[mrsorcerer:37761] Fwd: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၁-၄)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/1
Subject: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၁-၄)
To: lubo601@gmail.com


သစ်ထူးလွင်



Posted: 01 Apr 2013 05:50 AM PDT
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ ဆူပူရမ်းကားပြီး  ကားမှန်ရိုက်ခွဲတဲ့ လူတစုကို ရဲက ဖမ်းဆီးထိန်းသိမ်းထားလိုက်ပါတယ်။ မန္တလေးတိုင်းဒေသကြီး အမှတ် ၉ ရဲစခန်းက တာဝန်မှူးတဦးက အားလုံးဖမ်းဆီးရမိသူတွေကို ရုံးတင်လိုက်ပြီလို့ ဖြေပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Apr 2013 05:39 AM PDT
လက်တလော ဖြစ်ပွားခဲ့တဲ့ မြန်မာ - မွတ်စလင် အဓိကရုဏ်းတွေကြောင့် ပဲခူးတိုင်း မင်းလှမြို့နယ် နဲ့ မန္တလေးတိုင်း မိတ္ထီလာမြိ့နယ်က ဒုက္ခသည်တွေကို အကူအညီပေးဖို့ သွားရောက်ခဲ့တဲ့ ရွှေဝါရောင် သံဃာတော်များ ကွန်ယက်အဖွဲ့နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်တို့ ဟာ လုံခြုံရေးအရဆိုပြီး အာဏာပိုင်တွေရဲ့ တာမြစ်မှုကို ခံခဲ့ရတယ်လို့ သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Apr 2013 05:25 AM PDT
လှိုင်သာယာ စက်မှုဇုန် ကနောင်မင်းသားကြီးလမ်းမ ရှိ တော်ဝင် မြန်မာဇာပန်းထိုး စက်ရုံရှေ့တွင်  မြန်မာနိုင်ငံ အလုပ် သမား သမဂ္ဂ အဖွဲ့ချုပ် (FTUM) မှ ဧပြီ-၁ရက်နေ့တွင် ဆန္ဒ ဖော်ထုတ် ခဲ့ကြောင်း သိရသည်။ အဆိုပါစက်ရုံတွင် အလုပ် လုပ်ကိုင်ခဲ့ သော တော်ဝင်မြန်မာဇာပန်းထိုး စက်ရုံ အခြေခံအလုပ် သမား အဖွဲ့၏အလုပ် အမှုဆောင် (၇)ဦးအား ၄င်း စက်ရုံမှအလုပ် ထုတ်ခြင်းနှင့် ပတ်သက်ပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


တော်ဝင်မြန်မာဇာပန်းထိုး စက်ရုံ ရှေ့တွင်ဆန္ဒထုတ်ဖော်မှုမြင်ကွင်း ။ ဓါတ်ပုံ - ရန်ကုန်တိုင်းမ်


Posted: 01 Apr 2013 05:10 AM PDT
မန္တလေး မဟာအောင်မြေမြို့နယ်မှာ မတ်လ ၃၁ ရက်နေ့ညက လူနေအိမ်များရှေ ရပ်နားထားတဲ့ ကားတစီး မှန်တွေကို မူးယစ်နေတဲ့ လူငယ်တစ်စုက ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။ ဒါဟာ တခြား အကြောင်း ကြောင့်မဟုတ်ပဲ လူငယ်သဘာဝ မူးယစ်ပြီး အုပ်စုဖွဲ ရမ်းကားတာမျိုးဖြစ်ကြောင်း၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - DVB TV News

Posted: 01 Apr 2013 04:59 AM PDT
ဧရာဝတီတိုင်း ဒေသကြီး၊ အိမ်မဲမြို့တွင်၂၀၁၃ခုနှစ်၊ ဧပြီလ(၁)ရက်နေ့ နံနက်၁၁း၃၅အချိန်၌
လူနေအိမ်များ ပေါ့ဆမှုကြောင့် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အိမ်မဲမြို့၊ စာချွန်ခံရပ်ကွက်၊ အိုးဖိုလမ်း(ခ)ဆရာစံလမ်းရှိ ကိုဟာမက်ကြီး(ခ)ကိုချစ်ဦးအိမ်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး(၁၅)မိနစ်အတွင်း အနီးအနားရှိအိမ်(၂)လုံးကိုမီးကူးစက် လောင်ကျွမ်းသွားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မီးလောင်မှုမြင်ကွင်း ဓါတ်ပုံများ





