သစ်ထူးလွင်

သစ်ထူးလွင်


အင်ဒိုနီးရှားမှာ အားပြင်းငလျင်လှုပ်ခတ်

Posted: 06 Apr 2013 07:42 AM PDT

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းမှာ ပြင်းအားကြီးငလျင် လှုပ်ခတ်ခဲ့ပေမဲ့ ခုထက်ထိတော့ ဆူနာမီ သတိပေးချက်ထုတ်ပြန်မှုနဲ့ အပျက်အစီး အသေအပျောက် သတင်းပို့ချက်တွေ မရသေးဘူးလို့သိရပါတယ်။ အင်ဒိုနီးရှား Papua ခရိုင်မှာ စနေနေ့မနက် အစောကြီး ၄ နာရီ ၄၂ မိနစ်က ၇.၂ ပြင်းအားရှိတဲ့ငလျင် လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပြည်ပရောက် မြန်မာဆေးပညာရှင်တွေ ပြန်လာပြီးကူညီဖို့ ဒေါ်စုတိုက်တွန်း(ရုပ်/သံ)

Posted: 06 Apr 2013 07:35 AM PDT

မြန်မာ ပြည်သူတွေ အဆင့်မီ ကျန်းမာရေး စောင့်ရှောက်မှု ရှိဖို့ ပြည်ပရောက် မြန်မာဆေးပညာ သမားတွေ အမိနိုင်ငံ ပြန်လာပြီး ကူညီကြဖို့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၆ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ





ဗုံးခွဲ တိုက်ခိုက်မည့် သတင်းကြောင့် အာဏာပိုင်များက ဘူးသီးတောင်တွင် လုံခြုံရေး သတိပေး

Posted: 06 Apr 2013 07:24 AM PDT

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ဗုံးခွဲ တိုက်ခိုက်မည်ဆိုသော သတင်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး အာဏာပိုင်များမှလည်း ပြည်သူများကို သတိနှင့် နေထိုင်ကြရန် ပြောကြားထားသည်ဟု သတင်း ရရှိသည်။ အစိုးရ တာဝန်ရှိသူများက ပြည်သူများအား သတိပေးထားသဖြင့် ဗုံးခွဲ တိုက်ခိုက်မည့် သတင်းမှာ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အစ္စလာမ်မစ် Long March တွင် ပူးပေါင်းပါဝင်ရန် ကြိုးပမ်းသည့် ရိုဟင်ဂျာ ၁၈၀ ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းဆီးခံရ

Posted: 06 Apr 2013 07:17 AM PDT

ဒက္ကားမြို့တော်သို့ ချီတက်ကြမည့် ဘင်္ဂလာဒေခ်ျ့မှ အစ္စလာမ်မစ် ဘာသာရေး အဖွဲ့တစ်ခု ဖြစ်သော Hefazate Islam Bangladesh (HIB) အဖွဲ့၏  Long March အစီအစဉ်တွင် ပူးပေါင်းပါဝင်ရန် ကြိုးပမ်းသည့် ရိုဟင်ဂျာ ၁၈၀ ကို ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့က ကော့စ်ဘဇားခရိုင်တွင် ဖမ်းဆီးလိုက်သည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Long March တွင် ပါဝင်သူများ။

မန္တလေးမြို့ က ဆိုင်တွေ အားလုံး ည(၁၀)နာရီ ပိတ်ရမည် (ရုပ်/သံ)

Posted: 06 Apr 2013 07:06 AM PDT

မန္တလေးမြို့မှာ ဧပြီလ ၄ရက်နေ့ကစပြီး လက်ဖက်ရည်ဆိုင်တွေ အပါအ၀င် ဆိုင်တွေအားလုံး ည ၁၀နာရီပိတ်ဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က သတိပေး လိုက်ပါတယ်။ တင်ဆက်- ရဲဝင့်သူ ၊
ရိုက်ကူး- ချစ်ကို/ ငြိမ်းမိုးနောင်

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



ဧပြီလ (၈)ရက်နေ့ ထုတ် The Voice Weekly ဂျာနယ် အတွဲ ၉ ၊ အမှတ် ၁၄

Posted: 06 Apr 2013 06:31 AM PDT

ဧပြီလ (၈)ရက်နေ့ ထုတ် The Voice Weekly ဂျာနယ် အတွဲ ၉ ၊ အမှတ် ၁၄

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဧပြီလ (၆)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့်သတင်းဂျာနယ် အတွဲ (၂)၊ အမှတ် (၄)

Posted: 06 Apr 2013 06:28 AM PDT

ဧပြီလ (၆)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့်သတင်းဂျာနယ် အတွဲ (၂)၊ အမှတ် (၄)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဧပြီလ (၄)ရက်နေ့ ထုတ် ပြည်မြန်မာသတင်း ဂျာနယ် အမှတ် (၁၈၉)

Posted: 06 Apr 2013 06:27 AM PDT

ဧပြီလ (၄)ရက်နေ့ ထုတ် ပြည်မြန်မာသတင်း ဂျာနယ် အမှတ် (၁၈၉)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ဒီဧပြီ ဂျူမုံလာမည်

Posted: 06 Apr 2013 05:56 AM PDT

ဧပြီလ ၆ ရက်၊ နေ့ခင် ၁နာရီက ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ ရုံးခန်း ၌ပြုလုပ်သည့် အစည်းအဝေးမှ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ ဗိုလ်ချုပ် ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေး အဖွဲ့နှင့် ကိုရီးယားရုပ်ရှင် မင်းသားဂျူမုံတို့ မှ ဧပြီ၂၃ မှာ တွေ့ဆုံရန်ရှိ ကြောင်းကို ထုတ်ပြန်ပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အမျိုးသမီးများကြား စီးဝင်လာသည့် ယမကာယဉ်ကျေးမှု

Posted: 06 Apr 2013 05:45 AM PDT

မူးယစ်ရီဝေလာပါက အဖော်ယောက်ျားလေးကို ကုန်းပိုးခိုင်းစေလိုခြင်းနှင့် ငို၍ကောင်းသောကြောင့် ဘီယာနှင့် ဆိုဂျူးအရက်များ သောက်သုံးကြသည်ဟုဆိုသည့် ကိုရီးယားလှိုင်း၏ရိုက်ခတ်မှုသည် မြန်မာမိန်းကလေးငယ်တချို့အတွက် ဖက်ရှင်ကျသည့် လူငယ်သဘာဝတစ်ခု ဖြစ်လာခဲ့ပါပြီ။

အမျိုးသားများနှင့် ရင်ပေါင်တန်းမည့် တန်းတူညီမျှ အခွင့်အရေးဟူသော အသုံးအနှုန်းကို တွင်ကျယ်စွာပြောဆိုလာကြပြီး နောက်ပိုင်းတွင် ယမကာသောက်သုံးခြင်းသည်လည်း အမျိုးသမီးများ ကိုယ်ပိုင်အခွင့်အရေးတစ်ရပ်ဟု လက်ခံယူဆလာကြသည်။

