[mrsorcerer:38034] အလင်းမျက်ဝန်း မှ သတင်းများ ၂၅-၀၄-၂၀၁၃

ဘာသာပေါင်းစုံ စုပေါင်း၍ ဒေါပုံမြို့နယ်တွင် ပျော်ရွှင်စွာဖြင့် အာဟာရဒါနပြု၊ ဒေသခံများ ပျော်ရွှင်နေ
=================================

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်အတွင်းရှိ အစ္စလာမ်ဘာသာအပါအ၀င် ဘာသာပေါင်းစုံကိုးကွယ်သူများ စုပေါင်း၍ စည်းလုံးညီညွတ် ပျော်ရွှင်စွာဖြင့် ၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၀)ရက် စနေနေ့က သီတာနွယ်လမ်းမကြီးအားပိတ်၍ မုန့်ဟင်းခါးအချိန် (၃၀၀) အား ကြွရောက်လာသူများအား တည်ခင်းကျွေးမွေးရာ ရပ်ကွက်အတွင်းရှိ ဘာသာစုံ၊ လူမျိုးစုံ လာရောက် သုံးဆောင်ခဲ့တယ်လို့ သိရပါတယ်။

`မွတ်စလင်မ်တွေလည်း ၀င်ရောက်ချက်ပြုတ်ပေးပါတယ်။ ထင်းခုတ်၊ ရေခပ်၊ ကြက်သွန်လှီး ပျော်စရာ သိပ်ကောင်းပါတယ်။ ဒီလိုပုံစံမျိုးဟာ မြန်မာနိုင်ငံအရပ်ရပ်က ဒေသတိုင်း မြို့တိုင်းမှာ လုပ်သင့်ပါတယ်။ ရိုးရိုးလူတွေတင် မဟုတ်ပါဘူး။ ဘုန်းကြီးတွေပါ ကြွလာကြတယ်။

ကျနော်တို့ဟာ မြန်မာပြည်သားတွေပါ။ မြန်မာပြည်မှာနေတဲ့ တရုတ်လဲ မြန်မာပဲ။ မွတ်စလင်မ်လဲ မြန်မာပဲ။ ကုလားလဲ မြန်မာပဲ။ ဗမာလဲ မြန်မာပဲ။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်တွေလဲ မြန်မာပဲ။ ရိုဟင်ဂျာလဲ မြန်မာပဲ။ မြန်မာစိတ်ရှိသူတိုင်း မြန်မာပဲဗျာ။ တိုင်းပြည်ကို ချစ်သူတိုင်း တိုင်းပြည်ကို အေးချမ်းအောင် လုပ်ကြပါ။ မငြိမ်မသက်မှုတွေ ဖန်တီးသူတိုင်းဟာ ဒီနိုင်ငံရဲ့ ရန်သူပဲ။ ကျနော်တော့ ဒီလောက်ပဲ ပြောပါရစေ။ ကျေးဇူးပါ အလင်းမျက်ဝန်း။ ခင်ဗျားတို့လို မီဒီယာတွေလဲ မြန်မာပြည်မှာ များများ ဖြစ်လာပါစေဗျာ။ မြန်မာပြည်ကြီးလဲ မြန်မြန်ငြိမ်းချမ်းပါစေဗျာ။ ဆုတောင်းပါတယ်။ ကျနော်က ဗုဒ္ဓဘာသာပါ။´ သာကေတမှ ဒါနပွဲတွင် ပါဝင်ခဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သူ ကိုမြင့်အေးအား ဆက်သွယ်မေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်။

ဓာတ်ပုံ » Zaw Min Latt

http://www.teol-mm.info/2013/04/blog-post_1603.html

ဤကဏ္ဍသို့ အလင်းမျက်ဝန်းပရိတ်သတ်များအနေဖြင့် မိမိရင်တွင်းရှိ ခံစားချက်များအား ပေးပို့၍ အများပြည်သူများသို့ မျှဝေပေးနိုင်ပါပြီ။

အလင်းမျက်ဝန်းမီဒီယာသို့ ဆက်သွယ်ရန် အီးမေလ် teol.media@gmail.com



အကြမ်းဖက်မှုသည်မြန်မာ့ပြုပြင်ပြောင်းလဲရေးကို ထိခိုက်ကြောင်း ရှေ့နေဦးကိုနီဝေဖန် ထောက်ပြ


၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၀)ရက် စနေနေ့ညက VOA မြန်မာပိုင်း၏ တိုက်ရိုက်ထုတ်လွှင့်ချက်တစ်ခုဖြစ်သော တိုက်ရိုက်လေလှိုင်းအစီအစဉ်အတွင် လူမျိုးရေးဘာသာရေး အကြမ်းဖက်မှုဟာ မြန်မာ့ပြုပြင်ပြောင်းလဲရေးအတွက် မည်မျှအတိုင်းအတာထိ အကျိုးသက်ရောက်ခဲ့သလဲဆိုတဲ့အကြောင်း ဆွေးနွေးချက်ကို ထုတ်လွှင့်သွားခဲ့ပါတယ်။

အဆိုပါ အစီအစဉ်တွင် ရှေ့နေများကွန်ယက်မှ ရှေ့နေဦးကိုနီကိုလည်း ဖိတ်ကြားဆွေးနွေးစေခဲ့တာကြောင့် ဦးကိုနီမှ လူသတ်မှု၊ မီးရှို့မှု ပြုလုပ်နေသူများကို ရဲများအနေဖြင့် အထက်အမိန့် တောင်းခံစရာမလိုဘဲ ချက်ခြင်း အသေပစ်သတ်ခွင့်ရှိသည်ဆိုသော ပုဒ်မ(၁ဝဝ)ကို ထောက်ပြပြောဆိုခဲ့ပြီး မိတ္ထီလာမှာ အုပ်ချုပ်ရေးဘက်ကကိုင်တွယ်ပုံများကို အောက်ပါအတိုင်း ဝေဖန်ပြောဆိုခဲ့ပါတယ်။

`ရွှေဆိုင်ပိုင်ရှင်တွေကို ထောင် ၁၄ နှစ်စီ အမိန့်ချခဲ့ပေမယ့် လူသတ် မီးရှို့တဲ့သူတွေကိုတော့ အခုထိ တရားစွဲ အမိန့်ချတာ လုံးဝမရှိဘူး။ ဒါကတော့ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ ဒုတိယံမိ ဖောင်းဘောပေါ့။´

`နောက်တစ်ခုက ဘော်စတွန်က ဗုံးခွဲသူလို့ သံသယရှိတဲ့သူတွေကို ရဲတွေက ပိုက်စိတ်တိုက် ရှာတဲ့အခါမှာ လူ့အခွင့်အရေးထက် အမျိုးသား လုံခြုံရေးက အရေးကြီးတယ်ဆိုပြီး ပြောတာတွေ တွေ့ရတယ်။ ဥပဒေ ချိုးဖောက်မှတော့ ဥပဒေအတိုင်း အရေးယူရတာပဲ။ ဖမ်းဆီးဖို့ဆိုတာလည်း တရားရုံးတွေက ဝရန်းတွေထုတ်၊ အဆင့်ဆင့် နည်းလမ်းတွေသုံးပြီးမှ ဖိုက်တင်လုပ်ကြတာ။ လူ့အခွင့်အရေးက အရေးမကြီးဘူး။ မိဖို့ဆိုတာ လမ်းကြောင်းလွဲအောင် ပြောနေတာပဲ။´

`မြန်မာပြည်မှာ လူ့အခွင့်အရေးကို နားခါးနေတဲ့ လူတန်းစားတစ်ရပ်ကို ထပ်ပြီး သတိပေးချင်ပါတယ်။ လူ့အခွင့်အရေးကို ချိုးဖောက်ဖို့များ စဉ်းစားနေရင် တိုင်းပြည်ပါ ပျက်သွားနိုင်တယ်ဆိုတာ နားလည်စေချင်တယ်။ ပြည်သူတွေရုန်းကန်ခဲ့တာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်ပါ။ ပြောချင်ရာပြော လူသတ်ချင်ရာသတ်လို့ရပြီ။ အားရပါးရ မုန်းလို့ရပြီလို့ ထင်နေရင် လုပ်ကြည့်လိုက်ပါ။ ကမ္ဘာကြီးက မျက်စိမှိတ် မထားဘူး။ အမျိုးသားရေး အမျိုးသားရေးဆိုတဲ့ အသံကြားရင် စစ်ထောက်လှမ်းရေးတွေ အပင်းသွင်းခဲ့တဲ့ အဆိပ်တွေကို မြင်ယောင်မိတယ်။ အမျိုးသားရေး သိပ်တက်ကြွနေသူတွေ အမျိုးသားနိုင်ငံရေးဆိုတာကို သိတယ်နော်။ ဘာပြီးရင် ဘာလာမလဲ သိရင် ပြီးတာပဲ။´

