သစ်ထူးလွင်

သစ်ထူးလွင်


ငြိမ်းချမ်းရေးဆွေးနွေးပွဲ အမြန်လုပ်ဖို့ ကချင်ဒေသခံတွေလိုလား

Posted: 08 Apr 2013 06:06 AM PDT

ကချင် လွတ်မြောက်ရေး အဖွဲ့ KIO နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးဖို့ တိတိကျကျ ရက်သတ်မှတ်နိုင်ခြင်း မရှိသေးတဲ့အပေါ်  နယ်မြေ မငြိမ်သက်မှုကြောင့် ဒုက္ခရောက်နေရတဲ့ ကချင်ပြည်သူလူထုက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အမြန်ဆုံးဖြစ်ပေါ်ဖို့ တောင်းဆိုနေကြပါတယ်။ မိုးရာသီ နီးလာပြီဖြစ်တဲ့အတွက် ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးခိုလှုံနေရတဲ့ ကချင်စစ်ပြေး ဒုက္ခသည်တွေအတွက်လည်း နေစရာ အခက်အခဲနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အရေးပေါ် အကူအညီတွေ အရေးတကြီး လိုအပ်နေချိန်လည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေ ရပ်စဲနိုင်ဖို့အရေး ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးကြဖို့ ပထမဆုံးအကြိမ် KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ဆုံကြဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။

အရင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေတုန်းကတော့  တရုတ်အစိုးရရဲ့ စီစဉ်မှုနဲ့ တရုတ်ပြည်နယ် ရွှေလီမြို့မှာ ပြုလုပ်ခဲ့ပေမဲ့ ပြည်တွင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စီစဉ်တာကတော့ ဒါပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုအချိန်အထိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ဖို့ နှစ်ဘက်စလုံးက ရက်အတိအကျ မသတ်မှတ်နိုင်သေးတဲ့အပေါ် ကချင်အရေး လှုပ်ရှားသူတွေနဲ့ ဒေသခံ ကချင်ပြည်သူလူထုက စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုကို သက်သေထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အမြန်ဆုံး ဖြစ်ပေါ်စေချင်ပါတယ်လို့ ကချင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

"လွန်ခဲ့တဲ့ ၆ ရက်နေ့ စနေနေ့မှာ ဆွေးနွေးဖို့ လုပ်ထားတာပေါ့နော်။ ဒါပေမဲ့ အဲ့ဒီနေ့ကတော့ မဆွေးနွေးဖြစ်ဘူး။ ကြားနေမယ့် သက်သေတွေ မရောက်လို့လို့ ပြောပါတယ်။ ကျမအနေနဲ့ကတော့ ဘာပဲပြောပြော KIA အနေနဲ့လည်း အရင် တပ်မတော်နဲ့တုန်းက တိုက်ခိုက်ခဲ့တုန်းကလည်း ဘယ်သူမှ ပါဝင်ခဲ့တာမရှိဘူး။ ဘယ်နိုင်ငံကမှ ကူညီခဲ့တာ မရှိဘူး။ ကိုယ့်ဟာကိုယ်ပဲ ဆောင်ရွက်ခဲ့တယ်။ အခု တွေ့ဆုံဆွေးနွေးပွဲတွေလည်း ဘာပဲပြောပြော ပြည်သူလူထုကို သက်သေထားပြီးမှ ဆောင်ရွက်ရင် ပိုပြီးမှ ကောင်းမယ်လို့ ကျမကတော့ မြင်ပါတယ်။ တခြားနိုင်ငံတကာက လာရောက်ပြီး နားထောင်မယ်ဆိုတာလည်း ကောင်းပါတယ်။ ဒါပေမဲ့ သူတို့မရောက်လို့ ကျမတို့ရဲ့ ဆွေးနွေးပွဲ မလုပ်နိုင်ဘူးဆိုတာကတော့ ပြည်သူလူထုနဲ့ ကျမတို့ ဒုက္ခသည်တွေအတွက် အင်မတန် နစ်နာပါတယ်။ ဘာလို့လဲဆိုတော့ လူထုကလည်း ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အမြန်ဆုံး ဖြစ်စေချင်ပါတယ်။ အဲ့ဒီမှာ မဖြစ်တော့ဘူးဆိုတော့ ကျမတို့အစ ပြည်သူလူထုအားလုံးက စိတ်အားလျော့သွားရှိပါတယ်။ ကျမတို့ ပြည်သူလူထုတရပ်လုံးကို သက်သေထားပြီးမှ ဆွေးနွေးစေချင်ပါတယ်။ ဒါကတော့ နှစ်ဘက်စလုံးကို တိုက်တွန်းတာပါ။"

ကချင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးကြတဲ့အခါ စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ လုံးဝအပစ်အခတ် ရပ်ဆဲနိုင်ရေးအပါအဝင် ဒုက္ခသည်တွေအတွက် အရေးအတကြီး လိုအပ်နေတဲ့ အခက်အခဲတွေ စိတ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ရေးအပါအဝင် မိမိတိုရဲ့ နေအိမ်တွေကို စိတ်ချလုံခြုံစွာ ပြန်ပြီးတော့ နေထိုင်ရေးနဲ့ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့အတူ ပညာရေး၊ စီးပွားရေး ပြန်ပြီးတော့ လုပ်ကိုင်နိုင်ဖို့ အလုပ်အကိုင် ဖန်တီးပေးနိုင်ဖို့ အကူအညီတွေကို အဓိကဆွေးနွေးစေချင်တယ်လို့လည်း ကချင်လွှတ်တော်အမတ် ဒေါ်ဒွဲဘူ က ပြောပါတယ်။

"KIA KIO နဲ့ အစိုးရအဖွဲ့တို့ ဆွေးနွေးတဲ့အခါ အဓိကကတော့ ဒီဒုက္ခသည်ကိစ္စတွေလည်း စဉ်းစားပေးဖို့ လိုအပ်တာပေါ့နော်။ သူတို့က အခုအချိန်ထိ နေရပ်ဆီ မပြန်နိုင်ဘူးဆိုတာ အပစ်အခတ်ရပ်ဆိုင်းရေး လက်မှတ်မထိုးသေးတဲ့အတွက် ဖြစ်တယ်။ အဲ့တော့ အပစ်အခတ် ရပ်ဆိုင်းရေး လက်မှတ်ရေးထိုးပြီးဆိုရင်တော့ မိသားစုအားလုံး ကိုယ့်ရွာကိုယ် ပြန်နိုင်တော့ရင် ဒါ အကောင်းဆုံးပါပဲ။"

အခုအချိန်မှာ ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် နယ်မြေ မအေးချမ်းသေးတဲ့အတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ကချင်ပြည်သူလူထုအနေနဲ့ မိုးရာသီကာလမှာ နေစရာ အခက်အခဲများစွာ ကြုံနေရပြီး ကလေးတွေအတွက် ကျမ်းမာရေး စောင့်ရှောက်မှုနဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့  မြစ်ကြီးနားဒေသခံ ကချင်အမျိုးသမီးကြီးဖြစ်တဲ့ ဒေါ်ဂျာအောင်က ပြောပါတယ်။

"ပန်ဝါဘက် နယ်စွန်နယ်ဖျားဘက်တွေမှာ အစိုးရတပ်တွေက KIA စခန်းတွေကို ရွှေ့ပြီးမှ သူတို့စခန်းတွေကို သိမ်းပိုက်တာတွေ အဲ့ဒါတွေ ကြားတယ်လေ။ လိုအပ်တာကတော့ အကုန်လုံး လိုအပ်တာပဲလေ။ စားဝတ်နေရေးတွေ အကုန်လုံး လိုတာပေါ့။ သူတို့က အများအားဖြင့်တော့ အစားအသောက်တွေ၊ အ၀တ်တွေ လိုမှာပေါ့လေ။ ဘုရားရှိခိုးကျောင်းမှာဆိုရင်တော့ အသင်းတော်မှာဆိုရင်တော့ အ၀တ်အစားတွေ ပြောကြတယ်လေ။ ကလေးတွေက အ၀တ်အစားတွေ အများအားဖြင့် လိုအပ်တာပေါ့။"

အခုအချိန်အခါမှာတော့ ကချင်ဒုက္ခသည်တွေအတွက် ကချင်အရေးလှုပ်ရှားသူတွေနဲ့ ပြည်တွင်းအလှူရှင်တွေ ပူးပေါင်း ကူညီဆောင်ရွက်နေကြပြီး ဒုက္ခသည်တွေအတွက် မိုးတွင်းကာလမှာ  နေစရာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေါ်ဒွဲဘူ က ဆိုပါတယ်။

