[mrsorcerer:37782] Fwd: [လူဗိုလ်ဟူသည် ...] စင်ကာပူ “ချန်ဂီ” နိုင်ငံတကာလေဆိပ်သို့ရောက်ခြင်း



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/3
Subject: [လူဗိုလ်ဟူသည် ...] စင်ကာပူ "ချန်ဂီ" နိုင်ငံတကာလေဆိပ်သို့ရောက်ခြင်း
To: lubo601@gmail.com


စိတ်ဧ။်နား ခိုရာ and Ei Mon Mon Oo shared Myat Thu's photo.
စင်ကာပူ

စင်ကာပူမြို့သို့ သွားမည့်သူများအတွက်သော်လည်းကောင်း၊ Transit ခေါ်စင်ကာပူမှတဆင့် အခြားနိုင်ငံ၊ဂျပန် ကိုရီးယား၊ သြစတေးလျ၊ ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံများသို့သွားရန် လေယဉ်ပြောင်းစီး လိုသူများအ တွက်သော်လည်းကောင်း၊စင်ကာပူမှ ထွက်ခွာမည့်သူများအတွက်သော်လည်းကောင်း အခက်အခဲမရှိစေရန်အကျိုးရှိစွာအသုံးပြုနိုင်မည်ဟု ယူဆသဖြင့်စင်ကာပူချန်ဂီလေဆိပ်သို့ဆိုက်ရောက်ခြင်းဟူသော ခေါင်းစည်းဖြင့်စာ ဖတ်သူများအတွက်ပြုစုခြင်းဖြစ်ပါသည်။

(1) စင်ကာပူချန်ဂီလေဆိပ်သို့ရောက်သောအခါ
သင်သည်လေယဉ်ဆိုက်ပြီးလေယဉ်ပေါ်မှဆင်းတာနှင့်တာမီနယ်လ်(၂)(Terminal2)ထဲသို့ဝင်ရမည်။TransitArea(လေယဉ်ပြောင်းစီးမည့်သူများအတွက်နေရာ) အ၀င်ပေါက်၏အပေါ်တွင်သင်၏လက် ဆွဲအိတ်ဝန်စည်စလယ်များ ပြန်ရွေးရမည့်နေရာ (Baggage Claim Belt )ကိုစာတမ်းထိုးပြထားသည်ကိုတွေ့ရ မည်။၎င်းနောက် Arrival Hall ( ခရီးဆိုက်ရောက်ခန်းမ) နှင့်လက်ဆွဲအိတ်ဝန်စည်စလယ်များပြန်းရွေးသည့်နေ ရာကို ညွန့်ပြသည့် လမ်းပြတိုင်း၊ အမှတ်အသားသင်္ကေတများကို တွေ့ရမည်။လမ်းညွှန်ပြထားသည့် အတိုင်းတက်သွားပါ။အခက်အခဲရှိပါက လေဆိပ်ဝန်ထမ်းများကို မေးမြန်းနိုင်ပါသည်။ သင်သည်လူဝင်မှုကြီး ကြပ်ရေးကောင်တာ (Immigration Counter) သို့ရောက်သောအခါ အများနည်းတူ တန်းစီးပြီးကိုယ့်အလှည့်ကို စောင့်ရသည်။ကိုယ့်အလှည့်သို့ရောက်သောအခါ စင်ကာပူသွားသူတိုင်း မဖြစ်မနေဖြည့်စွက်ရမည် ၀ှိုက်ကဒ် (White Card) နှင့် နိုင်ငံကူးစာအုပ်တွဲပြီး လူဝင်မှုကြီးကြပ်ရေးကောင်တာမှာပြရသည်။
Write Card ကိုလေယဉ်ပေါ်မှာ ရယူပြီးလေယာဉ် မဆိုက်ရောက်မီပြည့်စုံစွာ ဖြည့်စွက်ပြီးသား ဖြစ်ရမည်။အကယ်၍ဖြည့်စွက်ရန်အခက်အခဲရှိပါက သင်ဘေးမှာထိုင်နေသော ပုဂ္ဂိုလ်တစ်ဦးအားသော်လည်း ကောင်း လေယဉ် အမှုထမ်းများအားသော်လည်းကောင်းအကူအညီတောင်းနိုင်ပါသည်။