ရန်ကုန်မြို့တော်တွင် ၁၉ လမ်းကဲ့သို့ အရက်ဆိုင်တန်းများ၌ အမျိုးသားတို့ကြား ၀ိုင်းဖွဲ့သောက်သုံးနေသည့် အမျိုးသမီးများအပြင် မိန်းကလေးများ အုပ်စုဖွဲ့ သောက်သုံးနေကြသည့် မြင်ကွင်းများကိုလည်း နေ့စဉ်မြင်တွေ့ရမည် ဖြစ်သည်။ ဘီယာဆိုင်ကြီးများ၊ နိုက်ကလပ်များ၊ ပါတီပွဲများမှာလည်း အမျိုးသမီးငယ်များ ဘီယာ၊ အရက်သောက်သုံးလာကြသည်ကို တွေ့မြင်နိုင်ကြပါသည်။

အမျိုးသမီးတို့အနေဖြင့် အရက်အလွန်အကျွံ သောက်သုံးမိပါက နီးစပ်သူအမျိုသားများနှင့် မှားယွင်းမှုများ ဖြစ်ပေါ်တတ်သည့် သာဓကအချို့လည်းရှိခဲ့ပြီး အများစုကတော့ အပျော်သဘောဖြင့် သရုပ်မပျက် သောက်သုံးကြသည်က များသည်။

"မူးနေတဲ့ မိန်းကလေးတစ်ယောက်ကို အခွင့်အရေးယူတဲ့ ယောက်ျားက လူစဉ်မမီဘူးထင်ပါတယ်။ မူးနေတဲ့မိန်းကလေးမှာ အပြစ်မရှိဘူးထင်ပါတယ်။ အမြတ်ထုတ်တဲ့သူသာ အပြစ်ရှိပါတယ်။ လူ့အသိုင်းအ၀ိုင်းက တကယ်အပြစ်ရှိတဲ့သူကို မြင်တတ်ဖို့လိုပါတယ်"ဟု Yangon Film School မှ မန်နေဂျာ ကိုသက်ဦးမောင်က ၎င်း၏အမြင်ကိုပြောသည်။

အမျိုးသမီးများက အမျိုးသားတို့နှင့် ရင်ပေါင်တန်း၍ အရက်သေစာ သောက်သုံးလာကြခြင်း၏ အဓိကအကြောင်းရင်းများထဲတွင် ကိုရီးယားဇာတ်လမ်းတွဲများက ထိပ်ဆုံးမှ ပါဝင်လျက်ရှိသည်။ မြန်မာ့ယဉ်ကျေးမှုဓလေ့စရိုက်အတွင်း ကူးစက်ဝင်ရောက်လာသည့် ကိုရီးယားယဉ်ကျေးမှု ဓလေ့စရိုက်များက အသက်အရွယ်မရွေး၊ ကျား၊ မ မရွေး စွဲလမ်းလာစေခဲ့ပြီး အနောက်တိုင်းရုပ်ရှင်များတွင် ပါဝင်သည့် ဓလေ့စရိုက်များကိုလည်း နှစ်သက်တတ်လာကြသည်။

ဘိန်းစွဲသကဲ့သို့ စွဲလမ်းလာကြသည့် ကိုရီးယားဖက်ရှင်များ၊ ကိုရီးယားအစားအသောက်များက လူငယ်ထုအကြား ပျံ့နှံ့မှု ပိုမိုများပြားကာ ဘီယာ၊ အရက်နှင့် ဆိုဂျုးသောက်သုံးခြင်း၊ မူးယစ်လာပါက ငိုကြွေးခြင်း၊ ယောက်ျားလေးကို ကုန်းပိုးခိုင်းခြင်း စသည်တို့ကိုလည်း လုပ်ဆောင်လာကြသည်။ ညဥ့်နက်မှ မူးပြီးအိမ်ပြန်လာသည့် ဇာတ်ဝင်ခန်းများ၊ အိမ်ထောင်ရေးဖောက်ပြန်သည့် ဇာတ်ရှုပ်များကလည်း ကိုရီးယားဇာတ်ကားတိုင်းလိုလိုတွင် ပါဝင်လျက်ရှိနေသည်။

ယခင်က အရက်ဆိုင်၊ ဘီယာဆိုင်များရှေ့မှ ဖြတ်လျှောက်လျှင်ပင် ခေါင်းငုံ့ကာ ခပ်သွက်သွက်လျှောက်လှမ်းကြသည့် မြန်မာမိန်းကလေးများက ယခုအခါ ဘီယာဆိုင်များအတွင်း ၀င်ထိုင်နေကြပါပြီ။ ယောက်ျားလေး အပေါင်းအသင်းများနှင့် ဘီယာဆိုင်လိုက်ထိုင်ရင်း တစ်ခွက်တစ်ဖလား စမ်းသောက်ကြည့်ရာမှ အရက်သောက်သုံးခြင်းကို စတင်ခဲ့ကြလေသည်။

အသက် ၂၄ နှစ်အရွယ် သတင်းထောက်အမျိုးသမီးတစ်ဦးကတော့ သူမ ဘီယာသောက်ဖြစ်ခြင်းကို အောက်ပါအတိုင်း ပြောကြားသည်။

"ကိုရီးယားကားကြောင့် သောက်တာလည်း မဟုတ်ဘူး။ ကြိုက်လို့သောက်တာ။ သူများမိန်းကလေးတွေ သောက်တာလည်း ဘယ်လိုမှမမြင်ဘူး။ အရမ်းသရုပ်မပျက်ရင် ပြီးတာပဲ။ ဒီမှာက မိန်းမတွေက သောက်ပြီဆို ငိုလိုက်၊ ရယ်လိုက်နဲ့"

အသက် (၂၉)နှစ်အရွယ် ကိုနစ်ကီကလည်း "တချို့မိန်းကလေးတွေက အပျော်အပါးသဘောမျိုးနဲ့ သောက်ကြတာတွေ့ရတယ်။ ဥပမာ- ၁၉ လမ်းလို နေရာမျိုးကို ကြည့်လေ။ ဘာပွဲညာပွဲမရှိဘဲနဲ့ကို သောက်နေကြတာ။ သင်္ကြန်မှာဆိုလည်း အရက်ဘီယာသောက်တာ မဆန်းတဲ့ပုံစံနဲ့ သောက်ကြတာ"ဟု ဆိုသည်။

ကုမ္ပဏီဝန်ထမ်း အမျိုးသမီးများက ပါတီပွဲများ၊ ညစာစားပွဲများတွင် လူမှုရေးအရ ၀ိုင်နှင့်ဘီယာ အနည်းငယ်သောက်သုံးသည့် ဓလေ့ရှိလာကြပြီး တချို့အမျိုးသမီးများက ဖက်ရှင်သဘောမျိုး သောက်သုံးလာကြကာ အမျိုးသမီးငယ်များကတော့ သူငယ်ချင်းအပေါင်းအသင်းများနှင့် သွားလာရင်း သောက်ဖြစ်လာခြင်းဖြစ်သည်။

"သူငယ်ချင်းတွေနဲ့သွားရင်း မြည်းစမ်းသောက်ကြည့်ရာက သောက်တတ်လာတာပဲ။ သောက်ကြည့်လိုက်တော့လည်း ကြိုက်တယ်။ အရင်ခေတ်တွေတုန်းကလို အရက်တစ်ခွက်ဝင်ပြီး မိန်းကလေးတွေ အသိစိတ် ပျောက်ကုန်တယ်ဆိုတာမျိုး မဖြစ်တော့ဘူး။ တော်ရုံတန်ရုံ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်တယ်"ဟု အသက် (၂၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောပြသည်။