"မိုးတွင်းရောက်လာရင်တော့ တော်တော်လေး ခက်ခဲမှာပေါ့နော်။ နေတာထိုင်တာရော၊ စားတာသောက်တာရော၊ အမိုးအကာတွေ မလုံနိုင်ဘူးပေါ့။ ဒုက္ခသည်တွေ ဒီမိုးတွင်းမှာတော့ လုံခြုံတဲ့နေရာမှာဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ့်နေရပ်ဆီ ပြန်နိုင်တဲ့အထိ လုပ်ပေးနိုင်ရင်တော့ ပိုကောင်းမယ်လို့ ကျမ အဲ့လိုပဲ မျှော်လင့်ပါတယ်။"

KIO နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် တရုတ်-မြန်မာနယ်စပ်အပါအဝင် ကချင်ပြည်နယ်တွင်း ကချင်လက်နက်ကိုင်တွေ ထိန်းချုပ်ရာနယ်မြေနဲ့ အစိုးရထိန်းချုပ်ရာ နယ်မြေတွေက ဒုက္ခသည်စခန်းတွေမှာ စစ်ပြေးဒုက္ခသည်ဦးရေဟာ တစ်သိန်းကျော်ရှိနေပြီဖြစ်ပြီး၊ အခုလို နှစ်ဘက် တွေ့ဆုံမှုတွေလုပ်ဖို့ ပြင်ဆင်နေကြချိန်မှာဘဲ ပြီးခဲ့တဲ့ မတ်လလယ်ပိုင်းတုန်းက ကချင်တပ်တွေနဲ့ အစိုးရတပ်တွေကြား ကချင်ပြည်နယ် ပန်ဝါဒေသနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်ပွားခဲ့ပြီး နယ်မြေ လုံခြုံရေးအခြေအနေဟာ တည်ငြိမ်မှု မရှိသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

မဆုမွန် (ဗွီအိုအေ)


ရန်ကုန်တိုင်း ဒေသအချို့မှာ နွေရာသီ ကန်ရေတွေ ခန်းခြောက်မှု (ရုပ်/သံ)

Posted: 08 Apr 2013 05:59 AM PDT

ရန်ကုန်တိုင်း ဒေသအချို့မှာ နွေရာသီ ကန်ရေတွေ ခန်းခြောက်မှုတွေနဲ့ နေ့အပူချိန် မြင့်မားတာကြောင့် ကာယ လုပ်သားတွေ ကျန်းမာရေး ထိခိုက်မှုတွေ ရှိနေပါတယ်။ ဒေါ်ခင်ရူပါ သတင်းပေးပို့ထားပါတယ်။ ရိုက်ကူး ရီဘွန်း

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




အစီရင်ခံစာထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲ တစ်ဝက်တစ်ပျက်နဲ့ ရပ်ဆိုင်းခဲ့ရ

Posted: 08 Apr 2013 05:46 AM PDT

လက်ပံတောင်းတောင်အနီး က ဒေသခံ ၄၀ဝ ခန့် ပါဝင်ပြီး ယနေ့ပြုလုပ် တဲ့ လက်ပံတောင်းတောင် အစီရင်ခံစာ ထောက်ခံပွဲဟာ မပြီးဆုံးခဲ့တဲ့ တစ်ဝက်တစ် ပျက်နဲ့ ရပ်နားခဲ့ ရတယ်လို့ ထောက်ခံပွဲကို ပါဝင်ခဲ့သူ အချို့ထံက သိရပါတယ်။ "တုံရွာနဲ့ လယ်တီရွာကြား အရောက် မှာ ဘုန်းကြီးတစ်ပါး လာရောက် ဆူပူအော် ဟစ်ခဲ့တော့ ရွာသားတွေက လန့်ပြီးဆက်မ လုပ်တော့ဘဲ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ညလုံးပေါက် အချိန်ပို မဆင်းနိုင်လို့ ဆန္ဒပြ

Posted: 08 Apr 2013 05:34 AM PDT

စက်ရုံ အလုပ်သမားတွေကို ညလုံးပေါက် အချိန်ပို ဆင်းခိုင်းတာကစပြီး လစာတိုးပေး ဖို့အတွက် ဆန္ဒပြတောင်းဆို နေကြပါတယ်။ လှိုင်သာယာစက်မှုဇုန် (၂) Synergy အထည်ချုပ် စက်ရုံမှာ အလုပ်သမား ၇၀ဝ ဝန်းကျင်က စက်ရုံဝန်း အတွင်းမှာ ဆန္ဒပြ တောင်းဆိုနေကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ -  Kumudra

ရန်ကုန်တိုင်း ဒေသအချို့တွင် သောက်သုံးရေ ရှားပါး

Posted: 08 Apr 2013 05:24 AM PDT

ရန်ကုန်တိုင်း ဒေသအချို့မှာ နွေရာသီ ကန်ရေတွေ ခန်းခြောက်မှုတွေကြောင့် သောက်ရေသုံးရေ ရှားပါးမှုဒဏ်ခံနေကြရသလို နေ့အပူချိန် မြင့်မားတာကြောင့် ကာယလုပ်သားတွေ ကျန်းမာရေးထိခိုက်မှုတွေ ရှိနေပါတယ်။ ရန်ကုန်တိုင်း ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တွေမှာ နွေရာသီရောက်တိုင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တရုတ်တွင် ကြက်ငှက်တုပ်ကွေး ကူးစက်ခံရသူ အရေအတွက်တိုးမြင့်

Posted: 08 Apr 2013 03:30 AM PDT

တရုတ်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေး ရောဂါကြောင့် လူ ၆ ဦး သေဆုံးသွားပြီး ကူးစက်ခံရသူ ၂၁ ဦးထိ အရေအတွက် တိုးမြင့် လာနေပါတယ်။ တရုတ်ပြည် အရှေ့ပိုင်းက လူတွေဆီမှာ ပထမ ဆုံးတွေ့ရှိရတဲ့ ကြက်ငှက်တုပ်ကွေး မျိုးဗီဇဟာ ထိန်းသိမ်းမရတဲ့ ကိစ္စတခု မဟုတ်ပါဘူးလို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ဒီနေ့ ပြောကြား လိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ကြက်တုပ်ကွေးကြောင့် မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့တွင် ပထမဆုံး လူသေဆုံး

Posted: 08 Apr 2013 03:22 AM PDT

ကြက်တုပ်ကွေးကြောင့် မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ပထမဆုံး လူတစ်ဦး သေဆုံးခဲ့သည်။ H5N1သေဆုံးသူမှာ ၂၃ လ အရွယ် ကလေးငယ် တစ်ဦး ဖြစ်ကြောင်း၊ အဆိုပါ ကလေးငယ်မှာ ဒက္ကားမြို့ တောင်ဘက် မိုင်အနည်းငယ် အကွာတွင် တည်ရှိသော ကိုမီလာခရိုင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




လှုပ်ရှားတက်ကြွသူ နောက်ထပ် ၄ ဦးကို တရားစွဲ

Posted: 08 Apr 2013 01:30 AM PDT

အင်းစိန်ထောင်မှာ ဖမ်းဆီး ခံထားရတဲ့ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေး ကော်မတီ)ရဲ့ အထွေထွေ အတွင်းရေးမှူး ကိုရဲမင်းဦးရဲ့ လုပ်ဖော်ကိုင်ဖက် ၄ ဦးကို အမှုဖွင့် တရားစွဲ ထားတယ်လို့ သိရပါတယ်။ တရားစွဲ ခံထားရသူ ၄ ဦးကတော့ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကိုရဲမင်းဦး

ရထားလမ်းကြံ့ခိုင်မှုအားနည်းခြင်းကြောင့် ရထားဘီးလမ်းချော်မှုများဖြစ်ပေါ်နေ

Posted: 08 Apr 2013 12:57 AM PDT

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာသို့ မြန်မာ့မီးရထား ပို့ဆောင်ရေးဌာနမှ အစုန် အဆန် ရထား ၂ စင်းဖြင့် တစ်နေ့လျှင် နှစ်ကြိမ်စီ ပုံမှန်ပြေးဆွဲ ပေးလျက်ရှိသော်လည်း အဆိုပါ ရထားလမ်းပိုင်းမှာ ကြံ့ခိုင်မှု အားနည်း လာခြင်း ကြောင့် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ရထားကြိတ်မိ၍ သေဆုံး/ဒဏ်ရာရ

Posted: 08 Apr 2013 12:47 AM PDT

၆-၄-၂၀၁၃ ရက်နေ့ ၂၂၃၀ အချိန် ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့၊ အောင်သုခ ဘူတာအနီး လူ ၁ ဦး ရထား ကြိတ်ခံရကြောင်း သတင်းအရ သန်လျင်ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ အောင်သုခ ဘူတာနှင့် အုတ်ဖိုစု ဘူတာကြား မိုင်တိုင်အမှတ်(၁၄/၁၂-၁၃) ကြားတွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဧပြီလ (၁၀)ရက်နေ့ ထုတ် Mobile Guide ဂျာနယ် အတွဲ (၁)၊ အမှတ် (၉၉)

