[mrsorcerer:37980] အစ္စလာမ်က ... ဘာ့ကြောင့် အမျိုးသားတွေကို ဇနီးတစ်ဦးထက်ပိုပြီး လေးဦးထိ လက်ထပ်ခွင့်ပြုထားရတာလဲ ... ?

(စာ အနည်းငယ် ရှည်ပါတယ် ...။ မသိသေးသူများ အတွက်သာ ရည်ရွယ်ပါတယ် ...။ စိတ်ဝင်စားမှ ဖတ်စေလိုပါတယ် ... အစအဆုံး မဖတ်ပဲနှင့် ရိုင်းပြစွာ comment ပေးခြင်းမျိုး မပြုလုပ်ပါရန် တိုက်တွန်းပါတယ် ...။)

အစ္စလာမ်က ... ဘာ့ကြောင့် အမျိုးသားတွေကို ဇနီးတစ်ဦးထက်ပိုပြီး လေးဦးထိ လက်ထပ်ခွင့်ပြုထားရတာလဲ ... ?
*************************************
ဟုတ်ကဲ့ပါ ... အဓိကအကြောင်းရင်းက အမျိုးသမီးများရဲ့ ဘဝကို ထိန်းသိမ်းဖို့ပါ ...။ အံ့သြသွားပြန်ပြီထင်တယ် ...။ မအံ့သြပါနဲ့ ...။

လေ့လာကြည့်ရအောင် ... ဘာ့ကြောင့်လဲဆိုတာ ...။

၁။ ယနေ့ လက်ရှိ ကမ္ဘာ့ လူဦးရေ စစ်တမ်းအရ အမျိုးသားများထက် အမျိုးသမီးများရဲ့ ဦးရေ မြင့်မားတယ်ဆိုတာ အားလုံး အသိပါ ...။ တစ်ခါ ထပ်ပြီး နည်းပါးတဲ့ အမျိုးသားဦးရေထဲကမှ စစ်ပွဲတွေမှာပဲ ဖြစ်ဖြစ် မတော်တဆထိခိုက်ဒဏ်ရာရမှုနှင့် စီးကရက်သောက်မှုကြောင့်၊ အရက်သေစာ သောက်သုံးမှုကြောင့် သေဆုံးသူများထဲက အမျိုးသား ဦးရေမှာ အမျိုးသမီး ဦးရေ ထက်ပိုများနေပြန်ပါတယ် ...။

ဒါ့ကြောင့် ကမ္ဘာပေါ်မှာ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် ပိုများနေတယ်ဆိုတာ ငြင်းစရာအကြောင်း မရှိပါ ...။

၂။ ဆေးပညာရှင်များရဲ့ ဖွင့်ဆိုချက်အရ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုပြီး လိင်စိတ် ဆန္ဒ ပိုမိုများပြားတယ် ဆိုတာ အားလုံး လက်ခံထားတဲ့ အချက်ပါ ...။

၃။ ဒါ့အပြင် ယနေ့ အိမ်ထောင်ရေး ပြဿနာအများစုကို လေ့လာကြည့်မယ်ဆိုရင် ကျွန်တော်တို့ အမျိုးသားများဖက်က အစပြုတာ တွေ့ရပါလိမ့်မယ် ...။

ပမာအားဖြင့် --- အထက်မှာ ဖော်ပြထားတဲ့အတိုင်း အမျိုးသားတွေဟာ အမျိုးသမီးတွေထက် လိင်စိတ်ဆန္ဒ ပြင်းပြပါတယ် ...။ အချိန်မရွေး တောင့်တမှု ရှိတတ်ပါတယ် ...။ ဇနီးမယား တစ်ယောက်တည်းနဲ့ တင်းတိမ်ပါတယ်လို့ ပြောနေသူဟာ မိမိကိုယ်ကို မိမိ သာသနာ့ စည်း၊ လူမှုရေး စည်းတွေနဲ့ ချုပ်ကိုင်ပြီး ပြောဆိုနေခြင်းသာ ဖြစ်ပါတယ် ...။

