ဒီမိုဝေယံ

ဒီမိုဝေယံ


လွယ်လွယ်နဲ့တော့ ရုန်းထွက်၍မရနိုင်....

Posted: 04 Apr 2013 08:28 AM PDT

 လွယ်လွယ်နဲ့တော့ ရုန်းထွက်၍မရနိုင်

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့မှုများ အမြင့်မားဆုံးပြုလုပ်ခဲ့သည့် ၁၉၉ဝ အလယ်နှစ်များဝယ် မြန်မာ့လေတပ်မှ လေယာဉ်မှူးများသည် တရုတ်နိုင်ငံရှန်ဇီပြည်နယ် သို့သွား၍ A-5 တိုက်လေယာဉ်များကို အမောင်း သင်ခဲ့ကြသည်။

ထိုစဉ်က မြန်မာ့ခေါင်းဆောင် ကြီးမှာ ယင်းလေယာဉ်များနှင့်ပတ် သက်၍ အထူးပင်စိတ်အားထက် သန်လျက်ရှိသော်လည်း ယင်းတို့၏ စိတ်မချရမှုများကြောင့် စိတ်တက် ကြွမှုများ လျင်မြန်စွာပင် မှေးမှိန် သွားခဲ့၏။ လေယာဉ်မှူးဟောင်းတစ် ဦးဖြစ်သူ ဝဏ္ဏမာဂျေက ဆိုဗီယက် တို့၏ MIG-19 ပုံစံ တရုတ်တိုက်လေ ယာဉ်ပျက်ကျမှုပေါင်း ၂ဝ ခန့်နှင့်သေဆုံးမှုများရှိခဲ့ကြောင်း ပြော သည်။ သေဆုံးသူအများစုမှာ လေယာဉ်မောင်းခန်းထဲတွင်ပင် သေဆုံး ခဲ့ကြခြင်းဖြစ်ပြီး ယာဉ်မောင်းခန်း အတွင်းမှ ခုန်ထွက်ရန် ကြိုးစားရင်း  သေဆုံးသူ လေယာဉ်မှူးတို့၏ မိသားစုများမှာထိုစဉ်က မူဝါဒများ အရ ခံစားခွင့်များ အပြည့်အဝ မရ ရှိခဲ့ကြကြောင်းသူက ပြောပါသည်။"အဲဒီ တိုက်လေယာဉ်တွေကို ကျွန်တော်တို့က 'ခေါင်းပျံ'တွေလို့ ခေါ်ကြတယ်"ဟုယခုအခါ လက် ဝှေ့ပွဲများကို စီစဉ်ရုံသွင်းနေသူ တစ်ဖြစ်လဲ လေယာဉ်မှူးဟောင်း မာဂျေက ပြောသည်။

မြန်မာနိုင်ငံသည် တရုတ်တို့ အပေါ် မှီခိုနေရာမှ အနောက်နိုင်ငံ များဘက်သို့ ပြောင်းလဲလျက်ရှိပြီး ပြင်ပလေ့လာသူများ အထူးအံ့သြဖွယ်ရာကောင်းလောက်အောင်ပင် ပို၍ ပို၍ ပွင့်လင်းမြင်သာသည့် အစိုးရတစ်ခုလည်းဖြစ်လာနေ၏။ သမ္မတဦးသိန်းစိန်သည် ကန်ဒေါ် လာ ၃ ဒသမ ၆ ဘီလျံတန်ဖိုးရှိ တရုတ်နိုင်ငံနှင့် စာချုပ်ချုပ်ဆိုထား သည့် မြစ်ဆုံဆည်စီမံကိန်းကို ဆိုင်းငံ့ထားလိုက်ပြီး ဒေါ်အောင် ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအ ကျဉ်းသားများကိုလည်း လွတ်ငြိမ်း ခွင့်ပေးခဲ့သည်။