မြို့နယ်ပေါင်း ၅၀ ကျော်မှ အသက်(၁၈)နှစ်မှ (၆၄)နှစ်အရွယ် လူပေါင်းခုနစ်ထောင်ကျော်ကို ကျပန်းရွေးချယ်၍ သုတေသနတစ်ခု ပြုလုပ်ခဲ့ရာ၌ အမျိုးသား ၁၀၀
တွင် ၄၅ ဦးက အရက်သောက်သုံးပြီး အမျိုးသမီး ၁၀၀ တွင် လေးဦး(လေးရာခိုင်နှုန်း)က အရက်သောက်သုံးကြောင်း တွေ့ရှိရသည်။

"နှစ်ယောက်မှာ တစ်ယောက်လောက် သောက်နေတယ်ဆိုတော့ ဒါတော်တော်အရေးကြီးတဲ့ ပြဿနာပဲ"ဟု ဒေါက်တာကိုကိုဇော်က ပြောသည်။

"ဒီလေးရာခိုင်နှုန်းဆိုတာက မြို့ပြရော၊ တောရော အသက်ကြီးငယ်အားလုံးနဲ့ အရက်လုံးဝမသောက်တဲ့သူတွေကိုပါ ပြုလုပ်ထားတဲ့ သုတေသနပါ။ တကယ်ကို အရက်သောက်နိုင်တဲ့ အများဆုံးအခြေအနေရှိတဲ့ အသက်အပိုင်းအခြားကိုပဲ လေ့လာရင် ဒီထက် အဆပေါင်းများစွာ များနိုင်မယ်"ဟု ၎င်းကဆိုသည်။

အမျိုးသမီးများထဲတွင် အသက်(၃၃)နှစ်မှ (၄၅)နှစ်အထိသည် အများဆုံးသောက်သုံးသည့် အသက်အရွယ်ပင် ဖြစ်သည်။ တိုင်းနှင့်ပြည်နယ်များကို လေ့လာသည့်အခါ ကယားပြည်နယ်သည် အမျိုးသမီးများ အရက်သောက်သုံးမှု အများဆုံးပြည်နယ်ဖြစ်ပြီး သုတေသနပြုလုပ်ချက်အရ တစ်နှစ်အတွင်း အရက်သောက်သုံးမှုမှာ အမျိုးသမီး ၁၀၀ တွင် ၃၈ ဦးရှိကြောင်း တွေ့ရှိရသည်။

အမျိုးသမီးများ အရက်သောက်သုံးမှု ဒုတိယအများဆုံးမှာ ရှမ်းပြည်နယ်ဖြစ်သည်။

အသက်မပြည့်သေးသည့် ကလေးများ အရက်သောက်သုံးမှုနှင့်ပတ်သက်၍ Strategic First စီးပွားရေး သင်တန်းကျောင်းမှ ၂၀၁၁ ခုနှစ်တွင် ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်း ရှစ်ကျောင်း၌ တက်ရောက်နေသော ၈ တန်းမှ ၁၀ တန်းအထိ ကျောင်းသူ ၁၀၀ ကျော်အား မေးမြန်းခဲ့သည်။ အဆိုပါမေးမြန်းမှုကို ရန်ကုန်မြို့ရှိ နာမည်ကြီးကျောင်းများ အပါအ၀င် ဆင်ခြေဖုံးရှိ ကျောင်းများကိုပါ ရွေးချယ်မေးမြန်းထားခြင်းဖြစ်သည်။

ကျောင်းသူ ၁၀၀ ကျော်တွင် မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့သည့် ကျောင်းသူတိုင်းက ဘီယာနှင့်ဆိုဂျုး သောက်ဖူး ကကြောင်း Strategic First သင်တန်းကျောင်းမှ ကျောင်းအုပ်ဦးအောင်မျိုးချစ်က ပြောပြသည်။

"ယောက်ျားလေးတွေက ကောင်မလေးကိစ္စနဲ့ သောက်တယ်။ ကောင်မလေးတွေကတော့ သောက်ပြီးရင် ငိုလို့ကောင်းလို့၊ ကောင်လေးကို ကုန်းပိုးခိုင်းချင်လို့
သောက်တာလို့ ဖြေကြတယ်။ ဆရာမတွေကိုမေးတာ ကျောင်းမှာလည်း ၀ိုင်ပုလင်းတွေ ယူယူလာလို့ ရုံးခန်းကို ပို့လိုက်ရတယ် ဆိုတာတွေလည် ရှိနေတယ်"ဟု သူကဆိုသည်။

အမျိုးသမီးငယ်များကို အဓိကရည်ရွယ်သည့် ဘီယာသောက်ပြိုင်ပွဲကဲ့သို့ ပြိုင်ပွဲများလည်း တချို့ပါတီပွဲများတွင် ထည့်သွင်းကျင်းပလာပြီး အရက်သောက်ဖူးမှ ခေတ်မီသည်ဆိုသည့် ပြောင်းလဲမှုများလည်း လူအများကြားရှိလာပြီ ဖြစ်သည်။

"အဓိကက ကြိုက်လို့လို့ထင်ပါတယ်။ ပုံမှန်အားဖြင့် မြန်မာမိန်းကလေးတွေ စကားတိုးတိုးပြောပြီး ခပ်မှန်မှန်နေထိုင်လေ့ရှိပေမယ့် သောက်ပြီးတဲ့အခါ လွတ်လပ်မှုတစ်မျိုးဖြစ်သွားပြီး နေရထိုင်ရတာ ပိုပျော်ဖို့ကောင်းသလို ဖြစ်သွားလို့ သောက်ကြတာလို့ ထင်တယ်"ဟု ဒီဇိုင်နာအမျိုးသမီးတစ်ဦးက ပြောသည်။

"မိန်းကလေးတွေ အရက်သောက်လို့ရတဲ့ နေရာတွေ များလာတယ်။ နိုက်ကလပ်ဆို မိန်းကလေးကို အရက်အလကား တိုက်တယ်လို့ ပြောတာပဲ။ ရုပ်ရှင်ကားတွေထဲမှာလည်း စိတ်ညစ်လို့ ထွက်ပေါက်ရှာရင် အရက်သောက်ပြီး ရှာကြတယ်ပေါ့လေ။ မြန်မာကားတွေမှာလည်း အဲဒါတွေ ရိုက်ကူးပြနေတယ်။ အပြင်မှာလည်း သောက်နေကြတော့ ဒါက ယဉ်ကျေးမှုတစ်ခုလို့တောင် ပြောလို့ရနေပြီ"ဟု တစ်ကိုယ်တော် ပရဟိတသမားများကွန်ရက်မှ မခင်နှင်းကြည်သာက သုံးသပ်သည်။

သို့သော် အမျိုးသမီးများမှာ ကိုယ်သောက်သုံးသည့် ယမကာအမျိုးအစားတွင် အရက်ပမာဏ မည်မျှပါဝင်နေသည်ကို မသိရှိကြပေ။ အများစု၏ စိတ်ထဲတွင် ၀ီစကီကဲ့သို့ အရက်ပြင်းများ၌ အယ်လ်ကိုဟောလ် Level ၁၀၀ ရာခိုင်နှုန်း ပါဝင်နေပြီး ဘီယာကဲ့သို့ အဖျော်ယမကာများတွင်မူ အယ်လ်ကိုဟောလ်ပမာဏ အနည်းငယ်သာ ပါဝင်နေသည်ဟု ထင်မှတ်နေကြသည်က များသည်။