လူဝင်မှုကြီးကြပ်ရေးအရာရှိကခရီးသည်အားမေးတက်သောမွေးခွန်းများ-
- ဘယ်နိုင်ငံကလာတာလဲ
- နာမည်ဘယ်လိုခေါ်လဲ
- အသက်ဘယ်လောက်ရှိပြီလဲ
- ဘာအလုပ်လုပ်သလဲ
- ဘာကိစ္စအတွက်လာသလဲ (စာရွက်စာတမ်းပါလား)
- စင်ကာပူမှာဘယ်လောက်ကြာကြာနေမှာလ
- စင်ကာပူမှာနေတုန်း ဘယ်မှာတည်းမှာလဲ
- စင်ကာပူမှာဆွေမျိုးရှိလား
- Show money (ပိုက်ဆံ) ဘယ်လောက်ပါသလဲ
မှတ်ချက်။ ။ အလုပ်လုပ်မည့်သူများအား ဘာကိစ္စနဲ့လာတာလဲဟုမေးခဲ့လျှင်အလုပ်လုပ်ဖို့လာတာဖြစ် တယ်။အလုပ်ပါမစ်ကဒီမှာအလုပ်လုပ်မယ့်လိပ်စာကဒီမှာစာရွက်စာတမ်းပြပြီးဖြေရမည်။
(3)Baggage Claim
(လက်ဆွဲအိတ်၊ ၀န်စည်စလယ်များရွေးခြင်း)
Immigraiton Counter မှပြီးသွားသောအခါသင်၏ ခရီးစဉ်နံပါတ်အတွက် သတ်မှတ်ထားသောဝန်စည် စလယ်သယ်ဆုံလည်နံပါတ်သို့သွားပြီး မိမိပစ္စည်းများပြန်လည်ရွေးရမည်။ထိုနေရာတွင် အခပေးစရာမ လိုသော Trolleys ခေါ်လက်တွန်းလှည်းများရရှိနိုင်သည်။အခက်အခဲရှိပါက လေဆိပ်ဝန်ထမ်းများအား မေးမြန်းနိုင်ပါသည်။
(4) CUSTOMS COUNTER (အကောက်ခွန်ကောင်တာ)
သင်၏ လက်ဆွဲအိတ်၊ ၀န်စည်စလယ်များပြန်ရွေးပြီး သွားသောအခါ Custom Counter သို့ပစ္စည်များ ပြရသည်။သင်သည်အသက်18နှစ်ပြည့်ပြီး မလေးရှားနိုင်ငံကလွဲ၍ အခြားနိုင်ငံကလာတာဖြစ်ခဲ့လျှင် အောက်ဖော်ပြပါ Duty free (အခွန်မဲ့) ပစ္စည်းများဖြစ်ကြသောအရက်တစ်လီတာ၊ ၀ိုင်တစ်လီတာ၊ ဘီယာ (Stoutorale) တစ်လီတာ၊ ကိုယ်ပိုင်သုံးရန် အရေအတွက်မများသော ပစ္စည်းများနှင့် တန်ဘိုးအားဖြင့်စင် ကာပူဒေါ်လာ ၃၀ မကျော်သောအစားအသောက်များကို Duty free (အခွန်မဲ့) ခံစားခွင့်ရှိသည်။
Custom Counter ၌မေးတက်သောမေးခွန်းများ
- ဘယ်နိုင်ငံကလဲ
- ဘာကိစ္စလဲနှင့်ဘာတာလဲ
- ဘာပစ္စည်းတွေပါသလဲ
- ဘာပစ္စည်း declare (ကြော်ငြာ) လုပ်ဖိုရှိလဲ
အကောက်ခွန်ကောင်တာမှ ပြီးသွားသောအခါ Arrival Hall (ခရီးဆိုက်ရောက်ရာခန်းမ)မှထွက်၍ မိမိ အစီအစဉ်ဖြင့် Taxi, Bus, Car, AIA Hop, MRT စသည့်တို့ဖြင့်မြို့ထဲသို့ သွားရောက်နိုင်ပါသည်။
မှတ်ချက်
