တွေ့ရှိခဲ့ကြပါတယ်။

သေဆုံးသူမှာ မဟာမြိုင်(၁)ရပ်ကွက် အပိုင်း-၅(က)မှာ နေထိုင်သူ ကိုဝင်းသိန်း(ဘ)ဦးနီ အသက်(၃၈)နှစ် ဖြစ်ကြောင်း သိရှိရပါတယ်။

 လက်ရှိ ဖိနပ်ချုပ် အလုပ်သမားတစ်ဦးဖြစ်ပြီး အရက်အလွန်အကျွံသောက်ခဲ့ဖူးသူ ဖြစ်ကြောင်း နှင့် အရက်ဖြတ်ထားသည်မှာ (၄)နှစ်ခန့်ရှိပြီဖြစ်ကြောင်း ယခုသေဆုံးချိန်အထိ အသောက်အစားကင်းကာ ဘာသာရေးကို ဦးစားပေးလုပ်ကိုင်နေပြီး မည်သူနှင့်မျှ ရန်ငြိုးရန်စ မရှိကြောင်း သိရပါတယ်။

အခင်းဖြစ်ပွားရာနေရာသို့ အမှတ်(၉)ရဲစခန်းမှ လာရောက် စစ်ဆေးပြီး သေမှုသေခင်း အမှတ်စဉ် ၈/၂၀၁၃ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိပြီး သေဆုံးရခြင်း အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ပါတယ်။

မဟာမြိုင် နာရေးကူညီမှုအသင်းက သေဆုံးသူကိုဝင်းသိန်း အလောင်းကို မန္တလေးပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

Credit to:အောင်ကျော်မိုး


ပြည်မြို့၌ အမျိုးသမီးတစ်ဦး အသတ်ခံရမှုဖြစ်ပွား

Posted: 27 Apr 2013 02:56 AM PDT

ပြည်မြို့ ဆံတော် ရပ်ကွက် လမ်းမတော် လမ်း မီးရထား တိုက်ခန်း အခန်း(၂)ရှိ နာရီနှင့် တူရိယာ ပစ္စည်း အရောင်း ဆိုင်တွင် ဧပြီ ၂၁ ရက် ညပိုင်းက အမျိုး သမီး တစ်ဦး အသတ် ခံရ မှုဖြစ် ပွားခဲ့
သည်။

ဖြစ်စဉ်မှာ ပြည် တက္ကသိုလ်မှ ကျောင်းသား တစ်ဦး ဖြစ်သူ အောင်ပိုင်ဖြိုး ၁၉ နှစ်(ဘ) ဦးခင်မောင်လတ်သည် နေအိမ်သို့ ဝင်ရောက်စဉ် ရေချိုးခန်း အတွင်း၌ ၎င်း၏မိခင် ဒေါ်နီနီအောင် ၅၇ နှစ်(ဘ)ဦးသန်းစိန်မှာ သေဆုံး နေကြောင်း တွေ့ရှိရ၍ ပြည်မြို့ အမှတ်(၂) ရဲစခန်းသို့ အကြောင်းကြား သဖြင့် စခန်းမှူး ဒုတိယ ရဲအုပ် ဝင်းခိုင်နှင့် အဖွဲ့က အသိ သက်သေ များနှင့် အတူ သွားရောက် စစ်ဆေးရာ ဒေါ်နီနီအောင်မှာ ယာဘက်ပါး ဖူးရောင် ဒဏ်ရာ၊ ဝဲဘက် မျက်စိ သွေးထွက် ဒဏ်ရာများဖြင့် သေဆုံးလျက် ရှိကြောင်း စစ်ဆေး တွေ့ရှိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်မြို့ အမှတ်(၂) ရဲစခန်းမှ (ပ)၂၉၁/၂ဝ၁၃၊ပုဒ်မ-၃ဝ၂ အရ အမှုဖွင့် ထားပြီး ပြစ်မှုကျူး လွန်သူအား ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီ


နိုင်ငံတကာအကူအညီများ တောင်းပေးမည်ဟု တောင်သူများအား ဒေါ်အောင်ဆန်းစုကြည်ကတိပြု

Posted: 27 Apr 2013 02:53 AM PDT

ဒေါ်အောင်ဆန်းစုကြည်က အတိုးနည်းသည့် နှစ်ရှည်ချေးငွေများနှင့် လယ်ယာသုံးစက်ကိရိယာများအတွက် အကူအညီတောင်းပေးမည်ဟု လယ်သမားများအား ကတိပေးထားကြောင်း မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းမှ သတင်းရရှိသည်။