တကယ်တမ်းတော့ မိန်းကလေးများ သောက်သုံးနေကြသည့် ဆိုဂျုးအရက်တွင်ပင် အယ်လ်ကိုဟောလ် Level မြင့်မားစွာ ပါဝင်နေပြီး ဘီယာတွင်လည်း အယ်လ်ကိုဟောလ် ၄ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ ပါဝင်နေကြောင်း သိရသည်။

"Trend ကလည်း တော်တော်လေးကို ပြောင်းလဲနေပြီ။ အရက်တွေလည်း ထပ်ပြီးခွင့်ပြုနေတယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးကို ကာကွယ်ဖို့ ဘယ်သူတွေ ဘာလုပ်နေလဲဆိုတာတော့ မရှိဘူး။ ထိုက်သင့်တဲ့အခွန်တွေ တိုးကောက်တာမျိုး၊ ထိုက်သင့်တဲ့ ထိန်းသိမ်းမှုတွေနဲ့ လူငယ်တွေကို ပညာပေးတာမျိုးတွေ ထိထိရောက်ရောက် လုပ်ဖို့တော့ လိုနေပါပြီ"ဟု Strategic First သင်တန်းကျောင်းမှ ကျောင်းအုပ်ဦးအောင်မျိုးချစ်က သုံးသပ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၁ ခုနှစ်တွင် ပြုလုပ်ထားသည့် သုတေသနအရ မြန်မာနိုင်ငံ၌ ဘီယာသောက်သုံးမှုမှာ ၈၃ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး အရက်ပြင်းနှင့် ၀ိုင်သောက်သုံးမှုမှာ ၁၇ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြထားသည်။

"အရက်သောက်တာကြာရင် ပထမအဆင့်မှာ စိတ်ပိုင်းဆိုင်ရာစွဲလမ်းမှု ဖြစ်လာတယ်။ အဲဒါကိုမှ မဖြတ်ဘူးဆိုရင် ရုပ်ပိုင်းဆိုင်ရာစွဲလန်းမှုတွေ ဖြစ်လာတယ်။
အရက်အနည်းငယ်သောက်ရင် ကျန်းမာရေးအတွက် ကောင်းကျိုးနည်းနည်း ရှိတယ်ဆိုပေမယ့် လူအများက အဲဒီအဆင့်နဲ့တင် ရပ်မနေကြဘူး။ လစ်မစ်ကျော်တဲ့အထိ ကူးသွားတာများတယ်"ဟု ဒေါက်တာကိုကိုဇော်က ပြောသည်။

လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အသက်(၂၅)နှစ်အရွယ် မချမ်းငြိမ်းဖြူကလည်း "ဘယ်အရာမဆို အလွန်အကျွံမဖြစ်ရင် ကောင်းပါတယ်"ဟု ဆိုလာသည်။

အရက်၊ ဘီယာသောက်သုံးခြင်းအားဖြင့် မည်သူမဆို ရောဂါပေါင်း ခြောက်ဆယ်ကျော် ဖြစ်နိုင်ခြေရှိနေပြီး အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ရှိစေရန် အခက်အခဲဖြစ်စေသောကြောင့် အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ရှားသင့်ပါသည်။

ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးသို့ အရက်စွဲဝေဒနာဖြင့် ရောက်ရှိလာကြသူများထဲတွင် အမျိုးသမီးများလည်း ပါဝင်လာနေခဲ့ပြီ ဖြစ်သည်။

"ရောဂါပေါင်း ခြောက်ဆယ်ကျော် ဖြစ်နိုင်တဲ့အထဲက လူတိုင်းသိတာကတော့ အသည်းခြောက်ရောဂါ၊ ဦးနှောက်ထိခိုက်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ရောဂါတွေဖြစ်တယ်။ ပြီးတော့ ခံတွင်းကင်ဆာစတဲ့ ကင်ဆာရောဂါတွေ၊ အမျိုးသမီးတွေမှာဆိုရင်လည်း ကလေးပေါင်မပြည့်ဘဲ မွေးတာမျိုး၊ ဆီးချိုရောဂါနဲ့ လူမှုရေးပိုင်းဆိုင်ရာ ပြဿနာတွေကတော့ အထင်ရှားဆုံးပဲ"ဟု ဒေါက်တာကိုကိုဇော်က ရှင်းပြသည်။

နိုင်ငံခြားယဉ်ကျေးမှုများကို သရုပ်ပျက်ခြင်းဟု ဆို၍မရပါ။ သူတို့လူမျိုး၊ သူတို့ထုံးစံပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှာလည်း မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့ထုံးစံရိုးရာများ ရှိပါသည်။ နိုင်ငံခြားယဉ်ကျေးမှုများကို အတုယူနေထိုင်ခြင်းသည် တိုးတက်လာသည့် ခေတ်အခြေအနေအရ ဖြစ်တည်လာမှုတစ်ခုပင် ဖြစ်နိုင်ပြီး မြန်မာ့ယဉ်ကျေးမှုကိုလည်း ပျောက်ပျက်မသွားစေရန် ထိန်းသိမ်းဖို့ရာ မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိပါသည်။

တစ်ကိုယ်တော် ပရဟိတသမားများကွန်ရက်မှ မခင်နှင်းကြည်သာက လူငယ်အမျိုးသမီးများ အရက်၊ ဘီယာ သောက်စားလာကြခြင်းအပေါ်တွင် အောက်ပါအတိုင်းသာ မှတ်ချက်ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလိုဆိုရင် စကတ်တိုဝတ်တယ်ဆိုတာ ခြေထောက်လှဖို့ လိုတယ်လေ။ ကောင်းတယ်ထင်ရင်လုပ်ပေါ့။ ကိုယ်လုပ်တာတွေက ကိုယ့်အရိပ်ပဲဖြစ်မှာပါ"ဟူ၍ ဖြစ်ပါသည်။

ရေးသားသူ- ဥက္ကာကိုကို၊ ၀တ်ရည်အောင် - 7Day News Journal
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)


ပေတစ်ရာလမ်းမထက်က အငှားခန္ဓာများ

Posted: 06 Apr 2013 05:43 AM PDT

"ပြိုင်ကားလား ဟက်စကီးလား လေဒီကြိုက်တာပြော" သီချင်းစာသားက လူငယ်အဆိုတော် နှစ်ဦး snare အဖွဲ့နှင့် သဇင်တို့၏ သီချင်းစာသားဖြစ်သည်။ ရန်ကုန်မြို့ ပြည်လမ်းမပေါ် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့ ပြည်သူ့ရင်ပြင်ရှေ့နားက BMW မီးခိုးရောင် ပြိုင်ကားလေးဆီမှ ထွက်ပေါ်လာနေခြင်းဖြစ်သည်။ ရန်ကုန်မြို့ ညသန်းခေါင်အချိန်တွင်ဖြစ်သည့် ယင်း BMW ကားလေးပေါ်မှ လူငယ်စုံတွဲနှစ်ဦးက မိနစ်ပိုင်းအတွင်းမှာပင် အင်ဂျင်သံခပ်ပြင်းပြင်းနှင့် စက်ကုန်နှိုးကာ မြှားတစ်စင်းအလား ရန်ကုန်မြို့ ပြည်လမ်းမပေါ်သို့ အရှိန်ခပ်ပြင်းပြင်းဖြင့် မောင်းနှင်ထွက်ခွာသွားလေတော့သည်။