သို့ရာတွင် မြန်မာသည် သူ့အိမ်နီးချင်းကြီး၏ စီးပွားရေးအ မြတ်ထုတ်မှုများကို ခံနေရဆဲပင် ဖြစ်သည်။တရုတ်တို့နှင့် ဆက်စပ်လုပ် ကိုင်လျက်ရှိသော လုပ်ငန်းများကို လူထုက ဆန္ဒဖော်ထုတ်၍ ဆန့် ကျင်မှုများ တစ်စထက်တစ်စ ပေါ် ပေါက်လာခဲ့သည်။ "တရုတ်ဘက် ကတော့ လန့်နေတယ်လို့ယူဆရ ပါတယ်"ဟု ရန်ကုန်အခြေစိုက် Hamsa Hub  ခေါ် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အစိုးရမဟုတ် သော အဖွဲ့အစည်းတစ်ခုကို ဦး ဆောင်သူ ကိုသုတအောင်က ပြော သည်။"အရင်အစိုးရ လက်ထက် တုန်းကတော့ဗျာ သူတို့လိုချင်တာ တွေ အကုန်ဖြစ်ခဲ့ပေမယ့် ခုတော့ ပြည်သူ့အသံတွေ ပွင့်ပွင့်လင်းလင်း ကြားလာကြရပြီလေ"ဟု ကိုသုတ အောင်က ဆက်ပြောပါသည်။

မြန်မာအစိုးရသည် သူ၏နိုင်ငံ ခြားရေးဆိုင်ရာမူဝါဒကို ပြန်လည် ချိန်ညှိလျက်ရှိသော်ငြား၊ တရုတ် နိုင်ငံ၏ သြဇာအရှိန်အဝါ၊ တရုတ် နိုင်ငံနှင့် အိမ်နီးချင်းဖြစ်နေမှု၊ သ မိုင်းတစ်လျှောက် နှစ်နိုင်ငံ ရေရှည် ဆက်ဆံလာမှု ယင်းသည် တရုတ်ကို လုံးဝဥပေက္ခာပြုခြင်းတော့ မဟုတ်ဟု သုတေသီတို့က ဆိုကြ သည်။ မြစ်ဆုံစီမံကိန်းမှာလည်း ဆိုင်းငံ့ထားခြင်းသာဖြစ်ပြီး လုံးလုံး လျားလျား ဖျက်သိမ်းလိုက်ခြင်း မဟုတ်သလို တရုတ်နိုင်ငံနှင့်ဆက် စပ်လုပ်ကိုင်လျက်ရှိသည့် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ဓာတ်ငွေ့ပိုက် လိုင်းသွယ်တန်းမှု အစရှိသည့် စီမံ ကိန်းများမှာလည်း ခြေလှမ်းမပျက် ဆက်လက် လုပ်ကိုင်နေဆဲပင် ဖြစ်၏။
"မြစ်ဆုံဆည် စီမံကိန်းကို ဆိုင်းငံ့လိုက်တာနဲ့ ပတ်သက်လို့ ပြည်သူတွေ ဝမ်းမြောက်ပျော်ရွှင် ကြပေမယ့် ဒါဟာ သမ္မတ ဦးသိန်း စိန်ရဲ့ ရာထူးသက်တမ်းကာလမှာပဲ ဖြစ်ပါတယ်။ ၂ဝ၁၅ ကျရင် ကျွန် တော်တို့ ထပ်ပြီးတိုက်ပွဲဝင်ရဦးမှာ ပါပဲ"ဟု မန္တလေးမှ စာရေးဆရာ ဆူးငှက်က ပြောသည်။လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းအရေးကြောင့်လည်း အား လုံး အလုပ်တွေ များခဲ့ကြရသေး သည်။ တရုတ်တို့သည်စိတ်ချသေချာရသောမြန်မာသုံးစွဲသူဈေးကွက် နှင့်  အိန္ဒိယသမုဒ္ဒရာ၏ အချက်အခြာနေရာကို ယူထားသည့်မြန်မာတို့ဆီမှ ခွာထွက်သွားမည်မဟုတ် သလို မြန်မာ-အမေရိကန်၊ မြန်မာ -ဂျပန် စီးပွားရေးဆက်သွယ်မှု တိုး တက်လာခြင်းများကိုလည်း သတိ နှင့် စောင့်ကြည့်နေမည် ဖြစ်သည်။