`အခုတော့ ရဝမ်ဒါ လူသတ်ပွဲနဲ့ ယူဂိုဆလားဗီးယားလူသတ်ပွဲ မှတ်တမ်းတွေ ပြန်ကြည့်နေတယ်။ မက်ရှက်တီးလို့ခေါ်တဲ့ ဓါးရှည်တွေတဝင့်ဝင့်နဲ့ တိရိစ္ဆာန်စိတ်ဝင်နေတဲ့ လူအုပ်တွေရဲ့ တိုက်ခိုက်မှုတွေအောက်က အပြစ်မဲ့လူတွေ အတုံးအရုံး သေကြေကြတယ်။ တိရိစ္ဆာန်စိတ်ဝင်တဲ့သူဆီမှာ လူမျိုးလည်း မရှိဘူး။ ဘာသာလည်း မရှိဘူး။ လူသားချင်း စာနာစိတ်က ပိုဆိုးတာပေါ့။ လူမှ မဟုတ်တော့ဘဲ။´

ကိုးကား » ဓည၀တီ

http://www.teol-mm.info/2013/04/blog-post_5752.html

ဤကဏ္ဍသို့ အလင်းမျက်ဝန်းပရိတ်သတ်များအနေဖြင့် မိမိရင်တွင်းရှိ ခံစားချက်များအား ပေးပို့၍ အများပြည်သူများသို့ မျှဝေပေးနိုင်ပါပြီ။


ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်၊ တဘက်ဆွဲကျေးရွာတွင် ဘာသာပေါင်းစုံချစ်ကြည်ရေး ဟောပြောပွဲပြုလုပ်

ကျောက်ဆည်ခရိုင်၊စဥ့်ကိုင်မြို့နယ်၊ တဘက်ဆွဲကျေးရွာ တောင်ဗလီတွင် ( ၂၃-၄-၂၀၁၃ ) ရက်နေ့တွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဟောပြောပွဲတစ်ခု အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းဟောပြောပွဲတွင် ( အရှေ့ကျောင်း မူလရွှေစံတော်ကျောင်းတိုက်ဆရာတော် - အရှင်ဦးဝါသ၀ )၊ ဆရာတော် အရှင် ဦးဝါယမ၊ ဦးဟာမဒ်နှင့် ရပ်ရွာအကြီးအကဲများ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

ဆရာတော် အရှင်ဦးဝါသက ရွာသူရွာသားများအား "အသင်တို့ လောဘ၊ မောဟ၊ ဒေါသတွေ နောက်လိုက်ရင် အတိတ်ကလို အခြားသူများ၏ လက်အောက်တွင် ကျွန်အဖြစ်နှင့် ပြားပြားဝပ်သွားပေမည်။ လူသားချင်း ကိုယ်ချင်းစာပါ။ မေတ္တာတရားနှင့်သာ အမြဲနေထိုင်ကျင့်ကြံပါ။ အယူဝါဒ ကွဲပြားလျှင်လည်း နောင်ညီသားချင်းများသာ ဖြစ်ကြကြောင်း၊ တစ်ရွာတည်းနေ တစ်ရေတည်းသောက်သော ဆွေမျိုးများ ဖြစ်ကြကြောင်း "လက်သဲဆိတ်ရင် လက်ထိပ်နာရန်" မိန့်ကြားခဲ့သည်။

ဆရာတော် အရှင်ဦးဝါယမက "တစ်ဦးအပေါ်တစ်ဦး မေတ္တာပို့သပြီး နေထိုင်ကျင့်ကြံရန်" တိုက်တွန်းခဲ့သည်။

ဦးဟာမဒ်က "ဘာသာတရားများကြားမှာ အက်ကြောင်းတွေ ရှိလာရင် ခေါင်းဆောင်များအနေနှင့် ညှိနှိုင်ပေးသင့်ကြောင့်၊ ရွာသူရွာသားများအနေနှင့်လည်း တောင်ဖက်အခြမ်း မီးလောင်လျှင် မြောက်ဘက်အခြမ်းမှလူများ မီးငြိမ်းသတ်ပေးရန် ရောက်ရှိလာသကဲ့သို့ အကြမ်းဖက်မီးများ တောက်လောင်လျှင်လည်း ကိုယ့်အချင်းချင်းသာ ဦးစွာငြိမ်းသက်ရန် တိုက်တွန်းခဲ့သည်။ ပဋိပက္ခမီးများအား မကူးစက်စေရန် ရွာသူရွာသားများသည် အယူကွဲပြားသူများဖြစ်လင့်ကစား မိမိတို့၏ ခြံစည်းရိုးအား လုံခြုံစွာ ကာရံထားရန်" ဟောကြားခဲ့သည်။