Posted: 08 Apr 2013 12:36 AM PDT

ဧပြီလ (၁၀)ရက်နေ့ ထုတ် Mobile Guide ဂျာနယ် အတွဲ (၁)၊ အမှတ် (၉၉)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဧပြီလ (၁၀)ရက်နေ့ ထုတ် Smart Pro ဂျာနယ် အတွဲ (၁)၊ အမှတ် (၁၂)

Posted: 08 Apr 2013 12:34 AM PDT

ဧပြီလ (၁၀)ရက်နေ့ ထုတ် Smart Pro ဂျာနယ် အတွဲ (၁)၊ အမှတ် (၁၂)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မြောက်ကိုရီးယား ဒုံးလက်နက်ပစ်လွှတ်နိုင်ခြေရှိ

Posted: 07 Apr 2013 08:10 PM PDT

မြောက်ကိုရီးယား အစိုးရက မြို့တော် ပြုံယမ်းမှာရှိတဲ့ နိုင်ငံခြား သံရုံးတွေရဲ့ လုံခြုံရေးကို သိပ်မကြာခင်အချိန်မှာ အာမ မခံနိုင် တော့ဘူးလို့ သတိပေး လိုက်တဲ့အတွက်၊ မြောက်ကိုရီး ယားနိုင်ငံဟာ နောက်ထပ်ဒုံးကျည်စမ်း သပ်ပစ်လွှတ်တာ ဒါမှမဟုတ် ရန်စတာတွေ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မြောက်ကိုရီးယား မစ်ဇိုင်းဒုံး။

ကိုင်ရိုမှာ ဆူပူ

Posted: 07 Apr 2013 08:00 PM PDT

သောကြာနေ့က ဘာသာရေး အဓိကရုဏ်းမှာ သေဆုံးခဲ့တဲ့ ကော့ပတစ် ခရစ်ယာန် ဘာသာဝင် ၄ ဦးရဲ့ အသုဘ ဝတ်ပြုဆုတောင်း အပြီးမှာပဲ အီဂျစ် နိုင်ငံ ကိုင်ရို မြို့တော်မှာ ဆူပူမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ လူတဦး သေဆုံးတယ်လို့ အာဏာပိုင် များက ထုတ်ပြန်ခဲ့ပြီး အနည်းဆုံး ၆၅ ယောက် ဒဏ်ရာ ရရှိကြောင်း သတင်းရရှိ ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရဲက မျက်ရည်ယိုဗုံးနဲ့ လူစုခွဲ

လား . . . ပေါင်းများစွာနှင့် ကျပ် ၁၅၀၀ တန်ဖုန်း

Posted: 07 Apr 2013 01:19 PM PDT

ကမ္ဘာ့ပေါ်တွင် ပထမဆုံး မိုဘိုင်းလ်ဖုန်း စတင်တီထွင်ခဲ့သည့် ၁၉၇၃ခုနှစ်ဧပြီလ ၃ရက်နေ့မှ နှစ်ပေါင်း၄၀ တိတိ ပြည့်ချိန်တွင် မြန်မာနိုင်ငံတွင် ကျပ်၁၅၀၀ နှုန်းဖြင့် မိုဘိုင်းလ်ဖုန်းများကို ၂၀၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှ စတင်ကာ ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန်ကြေညာလိုက်ပြီး နောက်ပိုင်း ၁၅၀၀တန်ဖုန်းနှင့် ပတ်သက်သည့် မေးခွန်းပေါင်းများစွာ ပြည်သူလူထု အကြား ထွက်ပေါ်လာသည်။

G လား . . . C လား . . .
........................

မူလက GSM ဖုန်းများသာ ရောင်းချထား ပေးမည် ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းကြောင့် လူအများစုက GSM သာ ချထားပေးမည်ဟု ထင်ကြသည်။

သို့သော် မြန်မာ့ဆက်သွယ်ရေးက ရောင်းချထားပေးမည့် မိုဘိုင်းလ်ဖုန်းများတွင် GSM 3G အမျိုးအစားဖြစ်သော WCDMA 3G ရော၊ CDMA 800 MHz ရော ပါဝင်မည်ဖြစ် သော်လည်း CDMA 800 MHz ကိုသာ ဦးစားပေးရောင်းချထား မည်ဖြစ်ပြီး WCDMA 3G များကို CDMA 800 ကွန်ရက် မရှိသည့် နေရာများတွင်သာ ရောင်းချထားပေးမည် ဖြစ်သည်။

WCDMA 3G ကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ် ဒေသ အချို့ကို ဦးစားပေးကာ အလုံအလောက် ရောင်းချသွားရန် စီစဉ်ထားပြီး အဆိုပါ လိုင်းကတ်များကို တစ်နိုင်ငံလုံးကို သယ်ယူ အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားသည်။

အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တစ်လလျှင် CDMA 800 MHz လိုင်းကတ် သုံးသိန်းငါးသောင်း ရောင်းချသွား မည်ဖြစ်ပြီး ယင်းလိုင်းကတ်များမှာ CDMA 450 MHz ကွန်ရက်တွင် ဝင်ရောက်အသုံးပြု နိုင်မည်မဟုတ်ကြောင်း ၄င်းက ရှင်းပြသည်။
"GSM တွေကလည်း နောက်နှစ်လ လောက်ဆို လိုသလောက် ရောင်းနိုင်ဖို့ ပြင်ထားပါတယ်။ သိပ်မကြာပါဘူး လာပါလိမ့်မယ်"ဟု ၄င်းကဖြည့်စွက် ပြောကြားသည်။

ကန့်သတ်ချက်အနေနှင့် ဖုန်းကတ် ဝယ်ယူပြီး ၁၅ရက်အတွင်း ၅၀၀၀ ကျပ်တန် ကြိုတင်ငွေဖြည့်ကတ် ထည့်သွင်း အသုံးပြုရမည် ဖြစ်ပြီး တစ်လလျှင် ၂၅၀၀ ကျပ်ဖိုး အသုံးပြုရမည် ဖြစ်ကြောင်း၊ နှစ်လပြည့်ချိန်တွင် စတင်ဖြည့်ထားသည့် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ်မှ အသုံးမပြုဖြစ်ဘဲ ကျန်ငွေများ ရှိနေသေးပါက ဖြတ်တောက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး ၏ ကြေညာချက်တွင် ပါရှိသည်။

လိုင်းကျပ်မှာလား
...................

"ဖုန်းစရောင်းချိန်မှာ မြို့ကြီးတွေမှာ လိုင်းကျပ်မှု ပြဿနာတွေ ကြုံတွေ့မယ် ထင်တယ်။ နောက်ပိုင်းမှာ အဆင်ပြေသွားနိုင် တယ်"ဟု အိုင်တီပညာရှင် ဦးရဲမြတ်သူက ပြောကြားသည်။
ဖုန်းခေါ်ဆိုရာတွင် ကြည်လင်ပြတ်သားမှု မရှိခြင်း၊ ဖုန်းလိုင်းမကြာခဏကျခြင်း၊ အခန်းအတွင်းမှ အလွယ်တကူပြော၍ မရဘဲ အများအားဖြင့် အိမ်ပြင်ထွက် ပြောရခြင်း၊ မြို့တွင်းတွင် ရှိနေသော်လည်း ဆက်သွယ်မှု ဧရိယာ ရောက်နေသဖြင့် ခေါ်ဆိုမရကြောင်းသာ ဖြေကြားနေခြင်း စသည့် ဝန်ဆောင်မှုပိုင်း အားနည်းချက်များကြောင့် ဖုန်းလိုင်းအသစ် ထပ်တိုးတိုင်း ပြည်သူလူထုမှာ လိုင်းကျပ်ပြီး ခေါ်ဆိုမရ ဖြစ်မည်ကို စိုးရိမ်သောက ဖြစ်လေ့ရှိသည်။

ယခုလည်း GSM ထက် CDMA က လိုင်းပိုမိသည်ဆိုသဖြင့် CDMA ဝယ်ထား ကြသူများမှာ CDMA လိုင်းများထပ်မံချ ထားပေးမည်ဆို၍ လိုင်းကျပ်ပြီး အလုပ် မဖြစ်မည်ကို စိုးရိမ်နေကြသည်။
"လိုင်းကတော့ CDMA နဲ့ GSM နဲ့က မတူဘူးလေ။ CDMA တာဝါတိုင် တစ်ခုဆိုရင် သူ့ရဲ့ ကွန်ရက်လွှမ်းခြုံနိုင်မှုက GSM ထက်ပိုကျယ်တယ်။ အဲ့ဒီတော့ လူနေ ပြန့်တဲ့ ဒေသတွေမှာ CDMA နဲ့ မြို့ကြီး တွေမှာ GSM ကို ဦးစားပေးချထားရင် အဆင်ပြေမယ်ထင်တယ်။ လိုင်းကျပ်တာက အစပိုင်းလောက်တော့ ရှိနိုင်တယ်။ ဒါပေမဲ့ သူတို့ဖြေရှင်းလိုက်ရင် ခဏပါ" ဟု ဦးရဲမြတ်သူ က သုံးသပ်ပြသည်။

လက်ရှိမြန်မာနိုင်ငံ
....................