လူငယ်များအကြားက မြန်မာနိုင်ငံ၏ မြို့ကြီးအချို့တွင် ဆယ်စုနှစ်တစ်ခုအတွင်း ငွေကြေးတတ်နိုင်သူများအကြားက ပြိုင်ကား ယဉ်ကျေးမှု၏ မြင်ကွင်းတစ်ခုပင် ဖြစ်သည်။

ပြိုင်ကားများ၏အကြောင်းကို လူအများစုသိထားသော်လည်း ယင်းပြိုင်ကားများ၏ နောက်တွင် သိန်းရာချီလောင်းကြေးရှိသည့် ပြိုင်ပွဲများအတွက် အငှားမောင်းနှင်သူများ၏ ဘ၀များလည်း ရှိကြသည်။ ပြိုင်ကားတစ်စီးကို မိမိကိုယ်တိုင် စိတ်ကြိုက်ပြင်ဆင်ပြီး တစ်ပတ်လျှင် သုံးကြိမ်၊ လေးကြိမ်မက ပြုလုပ်လေ့ရှိသည့် ကားပြိုင်ပွဲများတွင် ကြေးစားစနစ်ဖြင့် ၀င်ရောက်မောင်းနှင်သူ လူငယ်များလည်းရှိကြောင်း ကိုယ်တိုင်ဝင်ရောက်မောင်းနှင်ခဲ့ဖူးသူ ကိုထွန်းဇော်နိုင်(အမည်လွဲ)က ဆိုသည်။ ပွဲတစ်ပွဲလျှင် အနည်းဆုံး ငွေကျပ်သိန်းတစ်ရာမှ ငါးရာကျော်အထိ အသုံးပြုလောင်းကြေးထပ် မောင်းနှင်ကြသည့် ကားပြိုင်ပွဲများတွင် ကိုယ်စားဝင်ရောက် မောင်းနှင်ပေးရသူမှာ တစ်ပွဲလျှင် ငါးသိန်းမှ ဆယ်သိန်းကျော်အထိ ကြေးစားစနစ်ဖြင့် မောင်းနှင်ပေးလေ့ရှိကြောင်း ကိုထွန်းဇော်နိုင်ကပင် ဆိုသည်။

"အဲဒီတုန်းက လူငယ်ဆိုတော့ ကားသေးလေးကလဲ အရမ်းမောင်းချင်တယ်။ ကိုယ်တိုင်လည်း ၀ယ်မစီးနိုင်တော့ ငွေလည်းရမယ့် ပြိုင်ကားအငှားမောင်းတဲ့ အလုပ်ကို ရွေးမိခဲ့တယ်။ တစ်ပတ်ကို ရှုံးတဲ့အလှည့်ဆို ကိုယ့်ကို ထပ်ငှားမယ့်သူမရှိပေမယ့် နိုင်တဲ့အပတ်ဆို ထပ်မောင်းပေးဖို့ ကြေးတွေမြင့်ပြီး လာလာခေါ်ကြတာ" ဟု အသက် ၃၀ ကျော်အရွယ်ရှိ ကိုထွန်းဇော်နိုင်မှ ဆက်လက်ပြောသည်။

ရန်ကုန်မြို့၌ ကိုထွန်းဇော်နိုင်လို အငှားပြိုင်ကား မောင်းနှင်ပေးသူများမှာ လူငယ်အများစုဖြစ်သည်။ ငွေလွယ်လွယ်ရပြီး ၀ါသနာအရပါ မစွန့်လွှတ်နိုင်သည့် ပြိုင်ကား အငှားမောင်းနှင်မှုမှာ လူငယ်များတွင် တဖြည်းဖြည်း စိုးမိုးလာခဲ့သည်။

"တကယ်တော့ ကျွန်တော်တို့တွေဟာ အငှားခန္ဓာတွေပါ။ ကားနဲ့အတူတူ ဘာဖြစ်ဖြစ် မူလပိုင်ရှင်က ဘာမှမဖြစ်ဘူး။ မောင်းတဲ့သူက ထောင်ကျတာများတယ်" ဟု အငှားပြိုင်ကားမောင်းနှင်သူ လူငယ်တစ်ဦးက ပြောသည်။

ငယ်စဉ်ကလေးဘ၀တည်းက ကားဖြင့် ဆော့ကစားရသည်ကို နှစ်သက်ခဲ့သည့် ကိုထွန်းဇော်နိုင်မှာ ၀ါသနာနှင့် ငွေလွယ်လွယ် ရသည့် အငှားပြိုင်ကား မောင်းနှင်မှုကို စွန့်လွှတ်ခဲ့သည်မှာ ငါးနှစ်ပင်ကျော်လာပြီဖြစ်သည်။ သို့သော် သူ့လို ၀ါသနာကြီးသူ လူငယ်အများအပြား ဒုနဲ့ဒေး ရှိနေသေးသည်ဟု ၎င်းက ဆိုသည်။

ယခင်စစ်အစိုးရလက်ထက်က ပြိုင်ကားများလောကတွင် မင်းမဲ့စရိုက်ဆန်ဆန် လူသတ်မှုများ၊ စည်းကမ်းမဲ့မောင်းနှင်မှုများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုများကြောင့် အသက်ဆုံးရှုံးမှုပေါင်း ၁၀ ခု ကျော်ခန့်မှာ ယခုအချိန်အထိ အမှုမှန်မပေါ်ပေါက်သေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ မှုခင်းဇယားများက ဆိုသည်။

"ပြိုင်ကားတွေ ပြိုင်ကြရင်းနဲ့ တိုက်လို့သေသွားတာတို့ဆိုရင် ပြိုင်ကားအငှားလိုက်မောင်းတဲ့ သူတွေပဲမိတာများတယ်။ ကိုယ်ပိုင် သမားတွေက လွတ်လွတ်နေတာ များတယ်" ဟု ရန်ကုန်တိုင်းဒေသကြီးရှိ စည်းကမ်းမဲ့ပြိုင်ကားများကို လိုက်လံဖမ်းဆီးအရေးယူခဲ့သူ ရဲအရာရှိတစ်ဦးက သုံးသပ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ၂၀၁၂ နှစ်ကုန်ပိုင်းမှ စတင်ကာ စည်းကမ်းမဲ့ပြိုင်ကားများကို အရေးယူရန် စီမံချက် ပုံစံဖြင့် ဖမ်းဆီးအရေးယူမှုပေါင်း အမှု ၂၀ ကျော်ရှိနေပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ ညသန်းခေါင်အချိန်တွင် ရန်ကုန်မြို့၏ လမ်းမများထက်၌ နေရာယူနေဆဲ ဖြစ်သည်။