မြန်မာနိုင်ငံအ၀ှမ်းရှိ လူသားအားလုံးသည်လည်း မိမိတို့နိုင်ငံ အေးချမ်းတည်ငြိမ်စေရန် ဤသို့ ကြိုးပမ်းမှုများ ပြုလုပ်ထားသင့်ပေသည်။

ပေးပို့သူ » Justice Seeker | အလင်းမျက်ဝန်း စီဂျေ

http://www.teol-mm.info/2013/04/blog-post_752.html

ဤကဏ္ဍသို့ အလင်းမျက်ဝန်းပရိတ်သတ်များအနေဖြင့် မိမိရင်တွင်းရှိ ခံစားချက်များအား ပေးပို့၍ အများပြည်သူများသို့ မျှဝေပေးနိုင်ပါပြီ။

မြန်မာဘုန်းကြီးများ အကြမ်းဖက်မှု အဆုံးသတ်ကြရန် နိုဘယ်ဆုရှင် တရုတ်ဘုန်းတော်ကြီးမိန့်ကြား

မြန်မာနိုင်ငံ မြို့နယ်အချို့နှင့် ကျေးရွာအချို့တို့တွင် မွတ်စလင်မ်များအား အကြမ်းဖက်ခြင်းမှတဆင့် မွတ်စလင်များအား ရှင်းလင်းသုတ်သင်ပစ်ရေးဟူသောသတင်းများ ထွက်ပေါ်လာမှုအပေါ် တိဗက်ဘုန်းတော်ကြီး ဒလိုင်လာမားက မြန်မာဘုန်းတော်ကြီးများအား အကြမ်းဖက်မှုများအားလုံး အဆုံးသတ်ကြရန် မိန့်ကြားလိုက်ပါသည်။

မကြာသေးခင်က အိန္ဒိယနိုင်ငံ ဒါရမ်ဆာလာမြို့တွင် ဩစတြေးလျအသံလွှင့်ဌာနနှင့် သီးခြားပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် တိဘက်ဘုန်းတော်ကြီးက ပဋိပက္ခများတွင် လူပေါင်း ရာချီသေဆုံးခဲ့ပြီး လူပေါင်း သောင်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ရခဲ့ရခြင်းကို ရည်ညွှန်းပြောကြားလိုက်ခြင်း ဖြစ်ပါသည်။

"တကယ့်ကို ၀မ်းနည်းစရာပါ။ ဘာသာတရားတွေ အားလုံးက ချစ်ခြင်းမေတ္တာကို အခြေခံပြီး ခွင့်လွှတ်ခြင်းကို သွန်သင် လမ်းပြပေးပါတယ်။ ဒီလို ဘာသာရေးနဲ့ ပတ်သက်ပြီး လက်တွေ့ကျင့်ကြံနေသူတွေ၊ ဦးဆောင် လမ်းပြနေသူတွေက မတူတဲ့ အခြားဘာသာဝင်တွေအပေါ် အနိုင်ကျင့်တာတွေ မလုပ်သင့်ဘူး"ဟု အသက် ၇၇ နှစ်အရွယ်ရှိ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တရုတ်ဘုန်းတော်ကြီး ဒလိုင်လာမားက ပြောဆိုခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် လူနည်းစု မွတ်စလင်တွေအပေါ် တိုက်ခိုက်နေခြင်းများနှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာ မြန်မာဘုန်းကြီးတွေကို တိုက်ရိုက် ပြောဆိုခွင့်ရမယ်ဆိုရင် ဘာတွေ ပြောဆိုလိုပါသလဲဟု သတင်ဌာနမှမေးမြန်းရာ တိဗက်ဗုဒ္ဓဘာသာ ခေါင်းဆောင်အနေနဲ့ ပုဂ္ဂိုလ်ရေးအရ ပြောဆိုလိုကြောင်း ဖြေကြားသည်။