အနေအထားအရ CDMA 800 MHz မှာ အသုံးပြုမှု နည်းပါးနေသေးပြီး လိုင်းအင်အားတိုးချဲ့မှု အလုံအလောက် ပြုလုပ်ထား၍ လိုင်းမကျပ်နိုင်ကြောင်း၊ ယင်းအပြင် လိုင်းအရည်အသွေးတွင် GSM/3G လိုင်းများထက် ပိုမိုကောင်းမွန်နိုင်ပြီး ဆက်လက်၍လည်း ကွန်ရက်များ တိုးချဲ့ သွားရန်ရှိသဖြင့် လိုင်းကျပ်စရာ မရှိကြောင်း အိုင်တီပညာရှင်များက ပြောကြားသည်။

"800 MHz ကွန်ရက်တွေက တော်တော်များများ ပြင်ဆင်ပြီး ဖြစ်လို့ လိုင်းကျပ်စရာတော့ မရှိပါဘူး။ နောက်ပြီး MEC က လိုင်းတွေ ထပ်ချဲ့ဖို့ မြန်မာ့ဆက်သွယ်ရေးနဲ့ သဘောတူထားတယ်။ တာဝါတိုင်တွေ အဆောက်အအုံတွေ အသုံးပြုခွင့်ပေါ့။ အဲ့တော့ ရောင်းနေရင်းနဲ့ ကွန်ရက်ကို ထပ်ချဲ့သွားမှာ ဆိုတော့ လိုင်းကျပ်စရာ မရှိပါဘူး" ဟု မကွေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး မြို့နယ်တာဝန်ခံ အင်ဂျင်နီယာက ရှင်းပြသည်။

Sim Card များ ရရှိပြီးနောက် ဖုန်းလိုင်းများ ကျပ်တည်းမှု မရှိစေရေးအတွက် လည်း ကြိုတင်စီမံ ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း နိုင်ငံတော်သမ္မတကြီး ကလည်း မတ်လ ၂၉ရက်နေ့က ပြောကြားထားသည်။

အဝင်ခေါ်ဆိုခ ပေးရမှာလား
...............................

ဧပြီလ ၂၄ရက်နေ့တွင် စတင်ရောင်းချမည့် မိုဘိုင်းဖုန်းများမှာ ပြည်သူလူထု မျှော်လင့်ထားသည့် နှုန်းထားထက် များစွာ ဈေးနှုန်းချိုသာနေသဖြင့် ဖုန်းခေါ်ဆိုခများ သီးခြားတိုးမြှင့် ကောက်ခံမည်၊ အဝင်ခေါ်ဆိုခ ပေးရမည် စသဖြင့် ပြည်သူများအကြား ထင်ကြေးသတင်းများ ပျံ့နှံ့လျက်ရှိသည်။

ယင်းနှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းကို ဆက်သွယ်မေးမြန်းရာ ဖုန်းခေါ်ဆိုခ နှုန်းထားများကို မူလအတိုင်း တစ်မိနစ် ကျပ် ၅၀နှုန်းဖြင့်သာ ကောက်ခံမည်ဖြစ်ပြီး အဝင်ခေါ်ဆိုခကို ကောက်ခံမည် မဟုတ်ကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားသည်။

သို့သော် ကန့်သတ်ချက်အနေနှင့် ဖုန်းလက်လွှဲလက်ပြောင်း ရောင်းချမှု မရှိစေရန် ဖုန်းကတ်ဝယ်ပြီး ၁၅ရက်အတွင်း အနည်းဆုံး ငါးထောင်ကျပ်တန် ကြိုတင် ငွေဖြည့်ကတ်ထည့်၍ အသုံးပြုရမည်ဖြစ်ပြီး ၁၅ရက်အတွင်း အသုံးမပြုပါက အလိုအလျောက် လိုင်းပိတ်သိမ်းမည် ဖြစ်ကြောင်း၊ တစ်လလျှင် ၂၅၀၀ ကျပ်ဖိုး အသုံးပြုရမည်ဖြစ်ပြီး နှစ်လပြည့်ချိန်တွင် စတင်ဖြည့်ထားသည် ကျပ် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ်မှ အသုံးမပြုဖြစ်ဘဲ ကျန်ငွေများ ရှိနေသေးပါက ဖြတ်တောက် သွားမည် ဖြစ်ကြောင်းသာ မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ထားသည်။

အင်တာနက်ပါမှာလား
........................

မိုဘိုင်းဖုန်း ကိုင်ဆောင်သူ အများစုမှာ အင်တာနက်လျှောက်ထား အသုံးပြုလေ့ ရှိသဖြင့် ဖုန်းဝယ်ယူချိန်တွင် အင်တာနက်ပါ တစ်ပါတည်း ပါလာစေလိုကြရာ ယခု အသစ်ချထားပေးမည့် ၁၅၀၀ တန် မိုဘိုင်းလ် ဖုန်းများတွင် အင်တာနက်ပါလာမည်လား ဆိုသည့် မျှော်လင့်ချက်များ ရှိကြသည်။
"CDMA 800 MHz က အဓိက ဖုန်းပြောဖို့အတွက်ပဲ ရည်ရွယ်တယ်။ နယ်တွေမှာ လူတိုင်း အင်တာနက်သုံးမှာ မဟုတ်ဘူးလေ။ အင်တာနက် သုံးချင်လည်း သုံးလို့ရပါတယ်။ အဲတော့ သုံးချင်တဲ့သူ အတွက် သီးသန့်လျှောက်ဖို့တော့ လိုမယ်" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ရှင်းပြသည်။

လိုင်းဖွင့်ခနှုန်းထားကိုမူ ညွှန်ကြားချက် မလာသေးသဖြင့် ယခင်ကကဲ့သို့ ကျပ် တစ်သောင်း သတ်မှတ်မည်၊ မသတ်မှတ်မည် ကိုမူ မပြောနိုင်သေးကြောင်း ၄င်းက ဆိုသည်။

၁၀လုံးလား.. ၁၁လုံးလား
............................

မြန်မာနိုင်ငံတွင် ချထားပေးသည့် ဖုန်းအမျိုးအစား များသကဲ့သို့ ဖုန်းအမျိုး အစားပေါ်မူတည်ပြီး ဂဏန်းအရေအတွက် မှာလည်း ၀၉ အပါအဝင် ၉လုံး၊ ၁၀လုံး၊ ၁၁လုံးဟူ၍ရှိရာ ယခုချထားပေးမည့် ဖုန်း များမှာ ဂဏန်းအရေအတွက် မည်မျှဖြစ်မည် ဆိုသည်မှာလည်း စိတ်ဝင်စားဖွယ် ဖြစ်လာသည်။
မကွေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ၏ ပြောကြားချက်အရမူ ယခုချထားပေးမည့် CDMA 800 MHz ဖုန်းများမှာ ယခင် ကျပ်ငါးသိန်း ဖုန်းများကဲ့သို့ ၀၉၇၃ နှင့်စပြီး ၁၀ လုံး ဖြစ်မည်ဖြစ်ပြီး 3g WCDMA မှာလည်း ယခင် ကျပ်နှစ်သိန်းငါးသောင်း ဖုန်းများကဲ့သို့ ၀၉ အပါအဝင် ၁၁လုံးဖြစ်မည် ဖြစ်ကြောင်း ပြောဆိုသည်။
"ဂဏန်းထပ်တိုးဖို့ မရှိပါဘူး။ တိုးစရာလည်း မလိုပါဘူး" ဟု၎င်းကပြောဆိုသည်။

သိန်းလား.. သန်းလား
........................