ဒါ့ကြောင့် အိမ်ထောင်ရှင် အမျိုးသားဖက်က လိုလားချက် ဖြစ်ပေါ်လာတဲ့အချိန် မိမိ ဇနီး မယားအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖြည့်စည်း မပေးနိုင်တဲ့အခါမှာ ဒီ အမျိုးသားဟာ တစ်ကြိမ် သည်းခံမယ် ... နှစ်ကြိမ် သည်းခံမယ် ... နောက်ပိုင်း အကြိမ်အရေတွက် များလာတဲ့အခါ၊ ဒါမှမဟုတ် အကြိမ်အရေအတွက် စိတ်လာတဲ့အခါ အိမ်ထောင်ရှင် အမျိုးသား တစ်ဦးဟာ သည်းခံနိုင်မှု နည်းလာပါတယ် ...။
ဒီအချိန် အပြင်မှာ အပျော်ရှာလာပါတော့တယ် ...။ နောက်ပိုင်း အိမ်ထောင် ပြိုကွဲတဲ့အထိ ပြဿနာတွေ တက်လာပါတော့တယ် ...။

၎။ မြန်မာနိုင်ငံထဲမှာပဲ လေ့လာကြည့်ရအောင် ...။ ယနေ့ ကျွန်ုပ်တို့ နိုင်ငံမှာ ရှိနေတဲ့ KTV Room တွေ၊ မာဆက်တွေ၊ Night Club တွေမှာရောက်နေတဲ့ အိမ်ထောင်ရှင် အမျိုးသားတွေရဲ့ အဓိက အကြောင်းရင်းကို လေ့လာကြည့်ကြပါ ...။
ဇနီး၊ မယား တစ်ဦးတည်းနဲ့ မတင်းတိမ်နိုင်လို့ဆိုတာက အဓိက အကြောင်းရင်း တစ်ခု ဖြစ်နေတာကို တွေ့ရပါလိမ့်မယ် ...။ ဒါ့ကြောင့် အပြင်မှာ အပျော်ရှာနေကြတာ ဖြစ်ပါတယ် ...။

၅။ အဲဒီ့ KTV Room တွေ၊ မာဆက်တွေ၊ Night Club တွေမှာ ဝမ်းစာအတွက် ရှာဖွေနေရတဲ့ အမျိုးကောင်း သမီးလေးတွေကို မေးကြည့်မယ်ဆိုရင် ဘယ်သူမှ ဒီအလုပ်ကို လုပ်ချင်လို့ လုပ်နေကြတဲ့သူ မရှိပါဘူး ...။ မေးကြည့်ပါ ...။

ဒါဆိုရင် သူတို့ ဘာလို့ လုပ်နေကြတာလဲ ... ?
အဖြေက ရှင်းပါတယ် ...။ ဝမ်းရေးအတွက်ပါ ...။
သူတို့ကို အတည်တကျ အိမ်ထောင်ပြုမယ့်သူ မရှိလို့ပါပဲ ...။ ဝမ်းနည်းစရာပါ ...။
-------------------------------------------------------------

ကောင်းပြီ ... အမျိုးသား တစ်ဦးဟာ ဇနီး၊ မယား တစ်ဦးထက် ပိုမယူရဆိုပြီး သတ်မှတ်ကြည့်ရအောင် ....။
##########################
မြန်မာနိုင်ငံမှာ လက်ရှိ လူဦးရေ သန်း ၆၀ ကျော် ရှိတဲ့အထဲမှာ အမျိုးသမီး ဦးရေဟာ ထက်ဝက်ကျော်ရှိနေတာကို တွေ့ရပါလိမ့်မယ် ...။
အကယ်၍ ယောက်ျား တစ်ယောက်ကို မိန်းမ တစ်ယောက်ပဲ ယူရမယ်ဆိုရင် မြန်မာ တစ်နိုင်ငံတည်းမှာပဲ ယောက်ျားရစရာလမ်းမရှိမယ့် မိန်းမသားဦးရေဟာ ဆယ်သန်း ကျော်နေပါတယ် ...။
ဒါဆိုရင် အဲဒီ့ အမျိုးသမီးတွေအတွက် ရွေးချယ်စရာလမ်းသုံးသွယ်ပဲ ကျန်ပါတော့မယ် ...။

၁ ။ မိန်းမရှိပြီးသား အိမ်ထောင်သည် ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ရင် လက်ထပ် ...။
၂ ။ အပျိုစင် (အပျိုကြီး)ဘဝနဲ့ပဲ အရိုးထုတ်ရင် ထုတ် ...။
၃ ။ အများပိုင် ပစ္စည်းလုပ်ချင်လုပ် ( ရိုင်းသွားရင် ခွင့်လွှတ်ပါ ...။ )
စတုတ္ထ ရွေးချယ်စရာ လမ်းကြောင်းမရှိ ...။ ( ရှိရင် ပြောပါ ...။ )

အကယ်၍ စာဖတ်သူရဲ့ ညီမ၊ အမ တစ်ဦးဦးဟာ အိမ်ထောင် မပြုရသေးတဲ့ သူတွေထဲက တစ်ယောက်လို့ ဆိုကြပါစို့ ...။ မိမိ ညီမ၊ အမ အတွက် ဘယ်လမ်းကို ရွေးချယ်ပေးမလဲ ... ?