"ကျွန်ုပ်တို့ဟာ ဘာသာရေး ရိုသေကိုင်းရှိုင်းတဲ့ သူတွေပါ"ဟု ရွှေဝါရောင် သင်္ကန်းကိုပြရင်း "ဗုဒ္ဓ အမြဲသွန်သင်တာက ခွင့်လွှတ်ဖို့၊ သည်းခံဖို့၊ ကိုယ်ချင်စာဖို့တွေပါ။ တကယ်လို့ ထိပုတ် ရိုက်နှက်ချင်စိတ်၊ ညှင်းပန်းသတ်ဖြတ်ချင်စိတ်တွေ ဖြစ်လာတယ်ဆိုရင် ဗုဒ္ဓရှင် ဟောပြောလမ်းညွှန်ချက်ကို သတိရပါ။ ဗုဒ္ဓရဲ့ သာဝကတွေဖြစ်တဲ့ ကျန်ုပ်တို့ဟာ ဗုဒ္ဓလမ်းစဉ်ကို လေးစားလိုက်နာရမယ်လေ"ဟု ပြောသည်။

ဒလိုင်လာမား၏ ပြောကြားတောင်းဆိုချက်သည် မည်သည့်အတိုင်းအတာအထိ သက်ရောက်မှု ရှိမည်ကို ရှင်းရှင်းလင်းလင်း မသိနိုင်သေးသော်လည်း မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာဝင်အများစုက မွတ်စလင်မ် လူနည်းစုများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲပင် ရှိနေသည်။

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာအရ ရခိုင်ပြည်တွင် ကြိုတင်စီစဉ်ထားသည့် ရွာလုံးကျွတ် ဖျက်ဆီးပစ်ခြင်း၊ အစုလိုက်အပြုံလိုက် မြေမြှုပ်ပစ်လိုက်ခြင်းများ ရှိနေကြောင်း၊ အခြားရွာတခုတွင်လည်း ကလေး ၂၈ ဦး အပါအ၀င် လူ ၇၀ ကို အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်ခြင်းများ ရှိနေကြောင်း ဖော်ပြထားသည်။

ယခုနှစ် မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့မှစ၍ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများသည်လည်း အခြားမြို့နယ်များ၊ ကျေးရွာများသို့ ကျယ်ပြန့်သွားကာ လူပေါင်းရာချီသေဆုံးပြီး သောင်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ကိုးကား » ဧရာဝတီ

မွတ်စလင်မ်ကစားသမားများ၏ လုံခြုံရေး အာမခံချက်မရှိ၍ နိုင်ငံတကာအဆင့် ဒေးဗစ်ဖလား တင်းနစ်ပြိုင်ပွဲများအား ဖျက်သိမ်းလိုက်ရ

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဒေဗစ်ဖလား နိုင်ငံတကာ တင်းနစ် ပြိုင်ပွဲများအား လာရောက်ယှဉ်ပြိုင်မည့် မွတ်စလင်မ်ကစားသမားများ၏ လုံခြုံရေးအတွက် အာမမခံနိုင်၍ ဖျက်သိမ်းလိုက်ရကြောင်း သိရသည်။

မြန်မာပြည်တွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး လုံခြုံရေး အာမခံချက်မရှိခြင်းကြောင့် ဧပြီ ၁၃ ရက်တွင် ကျင်းပမည့် နိုင်ငံတကာအဆင့် တင်းနစ်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံများ၌ မွတ်စလင်မ်နိုင်ငံများဖြစ်သော အီရန်၊ အီရတ်၊ အိုမန်၊ ဆော်ဒီ၊ ဒူဘိုင်း၊ ဘာရိန်း၊ ဂျော်ဒန်၊ ကာတာ၊ ကာဂျစ္စတန်၊ တာမင်နစ္စတန်၊ မလေးရှား၊ ဘင်္ဂလားဒေရှ့် အစရှိသည့် မွတ်စလင်မ်နိုင်ငံများမှ လာရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ၏ လုံခြုံရေးအား အာမခံချက်အပြည့်အ၀ မပေးနိုင်သောကြောင့် ယင်းပြိုင်ပွဲအား ဖျက်သိမ်းပေးလိုက်ရကြောင်း တင်းနစ်အဖွဲ့ချုပ်အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါတယ်။