ဖုန်းလိုင်းချထားပေးမှုနှင့် ပတ်သက်ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်တွင် လိုင်းရှစ်သန်း၊ ၂၀၁၄-၂၀၁၅တွင် လိုင်း ၁၈ သန်း စုစုပေါင်း ၂၆ သန်း တိုးချဲ့တပ်ဆင် ပေးသွားမည် ဖြစ်ပါကြောင်း၊ သိပ်သည်းဆအားဖြင့် ၂၀၁၂- ၂၀၁၃ တွင် ၁၀ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ တွင် ၂၇ ရာခိုင်နှုန်းနှင့် ၂၀၁၄-၂၀၁၅ တွင် ၅၀ ရာခိုင်နှုန်း ဖြစ်လာအောင် လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က မတ် ၂၉ ရက်နေ့ ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယင်းလျာထားချက်မှာ အနိမ့်ဆုံး ရည်မှန်းချက်ဖြစ်ပြီး ယင်းရည်မှန်းချက် ဖြစ်မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတကြီးက ဆိုသည်။
တစ်လလျှင် Sim Card ၃၅၀,၀၀၀ နှုန်းဖြင့် စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးမည် ဖြစ်ပြီး ရောင်းချပေးရာတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရ၏ အစီအမံဖြင့် ရောင်းချ ပေးမည် ဖြစ်ကြောင်း သမ္မတကြီးက ယင်း အစည်းအဝေးတွင် ပြောကြားထားသည်။

ယခုချထားပေးမည့် အစီအစဉ်မှာ CDMA ကို တစ်လလိုင်းကတ် ၃၅၀,၀၀၀ ချပေးမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်း ဒေသကြီးများကို အချိုးကျဖြန့်ချိမည် မဟုတ်ဘဲ လူဦးရေ အချိုးစားလိုက် လူနေ ထူထပ်သော ဒေသများကို အရေအတွက် ပိုမိုချထားပေးမည် ဖြစ်ကြောင်း ဦးဌေးဝင်း က ရှင်းပြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနေဖြင့် Sim Card များကို သတ်မှတ်ပေးထားသည့် ဈေးနှုန်းအတိုင်း ပြည်သူများထံ မှန်မှန်ကန်ကန်နှင့် မျှမျှတတ ဖြန့်ဝေပေးသွားရန် ဖြစ်ပါကြောင်း၊ Sim Card များ ကို လစဉ်ဈေးနှုန်း မပြောင်းလဲဘဲ ဖြန့်ဝေပေးမည် ဖြစ်သည့်အတွက် ယခုလ မရရှိပါ က နောက်လတွင် ရရှိမည်ဖြစ်ကြောင်း သမ္မတကြီးက ပြောကြားထားသည်။

Handset တွေ ဈေးတက်မှာလား
.....................................

မူလက GSM သာချပေးမည် ဆိုသည့် သတင်းကြောင့် မိုဘိုင်းလ်ဖုန်းဆိုင် အချို့ မှာ GSM များသာ ဝယ်ယူထားသဖြင့် မူလကတည်းက ဈေးကွက်အတွင်း များများ စားစား မတွေ့ရသည့် CDMA 800 MHz Handset များမှာ ဈေးနှုန်းမြင့်တက်ဖွယ် ရှိကြောင်း အများစုက ထင်ကြေးပေး ပြော ကြားကြသည်။
"ကတ်အရေအတွက် ဘယ်လောက် ပေးမယ်ဆိုတာ အဓိကကျပါတယ်။ CDMA 800 MHz က Handset မှာ GSM လောက် တော့ မော်ဒယ်မများဘူး။ ဒါပေမဲ့ ပစ္စည်းပြတ်မယ်တော့ မထင်ပါဘူး။ အလုံအလောက် Supply လုပ်နိုင်မှာပါ။ ဆင်းကတ် အလုံ အလောက် မရမှာဘဲ စိုးရိမ်ပါတယ်။ Handset ဈေးတွေကတော့ အနည်းဆုံး Huawei ကျပ်လေးသောင်းဝန်းကျင် ကနေ အများဆုံး HTC ကျပ်နှစ်သိန်းကျော် အထိ ရှိပါတယ်" ဟု လူကြီးမင်းဖုန်း ဆိုင်မှ အထွေထွေမန်နေဂျာ ဒေါ်ဇာခြည် က ဆိုသည်။

ယင်းသို့ပင် မန္တလေး မိုဘိုင်းလ်မားသား ဖုန်းဆိုင်မှ ဦးအောင်မြတ်ကိုကို ကလည်း မထင်ထားသည့် CDMA 800 MHz ကို အရင်ချပေးသဖြင့် Handset ဈေးကွက် နည်းနည်း ပြောင်းသွားနိုင်ကြောင်း၊ သို့သော် ဈေးတက်မည် မထင်ကြောင်း ရှင်းပြသည်။
"ခုကတော့ Handset ဈေးကွက်ကြီး ဖြစ်သွားပြီပေါ့။ အဲဒီမှာ ဒီလုပ်ငန်းကို တစ်ကယ် လုပ်တဲ့သူနဲ့ ငါးပွက်ရာ ငါးစာချတဲ့ စီးပွားရေးသမားတွေ ထိပ်တိုက်တွေ့မယ် ထင်ပါတယ်။ သုံးတဲ့သူ များလာတဲ့အတွက် Complaint တော့ များလာမှာပေါ့" ဟု ၄င်းက သုံးသပ်သည်။

ကနဦး အခြေအနေတွင် GSM ဖုန်းများ ထွက်ပေါ်မည်ဟု သတင်းများ ထွက်ပေါ်နေ၍ Handset အရောင်းဆိုင်များတွင် GSM Handset များကိုသာ ဝယ်ယူထားကြ ပြီး CDMA Handset က ဈေးကွက်အတွင်း အနည်းငယ်သာ ရှိသဖြင့် ရက်ပိုင်းအတွင်း CDMA Handset ဈေးကွက် လှုပ်ခတ်သွားနိုင်ကြောင်း စမ်းချောင်းမြို့နယ်ရှိ Win Mobile ဖုန်းဆိုင်မှ ဦးစိုးနောင်ဝင်းက ပြောကြားသည်။
"တစ်ရက်နှစ်ရက်တော့ အရမ်းလှုပ်သွားမယ်။ အချိန်ရသေးတဲ့ အတွက် ဈေးပြန်ကျမှာပါ" ဟု ၄င်းက ဆိုသည်။

ဖုန်းကတ်များ ရောင်းမည့်အချိန်နှင့် ရက်ပေါင်း ၂၀ ခန့်ကြိုတင် အသိပေးထားခြင်း ဖြစ်သဖြင့် Handset တင်သွင်းချိန် အလုံအလောက် ရရှိထားသဖြင့် ဈေးနှုန်း မြင့်တက်နိုင်ဖွယ် နည်းပါးကြောင်း လူကြီးမင်း ဖုန်းအရောင်းဆိုင်မှ အထွေထွေမန်နေဂျာ ဒေါ်ဇာခြည်မှ သုံးသပ်သည်။
CDMA Handset ဈေးနှုန်းများမှာ လက်ရှိပေါက်ဈေးအရ အနိမ့်ဆုံး ကျပ် လေးသောင်းမှ အမြင့်ဆုံးနှစ်သိန်း ဝန်းကျင်တွင် ရှိနေပြီး Handset များကို တရုတ် ပြည်သူ့သမ္မတနိုင်ငံက အများဆုံး တင်သွင်း ကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

GSM အမျိုးအစား WCDMA 3G လိုင်းကတ်များရောင်းချသော နယ်ဒေသ များတွင် GSM Handset များ ဈေးကွက်ရနိုင်မည် ဖြစ်ကြောင်း ဦးစိုးနောင်ဝင်းက ဆိုသည်။
"GSM မကြာမီမှာ ရောင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အတွက် GSM Handset လှောင်ထားတဲ့ သူတွေက ကိုင်ထားလက်စနဲ့ ဆက်ကိုင်ထားလိမ့်မယ်" ဟု ၄င်းက ထပ်မံပြောကြားသည်။

သို့သော် CDMA အတွက် Handset အမြင့်များ ပြည်တွင်းဈေးကွက်တွင် နည်းပါးသဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တင်သွင်းထားသည့် Handset များသာ ဝယ်ယူအသုံးပြုရမည် ဖြစ်ပြီး အင်တာနက် လိုင်းတွင် GSM/3G တို့ထက် နှေးကွေးမည် ဖြစ်ကြောင်း အိုင်တီပညာရှင်များက ဆိုသည်။

(မောင်မိုးညို၊ နော်ကိုကို) The Voice Weekly


မျှော်တလင့်လင့်

Posted: 07 Apr 2013 01:18 PM PDT

အခြေခံ အလုပ်သမားထု အတွက် အနည်းဆုံးလုပ်ခ သတ်မှတ်ထားခြင်း မရှိသေးသည့် မြန်မာနိုင်ငံတွင် အနည်းဆုံး အခကြေးငွေ ဥပဒေကို မတ်လ ၂၂ ရက် နေ့တွင် သတ်မှတ်ပြဋ္ဌာန်းလိုက် သော်လည်း အလုပ်သမားထု မျှော်လင့်နေသော အနည်းဆုံး လုပ်ခ သတ်မှတ်ချက်ကား ထည့်သွင်းဖော်ပြထားခြင်း မရှိသေးသဖြင့် အလုပ်သမား များအတွက် အခက်အခဲများ ကြုံတွေ့နိုင်ကြောင်း အလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောကြားသည်။