ယုံကြည်ပါတယ် ... ဘယ်သူ့ကိုပဲ မေးကြည့် မေးကြည့် ကိုယ့်ရဲ့ ညီမ၊ အစ်မများအတွက် မည်သူတစ်ဦးတစ်ယောက်ကမျှ အများပိုင်ပစ္စည်းလုပ်ဖို့ကို လိုလားကြမှာ မဟုတ်ပါဘူး ...။

တချို့ ပုဂ္ဂိုလ်တွေကတော့ သူတို့ရဲ့ ညီမ၊ အစ်မများကို ယောက်ျား မရရင်လည်း အပျိုစင် (အပျိုကြီး)အဖြစ် နေစေမယ်၊ ငါတို့ တစ်သက်လုံး ကျွေးမွေး၊စောင့်ရှောက်မယ် လို့ ပြောပါလိမ့်မယ် ...။
ဒါဆို ဆက်စဉ်းစားကြည့်ရအောင် ...

ဆေးသိပ္ပံရဲ့ တွေ့ရှိချက်အရ ယောက်ျားတစ်ယောက် (သို့) မိန်းမတစ်ယောက်ဟာ သူတို့ရဲ့ ဘ၀တစ်လျှောက်လုံး အပျိုစင်၊ လူပျိုစင်အဖြစ် မနေနိုင်ပါဘူး ...။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့ရဲ့ ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေဟာ နေ့စဉ်နဲ့အမျှ လှုံ့ဆော်နေပါတယ် ...။ ဒီလို လှုံ့ဆော်မှုတွေကြောင့် တရားမ၀င်တဲ့ လိင်ဆက်ဆံမှု (သို့) လိင်ဖောက်ပြန်မှုတွေ ကျူးလွန်ရန်၊ လိင်နှင့် ဇိမ်ခံမှုပြုလုပ်ရန် တွန်းအားဖြစ်လာပါတယ် ...။

ဒီလိုဆိုရင် .... သာသနာ့ ဘောင် ၀င်သွားကြတဲ့ သူတော်စင်၊ သူတော်ကောင်း တချို့ကလွဲပြီး ကျန်တဲ့ သူတွေဟာ ဘယ်အရာတွေကို ပြုကျင့် ကြပါသလဲ ...။ သူတို့ဟာ ဖောက်ပြန်သူ တွေထဲက ဘယ်လို နေထိုင်သွားကြပါသလဲ ...။ ဘာတွေကို ပြုလုပ်ကြပါသလဲ ...။ စဉ်းစားရပါတော့မယ် ....။

ယနေ့ ကမ္ဘာပေါ်မှာ နေရာ တော်တော်များများမှာ တရားမ၀င် လိင်ဆက်ဆံခြင်းနဲ့ လိင်တူဆက်ဆံခြင်းဆိုတဲ့ လုပ်ရပ်တွေကို ပြုလုပ်နေကြတာ အားလုံး အသိပဲ ဖြစ်ပါတယ် ...။ ဘာ့ကြောင့်ပါလဲ ... ?

ဒါ့ကြောင့် အပျိုကြီး၊ လူပျိုကြီးအဖြစ် တစ်သက်လုံး နေထိုင်မယ်ဆိုတာကတော့ ဆေးပညာ ရှု့ထောင့်အရ လုံးဝ မဖြစ်နိုင်ပါဘူး ...။

(မှတ်ချက်- လူမျိုးနှင့် ယဉ်ကျေးမှုအရ မိမိတို့ကိုယ်ကို အပျိုစင်၊ လူပျိုစင်များအဖြစ် ထိန်းသိမ်းနိုင်ကြသော သူများလည်း ရှိနိုင်ပါတယ်။)