စီမံချက်ကာလမှာ လက်ရှိအချိန်အထိ စည်းကမ်းမဲ့ပြိုင်ကားများအား ဖမ်းဆီးထိန်းသိမ်းအရေးယူခဲ့သည့် ပြိုင်ကားအရေအတွက်ကိုမူ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့သို့ မေးမြန်းထားရာ လတ်တလောထုတ်ပြန်ပြောဆို ခြင်းမရှိပေ။ လက်ရှိအချိန်အထိ ညဥ့်နက်သန်းခေါင်လမ်းမများထက်တွင် နေရာယူလျက်ရှိနေသည့် ယင်းပြိုင်ကားများတွင် ကြေးစားငှားရမ်းမောင်းနှင်သူများနှင့်အတူ လူသတ်မှုများ၊ မူးယစ်ဆေးဝါးသယ်ဆောင်မှုများကလည်း ရှိနေဆဲဖြစ်ကြောင်း ကမာရွတ်မြို့နယ်မှ ရဲအရာရှိတစ်ဦးက ၎င်း၏ အတွေ့အကြုံကိုပြောသည်။

"ကျွန်တော်တို့က ၀ါသနာအရ ပြိုင်ကြတာပါ။ တချို့ကလည်း ကိုယ့်ကားကို အငှားခေါ်ပြီး မောင်းတယ်။ တချို့က ပြိုင်ပွဲမလုပ်ခင်မှာ ဆေးသယ်တာတွေလည်း ရှိတယ်။ ဒါက ပြိုင်ကားကို အခွင့်ကောင်းယူပြီး ဥပဒေမဲ့လုပ်ကြတာ" ဟု ပြီးခဲ့သည့်နှစ်က ဆေးမှုဖြင့် ထောင်ကျဖူးသူ ကိုယ်တိုင်ပြိုင်ကားမောင်းနှင်သူ လူငယ်အဆိုတော် တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ပြိုင်ကားကြေးစားမောင်းနှင်မှုများကို ကျိုက္ကဆံလမ်းဆုံ၊ ပြည်လမ်းမတစ်လျှောက် ကမ္ဘာအေးဘုရားအနီးတွင် မကြာခဏတွေ့ရလေ့ရှိပြီး ရန်ကုန်မြို့၏ စံချိန်တင် ကြေးအကြီးဆုံး ပြိုင်ပွဲကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလက ကမ္ဘာအေးဘုရားလမ်း ညဥ့်သန်းခေါင်အချိန်တွင် အကြီးကျယ်ဆုံးပြုလုပ်ခဲ့ပြီး စံချိန်တင်လောင်းကြေး ကျပ်သိန်းပေါင်းထောင်ကျော်အထိပင် ရှိခဲ့ကြောင်း အဆိုပါ လူငယ်အဆိုတော်ကပင်ပြောသည်။

"အဲဒီပြိုင်ပွဲအပြီးမှာ ကြေးစားမောင်းပေးတဲ့ ကောင်လေးတွေ တော်တော်ပွသွားကြတယ်" ဟု ယင်းပြိုင်ပွဲတွင် ကိုယ်တိုင်ပါဝင် ယှဉ်ပြိုင်ခဲ့သူ ပြိုင်ကားပိုင်ရှင် တစ်ဦးဖြစ်သူ ကိုစောဝဏ္ဏက ဆိုသည်။

Transformer, NEED FOR SPEED, DEATH RACE အစရှိသော နာမည်ကျော် ကားပြိုင်ပွဲများအကြောင်း ရိုက်ကူးဖွဲ့နွဲ့ ထားသော ကမ္ဘာကျော်ရုပ်ရှင် ဇာတ်ကားများက ပြိုင်ကားကြေးစားမောင်းနှင်သူ လူငယ်များအတွက် မက်ချင်စရာကောင်းသော အိပ်မက်တစ်ခုဖြစ်ခဲ့သော်လည်း နိုင်ငံတကာကဲ့သို့ စီးပွားရေးမြို့တော်ရန်ကုန်တွင် အဆင့်မီလမ်းမများမရှိခြင်း၊ ပြိုင်ကားအားကစား ဖွံ့ဖြိုးမှုက မရှိသေး။

"ကိုယ်တိုင်ကျွမ်းကျင်ရင် ကျွမ်းကျင်သလောက်ရမယ့် ဒီအလုပ်ကို ကျွန်တော်တို့က ဆက်လုပ်နေဦးမှာပဲ" ဟု ကြေးစားစနစ်ဖြင့် အငှားပြိုင်ကားမောင်းနှင်သူတို့ထံမှ စကားသံများဖြစ်သည်။ ပေတစ်ရာလမ်းမထက်က အငှားခန္ဓာများကလည်း အင်ဂျင်သံခပ်ပြင်းပြင်း မီးခိုးနံ့တထောင်းထောင်းဖြင့် ရန်ကုန်မြို့၏ ညဥ့်သန်းခေါင်အချိန်ပေတစ်ရာလမ်းမထက်ပေါ်တွင် နေရာယူနေဦးမည်ဖြစ်သည်။

ရေးသားသူ- မိုးညို - 7Day News Journal


ကျပ်(၁၅၀၀)တန် CDMA ဖုန်းအတွက် အင်တာနက်ဝန်ဆောင်ခကို ကျပ်(၁)သောင်းနဲ့ လျှောက်ထားရမည်

Posted: 05 Apr 2013 10:39 PM PDT

ကျပ်(၁၅၀၀)တန် CDMA ဖုန်းအတွက် အင်တာနက်ဝန်ဆောင်ခကို ကျပ်(၁)သောင်းနှင့်သာ ဆက်လက် လျှောက်ထားရမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ဧပြီလ(၂၄)ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်
ချပေးမည့် CDMA 800 MHz ဖုန်းများတွင် အင်တာနက်လိုင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မြန်မာတပ်မတော်သား ( ၁၃ )ဦး သေဆုံးမှု ထိုင်းစစ်သားများအား မြန်မာအစိုးရ စွပ်စွဲ

Posted: 05 Apr 2013 10:28 PM PDT

ကော့သောင်း aဒသတွင် မြန်မာ -ထိုင်းနယ်စပ်အနီး မြန်မာ့ တပ်မတော်သား ၁၃ ဦးအသတ်ခံရသည့် ကိစ္စနှင့် ပတ်သတ်၍ ထိုင်းနိုင်ငံ Chumphon ဒေသရှိ ဆေးရုံတွင် ဆေးကုသမှုခံယူ နေရသော ထိုင်းစစ်သား ၆ ဦးအား စစ်ဆေးမေးမြန်း ပေးရန် မြန်မာ အာဏာပိုင်များက ထိုင်းအစိုးရအား တောင်းဆို ထားကြောင်းသိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ သဘောတူ

Posted: 05 Apr 2013 10:19 PM PDT

တရုတ်သမ္မတ ရှီကျင်းပင်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးမြှင့်တင်ဖို့ သဘောတူခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲကို တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းက Sanya မြို့ မှာမနေ့က ကျင်းပခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဧပြီ ၂၄ ရက် စရောင်းမည့် CDMA 800 MHz ကို 0931 နဲ့စပြီး စုစုပေါင်း နံပါတ် ၁၀ လုံး ပါဝင်မည်