White Card (၀ှိုက်ကဒ်) သည်နိုင်ငံတကာသို့ သွားရောက်သည့်အခါ သွားရောက်မည့်နိုင်ငံ ၏နိုင်ငံသားမဟုတ်သူတိုင်းဖြည့်စွတ်ရမည့် နာမည်၊ အသက်၊ အလုပ်အကိုင်ေ၊ နိုင်ငံကူးစာအုပ်နံပါတ်၊ တည်းခိုမည့်နေရာ၊ နေထိုင်မည့်ကာလ သွားရောက်ရသည့်အကြောင်း စသောအချက်အလက်များပါရှိ သည့်ဖြည့်စွတ်ရန်စာရွက်(သို့) ကဒ်ပြားဖြစ်ပြီး လေယဉ်ပေါ်မှာ ပြည့်စုံအောင်ဖြည့်စွက်ပြီး လေယဉ် ဆိုက်ရောက်သည့်အခါ Immgartion Counter မှာ Passport နှင့်အတူပြရပါသည်။ White Card ကို လေယဉ်ပေါ်မှ အခမဲ့ဝေလျက်ရှိသည်။

(5) Mobile Phone Rental Service (မိုဘိုင်းဖုန်းငှားခြင်း)
First and Raffle class ဖောက်သည်များနှင့် စင်ကာပူသို့လာလည်သော solitaire and PPS ကလပ်ဝင်များအားမေတ္တာလက်ဆောင်အဖြစ် မိုဘိုင်ဖုန်း(ရ) ရပ်ကထက်ပိုသုံးလိုပါက အထူးနှုန်းအနေ ဖြင့်တစ်ပတ်လျှင် စင်ကာပူ ဒေါ်လာ၂၀နှုန်းအခွန်ပေးရမည်။၎င်းတို့ကိုဦးရာလူစနစ်ဖြင့် ငှားရမ်းသည်။
ဖုန်းကို Terminal 2 Arrival Hall ရှိ Singtel Mobile Phoneကောင်တာမှာလေယဉ်လက်မှတ် (သို့)Cerdit card ပြပြီးထုတ်ယူနိုင်သည်။
(၆) Changi လေဆိပ်မှ မြို့ထဲသို့သွားခြင်း
Changi Airport မှ မြို့ထဲသို့ကား၊ တက္ကစီ(သို့) MRT နှင့်သွားလျှင် ၂၅မိနစ်မှ၃၀မိနစ်ပတ်ဝန်း ကျင်ကြာပြီး၊ ဘတ်စ်ကားနှင့်သွားပါက ၄၅ မိနစ်လောက်ကြာပါသည်။
Transfer & Transitin Changi
(ချန်ဂီလေဆိပ်မှ လေယဉ်ပြောင်းစီးခြင်း)
ရှေ့ခရီးစဉ်အတွက် လေယဉ်တက်လက်မှတ်ရှိသူများအတွက်အကယ်၍ သင်သည်ရှေ့ခရီးစဉ်အတွက် လေယဉ်တက်လက်မှတ်ရှိပြီးဖြစ်ခဲ့ပါက သင်၏လေယဉ်မည်သည့်ဂိတ်မှာ ထွက်ခွာမည်ကိုလေယဉ်တစ် ဆင့်ပြောင်းစီးမည့်သူများ နားနေသည့်နေရာ (Transit Area ) ရှိခရီးစဉ်သတင်း အချက်အလက်ပြ တီ ဗွီမော်နီတာပေါ်တွင် ၏ကြည့်ရှု့နိုင်သည်။
အချို့လေယဉ်တက်ဂိတ်များသည် သင်ရှိနေသည် နေရာနှင့် ဝေးကောင်းဝေးနေလိမ့်မည်ဖြစ် သဖြင့်အချိန်ပေးဖို့လိုပါလိမ့်မည်။ပိုသေချာအောင် Terminal 1နှင့်2 မှဂိတ်ပေါက်များသို့လမ်းလျှောက် သွားလျှင်ရောက်မည့်အချိန်ကို ပြထားသည့် ဇယား (diagram)ကိုလေ့လာနိုင်သည်။သင်သည် လေယဉ်မထွက်မှီနာရီဝက်အတွင်းသင်ထွက်ခွာမည့် ဂိတ်ပေါက်ကိုအရောက်သွားသင့်သည်။
အသုံးမပြုရသေးသော ၇ထားခနှင့်စရံကို ပြန်တောင်း၍ရသည် SMRT Hotline at 1800 225 8900 သို့မဟုတ် Trainsitlink at 1800767 4333 သို့ဆက်သွယ်ပါ။
(1) ရှေ့ခရီးစဉ်အတွက်လေယဉ်တက်လက်မှတ်မရှိသေး သူများအတွက်လမ်းညွှန်