ဒါဆိုရင် ဖြစ်နိုင်တဲ့ အကောင်းဆုံး ရွေးချယ်စရာက ဇနီးရှိပြီးသား အိမ်ထောင်သည် ယောက်ျားကောင်း တစ်ဦးကို လက်ထပ်ဖို့ပဲ ရှိပါတော့တယ် ...။ ဒါမှ သူမရဲ့ ဘဝဟာ စိတ်ချ လုံခြုံမှု ရှိမယ် ...။ စိတ်ဖိစီးမှု နည်းပါးမယ် ...။
-------------------------------------------------------------------
ဒါကြောင့် ........ အမျိုးသမီးများကို ဇိမ်ခံ ပစ္စည်းအဖြစ်သာ သဘောထားပြီး KTV Room တွေ၊ မာဆက်တွေ၊ Night Club တွေမှာ အပျော်ရှာနေတာက ပို၍ မွန်မြတ်တယ်လို့ အသင်ပြောမလား ...။

အိမ်ထောင်ရှိလျက်နဲ့ တစ်နေ့တစ်ယောက် မရိုးအောင် အပျော်ရှာနေတဲ့ အိမ်ထောင်သည်တွေကို လူကောင်းတွေလို့ သတ်မှတ်မှာလား။
ဒါမှမဟုတ် ပြီးပြည့်စုံလို့ တည်တည်တံ့တံ့နဲ့ နောက်အိမ်ထောင်ပြုထားတဲ့ သူကို လူယုတ်မာလို့ သမုတ်မှာလား....။

ဒီလို အပျော်ရှာခြင်းကပင် မိမိ ဇနီးမယားပေါ်မှာ သစ္စာရှိပြီး ၊ တစ်ခြား အမျိုးကောင်း သမီးများကို ထိန်းသိမ်းစောင့်ရှောက်ရာ ကျတယ်လို့ အသင်ပြောမလား ...။
----------------------------------------------------------------------------
ဒါ့ကြောင့် အစ္စလာမ်သာသနာက အမျိုသမီးများကို စောင့်ရှောက်တဲ့ အနေနဲ့ အမျိုးသား တစ်ဦးကို အများဆုံး လေးယောက်ထိ ယူခွင့်ပေးပြီး ဖြေရှင်းပေးထားတာ ဖြစ်ပါတယ် ...။

(ထို့အတူ ... ဇနီးတစ်ဦးထက်ပို၍ ယူခိုင်းခြင်းကိစ္စကို ချွင်းချက်အနေနဲ့ ခွင့်ပြုထားခြင်းသာ ဖြစ်တယ်ပါ ..။ မဖြစ်မနေ လုပ်ဆောင်ရမယ့် စည်းမျဉ်း ဥပဒေသ လုံးဝ (လုံးဝ) မဟုတ်ပါ ...။ ဆိုတဲ့ အကြောင်းကိုလည်း
https://www.facebook.com/photo.php?fbid=366192206824814&set=a.139448549499182.25347.100003021126355&type=1&theater
မှာ လေ့လာကြည့်နိုင်ပါတယ် ...။ )

အစ္စလာမ်က တရားမျှတတဲ့ သာသနာဆို ... အမျိုးသမီးတွေကိုကြတော့ ဘာလို့ ယောက်ျား တစ်ယောက်ထက် ပိုမယူခိုင်းတာလဲ ....။
@@@@@@@@@@@@@@@@@@@@@@@@@@

ဒီမေးခွန်းဟာ အမှန်တော့ ဖြေရှင်းပြစရာ အကြောင်းမရှိတဲ့ လူတိုင်း နားလည်တဲ့ မေးခွန်းပဲ ဖြစ်ပါတယ် ...။
ဘယ်သာသနာကရော ခွင့်ပြုထားပါသလဲ ...။
ဘယ် ယဉ်ကျေးတဲ့ လူမှု အသိုင်းဝိုင်းကရော လက်ခံပါသလဲ ...။
အမှန်မှန်တော့ ဒီမေးခွန်း မေးသူ အများစုဟာ ကန့်လန့်တိုက်ချင်လို့ မေးနေတဲ့ မေးခွန်းပဲ ဖြစ်ပါတယ် ...။

ဒါ့ကြောင့် ဒီမေးခွန်း မေးသူကိုပဲ ကျွန်တော် ပြန်မေးကြည့်ချင်ပါတယ် ...။
မေးခွန်း မေးသူရဲ့ ဇနီး၊ မယား ဒါမှဟုတ် ... ညီမ၊ အမ တွေအတွက် တရားမျှတမှု ရှိအောင် ယောက်ျား နှစ်ယောက်သုံးယောက်လောက်နဲ့ လက်ထပ်စေကြည့်ပါလားဗျာ ...။ (ရိုင်းသွားရင် ခွင့်လွှတ်ပါ ...။)