အနည်းဆုံးလုပ်ခ သတ်မှတ်ချက် မရှိခြင်းက ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံအလုပ် သမားများအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်သကဲ့သို့ ဧပြီလကုန်တွင် စတင်တော့မည့် အစိုးရဝန်ထမ်းများ၏ လစာတိုးမြှင့်မှု ကလည်း စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ကြောင်း အလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများက ဆိုသည်။
"အစိုးရဝန်ထမ်းတွေ လစာတိုး လိုက်တိုင်း ကုန်ဈေးနှုန်းက တက်လေ့ ရှိတယ်။ ကုန်ဈေးနှုန်း တက်လာမယ်။အလုပ်ရှင်ကလည်း လစာတိုးမပေးရင် ပုဂ္ဂလိကအလုပ်သမားတွေ ခံနိုင်မှာ မဟုတ် ဘူး" ဟု ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ အလုပ်သမားအရေး ဆောင်ရွက်သူ ဒေါ်မာမာဦးက ပြောကြားသည်။

အနည်းဆုံးလုပ်ခ သတ်မှတ်မှုအချိန် ကြာမြင့်ပါက အလုပ်သမားများ အတွက် အခက်အခဲ ဖြစ်စေနိုင်ရုံသာမက ဆန္ဒပြ တောင်းဆိုမှုများလည်း ပိုမိုများပြား လာနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက် သူများက ဆိုသည်။

အနည်းဆုံးအခကြေးငွေ ဥပဒေ အာဏာတည်ရန် နည်းဥပဒေထွက်ပေါ်ရန် လိုအပ်နေသေးပြီး ဥပဒေအာဏာ တည်ပါကလည်း အနည်းဆုံးလုပ်ခ သတ်မှတ်ရန် လုပ်သား၊ အလုပ်ရှင်၊ အစိုးရ၊ လုပ်ခ သတ်မှတ်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် များ ဦးရေအဆတူပါဝင်သော အမျိုးသား ကောင်စီကို ဖွဲ့စည်းရမည်ဖြစ်သည်။ ယင်းအပြင် ပြည်ထောင်စုနယ်မြေ ကော်မတီနှင့် တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ် ကော်မတီကို ဖွဲ့စည်းရမည် ဖြစ်သည်။

အနည်းဆုံးလုပ်ခ သတ်မှတ်ရန် အမျိုးသားကောင်စီဖွဲ့စည်းပြီး သုတေသန ပြုမှု၊ ဆွေးနွေးမယ်ကြမှုများ၊ သတ်မှတ်မှုများ ပြုလုပ်ရမည်ဖြစ်သဖြင့် အချိန်အနည်းဆုံး တစ်နှစ်ခန့် ကြာမြင့်နိုင်ကြောင်း၊ ကြန့်ကြာမှု ရှိလာသည့်နှင့်အမျှ လုပ်သားများ အတွက် အခက်အခဲ ဖြစ်စေနိုင်ကြောင်း လုပ်သားအရေး ဆောင်ရွက်သူ ရှေ့နေဦးဌေးက ဆိုသည်။
"ကြန့်ကြာတာနဲ့အမျှ အလုပ်သမားထု အုံကြွမှုတွေ ဖြစ်လာနိုင်တယ်" ဟု ဦးဌေးက မှတ်ချက်ပေးသည်။

အနည်းဆုံးလုပ်ခ သတ်မှတ်ရေး အတွက် နည်းဥပဒေထုတ်ပြန်ရန် သုံးလခန့် စောင့်ဆိုင်းရမည်ဖြစ်ပြီး နည်းဥပဒေ ထွက်ပြီးမှသာ အမျိုးသားကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အခကြေးငွေ သတ်မှတ်အဖွဲ့များ ဖွဲ့စည်းကာ အနည်းဆုံးလုပ်ခ သတ်မှတ်မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက ဆိုသည်။
"နည်းဥပဒေထွက်ဖို့ သုံးလစောင့်ရမယ်။ အနိမ့်ဆုံးလုပ်ခ ထွက်မယ့် အချိန်တော့ ပြောလို့မရသေးဘူး" ဟု ၄င်းကဆိုသည်။

အလုပ်ရှင်များက ဖြစ်သင့်သောဈေးနှုန်း ကို ကြိုတင်တွက်ချက်ထားပြီး ဖြစ်သဖြင့် အနည်းဆုံးလုပ်ခ သတ်မှတ်ရာတွင် ကြန့်ကြာမှု မရှိနိုင်ကြောင်း လက်ဝါးအထည်ချုပ် လုပ်ငန်း၏ ဥက္ကဋ္ဌဦးခင်အောင်အေးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် တရားဝင်ရပ်တည် ခွင့်ပြုထားသည့် အလုပ်သမား အဖွဲ့အစည်း များ၏ ခေါင်းဆောင်များကို ခေါ်၍ တွေ့ဆုံ ဆွေးနွေးပွဲများ ပြုလုပ်ကာ အလုပ်သမား များ၏ လက်တွေ့ဘဝနှင့် အသံများကို နားထောင်ပြီး လုပ်ဆောင်ပါက အနည်းဆုံး လုပ်ခသတ်မှတ်ရာတွင် မှန်ကန်သော ဆုံးဖြတ်ချက် ချနိုင်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ဒေါ်မာမာဦးက သုံးသပ်သည်။
မြန်မာနိုင်ငံတွင် အနည်းဆုံးလုပ်ခ သတ်မှတ်ချက် မရှိသော်လည်း မြန်မာ အလုပ်သမားများ သွားရောက်လုပ်ကိုင်မှု အများဆုံး အိမ်နီးချင်းနိုင်ငံများ ဖြစ်သော ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ တို့တွင်ကား အစိုးရက တရားဝင် သတ်မှတ်ပေးထား သည်။ ထိုင်းတွင် ဆိုပါက အနည်းဆုံးလုပ်ခကို တစ်ရက် ဘတ် ၃၀၀ သတ်မှတ်ထားပြီး မလေးရှားနိုင်ငံတွင် အနည်းဆုံးလုပ်ခကို နေရာခွဲခြားကာ တစ်ရက် ရင်းဂစ် ၉၀၀ နှင့် ၈၀၀ သတ်မှတ်ထားသည်။

အနည်းဆုံးလုပ်ခ သတ်မှတ်ရာတွင် လုပ်သားနှင့် မိသားစု လိုအပ်ချက်၊ အဆင့်တန်းမီ နေထိုင်မှုဘ၀၊ စားဝတ်နေရေး ကုန်ကျစရိတ်နှင့် ယင်းကုန်ကျစရိတ် အပြောင်းအလဲများ၊ လက်ရှိလုပ်ခ၊ လူမှုဖူလုံ ရေး အကျိုးခံစားခွင့်၊ နိုင်ငံ၏စီးပွားရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ရေး လိုအပ်ချက်၊ နိုင်ငံတော်၏ စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုတန်ဖိုးနှင့် တစ်ဦးချင်းဝင်ငွေ၊ လုပ်ငန်း၏ သဘောသဘာဝ၊ ဝန်ကြီးဌာန အတည်ပြုချက်ဖြင့် သတ်မှတ်သော အခြားအချက် များကို အခြေခံကာ သတ်မှတ်ရမည် ဖြစ်ကြောင်း အနည်းဆုံး အခကြေးငွေ ဥပဒေတွင် ဖော်ပြထားသည်။

အနည်းဆုံးလုပ်ခကို သတ်မှတ်ရာတွင် အလုပ်လက်မဲ့များ အလုပ် ရရှိနိုင်သည့် အခြေအနေပေါ်မူတည်ကာ စဉ်းစားပြီး သတ်မှတ်သင့်ကြောင်း၊ သို့သော်လည်း နှစ်ဦးနှစ်ဖက် လုပ်သာကိုင်သာရှိသော လုပ်ခဖြစ်ရန်လည်း လိုအပ်ကြောင်း လက်ဝါးအထည်ချုပ်လုပ်ငန်း ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဆိုသည်။
"လုပ်ခကို အရမ်းမြင့်ပြီး သတ်မှတ် လိုက်လို့ လုပ်ငန်းတွေ ရပ်သွားလို့ အလုပ်လက်မဲ့ များလာရင်လည်း အကျိုးမရှိပါဘူး" ဟု ၄င်းကသုံးသပ်သည်။

အလုပ်ရှင်များတွင် လုပ်ငန်းလည်ပတ်ရာ တွင် အခြေခံအဆောက်အဦများ မပြည်စုံခြင်း (ဥပမာ - လျှပ်စစ်မီး)၊ လမ်းပန်း ဆက်သွယ်ရေးနှင့် အစိုးရ၏ လုပ်ထုံးလုပ်နည်းများ ကြန့်ကြာမှုကြောင့် အခက်အခဲများ ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