သင်သည်ရှေ့ခရီးစဉ်အတွက်လေယဉ်လက်မှတ်မရှိသေးလျှင်သော်လည်းကောင်း check-in ခေါ်လေယဉ်တက် စာရင်သွင်းခြင်းမလုပ်ရသေးလျှင်သော်လည်းကောင်း Transfer counter သို့သင့်ခရီးစဉ်အတွက် ချက်ချင်းအ ကြောင်းကြားပါ။အကယ်၍သင်၏လက်ဆွဲအိတ်၊ ပစ္စည်းများအပ်ထားပြီး (check-in လုပ်ပြီး) ဖြစ်ခဲ့လျှင်လက်ဆွဲ အိတ်ပေါ်ရှိလက်မှတ်အမှတ်အသား ( baggage tags )ကသင်သွားမည့်ခရီးစဉ်နှင့်နောက်ဆုံး ဆိုက်ရောက်မည့် နေရာကိုပြလိမ့်မည်။
(2) ရှေ့ခရီးစဉ်အတွက်လေယဉ်လက်မှတ်(သို့)လေယဉ်ပေါ်တက်လက်မှတ်မရှိသေးသောခရီးသည် များတွက်
ရှေ့ခရီးစဉ်အတွက်လေယဉ်လက်မှတ်ဘွတ်ကင်း (booking) မလုပ်ရသေးသောခရီးသည်များ သည် (Transfer counter တွင်အကြောင်းကြားကူအညီ တောင်းနိုင်သည်။
c. Delayed Arrival
(လေယဉ်နောက်ကျခြင်း)
အကယ်၍အကြောင်းအမျိုးမျိုးကြောင့် ယေယဉ်ဆိုက်ချိန်နောက်ကျခဲ့လျှင်လေကြောင်းဌာနကသင့်အတွက် အစစအရာရာ အဆင်ပြေအောင်တာဝန်ယူဆောင်ရွက်ပါလိမ့်မည်။ လေယဉ်ဆိုက်ရောက်သည်နှင့်လေကြောင်း လှိုင်းမှသင့် အတွက်သူတို့၏အစီအစဉ်များ ကြေညာအသိပေးပါလိမ့်မည်။သင့်အဆင်ပြေမှု့အတွက်သူတို့က အားလုံးတာဝန်ယူပါလိမ့်မည်။
D. စင်ကာပူချန်ဂီလေဆိပ်မှ ထွက်ခွာခြင်းနှင့် check-in (လေယဉ်တက်စာရင်သွင်) လုပ်ခြင်း
စင်ကာပူမှပြန်လည်ထွက်ခွာလိုသူများအတွက် check-in လုပ်နိုင်သည့်နည်းမျိုးစုံကိုအောက် ပါတွင်ဖော်ပြထားပါသည်။
(၁) မြို့ထဲကနေ check-in လုပ်ခြင်း
(၂) Premium Check-in လုပ်ခြင်း
(၃) Early Check-in လုပ်ခြင်း
(၄) Express Check-in လုပ်ခြင်း
(၅) Return Check-in လုပ်ခြင်း
(၆) Telephone / fax နှင့် Check-in လုပ်ခြင်း
(၇) E-mail ဖြင့် Check-in လုပ်ခြင်း
စင်ကာပူနိုင်ငံတကာလေကြောင်း(SIA) သည်မြို့ထဲတွင် Check-in လုပ်နိုင်သောရုံးခန်း ၂ခန်းရှိသည်။၎င်းရုံး ခန်းတွင်ကြိုတင်၍ ၄၈နာရီမှ သင်၏လေယာဉ်မထွက်မီ ၂နာရီအထိ Check-in လုပ်၍ရပါသည်။တည်နေရာနှင့် ရုံးခန်းများ-
(a) Paragon Shopping Centre
နေ့တိုင်းမနက်၈း၃၀နာရီမှ ညနေ၅း၄၅နာရီထိ
(b) SIA Building
တနင်္လာနေ့မှ သောကြာနေ့အထိ မနက်၈း၃၀ နာရီမှညနေ၅း၄၅နာရီထိစနေနေ့ မနက်၆း၃၀နာရီမှ
ညနေ ၁၂း၄၅နာရီထိတနင်္ဂနွေနေ့တိုင်းပိတ်သည်။
လုံခြုံရေးအတွက်ဤရုံးခန်းများ၌ လက်ဆွဲအိတ်နှင့်ဝန်စည်စလယ်များလက်မခံပါ။သင်သည်လေယာဉ် မထွက်မှီ ၄၅မိနစ်တွင်ချန်ဂီလေဆိပ်သို့အရောက်သွားပြီးသင်၏ ပစ္စည်းများကို Terinal(2)ကောင်တာ (၁၀)အတန်း (Row) ၅နှင့်၇တွင် Check-in လုပ်ရမည်။