Posted: 01 Apr 2013 04:35 AM PDT
ချစ်သူစုံတွဲ ငယ်ငယ်တွေကို ဆိုလည်း လက်ဆွဲထား ပြီးတောင်းတဲ့ အထိလုပ်တာတွေ့ ရပါတယ်။ ကြည်နူးမှု ပျက်ရတော့ နားညီး မခံချင်တော့ ချစ်သူငြိုငြင်မှာ စိုးတော့ မြန်မြန်သွား ပြီးရော ပေးပြန်တော့လည်း တစ်ယောက်ပြီးတစ်ယောက် မကုန်နိုင် ဟန်ကို့ဖို့ ထည့်လာတဲ့ ပိုက်ဆံလေးတွေ ခဗျာ ဟော တစ်ရွက် ဟော တစ်ရွက် လှစ်ခနဲလှစ်ခနဲ ခုန်ထွက် သွားတော့ ကောင်လေးနဲ့ ကောင်မလေးခဗျာ ဖ၀ါးနဲ့ တင်ပါး တစ်သား တည်းပြေးရပါတော့တယ်ဗျာ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Apr 2013 04:07 AM PDT
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဂျိတ္တောရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး နှုတ်ထွက် ပေးရေးအတွက် မတ်လ ၃၁ ရက်နေ့က ဆန္ဒပြခဲ့သူထဲမှ ဦးဆောင်သူတဦးဖြစ်သည့် ဦးထွန်းဝင်း အား ကျေးရွာရဲစခန်းမှ ဧပြီလ ၁ ရက်နေ့တွင် ဖမ်းဆီးသွားပြီး သံတွဲရဲစခန်းသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံ လူမှုကွန်ယက်က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မတ်လ ၃၁ ရက်နေ့ မနက် ၈း၃၀ တွင် သံတွဲဂျိတ္တော၌ ရွာသူရွာသား ၃၀၀ ကျော်က အုပ်ချုပ်ရေးမှူးနှုတ်ထွက်ပေးရေး ၂ နာရီကြာ ဆန္ဒပြခဲ့သည်။ (ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္ဈိမ)

Posted: 01 Apr 2013 03:55 AM PDT
လက်ထပ်ရန်(၅) ရက်သာ လိုတော့တဲ့ သတို့ သားလောင်း ကိုပြည့်စုံအောင်ဟာ ရဲစခန်းမှာခေါ် ယူစစ်ဆေး ခံရအပြီး ယနေ့ နံနက်မှာ ပဲသေဆုံး သွားပါတယ်။ မန္တလေတိုင်းဒေသကြီး ၊ အောင်မြေ သာစံမြို့ နယ်၊ အမှတ် (၅) စခန်းမှာ ယနေ့ နံနက် တစ်နာရီကျော်ခန့် က ကိုပြည့်စုံအောင်ဟာ လုယက်မှုနဲ့ 
စစ်ဆေးခံခဲ့ရပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Apr 2013 01:51 AM PDT
ကယားပြည်နယ်၊ ဖရူဆိုမြို့ က အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်း ရုပ်သိမ်းရေးအတွက် ကရင်နီရွာသားတွေရဲ့ ဆန္ဒပြပွဲ ခွင့်ပြုမိန့် မရခဲ့ပါဘူး။ တင်ဆက် ဦးမောင်တူး။ ရိုက်ကူး ကရင်နီသတင်းထောက်

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

လယ်မြေတွေ ပြန်ရရေး ဆုတောင်းပွဲ ပြုလုပ်နေစဉ်

Posted: 01 Apr 2013 01:39 AM PDT
မြန်မာ နစက တပ်ဖွဲ့မှ ဖမ်းဆီးထားသည့် ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား တစ်ဦးတို့ကို မြန်မာ အာဏာပိုင်များမှ ပြန်လည် လွဲပြောင်း ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ BGBမတ်လ ၃၁ ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Apr 2013 01:29 AM PDT
ဒီမိုကရေစီ လမ်းကို စတင်လျှောက် လှမ်းတာ နှစ်နှစ်တင်းတင်း ပြည့်မြောက်လာ ချိန်မှာတော့ မြန်မာပြည် ရှေ့ခရီးအတွက် ရင်ခုန် တက်ကြွဖွယ်ရာ၊ စိတ်ချမ်းမြေ့ စရာတွေကို မျှော်မှန်း မှုတွေလည်း ရှိနေပါတယ်။ ပြုပြင်ပြောင်းလဲမှု စတင်တာနဲ့ အားလုံးရဲ့မျှော်လင့်ချက်က စီးပွားရေး တိုးတက်ပြီး ခေတ်မီဖူလုံ ကြွယ်ဝ ချမ်းသာတဲ့ နှစ်တွေပဲဖြစ်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Apr 2013 01:10 AM PDT
ဧပြီလ(၄)ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ် (၁၄)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Apr 2013 01:09 AM PDT
ဧပြီလ(၃)ရက်နေ့ ထုတ်  Smart Pro Journal (မိုဘိုင်း နှင့် နည်းပညာ ဂျာနယ်) Vol-1, Issue 11