Posted: 05 Apr 2013 10:08 PM PDT

ရောင်းချပေးမယ့် နံပါတ်တွေကတော့ 800 MHz ကို 0931 နဲ့စပြီး စုစုပေါင်း နံပါတ် ၁၀ လုံး ပါဝင်မှာ ဖြစ်ပါတယ်။ တယ်လီဖုန်း လျှောက်ထားဖို့ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းနဲ့အတူ လစဉ် အလုံးရေ သုံးသိန်းခွဲ ရောင်းချပေးမှာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။ အင်တာနက်ကိုတော့ သီးသန့် လျှောက်ထားဖို့ လိုတယ်လို့ သိရပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကြက်ဘဲ ၂ သောင်းကျော် တရုတ်သုတ်သင်

Posted: 05 Apr 2013 09:53 PM PDT

တရုတ်နိုင်ငံမှာ လူကိုသေစေနိုင်တဲ့ ကြက်ငှက်တုပ်ကွေး ရောဂါသစ် ပျံ့နှံ့ဖြစ်ပွားမှုကို ရပ်တန့်နိုင်အောင် ကြိုးစားတဲ့ အနေနဲ့ ရှန်ဟိုင်းမြို့မှာ ကြက်ဘဲ အသား ရောင်းချမှုတွေကို ပိတ်ပင်ထားသလို ငှက် ၂ သောင်းကျော် ကိုလည်း စတင်သုတ်သင်ခဲ့ ပါတယ်။ H7N9 အမျိုးအစား ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူ ဟာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရှန်ဟိုင်းမြို့မှ ခြံအလုပ်သမားတစ်ဦး ကြက်စာချနေစဉ်။

နိုင်ငံခြားသံတမန်တွေ ထွက်ခွာဖို့ မြောက်ကိုရီးယား သတိပေး

Posted: 05 Apr 2013 09:45 PM PDT

ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ တိုးလာနေတဲ့ အတွက် ပြုံယမ်းမြို့မှာ ရှိနေတဲ့ နိုင်ငံခြား သံရုံးတွေအနေနဲ့  ဘေးလွတ်ရာကို ရွှေ့ဖို့အတွက် စဉ်းစားကြဖို့ မြောက်ကိုရီးယား အစိုးရက တိုက်တွန်း လိုက်ပါတယ်။ ရုရှား နဲ့ ဗြိတိန်သံရုံးက ၀န်ထမ်းတွေကို ဘေးလွတ်ရာကို ရွှေ့ဖို့ မြောက် ကိုရီးယားဘက်က ပန်ကြားချက်ကို---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un



သတို့သားလောင်းအား သေဆုံးခဲ့မှုအပေါ် စိစစ်တွေ့ရှိချက်

Posted: 05 Apr 2013 09:36 PM PDT

၃၁-၃-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ သီရိမန္တလာ ကာကြီးဝန်းရဲကင်းတွင် အမှတ်(၅)ရဲစခန်းမှ ရဲတပ်သား သန်းနိုင်ထွန်း ရှိနေစဉ် ဆိုင်ကယ်ကယ်ရီမောင်းသူ သက်ဦးမောင်နှင့် သပိတ်ကျင်းမြို့၊ ရှားတောကျေးရွာနေ ၀င်မင်း(ခ)ဗဒင်(၂၃)နှစ်ရောက်ရှိလာပြီး ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တောင်ကြီးသို့လာသော ခရီးသည်တင်ယာဉ် အဝေးပြေး ကားတစ်စီး အကြမ်းဖက်ခံရ

Posted: 05 Apr 2013 05:46 PM PDT

မန္တလေးတိုင်း သာစည်မြို့နယ်အတွင်းရှိ ကျွဲတပ်ဆုံ၊ ပြည်ညောင်စသော ရန်ကုန် - မန္တလေး - မိထ္ထီလာ  - တောင်ကြီး ကားလမ်းဘေးရှိ မြို့နယ်နှင့် ကျေးရွာ အချို့တို့တွင် အကြမ်းဖက်လိုသူ လူအုပ်စုများမှ တောင်ကြီးသို့လာသော ခရီးသည်တင်ယာဉ် အဝေးပြေး ကားများပေါ်တွင်
လိုက်ပါ စီးနင်းလာသူ ခရီးသည်များကို (၄-၄-၂၀၁၃) ညဖက်တွင် အကြမ်းဖက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရန်ကုန်-တောင်ကြီး ကား

မိတ္ထီလာက ရွှေဆိုင် ပိုင်ရှင်တွေ တရားစွဲခံရ

Posted: 05 Apr 2013 04:40 PM PDT

ပြီးခဲ့တဲ့ ၂ဝ ရက်နေ့က မိတ္ထီလာမြို့က အခင်းဖြစ်ပွားမှု စတင် ခဲ့တယ်လို့ ပြောနိုင်တဲ့ ရွေဆိုင် ပိုင်ရှင် သုံးယောက်ကို ခရိုင် တရားရုံးမှာ သောကြာ နေ့က တရားစွဲဆို လိုက်ပါတယ်။ မိတ္ထီလာမြို့က သူတို့ ဆိုင်မှာ ရွှေလာ ရောင်းသူတွေနဲ့ အငြင်းပွားပြီး ရွှေ လာရောင်းတဲ့ ဇနီးမောင်နှံကို ရွှေဆိုင် ပိုင်ရှင် တွေက ရိုက်နှက် ခဲ့တဲ့ အတွက် သူတို့ကို ဖမ်းဆီး ထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရွှေ အရောင်း အဝယ် စကားများ ရာက စတင် ခဲ့တဲ့ တိုက်ခိုက်မှုတွေ ကြောင့် လူ အများ အိုးအိမ်မဲ့ ဖြစ်ခဲ့

ဧပြီလ (၅)ရက်နေ့ ထုတ် Focus Online ဂျာနယ် အတွဲ ၉ ၊ အမှတ် ၃၆

Posted: 05 Apr 2013 04:38 PM PDT

ဧပြီလ (၅)ရက်နေ့ ထုတ် Focus Online  ဂျာနယ် အတွဲ ၉ ၊ အမှတ် ၃၆

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဧပြီလ (၅)ရက်နေ့ ထုတ် HR ဂျာနယ် အမှတ် (၁၈၉)

Posted: 05 Apr 2013 04:33 PM PDT

ဧပြီလ (၅)ရက်နေ့ ထုတ် HR ဂျာနယ် အမှတ် (၁၈၉)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဧပြီလ (၄)ရက်နေ့ ထုတ် ဈေးကွက် ဂျာနယ် အမှတ်(၈၀၉)

Posted: 05 Apr 2013 04:30 PM PDT

ဧပြီလ (၄)ရက်နေ့ ထုတ် ဈေးကွက် ဂျာနယ် အမှတ်(၈၀၉)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




စက်မှုဇုန်တွေမှာ လျှပ်စစ်မီး ယာယီဖြတ်မည်

Posted: 05 Apr 2013 04:10 PM PDT

လျှပ်စစ်ဓါတ်အားထုတ်လုပ်နေတဲ့ ရတနာ သဘာဝဓါတ်ငွေ့ ကမ်းလွန်ပိုက်လိုင်းကို အခုရက်ပိုင်းအတွင်း ပြုပြင်နေတဲ့အတွက် ရန်ကုန်မြို့က စက်မှုဇုန်တွေမှာ ဒီကနေ့ကစပြီး လာမယ့်ဧပြီလ ၁၃ရက်နေ့အထိ ၉ ရက်ကြာ လျှပ်စစ်ဓါတ်အား ဖြတ်တောက်လိုက်ပြီ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