(2)Premium Check-in လုပ်ခြင်း
ပထမတန်းခရီးသည်များနှင့် Solitaire PPS အသင်းသားများအားချန်ဂီလေဆိပ်ရှိ Departure hall အ၀င်ဝမှာရှိသော Premium Check-in service ကိုအားပေးနိုင်ပါသည်။သင်Check-inလုပ်ပြီးသည်နှင့် Imigration Counter ကိုတိုကိရိုက်သွားနိုင်အောင်အထူးအစီအစဉ်ဖြင့်စီစဉ်ပေးကြပါလိမ့်မည်။
(3) အစောကြီး Check-in လုပ်ခြင်း
သင်၏၀န်စည်စလယ်များနှင့်အတူ ၄၉ နာရီစော၍ Check-in လုပ်နိုင်သည်။ Raffles class နှင့် PPS Club ခရီးသည်များက Row (4) မှာ၎င်း Economy Class ခရီးသည်များက Row (5) or (7) ၌ ၄င်း Check-in လုပ်၍ရပါသည်။
(4) Express Check-in လုပ်ခြင်း
အကယ်၍သင့်ဆီမှာ ခရီးစဉ်ကြိုးတင်စီစဉ်ထားမှုအတည် ဖြစ်ပြီး မနက် ၆း၃၀ နာရီမှ ညသန်းခေါင်ထိ လက်ဆွဲအိတ်နှင့် ခရီးသွားသူဖြစ်ပါက Express Check-in ကောင်တာကိုအသုံး ပြုနိုင်သည်။ တန်းစီစရာမလိုပဲ Row3 နှင့် 4 တွင် Raffle Class ခရီးသည်များနှင့် Rows 5 နှင့် 6 တွင် Economy Class ခရီးသည်များ Check-in လုပ်နိုင်ပါသည်။
(5) Return Check-in လုပ်ခြင်း
စင်ကာပူမှ ကွာလာလမ်ပူ၊ ပီနံ၊ ဘန်ကောက်၊ ဟောင်ကောင်၊ တိုင်ပေ၊ ဂျာကာတာ၊ ဆူရာဘာယာ၊ အင်ပါရာ၊ ပတ်သ်၊ မဲလ်ဘွန်း၊ ဆစ်ဒ္ဒနီ၊ လန်ဒန်မြို့များသို့ သွားမည့်ခရီးသည်များအတွက် (၄၈)နာရီ အတွင်းစင်ကာပူပြန်ဝင်မည်ဆိုလျှင် အပြန်ခရီးအတွက် တချိန်ထဲမှာ Check-in လုပ်နိုင်သည်။
(6) Telephone/ Fax ဖြင့် Check-in လုပ်ခြင်း
တယ်လီဖုန်း(သို့)ဖက်စ်ဖြင့် မနက် ၆း၃၀ နာရီမှ နောက်နေ့မနက် ၁း၀၀ အထိ Check-in လုပ်နိုင်သည်။ အောက်ဖော်ပြပါ အချက်အလက်များပေးထားခဲ့ရမည်။
အမည် -----------
(လေယာဉ်တက်လက်မျတ်ပေါ်ကအတိုင်း)
လူမျိုး -----------
နိုင်ငံ -----------
ခရီးစဉ်အမှတ်နှင့်နေ့စွဲ -----------
သွားရမည့်နေရာ -----------
ခရီးသွားလက်မှတ်အတန်းအစား -----------
ဆက်သွယ်ရန်တယ်လီဖုန်းနံပါတ် -----------
ပထမတန်းခရီးသည်များနှင့် Raffle Class ခရီးသည်များအတွက် Tel:5403033 (သို့) Fax 5430979 မနက် ၆း၀၀ နာရီမှ ညနေ ၁၂း၀၀ နာရီအထိ၎င်း
Economy Class ခရီးသည်များအတွက်
Tel :2432546 (သို့) Fax 2433939