နောက်တစ်ခု အမျိုးသားတစ်ဦးက အမျိုးသမီး လေးယောက်နဲ့ အိမ်ထောင်ပြုထားမယ်ဆိုရင်လည်း အဲဒီ့ အမျိုးသမီး လေးယောက်လုံးက မွေးလာတဲ့ ကလေးတွေရဲ့ အဖေက ဘယ်သ၊ူ အမေက ဘယ်သူဆိုတာ ခွဲခြားပြီး အတိအကျ ပြောနိုင်ပါတယ် ...။

အကယ်၍ .... အမျိုးသမီးတစ်ဦးဟာ ... အမျိုးသား နှစ်ဦး နှင့်အထက် တစ်ချိန်တည်းမှာ အိမ်ထောင်ပြုထားမယ်ဆိုရင်ရော အဲဒီ့ အမျိုးသမီးက မွေးလာမယ့် ကလေးရဲ့ အဖေဟာ ဘယ်သူပါလို့ ခွဲခြားပြီး အတိအကျ အသင် ပြောပြလို့ နိုင်မလား...။
တစ်ခါ ..... ကလေးက အချိန်တန်လို့ ကျောင်းတက်တဲ့အခါ ကလေးအဖေနာမည် ဘယ်သူလဲလို့ မေးတဲ့အခါ ဘယ်လိုဖြေမလဲ ... ကလေးအဖေ နာမည် နှစ်ယောက် သုံးယောက်လောက် နာမည်ပေးရမှာလား ...။

-----------------------------
ဒီလောက်နဲ့ မလုံလောက်သေးဘူး ... ထပ်ရှင်းပြဖို့ လိုအပ်မယ်ဆိုရင်လည်း အဖြေ ရှိပြီးသားပါ ...။ (If Allah agree me) ကြိုးစား တင်ပြသွားပါအုန်းမယ် ...။

{ Dr. Zakir Abdul Karim Naik ရဲ့ ဖြေကြားချက်ကို မှီငြမ်းပါသည် ...။ }

မှတ်ချက် ။ ။ ယဉ်ကျေးမှု ရှိသူတိုင်းကို လူတိုင်းက လေးစားပါတယ် ...။ ကျွန်တော်ရေးထားတဲ့ အထဲမှာ မည်သည့် သာသနာကိုမျှ စော်ကားထားခြင်း မရှိပါ ...။ မရှင်းလင်းတာ ရှိရင် နှလုံးသား ဖွင့်ပြီး မှန်ကန်တဲ့အဖြေရရင် လက်ခံပါ့မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မေးစေလိုပါတယ် ...။ ( If Allah agree me ) ကျွန်တော် ဖြေကြားပေးပါ့မယ် ...။ ဘယ်လို အဖြေပဲ ရရ လက်မခံဘူးဆိုတဲ့ပုံစနဲ့ မေးလာတဲ့ မေးခွန်းမျိုးဆို ကျွန်တော် ပြန်ဖြေလေ့ မရှိပါ ...။

ကျွန်တော်ကတော့ စာကို အစအဆုံး မဖတ်ပဲ အဆင့်မရှိ ဆဲပဲ ဆဲတတ်သူများရဲ့ comment ကို ဖျက်ပါတယ် ...။ စေတနာ ပိုရင် block list ထဲပါ အခမဲ့ စာရင်းသွင်းပေးသွားမှာပါ ...။

( ကျွန်တော် လူတစ်ချို့ Tag လုပ်ထားခြင်းရဲ့ ရည်ရွယ်ချက်က လူအများ ဖတ်နိုင်ရန်သာ ရည်ရွယ်ပါတယ် ...။ အကယ်၍ မိမိအတွက် အခက်ခဲ ရှိမယ်ဆိုရင် ကျွန်တော့်ကို chat box မှတစ်ဆင့် ပြောကြားပေးစေလိုပါတယ် ...။ ကျွန်တော် ဖြုတ်ပေးပါမယ့် ခင်ဗျာ ...။ ကျေးဇူးတင်ပါတယ် ...။ )

အသိပညာ တိုးပွားလိုစိတ်နဲ့ လွတ်လပ်စွာ Share နိုင်ပါတယ် ...။ link ဖျောက်၊ စာသား ကူးချပြီး ပြန်တင်ခြင်းကို ခွင့်မပြုပါ ...။

ရိုသေ၊ လေးစားလျက် ...
#####
သူရနိုင်
#####

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.