တရားဝင် ကိန်းဂဏန်းများအရ ၂ဝ၁၂ ခုနှစ်တွင် တရုတ်-မြန်မာ ကုန်သွယ်မှုသည် ၄၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆ဒသမ၅ ဘီလျံ ရှိ ကြောင်းသိရသည်။ တစ်စတစ်စ တိုးတက်လာသော ရင်းနှီးမြှုပ်နှံမှု များမှာမူ ကန်ဒေါ်လာ ၁၄ ဘီလျံအထိရှိနေပြီဖြစ်ကြောင်း သိရသည် ။ယမန်နှစ် အစောပိုင်းကမူ တရုတ်တို့သည် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ဒု-ဝန်ကြီးတစ်ဦးအား မြန်မာသို့စေလွှတ်၍ လူမှုရေးနှင့် တိုင်းရင်းသားအရေးများဆိုင်ရာ တက်ကြွလှုပ်ရှားသူတို့နှင့် တွေ့ဆုံဆွေးနွေးစည်းရုံးစေခဲ့သည်။ သို့ရာ တွင် သက်ဝင်လှုပ်ရှားသော အချေ အတင်ဆွေးနွေးမှုမျိုး ဖြစ်မလာခဲ့ဘဲ မျက်မှောက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ မိမိ တို့ကိုခုခံပြောဆိုနေသော တံခါး ပိတ်အစည်းအဝေးတစ်ခုသဖွယ် သာဖြစ်နေသည်ကို အံ့သြစွာကြုံ တွေ့ခဲ့ရသည်ဟု ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ Green Hearts ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ကွန်ရက်မှ တက်ကြွလှုပ်ရှားသူ ကိုစိုးဝင်းငြိမ်းက ပြောသည်။

"အကယ်၍ ခင်ဗျားအနေနဲ့ ဆက်ပြီး တွန်းအားပေးနေမယ်ဆိုရင် ကျွန်တော်တို့နှစ်နိုင်ငံအကြား စိုး ရိမ်စရာကောင်းတဲ့ ပဋိပက္ခတွေဖြစ် လာလိမ့်မယ်လို့ ကျွန်တော်တို့ သူ့ကို ပြောခဲ့တယ်ဗျ"ဟု  ကိုစိုး ဝင်းငြိမ်းက ပြောပါသည်။တရုတ်တို့သည် မြန်မာနိုင်ငံ ဝယ် လွတ်လပ်ခွင့်များ တိုးချဲ့ခွင့်ပြု လာခြင်းကိုလည်း သတိနှင့်စောင့် ကြည့်လျက်ရှိ၏။"သူတို့က ကျွန်တော်တို့ကို တည်တည်ငြိမ်ငြိမ်ဖြစ်စေချင်တယ်။ ဒါပေမဲ့အရမ်း ဒီမိုကရေစီဆန်မသွား စချင်ဘူး။ ကျွန်တော်တို့ အစိုးရက စာပေစိစစ်တာတွေကို ရုပ်သိမ်း လိုက်တုန်းကဆိုရင် တရုတ်က လှိုက်လှိုက်လှဲလှဲ ထောက်ခံခဲ့တာ မဟုတ်ဘူး"ဟု စာနယ်ဇင်းနည်း ပြဆရာ ကိုရဲနိုင်မိုးက ပြောသည်။

ကိုရဲနိုင်မိုးသည် ပုဂ္ဂလိက သတင်းသမားများကိုသာမကအစိုး ရသတင်းသမားများကိုပါ သတင်း စာပညာများ သင်ကြားပေးနေသူ တစ်ဦး ဖြစ်ပါသည်။ တရုတ်တို့၏ သံသယသည် စိုးရိမ်မှု၏ အစိတ် အပိုင်း ဖြစ်သည်။"တရုတ်ကို မကြိုက်ကြဘူး။ ကျူးကျော်လာသလိုခံစားရတယ်"ဟု အသက် ၃၈ နှစ်ရှိပြီဖြစ်သည့် မန္တလေးမှ ဒီဂျေရန်နိုင်က ပြော သည်။ ၁၉၈၄ ခုနှစ်တွင်လောင်ကျွမ်း ခဲ့သောမီးမှအစပြုကာ မန္တလေးသို့ တရုတ်များ ဝင်ရောက်အခြေစိုက် လာခဲ့ကြ၏။