မနက် ၆း၀၀ နာရီမှ ညနေ ၁၀း၃၀ နာရီထိ
Check-in လုပ်ပြီးသောအခါပထမတန်းခရီးသည် များနှင့် Raffle Class ခရီးသည်များအတွက် လေယာဉ် မထွက်မီ ၄၅မိနစ်ထက် နောက်မကျဘဲစာရင်းသွင်းကောင်းတာ Row 4 မှ လက်ဆွဲ အိတ်၊ ပစ္စည်းများ Check-in လုပ်ပြီးလေယာဉ်တက်လက်မှတ်ထုတ်ရမည်။ Economy Class ခရီးသည်များအတွက် ပထမကောင်တာတွင် Check-in လုပ်ရမည်။
(7) E-mail ဖြင့် Check-in လုပ်ခြင်း
သေချာစွာဘွတ်ကင် (booking)လုပ်ထားပြီးသော ခရီးစဉ် အတွက် မနက် ၆း၃၀ မှ နောက်နေ့ မနက် ၁း၀၀ နာရီအထိ အင်တာနက်ဖြင့် Check-in လုပ်နိုင်ပါသည်။
E-mail နံပါတ်မှာ -www Singapore aie.com or check-in@singapore air.com sg ဖြစ်သည်။
အောက်ပါအချက်အလက်များထည့်ပို့ရပါမည်။
-အမည် (လေယာဉ်တက်လက်မှတ်ပေါ်အတိုင်း)
-ခရီးစဉ်အမှတ်နှင့်နေ့စွဲ
-သွားရမည့်နေရာ
-လက်မှတ်အဆင့်အတန်းနှင့်
-ဆက်သွယ်ရန်တယ်လီဖုန်းနံပါတ် တို့ဖြစ်သည်။
E-mail နှင့် Check-in လုပ်ခြင်းက လေယာဉ်မထွက်မီ ၁၈နာရီ မှ ၂နာရီအတွင်းစိတ်ကြိုက် လုပ်၍ရပါသည်။ E-mail နှင့် Check-in လုပ်ပြီးသည်နှင့်သင်သည်လေယာဉ်မထွက်မီ ၄၅မိနစ် ထက် နောက်မကျစေပဲလူကိုယ်တိုင်လက်ဆွဲအိတ်နှင့် Check-in လုပ်ပြီး လေယာဉ်တက်လက် မှတ် ထုတ်ရသည်။
မှတ်ချက်
Check-in လုပ်ခြင်း
Check-in လုပ်ခြင်းဆိုသည်မှာ လေယာဉ်မထွက်ခွာမီ သတ်မှတ်ချိန်အတွင်း ခရီးသည်က သူလိုက် မည့်လေကြောင်းကောင်တာသို့ သတင်းပို့ခြင်း၊ လေယာဉ်လက်မှတ်နှင့် နိုင်ငံကူးလက်မှတ်များပြ ခြင်း၊ ၀န်စည်စလည်များ ပေါင်ချိန်အပ်နှံခြင်းနှင့် လိုအပ်သည့် စာရွက်စာတမ်း(ဥပမာ-လေယာဉ် တက်လက်မှတ်) များထုတ်ယူခြင်းစသည်တို့ ပြုလုပ်ဆောင်ရွက်ခြင်းကို Check-in လုပ်သည်ဟု ခေါ်သည်။ တနည်းအားဖြင့် လေယာဉ်တက်စာရင်းသွင်းခြင်း ဟုလည်းခေါ်၍ ရပါသည်။
အခွင့်အရေး၊ အချက်အလက်များ ပိုမိုသိရှိစေရန်အတွက် Transit Area မှာရှိသော Terminal 1 နှင့် 2 အတွက် ခရီးသည် လမ်းညွှန်စာရွက်ကိုယူဖတ်ပါ။

စတီဗင်ဇာခိုင်SINGAPORE CITYစာအုပ်မှကောက်နှတ်တင်ပြပါသည်။
koMyatThu (STG)
mrmyatthu82@gmail.com ,
www.facebook.com/komyatthu82


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/04/2013 07:35:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.