လယ်သမားများက အကြွေးပြဿနာဖြေရှင်းပြီး စိုက်ပျိုးစရိတ်ရရှိရန် ရိတ်သိမ်းခြွေလှေ့စက်ကဲ့သို့ လယ်ယာသုံး စက်ကိရိယာများကို
နိုင်ငံတကာမှ အကူအညီများရအောင်တောင်းပေးမည်ဟု ဧပြီ ၂၄ က ၎င်းနေအိမ်၌ လယ်သမားများနှင့် တွေ့ဆုံပွဲတွင် ပြောကြားထားကြောင်း
မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း အထွေထွေအတွင်းရေးမှူး ဦးသိန်းအောင်က ပြောကြားသည်။

"လယ်မြေသိမ်းမှုတွေကတော့ သူတိုက်ရိုက်မကူညီနိုင်ဘူး။ ကူညီနိုင်သူတွေကို တစ်ဆင့်ပြောပေးမယ်လို့ပြောတယ်"ဟု ဦးသိန်းအောင်က ဆိုသည်။

အဆိုပါတွေ့ဆုံပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ လယ်သမားကိုယ်စားလှယ်ပေါင်း ၂၀ ဦး တက်ရောက်သည်။

အဆိုပါဆွေးနွေးပွဲတွင် လယ်သမားအများစု တင်ပြသည်မှာ အကြွေးကိစ္စ အဓိကဖြစ်ပြီး လယ်မြေသိမ်းမှုများလည်း ပါဝင်သည်။

လယ်သမားများ တောင်းဆိုမှုမှာ နိုင်ငံတော်အစိုးရမှ စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ရမည့် အချိန်ပိုမိုတိုးမြှင့်ရေး၊ ပဲနှမ်းစိုက်ပျိုးသည့် ယာမြေများကိုလည်း စိုက်ပျိုးစရိတ် ချေးငွေကို ယခုထက်ပိုမိုးတိုးမြှင့်ပေးရေး၊ ဥယျာဉ်ခြံစိုက်ပျိုးသူများကိုလည်း ချေးငွေပေးနိုင်ရေး လယ်သမားများက တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

7Day News Journal


ဘင်္ဂါလီလူဦးရေ စစစ်သောနေ့ ရုန်းရင်းဆန်ခတ်ဖြစ်

Posted: 27 Apr 2013 02:46 AM PDT

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူဦးရေ စာရင်းကို ယနေ့စတင် စစ်ဆေးရာ တွင်ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ် ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

စစ်တွေမြို့ အင်ဗာလာရပ် ကွက်၊ ဘောဂဒီရွာ၊ သက္ကယ်ပြင် ဒုက္ခသည်စခန်း၊ ဘုမေရွာ၊ ဘောဒူဗစခန်းများကို နိုင်ငံတော်စီမံချက်ဖြင့် လူဦးရေစစ်ဆေးခဲ့ရာ
ပထမဆုံးနေ့တွင်ပင် ရန်ရှာမှုများ ကြုံတွေ့ခဲ့ရပြီး တာဝန်ရှိသူအချို့ ဒဏ်ရာရရှိခဲ့သည်။

"ရိုဟင်ဂျာလို့ ကြွေးကြော်ပြီး ရန်ရှာတဲ့အပြုအမူတွေ လုပ်တယ်။ အဆိုးဆုံးက သက္ကယ်ပြင်ရွာပဲ၊ ခဲတွေနဲ့ပေါက်တယ်။ ခြေထောက်နဲ့ ၀ိုင်းကန်ကြတယ်။
တာဝန်ရှိသူတွေကို" ဟု လူဦးရေကောက်ခံခြင်းလုပ်ငန်းပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဝင် ဦးသန်းထွန်းကပြောသည်။

အဆိုပါ ဖြစ်စဉ်များတွင် အမှတ် ၃၇၃ အမြောက်တပ်မှ တပ်ကြပ်မင်းအောင်၊ လက်ထောက် လ၀ကမှူး ဦးစိုင်းမြတ်သူနှင့် ပြန်ကြားရေး
တာဝန်ခံဦးထွန်းလှအောင်တို့ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သက္ကယ်ပြင်စခန်းတွင် တာဝန်ရှိသူများအား ရန်ပြုသည့် လူအင်အားများပြားလာမှုကြောင့် လုံခြုံရေးတပ်ဖွဲ့များက ခြောက်လှန့်ပစ်ခတ်ခဲ့ရကြောင်း သိရသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြန် ကြားရေး တာဝန်ခံဦးဝင်းမြိုင်က "ဖြစ်စဉ်က အတည်ပြုနိုင်တယ်။ လူအုပ်စုက တော်တော်များတော့ ခြောက်လှန့်ပစ်ပြီး လူစုခွဲတယ် ကြားပါတယ်။ သတင်းအတိအကျတော့ မတက်သေးပါဘူး" ဟု ပြောသည်။