"သူတို့ပေးတဲ့ဈေးတွေကို မြန် မာတွေယှဉ်မပေးနိုင်ကြဘူး။ ဒီ တော့ကာ မြန်မာတွေမြို့ထဲက အိမ် တွေကိုရောင်းပြီး မြို့ပြင်ရောက်ကုန် ကြတော့တာပေါ့။ အတင်းပြောင်း ခိုင်းတာတွေလည်း ပါသေးတယ်" ဟု မန္တလေးမှ စာနယ်ဇင်းဆရာ ကျော်ရင်မြင့်က ပြောပါသည်။အနောက်နိုင်ငံတို့၏ စီးပွား ရေးပိတ်ဆို့မှုတွန်းအားများကြောင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှား သူများပြိုကွဲကြချိန်ဖြစ်သည့် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် တရုတ်တို့ မန္တလေးသို့ အစုလိုက်အပြုံလိုက် ပိုမိုဝင်ရောက်လာကြသည်။

 အ နောက်နိုင်ငံများ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လူ့အခွင့်အရေး ဆိုင်ရာ အဆိုပြုချက်များကိုလည်း ကုလသမဂ္ဂတွင် တရုတ်တို့က ဗီတို အာဏာဖြင့် ပယ်ဖျက်ခဲ့ကြသေး သည်။ငွေနောက်လိုက်သည့် အကျင့် စရိုက်တစ်မျိုး မြန်မာတွင်ပေါ်ပေါက် လာခဲ့၏။ ဒေသခံများအဆိုအရ တရုတ်တို့၏ မီးအိမ်နီများ၊ အသား ကင်ဆိုင်များ၊ ခြင်္သေ့အကများနှင့် ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ၊ မြန်မာအမျိုးသမီးတို့ကို လူကုန် ကူးမှုများသည် မြန်မာနိုင်ငံမြောက် ပိုင်းတွင် ပျံ့နှံ့လွှမ်းမိုးခဲ့သည်ဆို၏။ ၂ဝ၁၂ ခုနှစ်တွင် မြန်မာနိုင်ငံရဲတပ် ဖွဲ့၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ တွင်ပေါ်ပေါက်ခဲ့သော လူကုန်ကူးမှု တို့၏ ၈ဝ ရာခိုင်နှုန်းသည် တရုတ် နိုင်ငံသို့တင်ပို့ခြင်းများ ဖြစ်သည်ဆို ၏။

"မြန်မာတွေဟာ တရုတ်တွေ ရဲ့ ထွေးပိုက်မှုကနေရုန်းထွက်ချင် နေကြပါတယ်"ဟု သြစတြေးလျ စစ်တက္ကသိုလ်မှ အကြီးတန်း ကထိ က မော်တန် ပက်ဒါဆန်က ပြော သည်။ "မြန်မာတွေဟာ သူတို့ အပေါ် စီးပွားရေးပိတ်ဆို့တာတွေကို ဒေါသထွက်ကြပေမယ့် ဒါဟာ အ နောက်နိုင်ငံတွေကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ကိုယ်ပိုင်အုပ်ချုပ် ခွင့်၊ လွတ်လပ်ခွင့်တွေနဲ့ပတ်သက် တဲ့ ထုံးတမ်းစဉ်လာ အမြင်တစ်ခု သူတို့မှာရှိနေပြီး အဲဒါကို အဆုံး ရှုံးခံနေရတယ်လို့ သူတို့ မြင်နေကြ တယ်"ဟု မော်တန်ပက်ဒါဆန်က ပြောပါသည်။

ဟက်ကာ
[မှတ်ချက် - Los Angeles Times သတင်းစာ၏ အရှေ့တောင်အာရှ ဆိုင်ရာ ဌာနမှူး Mark Magnier ရေးသားသော "Myanmar pivots uneasily away from China" ဆောင်းပါးကို
ဆီလျော်အောင် မြန်မာပြန်သည်။]

ပေါ်ပြူလာဂျာနယ်..