ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) ဧပြီ ၅၊ ၂၀၁၃ "တပေါင်းတန်ခူး မိုးသားကြူး၊ ကဆုန်နယုန် ဆွေ့ဆွေ့ခုန်" စသည့်ဆိုရိုးစကားအတိုင်း မြန်မာနိုင်ငံ အတွက် အပူပြင်းဆုံးကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ ပူပြင်းလှသော နေမင်းကြီး၏ အပူဒါဏ်အပြင် ယခုနှစ်တွင် UV (ခ) ခရမ်းလွန်ရောင်ခြည်သည်လည်း မြန်မာပြည်အတွင်းတွင်  ပမာဏများပြားစွာ အလွန် အမင်း ကျရောက်နေခဲ့လေပြီဖြစ်သည်။ မြန်မာပြည်အရပ်ဒေသ အသီသီးတို့တွင်လည်း ရန်သူမျိုးငါးပါး ဒါဏ်အား အလူးအလဲ ခံစားနေရပြီဖြစ်သည်။ မတ်လဆန်းပိုင်းတွင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌနှင့် အသင်းသူ/သား များသည် မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မူဆယ်မြို့များသို့ သွားရောက်၍ လူမှုရေး ဟောပြောပွဲများ၊ နယ်အသီးသီးရှိ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲများပြုလုပ်ရန်အတွက် ဗြဟ္မစိုရ် ခြေလှမ်းများဖြင့် ခရီးသွားခဲ့ကြရာတွင် တစ်ဖက်နိုင်ငံဖြစ်သော [...]

Read more of this post