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Apr 2013 01:07 AM PDT
Posted: 01 Apr 2013 01:05 AM PDT
မြန်မာတိုင်း(မ်)ဂျာနယ် အတွဲ ၃၁၊ အမှတ် ၆၁၃

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Apr 2013 12:43 AM PDT
ပုဂ္ဂလိကသတင်းစာ ၄ စောင် စတင်ထုတ်ဝေရောင်းချရာမှာ ရန်ကုန်မြို့မှာတော့ ရောင်းကောင်းတယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒီနေ့ စတင်ထုတ်ဝေတဲ့ ပြည်ထောင်စုနေ့စဉ်၊ သည်ဗွိုင့်စ်ဒေးလီး၊ ရွှေနိုင်ငံသစ်နဲ့ စံတော်ချိန်သတင်းစာ ၄ စောင်လုံး နာရီပိုင်းအတွင်း ရောင်းကုန်သွားတယ်လို့ လှည်းတန်းလမ်းဆုံနား သတင်းစာဗန်းနဲ့ ခင်းရောင်းသူတဦးက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 31 Mar 2013 08:30 PM PDT
ရန်ကုန်မြို့ကနေ ပုသိမ်ကိုပြေးဆွဲနေတဲ့ ပုဂ္ဂလိကပိုင် ပုသိမ်သူ ရှပ်ပြေးရေယာဉ်ဟာ မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့က ထွက်ခွာသွားပြီး ည ၈ နာရီခွဲအချိန်မှာ တွံ့တေးမြို့နဲ့ ၇ မိုင်ခန့်အကွာ ဆူးကလပ်ရွာအနီးတွင် ဆန်တင်သင်္ဘောတစ်စီးနှင့် တိုက်မိပြီး နစ်မြှုပ်သွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။--

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရှပ်ပြေးရေယာဉ်များအားတွေ့ ရစဉ်

Posted: 31 Mar 2013 08:13 PM PDT
အမေရိကန်နိုင်ငံတွင် ကျန်းမာရေး အာဏာပိုင်များက အိုကလာဟိုးမားရှိ သွားနှင့်ခံတွင်း ဆရာဝန် တစ်ဦး၏ လူနာများအား HIVရောဂါပိုး စစ်ဆေးမှု ပြုလုပ်ရန် တိုက်တွန်းလျှက် ရှိသည်။ ဆရာဝန် အသုံးပြုသော ပစ္စည်းများ၏ ပိုးသတ်မှု အခြေအနေနှင့် အခြားသော စံနှုန်းမမီသည့် ဂွမ်းဖတ်များကို အသုံးပြုနေကြောင်း စစ်ဆေး တွေ့ရှိသည့်နောက် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဆရာဝန် အသုံးပြုသော ပစ္စည်းများ၏ ပိုးသတ်မှု အခြေအနေနှင့် အခြားသော စံနှုန်းမမီသည့် ဂွမ်းဖတ်များကို အသုံးပြုနေကြောင်း စစ်ဆေး တွေ့ရှိသည့်နောက် သွေးမှတစ်ဆင့် HIVပိုး ကူးစက်နိုင်သည့် အခြေအနေကို တာဝန်ရှိသူများက စိုးရိမ်ခဲ့ကြသည်။