(သတင်းဆောင်းပါး - အောင်မြင့်ထွန်း) The Voice Weekly


စင်္ကာပူမှာ မြန်မာအိမ်ဖေါ်တွေ ထွက်ပြေးနှုန်း မြင့်တက်လာ

Posted: 07 Apr 2013 01:14 PM PDT

စင်္ကာပူနိုင်ငံမှာ အိမ်ဖော်အဖြစ် လုပ်ကိုင်နေကြတဲ့ မြန်မာ မိန်းကလေးတွေဟာ ကာလကြာရှည် လုပ်ခလစာ မရတာကြောင့် အလုပ်က ထွက်ပြေးသူတွေ များပြားလာနေတယ်လို့ စင်္ကာပူ The Straits Times သတင်းက ဒီကနေ့ ဖော်ပြလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မြန်မာ့ နယ်စပ်လုံခြုံရေးကို ဘင်္ဂလားဒေရှ့် အခြေစိုက် အဖွဲ့အစည်းတွေ ခြိမ်းခြောက်

Posted: 07 Apr 2013 01:08 PM PDT

မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်မှာ တည်ငြိမ်မှု မရှိအောင် ဘင်္ဂလားဒေရှ့် အခြေစိုက် ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေက ခြိမ်းခြောက်နေတယ်လို့ မောင်တောခရိုင် အခြေစိုက် နယ်စပ်ဒေသ လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးကြီး အောင်နိုင်ဦးက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Mujahideens of Rohingya Solidarity Organization(RSO).
RSO is now listed as one of terrorist groups under Al Qaeda.(photos taken by RSO)

ဧပြီလ (၄)ရက်နေ့ ထုတ် အိုင်တီတိုင်းမ် ဂျာနယ် အမှတ် (၆၃)

Posted: 07 Apr 2013 12:59 PM PDT

ဧပြီလ (၄)ရက်နေ့ ထုတ် အိုင်တီတိုင်းမ် ဂျာနယ် အမှတ် (၆၃)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဦးပိုင်ကို မြေမရောင်းကြောင်း ဆိုင်းဘုတ်တင်ပွဲ ကျင်းပ

Posted: 07 Apr 2013 12:56 PM PDT

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးမှာရှိတဲ့ တောကျောင်း ကျေးရွာက ဒေသခံတွေရဲ့ လယ်မြေတွေကို ဦးပိုင်ကုမ္ပဏီဆီ မရောင်း ချနိုင်ကြောင်း ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ဒီကနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။ ဒေသခံလူထု (၅၀၀) လောက်က တောကျောင်းရွာရဲ့ လမ်းမကြီးဘေးတစ်ဖက်မှာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



(၇-၄-၂၀၁၃) လက်ပန်တောင်း တောကျောင်းရွာ ၊ ဓါတ်ပုံ - ကိုဟန်ဝင်းအောင် (facebook)

မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ တရုတ်ပြည်ရဲ့ကဏ္ဍ တရုတ်သံရုံး ရှင်းလင်း

Posted: 07 Apr 2013 12:48 PM PDT

မြန်မာနိုင်ငံ အစိုးရနဲ့ KIO/KIA ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တရုတ်ပြည်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ရှင်းလင်းထားတဲ့ ကြေညာချက် တစ်စောင်ကို ရန်ကုန်မြို့ တရုတ်သံရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ တရုတ် ပြည်ရွှေလီမြို့မှာ ကျင်းပခဲ့တဲ့ အစိုးရနဲ့ KIO တို့ နောက်ဆုံး ဆွေးနွေးပွဲမှာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ရှိ ပြည်သူ့ မဟာခန်းမ အဆောက်အအုံကြီး ရှေ့တွင် အစောင့် တပ်သားတဦး တာဝန်ကျနေပုံ ဖြစ်ပါသည်။ (Photo: AFP)

အီရန်နျူကလီးယားအရေးဆွေးနွေးပွဲ အောင်မြင်မှုမရှိ

Posted: 07 Apr 2013 12:24 PM PDT

အီရန် နျူကလီးယား အရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့ အင်အားကြီး ၆ နိုင်ငံရဲ့ ကိုယ်စား လှယ်တွေနဲ့ အီရန်တာဝန်ရှိ သူတွေ အကြား ဆွေးနွေးကြရာမှာ နောက်ဆုံးတော့ အဖြေ တစုံတရာ မရဘဲ အဆုံးသတ်သွား တယ်လို့ ဥရောပ သမဂ္ဂရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲက ပြောဆိုလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကာဇက်စတန်နိုင်ငံမှာကျင်းပတဲ့ အီရန်နျူကလီးယား အရေး ဆွေးနွေးပွဲ။ (ဧပြီလ ၅ ရက်၊ ၂၀၁၃)။

သမ္မတ ဦးသိန်းစိန် Boao ဖိုရမ် တက်ရောက်

Posted: 07 Apr 2013 12:19 PM PDT

အရှေ့နဲ့အနောက် အာရှနိုင်ငံတွေကြား ကူးလူး ဆက်ဆံရေးမှာ ပထ၀ီ အနေ အထားအရ အရေးပါတဲ့ အနေအထားမှာ ရှိနေတဲ့ မြန်မာနိုင်ငံက ဒေသတွင်း ဖွံ့ဖြိုးရေးမှာ ပူးပေါင်း ဆောင်ရွက်ဖို့ ပြုပြင် ပြောင်းလဲရေးတွေ လုပ်နေတယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ တရုတ်နိုင်ငံ ဟိုင်နန်မှာ ကျင်းပတဲ့ ဘိုအောအစည်းအဝေး (Boao Forum) ပြောကြားခဲ့ပါတယ်။ သမ္မတအဖြစ်နဲ့ ပထမဆုံးအကြိမ် သွားရောက်တဲ့ သမ္မတဦးသိန်းစိန်ရဲ့ တရုတ်နိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ ဖိတ်ကြားချက်နဲ့ တရုတ်နိုင်ငံမှာရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဟိုင်နန်မှာ သုံးရက်ကြာကျင်းပတဲ့ ဘိုအောဖိုရမ် အစည်းအဝေးမှာ မြန်မာနိုင်ငံတွင်း ပြောင်းလဲမှုတွေကနေ ဒေသတွင်း ဖွံ့ဖြိုးရေးအတွက် ကူညီပံ့ပိုးနိုင်မှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

"မြန်မာအစိုးရအနေနဲ့ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှုကို ထိန်းထားနိုင်ရေး အပါအ၀င် ဒေသတွင်းမှာရှိတဲ့နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားနေသလို ထင်သာမြင်သာရှိပြီး တာဝန်ယူမှုရှိတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့နဲ့အနောက် အာရှနိုင်ငံတွေကြား ကူးလူးဆက်ဆံရေးအတွက် ပထ၀ီအနေအထားအရ အရေးပါတဲ့ အနေအထားမှာ ရှိနေတာမို့ တိုးတက်လာမယ့် မြန်မာနိုင်ငံကနေ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။"

သမ္မတဦးသိန်းစိန်ဟာ သောကြာနေ့ညနေကတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ အပြန်အလှန်လေးစားမှုနဲ့ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်သွားဖို့အပြင် ကျောက်ဖြူရေနက်ဆိပ်ကမ်း အပါအ၀င် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။ စနေနေ့မှာ တရုတ်နိုင်ငံ CNMM သတ္ထုတွင်း ကုမ္ပဏီအကြီးအကဲ၊ North Petrol Chemical Corporation ဥက္ကဋ္ဌ တို့နဲ့ သီးခြား တွေ့ဆုံခဲ့တဲ့အပြင် ဟိုင်နန်ပြည်နယ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနဲ့ အဖွဲ့ ကိုလည်း တွေ့ဆုံခဲ့ပါတယ်။

လက်ရှိတည်ဆောက်နေတဲ့ ၉၂ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်တဲ့ ရခိုင်ပြည်နယ်ကနေ ယူနန်အရောက် ပိုက်လိုင်းသွယ်တန်းတဲ့ကိစ္စ၊ နီကယ်နဲ့ ကျောက်မီးသွေးတူးဖော်ရေး ကိစ္စတွေအပြင် လျှပ်စစ်ဓာတ်အား စီမံကိန်းဆိုင်ရာတွေကိုပါ ဆွေးနွေးခဲ့တယ်လို့ သမ္မတရုံး ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ လောလောဆယ် အဆင်မပြေတာတွေ ရှိနေပေမဲ့ သေနင်္ဂဗျူဟာ မဟာမိတ်စာချုပ် ချုပ်ဆိုထားတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးဟာ သိပ်ပြီး ဆိုးဆိုးရွားရွား မရှိလှဘူးလို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေး စောင့်ကြည့်လေ့လာသူ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။ အခု တရုတ်နိုင်ငံမှာကျင်းပနေတဲ့ ဘိုအော ဖိုရမ်ကို မြန်မာနဲ့ အာရှနိုင်ငံ အတော်များများအပြင် အမေရိကန်နိုင်ငံက ကိုယ်စားလှယ်ပါ တက်ရောက်လာတာတွေ့ရတယ်လို့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