နိုင်ငံသားအခွင့်အရေးအလေးထားဖို့ ဂျင်မီကာတာ တိုက်တွန်း

Posted: 05 Apr 2013 04:04 PM PDT


အမေရိကန်သမ္မတဟောင်း Jimmy Carter နှင့်ဇနီး Rosalynn Smith၊ မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့အား အတူတွေ့ရစဉ်
အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ (ဧပြီလ ၅ ရက်၊ ၂၀၁၃။)
အမေရိကန် သမ္မတဟောင်း Jimmy Carter က သမ္မတဦးသိန်းစိန် အနေနဲ့ ဂရုဏာ တရား ရှေ့ထားပြီး နိုင်ငံသား အားလုံးရဲ့ အခွင့်အရေးနဲ့ လွတ်မြောက်မှုကို အလေးပေးဖို့ အလေးအနက် တိုက်တွန်းလိုက်ပါတယ်။ မြန်မာပြည် ပြုပြင် ပြောင်းလဲရေး ဖော်ဆောင်နေကြတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ချီးကျူးရင်း ပြည်တွင်းစစ် အဆုံး သတ်ရေး ဒီထက်ပိုပြီး စေတနာမှန်နဲ့ ဆောင်ရွက်ကြဖို့ တိုက်တွန်း လိုက်ပါတယ်။ အပြည့်အစုံကိုတော့ သမ္မတဟောင်း ဂျင်မီကာတာ လူထုကို မိန့်ခွန်းပြောခဲ့ရာမှာ ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ ဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

မြန်မာပြည်ကို ၅ ရက်ကြာခရီးရောက်နေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ၃၉ ယောက်မြောက် သမ္မတဟောင်း ဂျင်မီကာတာက ရန်ကုန်မြို့ Park Royal Hotel မှာ သောကြာနေ့ည ၇ နာရီ၊ ၁၅ မိနစ်မှာ လူထုကို မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော် ဥက္ကဋ္ဌတွေ၊ နောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီးတော့ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးအပေါ် ဂျင်မီကာတာက အခုလို သုံးသပ်လိုက်ပါတယ်။

မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေး မူဝါဒဟာ နိုင်ငံသားအားလုံးအတွက် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ဆောင်ကျဉ်းနေတယ်လို့ သူ ယုံကြည်ပါတယ်-တဲ့။

၂၀၀၂ ခုနှစ် ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ဂျင်မီကာတာက မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်နေကြတဲ့ မြန်မာပြည်ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းမှုကိုလည်း အခုလို အသိအမှတ် ပြုလိုက်ပါသေးတယ်။

ဒီနိုင်ငံရဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို လေးစားပါတယ်-တဲ့။

ဦးသိန်းစိန်နဲ့ သူ့ရဲ့အစိုးရက ပြုပြင်ပြောင်းလဲရေးကို လက်လှမ်းမီအောင် ဆောင် ရွက်နေတာ တွေ့ရတယ်-လို့ ဆိုပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခဲ့တာ၊ အပစ်အခတ် ရပ်စဲရေးတွေ လုပ်နိုင်ခဲ့တာ၊ လူ့အခွင့် အရေး ကော်မရှင် ဖွဲ့စည်းပေးနိုင်ခဲ့ တာတွေနဲ့ ၂၀၁၂ ခုနှစ်က ကြားဖြတ်ရွေးကောက်ပွဲ ကို အောင်မြင်စွာ ကျင်းပ ပေးနိုင်ခဲ့တာတွေကို အသိအမှတ်ပြု ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အခုတလော နိုင်ငံအတွင်း ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေ၊ အဓိကရုဏ်းတွေ ဖြစ်နေတာ၊ တိုင်းရင်းသားဒေသတွေ၊ အထူးသဖြင့် ရှမ်းနဲ့ ကချင်ပြည်နယ်အတွင်းမှာ ငြိမ်းချမ်းရေး ဆွေးနွေးနေကြတယ် ဆိုပေမဲ့လည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတာနဲ့ပတ်သက်လို့ စိုးရိမ်နေတဲ့အတွက် သမ္မတ ဦးသိန်းစိန်ကို သူက အခုလို တိုက်တွန်းချင်ပါတယ်-တဲ့။

သမ္မတဦးသိန်းစိန်ကို အကြံပြုချင်ပါတယ်-တဲ့။ ဒီမိုကရေစီ လူ့ဘောင် အသိုင်းအဝိုင်းကို တည်ဆောက်တဲ့နေရာမှာ အကြင်နာ၊ ဂရုဏာတရားကိုရှေ့ထား၊ ကိုယ်ချင်းစာတရားကို ရှေ့ထား၊ သည်းခံ နားလည် ခွင့်လွှတ်ခြင်းကို ရှေ့ထားပြီးတော့ စေတနာထား ဆောင်ရွက်ဖို့ တိုက်တွန်း ချင်ပါတယ်-တဲ့။ နိုင်ငံသားအားလုံးရဲ့ လွတ်မြောက်မှု အတွက်ဆိုတဲ့ အခွင့်အရေးကိုလည်း ကြိုးစားဖို့ လိုပါတယ်-လို့ ပြောသွားတာ ဖြစ်ပါတယ်။

သမ္မတဂျင်မီကာတာဟာ ဒီခရီးစဉ်အတွင်းမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ လူထု အခြေပြု အဖွဲ့အစည်းတွေ၊ လူငယ်တွေ၊ ကျောင်းသားတွေနဲ့ တွေ့ဆုံပြီး မြန်မာပြည်အတွင်းမှာ အင်တာနက် နည်းပညာအသုံးပြုမှု မြန်ဆန်ရေးနဲ့ ဆက်သွယ်ရေး အဆင်ပြေလွယ်ကူအောင်လည်း အခုလို ထပ်လောင်း တိုက်တွန်းလိုက်ပါတယ်။

ဆဲလ်ဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေးတွေ သိပ်အဆင်မပြေသေးတာကို - သူက ထောက်ပြ ပြောဆိုသွားတာပါ။ ဥရောပနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြောဆိုတာ မဟုတ်ဘဲ ဆင်းရဲလှတဲ့ အာဖရိက နိုင်ငံတွေတောင်မှ လူတိုင်းလိုလို ဆဲလ်ဖုန်းကိုယ်စီ ကိုင်နိုင်ကြတာကို တွေ့ရပါတယ်-တဲ့။ ဒါ့ကြောင့် မြန်မာပြည်သူတွေလည်း အားလုံးကိုယ်စီ ဆက်သွယ်ရေး အဆင်ပြေအောင် တွေ့မြင်လိုပါတယ်-လို့ သူက ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဒီကနေ့ ဟောပြောပွဲကို NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ သံတမန်တွေ၊ လူငယ်တွေ စုစုပေါင်း ပရိသတ် ၅၀၀ ခန့် တက်ရောက်အားပေးခဲ့တာ တွေ့ရပါတယ်ရှင်။

ဒေါ်ခင်စိုးဝင်း (ဗွီအိုအေ)