CMS's WEB DIARY

CMS's WEB DIARY


Burmese Water Festival, Myanmar Thingyan 2013 in London

Posted: 18 Apr 2013 01:44 PM PDT

လန်ဒန်ရှိ မြန်မာများ၏ နှစ်သစ်ကူးအတာသင်္ကြန်ပွဲ နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို Wembley ရှိ Copland Community School တွင် ၁၃ရက်၊ ဧပြီ၊ ၂၀၁၃ နေ့က အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။ မနက်ပိုင်းအစီအစဉ်အဖြစ် သံဃာတော်များကို ဆွမ်းဆပ်ကပ်လှူဒါန်းပြီး သီလတရားတော်များ နာယူခဲ့ပါတယ်။ ထို့နောက် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြပါတယ်။ မွန်းလွဲပိုင်း အစီအစဉ်အနေဖြင့် လန်ဒန်တွင် ပထမဆုံးအနေဖြင့် သက်ကြီးပူဇော်ပွဲကို ကျင်းပခဲ့ပါတယ်။ ညနေပိုင်းမှာတော့ ဝါသနာရှင် ညီအစ်ကိုမောင်နှမ ဦးဦး ဒေါ်ဒေါ်တို့၏ အဆို၊ အက၊ အတီးတို့ဖြင့် ပရိသတ်ကို ဖျော်ဖြေခဲ့ပြီး မြန်မာ့ရိုးရာအစားအစာများကိုလည်း ရောင်းချခဲ့ပါတယ်။ လူငယ်၊ လူကြီး ပရိသတ်မြောက်များစွာ တက်ရောက်အားပေးခဲ့ကြပြီး အခမ်းအနားကို ည ၁၁ နာရီခန့်တွင် ဆရာတော်ဦးဥတ္တရမှ နှစ်သစ်ပရိတ်ရေများပက်ဖြန်းပေးပြီး အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။

လန်ဒန်သင်္ကြန်ပုံများကို Print out အနေဖြင့်သော်လည်းကောင်း Digital Download အနေဖြင့်သော်လည်းကောင်း အမှတ်တရ ဝယ်ယူနိုင်ပါပြီ။ Digital Download သည် ဈေးအသက်သာဆုံးဖြစ်သည်။

Digital Download ဖြင့် ဝယ်ယူရန်

၁။ မိမိနှစ်သက်ရာဓာတ်ပုံကို ရွေးပြီး ဓာတ်ပုံ၏ ညာဘက်အပေါ်ဒေါင့်မှ Buy ကိုနှိပ်ပြီး This photo ကိုရွေးပါ။


၂။ Print နှင့် Download tab နှစ်ခုပါဝင်သော window အသေးတစ်ခုပေါ်လာမှာဖြစ်ပါတယ်။ ထိုအထဲမှ Download tab ကိုနှိပ်ပါ။ ထို့နောက် check out လုပ်ရန်အတွက် Check Out button ကိုနှိပ်ပြီး card detail ထည့်ကာ ဝယ်ယူနိုင်ပါပြီ။ ဝယ်ယူပြီးသည့်နောက်တွင် watermark မပါဝင်သော ဓာတ်ပုံကို Download လုပ်ယူနိုင်မှာဖြစ်ပါတယ်။


ဝယ်ယူအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။

Buddhapadipa Temple

Posted: 18 Apr 2013 07:27 AM PDT

Buddhapadipa Temple

Camera: Nikon D7000 | 35mm, F8 @ 1/200s, ISO 200
Software : Adobe Lightroom, Photoshop
© Chan Mya Soe