မိတ္ထီလာမြိုမှာ ၂၃ ရက် ညပိုင်းမှာ မီးကွင်းပစ်၊ ဒုက္ခသည်စခန်းများမှာ အဆင်မပြေမှုများနေ၊ ဒုက္ခသည်တွေကို အိမ်ပြန်ခွင့်ပြုတော့မည့် သတင်းများထွက်ပေါ်


၂၃-၄-၂၀၁၃ ညပိုင်းတွေ မိတ္ထီလာမြို့မှာ လုံခြုံရေးတွေ အထပ်ထပ် ချပေးထားတာတောင် မွတ်စလင်မ် လဘက်ရည်ဆိုင် (ကိုစလင်းဆိုင်) ကို ညပိုင်းမှာ မီးကွင်းလာပစ်သွားပါသေးတယ်။

နောက်တစ်ခုက မိတ္ထီလာမြိုမှာရှိတဲ့ ဒုက္ခသည်စခန်းမှာ ရှိနေသူတွေကို ၂၄-၄-၂၀၁၃ နေ့ အိမ်ပြန်သွားရမယ်ဆိုပြီ အခုချိန်ထိ သွားခွင့်မရပါဘူး။

အကျယ်ချူပ်ပုံစံမျိုး လုပ်ထားပါတယ်။ ဘယ်ကိုမှလဲ ထွက်ခွင့်မပေးထားသလို စားသောက်မှု၊ နေရေး၊ ထိုင်ရေး၊ တကိုယ်ရေ သန့်ရှင်းရေးတွေ လုပ်ဖို့တောင် အဆင်မပြေပါဘူး။

နေ့ခင်းပိုင်းတွေဆိုရင် ဘောလုံးကွင်းထဲမှာ တစ်နေကုန်ပူပြီး နေရတာ သိပ်ကို ကျဉ်းကျပ်လွန်းပါတယ်။ ညပိုင်းရောက်ပြန်တော့လဲ နေ့ခင်းတုန်းက ပူတဲ့အပူချိန်တွေနဲ့ ဘယ်လိုမှကို အိပ်လို့မရပါဘူး။

ကျန်းမာပိုင်းမှာဆိုရင်လဲ လူကြီးတွေကိုမပြောနဲ့ လူငယ်တွေတောင် ကျန်မာရေး ထိခိုက်မှုတွေ ရှိနေပါတယ်။

ဘောလုံးကွင်းထဲမှာရှိတဲ့သူတွေကတော့ အသက်ရှင်ချင်စိတ်တွေကို မရှိတော့ပါဘူး။ သေသွားတာမှ နားအေးမယ်ဆိုပြီး စိတ်ဓါတ်ကျစွာ ပြောဆိုနေတဲ့ သူတွေလဲ ရှိနေပါပြီ။

သို့ပါသောကြောင့် အလင်းမျက်ဝန်း မီဒီယာမှတဆင့် သက်ဆိုင်ရာတာဝန်ရှိသူတွေကို ပြောကြားလိုပါတယ်။

ပေးပို့သူ >> မိတ္ထီလာ အလင်းမျက်ဝန်းစီဂျေအဖွဲ့


ရခိုင်က ရောက်လာတဲ့ ဒုက္ခသည်တွေကို ထမင်းကျွေးမိလို့ ထောင်ဒဏ်တစ်နှစ်ခွဲကျခံရခြင်း

မြန်မာနှိင်ငံအောက်ပိုင်း တနင်္သာရီခရိုင် မြိတ်မြို့နယ်တွင် ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ပါ။

မြိတ်မြို့နယ်မှာရှိတဲ့ မွတ်စလင်မ်များထံသို့ ရခိုင်ဒုက္ခသည်တွေ ရောက်ရှိလာပါတယ်။

ရခိုင်ဒုက္ခသည်တွေ ရောက်လာလို့ ထမင်းလေးတစ်နပ် ကျွေးလိုက်တာကို ရခိုင်တွေကို အားပေး အားမြှောက်လုပ်တယ်ဆိုပြီး ဖမ်းသွားပါတယ်။

နောက်တစ်ပတ်နေတော့ ဒုက္ခသည်တွေကို ထမင်းကျွေးတဲ့ အလှူရှင်တွေကို အမိန့်ချလိုက်ပါတယ်။ ထောင်ဒဏ်တစ်နှစ်နဲ့ ခြောက်လ ဆိုပြီးတော့ အမိန့်ချလိုက်ပါတယ်။ အဖမ်းခံထားရဆဲတချို့ကိုတော့ ဘာလုပ်မယ်မှန်း မသိရပါဘူး။

ထောင်ကျသွားတဲ့သူအချို့ကတော့...