"အာဆီယံနိုင်ငံ ၁၀ နိုင်ငံလုံးလည်း တက်တယ်။ နောက်ပြီးတော့ ကာဇက်စတန် တို့၊ ပါကစ္စတန်တို့၊ အိန္ဒိယတို့ အဲဒီလိုနိုင်ငံတွေလည်း တက်တယ်။ သြစတြေးလျတို့ နယူးဇီလန်တို့  အဲဒီဘက်ကနိုင်ငံတွေလည်း တက်တယ်။ အဓိက က အာရှတိုက်ကပေါ့လေ။ အတော်များများ တက်ကြတယ်။ မဟာသီရာ တို့ဘာတို့ ရှိစဉ်ကတည်းက သူတို့ကို အာရှတိုက်ရဲ့ အီးယူလိုဖြစ်အောင်ပေါ့။ Asia union လိုဖြစ်အောင် သူတို့စပြီး စီးပွားရေးအရ ပေါင်းစည်းနိုင်အောင်ဆိုပြီးတော့ လုပ်ကြတာ။ အဲဒီကနေ နိုင်ငံအချင်းချင်းကနေ Free Trade လုပ်ကြတယ်။ အချင်းချင်း သူတို့ swap system လို့ခေါ်တယ်လေ။ ကုန်သွယ်ရေးလုပ်ရင် ကြားခံဒေါ်လာငွေ မထားတော့ဘူး။ သူ့နိုင်ငံကငွေပဲပေး၊ အဲဒီလို swap system ဘဏ္ဍာရေးစနစ်တခုကို ဖော်ဆောင်တာပေါ့ အာရှတိုက်မှာ။"

ဒီနှစ်ဖိုရမ်မှာ ထူးထူးခြားခြား တက်ရောက်လာတဲ့နိုင်ငံတွေ၊ အရင်မတတ်ဖူးသေးတဲ့ နိုင်ငံက ဘယ်သူတွေပါလဲ။ -

"အဲဒါတော့ အခု ကျမတို့သိရသလောက်တော့ အမေရိကားတခုပဲ ရှိသေးတယ်။ အမေရိကားက ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဆင့် ဖြစ်မှာပေါ့။ အဲဒါ ပထမဦးဆုံး တတ်လာတာပဲ။"

မြန်မာနိုင်ငံကရော။ -

"မြန်မာနိုင်ငံက တောက်လျှောက်တက်နေတာပါ။ နှစ်တိုင်းတက်တယ်။"

ဒီနှစ်မှာမှ သမ္မတဦးသိန်းစိန် ကိုယ်တိုင်တက်တာပေါ့။ -

"သမ္မတကိုယ်တိုင်တက်တာ ဟုတ်တယ်။ သမ္မတကို ကိုယ်တိုင်တက်ဖို့လည်း ရှီကျင့်ဖျင်ကိုယ်တိုင်က ဖိတ်တာ။ သမ္မတကြီးကိုယ်တိုင် တက်ပါဆိုပြီးတော့ လှမ်းဖိတ်လို့ သူက လာတာ။ ခါတိုင်းနှစ်တွေက ၀န်ကြီးချုပ် ဦးစိုးဝင်း တို့ တက်ဖူးတယ်။ ဦးသိန်းစိန်လည်း ၀န်ကြီးချုပ်ဘ၀က လာဖူးတယ်။"

အခုသမ္မတအဖြစ်နဲ့ ဦးသိန်းစိန်လာတာကို တရုတ်နိုင်ငံအနေနဲ့ ဘယ်လိုကြိုဆိုလဲ။ ဒေါ်လှကျော်ဇောရဲ့ အမြင် သိပါရစေ။ -

"တကယ်တော့ တရုတ်ပြည်နဲ့ မြန်မာပြည်နဲ့က အင်မတန်ရင်းနှီးတဲ့ ဆက်ဆံမှုရှိတာကိုနော်။ န၀တ တို့ နအဖ တို့ရှိကတည်းက။ ဦးသိန်းစိန်တို့ကိုလည်း ဆက်လက်ပြီးတော့ သူက ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ဆက်ဆံတဲ့သဘောပါပဲ။ နောက် မြန်မာပြည်နဲ့ တရုတ်ပြည်နဲ့ကလည်း သေနင်္ဂဗျူဟာ မဟာမိတ်ဖွဲ့ရေး ဆိုတဲ့ စာချုပ်တွေဘာတွေတောင် ချုပ်ထားပြီးပြီလေ။ ဒါကြောင့်မိုလို့ သူတို့ဆက်ဆံရေးကတော့ ကောင်းပါတယ်။"

သမ္မတ ဦးသိန်းစိန် တက်လာပြီးတဲ့နောက် တရုတ်-မြန်မာဆက်ဆံရေးကို ဒေါ်လှကျော်ဇော အနေနဲ့ ဘယ်လိုမြင်ပါလဲ။ -

"အဖုအထစ်တွေကတော့ ရှိတာပေါ့။ ဥပမာအားဖြင့် မြစ်ဆုံကိစ္စလို ဟာမျိုးပေါ့။ နောက် အခု လက်ပံတောင်းတောင် ကိစ္စတို့။ အဖုအထစ်တွေတော့ ရှိပါတယ်။ ဒါပေမဲ့ တရုတ်ကတော့ ကြည့်ရတာ သူက မြန်မာအစိုးရနဲ့ တစုံတရာ ဆက်ဆံထားတာက ထဲထဲဝင်ဝင် ရှိထားတယ်ထင်တယ်။ သူတို့ဘက်က သိပ် စိုးရိမ်ပူပန်ပုံ မရပါဘူး။ တချို့ ဒီမှာ စကားဝိုင်းတွေ ဘာတွေပေါ့၊ ဒိုင်ယာလော့တွေဘာတွေမှာတော့ တချို့ ပါမောက္ခတွေ ပြောနေတာရှိတာပေါ့။ မြန်မာပြည်ကို အမေရိကန်က ထိုးဝင်လာတာဟာ သူတို့ကို ရည်ရွယ်တာသာ ဖြစ်တယ်။ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းချုပ်ဖို့ အိုဘားမား တို့အစိုးရရဲ့ ခြေလှမ်းတခုသာ ဖြစ်တယ်၊ ဒီလိုတော့ ပြောတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အစိုးရကိုယ်နှိက်က သိပ်ပြီး ပူပန်မှုရှိပုံမရပါဘူး။"

ဒေါက်တာ လှကျော်ဇော ပြောပြသွားတာဖြစ်ပါတယ်။

ဒေါ်ခင်မျိုးသက် (ဗွီအိုအေ)


Boao Forum မှာ တက်ရောက်စကားပြောကြားနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်။ (ဧပြီလ ၇ ရက်၊ ၂၀၁၃)။

နေတိုးတိုက်ခိုက်မှု အာဖဂန်ကလေး ၁၀ ဦး သေဆုံး

Posted: 07 Apr 2013 12:15 PM PDT

အာဖဂန် နစ္စတန် နိုင်ငံ ကူနာ ပြည်နယ် ရှီဂဲလ် ဒေသမှာ နေတိုးရဲ့ လေကြောင်း တိုက်ခိုက် မှုကြောင့် ကလေး ဆယ်ယောက်နဲ့ အမျိုး သမီး နှစ်ယောက် စုစုပေါင်း ၁၂ ယောက် သေဆုံး ခဲ့ပြီး နောက်ထပ် တခြား အမျိုးသမီး ၆ ယောက်လည်း ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





ကချင် အရေးမှာ အမေရိကန်ကို တရုတ် မလိုလား

Posted: 07 Apr 2013 12:05 PM PDT

မြန်မာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီနဲ့ ကချင် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အိုတို့ ကြား ဆွေးနွေးမှုမှာ ကုလ သမဂ္ဂ၊ ဗြိတိန်နဲ့ အမေရိကန် တို့ ပါဝင် မှာကို တရုတ် အစိုးရက ကန့်ကွက် လိုက်ပါတယ်။ တရုတ် နိုင်ငံရဲ့ ဒီလို ကန့်ကွက်မှုကြောင့် ဧပြီလ ၆ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဆွေးနွေးပွဲ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မတ်လဆန်းတုန်းက ကချင် အရေး ဆွေးနွေးပွဲကို ရွှေလီမှာ ပြုလုပ်ခဲ့