"ကျွန်တော်တို့ကို ဘင်္ဂါလီလို့ သတ်မှတ်ပြီးလာအတင်းစစ်တာကို လက်မခံဘူး။ လာစစ်တဲ့အချိန်မှာအခု ကလေးတွေ တစ်သောင်း
လောက် ဆန္ဒပြကြတာ"ဟု ဘောဒူဗဒုက္ခသည်စခန်းမှ ဒုက္ခသည်တစ်ဦးက ပြောသည်။

ယမန်နှစ် နိုဝင်ဘာလကလည်း ပေါက်တောမြို့နယ်တွင် ဘင်္ဂါလီလူဦးရေ စာရင်းစစ်ဆေးခဲ့သော်လည်း ရိုဟင်ဂျာဟု သတ်မှတ်မှ အစစ်ခံနိုင်မည်ဆိုသဖြင့် ခေတ္တ ရပ်နားခဲ့ရသည်။

စစ်တွေမြို့တွင် ဘင်္ဂါလီလူဦးရေစစ်ဆေးခြင်းကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ လ၀က၊ နစက၊ ရခိုင်နှင့် ဘင်္ဂါလီကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့ခွဲ ၁၈ ခုဖြင့် ဆောင်ရွက်ရန် စီစဉ်ထားခြင်းဖြစ်သည်။

အဆိုပါ ကိစ္စအား ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးသို့ ဆက်သွယ်မေးမြန်းရာ အရေးကြီး အစည်းအဝေးပြုလုပ်နေ၍ ဖြေကြားနိုင်ခြင်း မရှိသေးဟု
တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။

"လူဦးရေကောက်ခံခြင်း လုပ်ငန်းနှင့် စပ်လျဉ်း၍"အခြေအနေကို ကြည့်ပြီး ဆက်ကောက်သွားမှာပါ မလုပ်လို့မှ မဖြစ်တာ။ ၂၀၁၄ သန်း ခေါင်စာရင်းကလည်းရှိသေးတယ်"ဟု ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ဘင်္ဂါလီ ဒုက္ခသည်များသည် အမျိုးသမီးနှင့် ကလေးများကို ရှေ့တန်းတင် ကန့်ကွက်ဆနပြခဲ့ ကြောင်းလူဦးရေစာရင်းစစ်ဆေးခြင်းကို အတင်းအကျပ်ပြုလုပ်ခဲ့
ခြင်းမဟုတ်ဘဲ ကြိုတင်ကောက်၍ စနစ်တကျဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကန့်ကွက်ဆနပြမှုများသည် တတိယအကြိမ်ပဋိပက္ခကို ဖြစ်ပွားနိုင်စေကြောင်း

ယနေ့ညနေတွင် ရခိုင်ပြည်နယ်အစိုးရရုံး၌ ပြုလုပ်သောဆွဲတင်စစ်လုပ်ငန်းဆွေးနွေးခြင်း အစည်းအဝေးတင်ပြချက်များ အရသိရှိသည်။

ထို့အပြင် ဘောဒူဗဒုက္ခသည်စခန်းတွင် လုံခြုံရေးတပ်ဖွဲ့များပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း
ပြည်နယ်အစိုးရအဖွဲ့က မှန်ကန်ခြင်း မရှိကြောင်း ငြင်းဆိုလိုက်သည်။