ဟာဂျီ ထွန်းမြင့် ( သက်စက် )
အာဂျူမာခန်း ( နောက်လယ် )
ဟာဂျီ ရခိုင် ( ဂျယ်လီ လုပ်ငန်း )

ထမင်းငတ်နေတဲ့သူတွေကို ထမင်းကျွေးတာ အပြစ်ရှိလို့လား? ဒီနေရာမှာ ဘယ်လူမျိုးပဲ ဖြစ်နေ ဖြစ်နေ ထမင်းတနပ်ကတော့ ကျွေးမိမှာ အမှန်ပါပဲဗျာ။

မြန်မာနှိင်ငံတွင် နေထိုင်သောလူများသည် ဘာသာချင်း လူမျိုးချင်း ကွဲနေသော်လည်း အဓိက အရင်းမြစ်သည် လူသားများသာ ဖြစ်ပါသည်။ ဒါပေမဲ့ လူလူချင်း နှိပ်စက်တာတွေကတော့ တော်တော့်ကို လူလူချင်းမဆန်တဲ့ အပြုအမူပဲ ဖြစ်ပါတယ်။

လူသားချင်း ကိုယ်ချင်းမစာတဲ့သူများကတော့ တနင်္သာရီခရိုင် မြိတ်မြို့နယ်အတွင်းမှ အစိုးရအာဏာပိုင်တွေပဲ ဖြစ်ပါတယ်။

ကျနော်တို့ ရပ်ကွက်ထဲကိုလာပြီး ဆူပူအောင်လာလုပ်တဲ့သူတွေကိုတော့ အာမခံနဲ့ ပြန်လွှတ်ပေး လိုက်ပါတယ်။

တစ်ကယ့်ကို စာနာစိတ်မထားတဲ့သူတွေဆိုတာကို အလင်းမျက်ဝန်းမီဒီယာမှ တဆင့် တာဝန်ရှိသူများသိစေရန် ပြောကြားလိုပါတယ်။

( တော်တော့်ကို တရားတဲ့ အလုပ်ပဲနော် )


မွန်ပြည်နယ် မုတ္တမမှာ 969 အကြမ်းဖက်ဂိုဏ်းများ လှုပ်ရှားနေပါတယ်


မော်လမြိုင်က တစ်ချို့ဘုန်းကြီးကျောင်းနဲ့ မုတ္တမ မြစေတီနန်းဦးကျောင်းမှာ 969 အကြမ်ဖက်မှု တရားခွေတွေနဲ့ စတေကာတွေ စဖြန့်နေပါပြီ။

အခုတော့နေရာ အနှံ့မှာ ပြန့်နှံ့နေပြီး အကြမ်းဖက်မှုတွေ လုပ်နေကြတာ မင်မဲ့တိုင်းပြည် ကျနေတာပါပဲ။ အစိုးရက အခုချိန်ထိ ဒါကိုမဖြေရှင်းသေးတာက စဉ်းစာစရာတော့ ဖြစ်နေပါပြီ။

ကျနော်တို့ မော်လမြိုင်မှာလည်း မွတ်စလင်မ်တွေ ကိုယ့်ရပ်ကွက် လုံခြုံရေးအတွက် ကိုယ့်လူနဲ့ကို တာဝန်ယူနေရပါတယ်။

အစပိုင်းမှာတော့ ဗလီတွေနားမှာ ရဲတွေ စစ်တပ်တွေ လာစောင့်ပေးနေပေမဲ့လည်း အခုနောက်ပိုင်းမှာတော့ လာရောက်စောင့်ကြပ်ပေးချင်း မရှိတော့ပါဘူး။

ကျနော်တို့မှာ ကုလယ်တန်ဗလီခဲပေါက်တဲ့နေ့ကစပြီး ကင်းစောင့်ကြတာပါ။ ကုလယ်တန်းဗလီဟာ အစွန်ဘက်လည်း ကျနေတယ်။ ကမ်းနားလမ်းနဲ့လည်းနီးတော့ အရင်ကတည်းက အကြမ်းဖက်သမားတွေ ပြဿနာ လုပ်တက်ပါတယ်။
--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.