Posted: 31 Mar 2013 08:30 PM PDT
နိုင်ငံဝန်ထမ်းများ နိုင်ငံတော် တာဝန် ထမ်းဆောင်ရာတွင် အထောက်အကူ ဖြစ်စေရန်၊ စားဝတ်နေရေးနှင့် လူနေမှုအဆင့်အတန်းကို အထိုက်အလျောက် မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ နိုင်ငံဝန်ထမ်းများ၏ လစာနှုန်းကို တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း ယနေ့ ထုတ် နိုင်ငံပိုင်း သတင်းစာများ မှာ ဖော်ပြထားပါသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 31 Mar 2013 03:29 PM PDT
မြန်မာတနိုင်ငံလုံးမှာ Ultraviolet  Ray လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုနှုန်း မြင့်တက်နေတဲ့ အတွက် အထူးသတိထား သွားလာကြဖို့၊ အထူးသဖြင့် သင်္ကြန်တွင်းမှာ အဝတ်အစား လုံလုံခြုံခြုံ ဝတ်ဆင်ကြဖို့ မြန်မာ့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေးလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 31 Mar 2013 02:54 PM PDT
ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ဘာသာရေး ပဋိပက္ခတွေ တောင်ကြီးမြို့ကို ကူးစက်ပျံ့နှံ့ မလာအောင် ကာကွယ်ဖို့အတွက် လုံခြုံရေးနဲ့ သတင်းပြန်ကြားရေး ကော်မတီ တစ်ရပ်ကို တောင်ကြီး NLD ပါတီ က တနင်္ဂနွေနေ့ မနက်ပိုင်းက ဖွဲ့စည်းလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြန်မာနိုင်ငံ အလယ်ပိုင်းက အဓိကရုဏ်းတွေ တောင်းကြီးမြို့ကို မကူးစက်လာရေး ကော်မတီဖွဲ့စည်းပွဲ ။ Photo : RFA/ Kyaw Myo Tun

Posted: 31 Mar 2013 02:30 PM PDT
ပဲခူးတိုင်းထဲက အဓိကရုဏ်းတွေ အပြင်းထန်ဆုံး ဖြစ်ခဲ့တယ်လို့ဆိုကြတဲ့ ဇီးကုန်းမြို့ အကြမ်းဖက်မှုမှာ ပါဝင် တယ်လို့ သံသယရှိသူ ဆယ်ဦးကို ဖမ်းဆီးထားပြီး ပေါင်းတည်ထောင် အချုပ်မှာ ချုပ်နှောင်ထားတယ်လို့ ဇီးကုန်းမြို့ ရဲစခန်း တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကိုပြောပါ တယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မတ္ထီလာမြို့လမ်းမတခုပေါ်မှာ လုံခြုံရေးစောင့်ကျပ်နေတဲ့ စစ်သားတချို့။ (မတ်လ ၂၃ ရက်၊ ၂၀၁၃)။

Posted: 31 Mar 2013 02:25 PM PDT
သမ္မတဦးသိန်းစိန်က ရဟန်းရှင်လူ ပြည်သူ လူထုအနေနဲ့ တိုင်းပြည် တည်ငြိမ် အေးချမ်းရေး တရားဥပဒေစိုးမိုးရေးနဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ရှင်သန်ရေး ၀ိုင်းဝန်း ကူညီပေးကြဖို့ ပန်ကြားလိုက်ပါတယ်။ မတ်လ ၃၁ ရက် ဒီကနေ့ညဘက် ရေဒီယိုကနေတဆင့် တိုင်းပြည်ကို မိန့်ခွန်းပြောကြားရမှာ အခုလိုပြောသွား တာဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သမ္မတဦးသိန်းစိန်။

Posted: 31 Mar 2013 02:19 PM PDT
အမေရိကန် ပြည်ထောင်စုက အကြီးစား စီးပွားရေး လုပ်ငန်းကြီးတွေနဲ့ အလုပ်သမား အဖွဲ့အစည်းတို့အကြား ကျွမ်းကျင်မှု နည်းပါးသေးတဲ့ ဧည့်နိုင်ငံသား အလုပ်သမားတွေ ငှားရမ်းတဲ့ အစီအစဉ်တခု လုပ်ဖို့ သဘောတူညီမှု ရခဲ့ကြတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးဖို့ ၀ါရှင်တန်မြို့တော်မှာ ဆန္ဒပြနေကြသူများ။ (မတ်လ ၂၁ ၂၀၁၃)

Posted: 31 Mar 2013 09:19 AM PDT
ပဲခူးတိုင်းအတွင်းက အကြမ်းဖက်အဓိကရုဏ်းတွေကြောင့် ဒုက္ခရောက်ရသူတွေအတွက် ရွှေဝါရောင် သံဃာတော်များ ကွန်ရက်နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်တို့ သွားရောက်ကူညီရာမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက တားမြစ်ပိတ်ပင်ခဲ့ကြောင်း သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/02/2013 08:08:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.