ယခုအခါ ဘင်္ဂါလီလူဦးရေစစ်ဆေးခြင်းကိုခေတ္တရပ်နားထားကြောင်းသတင်းရရှိသည်။

7Day News Journal


ဆိုင်ကယ်ဖယ်ခိုင်းသည့် ယာဉ်ထိန်းရဲကို လူနှစ်ဦးရိုက်နှက်

Posted: 27 Apr 2013 02:40 AM PDT

ဒေါပုံမြို့နယ် သင်္ဘောကျင်းမီးပွိုင့် အနီး ဆိုင်ကယ်မှောက်၍ လမ်းပိတ်နေသည်ကို လမ်း ဘေးသို့ဖယ်ရှားခိုင်းသည့် ရဲအရာရှိအား ဧပြီလ ၂၅ ရက်နေ့ ညနေ ၆ နာရီခန့်က ဆိုင်ကယ်မောင်းသူနှစ်ဦးက သံတုတ်ဖြင့် ဝိုင်းရိုက်နှက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အရက်သောက်ထားပြီး လိုင်စင်မဲ့ ဆိုင်ကယ်ကို စီးနင်းလာသူနှစ်ဦး အရှိန် မထိန်းနိုင်ဘဲ လဲကျခဲ့ကာ လမ်းပိတ်နေ၍ တာဝန်ကျယာဉ်ထိန်းရဲ အရာရှိက လမ်းဘေးသို့ ရွှေ့ပေးရန် ပြောဆိုခြင်းကို ၄င်းတို့ နှစ်ဦးကဆဲဆို၍ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း၊ နောက်ပိုင်းတွင် ၄င်းလူနှစ်ဦးက ဆိုင်ကယ်မပါဘဲ ပြန်ရောက်ရှိလာပြီး ရဲအရာရှိကို ဆဲဆိုကာ သံတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း ဒေါပုံမြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

"ငါနဲ့ကိုင်တုတ်ပြီး လိုက်ရိုက်နေတာ။ လူအများကြားမှာ ယူနီဖောင်းနဲ့ ထွက်ပြေးရတာတော့ မသင့်တော်ဘူး ပေါ့ဗျာ" ဟု ရိုက်နှက်ခံရသူ ယာဉ်ထိန်းရဲအရာရှိ ရဲအုပ်ဦးဇော်ဝင်းက ဆိုသည်။
ဆိုင်ကယ်နောက်မှ လိုက်ပါလာသူ ဒေါပုံမြို့နယ်တွင် နေထိုင်သည့် ဦးရဲထိုက်က
ယူလာသော သံတုတ်ဖြင့် ရဲအုပ်ဦးဇော်ဝင်း ၏ ညာဘက်ပခုံးနှင့် ရင်ဘတ်ကို ရိုက်နှက် ခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာသူ ဦးဇော်နိုင် က လက်သီးဖြင့်ထိုးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန် ထားသည်။

ရဲအရာရှိသည် လိုင်စင်မဲ့ ဆိုင်ကယ် ကို ဖမ်းဆီးခြင်းမဟုတ်ဘဲ ဖယ်ခိုင်းခြင်းသာ ဖြစ်ပြီး မောင်းသူနှစ်ဦးမှာလည်း မူးနေသောကြောင့် ရမ်းကားခဲ့ခြင်းသာဖြစ်ကြောင်း၊ ယာဉ်ထိန်းရဲ အရာရှိမှာ လိုက်ရိုက်ခံရသဖြင့် ထွက်ပြေးစဉ် ချော်လဲခဲ့ပြီး ပြန်လည်တုံ့ပြန် ခြင်းမရှိကြောင်း မျက်မြင်တွေ့ရှိသူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောကြား သည်။

ရန်ကုန်မြို့ ကားလမ်းမများပေါ်တွင် လိုင်စင်မဲ့ ဆိုင်ကယ်စီးနင်းသည့် သူများထဲမှ လူငယ်အများစုသည် ဆိုင်ကယ် စီးနင်းခွင့် ပြုထားခြင်းမရှိသော နယ်မြေတွင် စီးနင်းရုံ သာမက အခြားအပြစ်များ ထပ်မံကျုးလွန်ရန် ဝန်မလေးဘဲ ယာဉ်မောင်းသူများကို ရန်စမှုများပင် ရှိကြောင်း အငှားယာဉ်မောင်း ဦးပေါက်က ပြောကြားသည်။

အဆိုပါ ယာဉ်ထိန်းရဲကို ရိုက်နှက်မှု နှင့်ပတ်သက်၍ ရိုက်နှက်သူ နှစ်ဦးကို (ပ) ၁၄၇/၁၃၊ ပုဒ်မ-၃၃၂၊ ၂၇၉ ၊ ၂၉၄၊ ၅၀၆၊ ၁၁၄ တို့ဖြင့် စစ်ဆေးလျက်ရှိကြောင်း အဆိုပါ မြို့နယ်ရဲတပ်ဖွဲ့စခန်း ထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly


မြန်မာပို့ကုန်တွေကို အမေရိကန်က အခွန်ကင်းလွတ်ခွင့် ပြုတော့မည်

Posted: 27 Apr 2013 02:36 AM PDT

မြန်မာနိုင်ငံအနေနဲ့ ဒီနှစ်မကုန်ခင် အမေရိကန်နိုင်ငံကို ကုန်ပစ္စည်းတွေ အခွန်လွတ်တင်သွင်းခွင့် ရရှိနိုင်ကြောင်း အမေရိကန်ကုန်သွယ်မှုဌာန အကြီးအကဲ Demetrios Marantis က မနေ့က ပြောဆိုလိုက်ပါတယ်။

Mr. Marantis က ဖွံ့ဖြိုးမှုနည်းပါးတဲ့ နိုင်ငံတွေအတွက် အထူးခံစားခွင့်ပြုထားတဲ့ GSP အစီအစဉ်အရ မြန်မာနိုင်ငံက စိုက်ပျိုးရေးထွက်ကုန်၊ လက်မှုကုန်ပစ္စည်းနဲ့ အထည်အလိပ် ကုန်ပစ္စည်းတွေအပါအ၀င် ကုန်ပစ္စည်း အမြောက်အများအနေနဲ့ အမေရိကန်ဈေးကွက်ကို အကောက်ခွန်မဲ့ တင်သွင်းခွင့်ရမှာ ဖြစ်တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံအပေါ် GSP အစီအစဉ်ခံစားခွင့်ကို အလုပ်သမားအခွင့်အရေးဆိုင်ရာ အရေးယူမှုအဖြစ် အမေရိကန်ပြည်ထောင်စုက ၁၉၈၉ မှာ ရုပ်သိမ်းခဲ့ပါတယ်။ အခုလိုအခွန်ကင်းလွတ်ခွင့် ပြုခြင်းအတွက် နှစ်နိုင်ငံလုံးအတွက် ကြီးမားတဲ့အကျိုးကျေးဇူးတွေကို ခံစားနိုင်မှာဖြစ်တယ်လို့ အမေရိကန် ကုန်သွယ်ရေး အကြီးအကဲက ပြောဆိုပါတယ်။ ဒါ့အပြင် ဒီကိစ္စအတွက် အမေရိကန်နဲ့ မြန်မာအရာရှိတွေ ဒီအပတ်အတွင်းက နောက်ဆုံးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သူကပြောပါတယ်။

အင်္ဂါနေ့က ဝါရှင်တန်ကို လာရောက်ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း ဒီလို GSP အဆင့်ပေးခြင်းအားဖြင့် များစွာအကျိုးရှိမှာဖြစ်ကြောင်း RFA ကို အခုလို ပြောကြားခဲ့ပါတယ်။

"GSP ဟာ ကျနော်တို့နိုင်ငံမှာ စီးပွားရေးတွေ ပိတ်ဆို့ထားတဲ့အတွက် ကျနော်တို့နိုင်ငံက ပစ္စည်းတွေကိုပို့မယ်ဆိုရင် အခွန် ၂၃% ဆောင်ရပါတယ်၊ ဥပမာဆိုရင် ငွေ ၁ ရာဖိုးပို့ရင် ၂၃ ကျပ်ဖိုး အခွန်ဆောင်ရတာပေါ့၊ GSP မဆိုတဲ့နိုင်ငံတွေ ဥပမာအားဖြင့် ဘင်္ဂလားဒေ့ရှ်တို့ဆိုရင် ၁ဝဝ ဖိုးပို့ရင် အခွန်မဆောင်ရတဲ့အတွက် ၁ဝဝ အပြည့်ရတာပေါ့၊ အဲဒီမှကတည်းက ကျနော်တို့ပြည်သူတွေက ၂၃ ကျပ်ရှုံးနေတာပေါ့နော်၊ ဒါတွေကို အခုဖြုတ်ပေးလိုက်တယ်ဆိုတော့ ပြည်သူတွေအပြည့်အဝ တိုက်ရိုက်ခံစားရမှာပေါ့"

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ဥက္ကဌနဲ့ စက်မူကုန်သည်များအသင်း ဒုတိယဥက္ကဌ ဦးမြင့်စိုးကလည်း အမေရိကန်ပြည်ထောင်စုက အခုလို GSP အဆင့် မြန်မာနိုင်ငံကို ပြန်လည်သတ်မှတ် ပေးလိုက်တဲ့အတွက် မြန်မာအထည်ချုပ်လုပ်ငန်းကို အကြီးအကျယ် တိုးတက်စေမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံတို့ကို အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ရေးအထုးခံစားခွင့်နိုင်ငံ GSP အဆင့်ပေးနိုင်ရန် အမေရိကန်ပြည်ထောင်စုက စဉ်းစားသုံးသပ်နေကြောင်း ပြီးခဲ့တဲ့အပတ်မှာ သတင်းထွက်ခဲ့ပြီးနောက် အခုလို ကုန်သွယ်မှုအကြီးအကဲက ပြောဆိုလိုက်တာဖြစ်ပါတယ်။

