[mrsorcerer:37957] Fwd: [လူဗိုလ်ဟူသည် ...] Boston ဗုံးခွဲမှု သံသယရှိသူနှစ်ဦး ဓါတ်ပုံ ထုတ်ပြန်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/18
Subject: [လူဗိုလ်ဟူသည် ...] Boston ဗုံးခွဲမှု သံသယရှိသူနှစ်ဦး ဓါတ်ပုံ ထုတ်ပြန်
To: lubo601@gmail.com


Boston ဗုံးခွဲမှု သံသယရှိသူနှစ်ဦး ဓါတ်ပုံ ထုတ်ပြန်    Friday, April 19, 2013    အမေရိကန်ပြည်ထောင်စု Boston မြို့က မာရသွန်အပြေးပြိုင်ပွဲမှာ တနင်္လာနေ့က ဗုံးပေါက်ကွဲမှုနဲ့ပါတ်သက်ပြီး သံသယရှိသူ ၂ ယောက်ရဲ့ ဓါတ်ပုံတွေကို ဗဟိုအစိုးရ ထောက်လှမ်းရေးဗြူရို FBI က ထုတ်ပြန်လိုက်ပါတယ်၊ ရရှိတဲ့ ဓါတ်ပုံတွေ၊ Video ပုံတွေကို အသေးစိတ်လေ့ လာပြီးတဲ့နောက် မှာ ကျောပိုးအိတ်လွယ်ထားပြီး ဦးထုပ်ဆောင်ထားကြတဲ့ သူ ၂ ယောက်ရဲ့ ဓါတ်ပုံတွေကို FBI က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။    သံသယရှိသူ ပထမတယောက်က ဦးထုပ် အမဲရောင်ကို ဆောင်းထားပြီး၊ ဒုတိယတယောက်က ဦးထုပ် အဖြူရောင်ကို ဆောင်းထားကြပါတယ်၊ စားသောက်ဆိုင်တခုရဲ့ အပြင်ဖက် ဒုတိယမြောက် ဗုံးပေါက်ကွဲခဲ့တဲ့နေရာမှာ ဦးထုပ်အဖြူရောင်ဆောင်းထားသူက ကျော်ပိုးအိတ်ကို ချထားခဲ့တယ်လို့ ဒီဗုံးကွဲမှုကို ဦးဆောင် စုံစမ်းနေတဲ့ FBI တာဝန်ရှိသူ Richard ဒီလိုဗီရေး DesLauriers ကပြောပါတယ်။ ဒီလူ ၂ ယောက်လုံးဟာ အင်မတန်မှ အန္တရာယ်ရှိပြီး လုံခြုံရေးအာဏာပိုင်တွေကလွဲလို့ သူတို့ကို မချဉ်းကပ်သင့်ဘူးလို့လဲ စုံစမ်းစစ်ဆေးမှုနဲ့ ပါတ်သက်တဲ့ ကြာသပတေးနေ့ သတင်းစာရှင်းပွဲမှာ FBI တာဝန်ရှိသူက ပြောပါတယ်။    ကြာသပတေးနေ့ အစောပိုင်းတုန်းကတော့ ဗုံးကွဲမှုမှာ သေဆုံး ဒဏ်ရာရသူတွေ အတွက်ပြုလုပ်တဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲကို သမ္မတ Barack Obama တက်ရောက်ခဲ့ပါတယ်၊ Boston မြို့ ဘုရားရှိခိုးကျောင်းတခုမှာ ပြုလုပ်တဲ့ ဆုတောင်းပွဲမှာ သမ္မတက တနိုင်ငံလုံး စည်းလုံးပြခြင်းဟာ အကောင်းဆုံး တုံ့ပြန်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်၊ ဆုတောင်းပွဲအပြီးမှာတော့ Boston ဆေးရုံမှာ ကုသခံနေသူတွေကို သမ္မတအိုဘားမား သွားရောက် အားပေးခဲ့ပါတယ်။    VOA
Friday, April 19, 2013
 
အမေရိကန်ပြည်ထောင်စု Boston မြို့က မာရသွန်အပြေးပြိုင်ပွဲမှာ တနင်္လာနေ့က ဗုံးပေါက်ကွဲမှုနဲ့ ပါတ်သက်ပြီး သံသယရှိသူ ၂ ယောက်ရဲ့ ဓါတ်ပုံတွေကို ဗဟိုအစိုးရ ထောက်လှမ်းရေးဗြူရို FBI က ထုတ်ပြန်လိုက်ပါတယ်၊ ရရှိတဲ့ ဓါတ်ပုံတွေ၊ Video ပုံတွေကို အသေးစိတ်လေ့ လာပြီးတဲ့နောက် မှာ ကျောပိုးအိတ်လွယ်ထားပြီး ဦးထုပ်ဆောင်ထားကြတဲ့ သူ ၂ ယောက်ရဲ့ ဓါတ်ပုံတွေကို FBI က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

သံသယရှိသူ ပထမတယောက်က ဦးထုပ် အမဲရောင်ကို ဆောင်းထားပြီး၊ ဒုတိယတယောက်က ဦးထုပ် အဖြူရောင်ကို ဆောင်းထားကြပါတယ်၊ စားသောက်ဆိုင်တခုရဲ့ အပြင်ဖက် ဒုတိယမြောက် ဗုံးပေါက်ကွဲခဲ့တဲ့နေရာမှာ ဦးထုပ်အဖြူရောင်ဆောင်းထားသူက ကျော်ပိုးအိတ်ကို ချထားခဲ့တယ်လို့ ဒီဗုံးကွဲမှုကို ဦးဆောင် စုံစမ်းနေတဲ့ FBI တာဝန်ရှိသူ Richard ဒီလိုဗီရေး DesLauriers ကပြောပါတယ်။ ဒီလူ ၂ ယောက်လုံးဟာ အင်မတန်မှ အန္တရာယ်ရှိပြီး လုံခြုံရေးအာဏာပိုင်တွေကလွဲလို့ သူတို့ကို မချဉ်းကပ်သင့်ဘူးလို့လဲ စုံစမ်းစစ်ဆေးမှုနဲ့ ပါတ်သက်တဲ့ ကြာသပတေးနေ့ သတင်းစာရှင်းပွဲမှာ FBI တာဝန်ရှိသူက ပြောပါတယ်။

ကြာသပတေးနေ့ အစောပိုင်းတုန်းကတော့ ဗုံးကွဲမှုမှာ သေဆုံး ဒဏ်ရာရသူတွေ အတွက်ပြုလုပ်တဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲကို သမ္မတ Barack Obama တက်ရောက်ခဲ့ပါတယ်၊ Boston မြို့ ဘုရားရှိခိုးကျောင်းတခုမှာ ပြုလုပ်တဲ့ ဆုတောင်းပွဲမှာ သမ္မတက တနိုင်ငံလုံး စည်းလုံးပြခြင်းဟာ အကောင်းဆုံး တုံ့ပြန်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်၊ ဆုတောင်းပွဲအပြီးမှာတော့ Boston ဆေးရုံမှာ ကုသခံနေသူတွေကို သမ္မတအိုဘားမား သွားရောက် အားပေးခဲ့ပါတယ်။

VOA


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/19/2013 09:05:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.