အမေရိကန်ကုန်သွယ်မှုဌာနဟာ အစိုးရအဖွဲ့မှာ ဝန်ကြီးဌာနတစ်ခုနည်းတူ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

RFA Burmese


ရခိုင်ပြည်က စစ်တပ်သိမ်းထားတဲ့ လယ်ယာမြေအမှုတွေကို ထပ်မံစစ်ဆေး

Posted: 26 Apr 2013 05:24 PM PDT

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းတာဝန်ပေးအပ်ထားတဲ့ "လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်" ရဲ့ ရခိုင်ပြည်နယ်အဖွဲ့ခွဲဟာ ရခိုင်ပြည်နယ် မြို့နယ်တချို့က လယ်ယာမြေ သိမ်းဆည်းမှုတွေကို ဒီနေ့ဧပြီလ ၂၆ ရက်နေ့မှာ တတိယအကြိမ်မြောက် စစ်ဆေးမှုတွေ စတင်နေပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ပဲခူးတိုင်းအတွင်း အကြမ်းဖက်မှုကိစ္စ ဖမ်းဆီးရုံးတင်

Posted: 26 Apr 2013 05:10 PM PDT

ပဲခူတိုင်း မိုးညိုမြို့နယ်တရားရုံးက ဗလီနဲ့ အိမ်ဖျက်သူတွေလို့ ယူဆရတဲ့ ၅ ဦးကို ပုဒ်မ ၄ ခုနဲ့ တရားစွဲဆိုထားတယ်လို့ မိုးညိုမြို့ခံတဦးက ပြောပါတယ်။ ရာနဲ့ချီတဲ့ လူအုပ်ကြီးက ၀ိုင်းဖျက်ကြတာဖြစ်ပေမယ့် မြို့ပေါ်က ၁ ဦးနဲ့ ရွာက လူငယ် ၄ ဦးကို ပုဒ်မ ၁၄၅၊ ၂၉၅၊ ၄၅၂၊ ၄၂၇ စတဲ့ ပုဒ်မ ၄ ခုနဲ့ ဖမ်းဆီးတရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီ လူ့အဖွဲ့အစည်းညီလာခံ တက်မည်

Posted: 26 Apr 2013 05:04 PM PDT

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ဂိုလီးယားနိုင်ငံမှာ ကျင်းပမယ့် "ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံ" ကို တက်ရောက်ဖို့ မနက်ဖြန် ဧပြီလ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံက ထွက်ခွာမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အတည်ပြု ပြောကြားလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




လွှတ်တော်ကိုယ်စားလှယ် သုံးဦးကို နိုင်ငံသား ဟုတ်၊ မဟုတ်စစ်ဆေး

Posted: 26 Apr 2013 04:59 PM PDT

ရခိုင်ပြည်နယ် ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင် အပါအဝင် လွှတ်တော် ကိုယ်စားလှယ် သုံးဦးကို နိုင်ငံသား ဟုတ်၊ မဟုတ် စစ်ဆေးလျက်ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဝင်ပြိုင်နိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်မည်

Posted: 26 Apr 2013 04:57 PM PDT

၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံတော် သမ္မတအဖြစ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်နိုင် စေရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။ အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့ United Nation Plaza တွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် အမေရိကရောက် မြန်မာများ တွေ့ဆုံစဉ် ပြောကြား သွားခြင်း ဖြစ်ကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဧပြီလ ၂၆ ရက်နေ့ ထုတ် Focus Online ဂျာနယ် အမှတ် ၃၈

Posted: 26 Apr 2013 04:54 PM PDT

ဧပြီလ ၂၆ ရက်နေ့ ထုတ် Focus Online ဂျာနယ် အမှတ် ၃၈

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဧပြီလ ၂၆ရက်နေ့ ထုတ် HR ဂျာနယ် အမှတ် ၁၉၀

Posted: 26 Apr 2013 04:52 PM PDT

ဧပြီလ ၂၆ရက်နေ့ ထုတ် HR ဂျာနယ် အမှတ် ၁၉၀

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