[mrsorcerer:38040] Fwd: [လူဗိုလ်ဟူသည် ...] တံဆိပ်ကပ်မှားတဲ့ ခေါင်းစဉ်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/24
Subject: [လူဗိုလ်ဟူသည် ...] တံဆိပ်ကပ်မှားတဲ့ ခေါင်းစဉ်
To: lubo601@gmail.com




by ဝေ(စီးပွားရေးတက္ကသိုလ်) (Notes) on Wednesday, April 24, 2013 at 8:58pm

လောကကြီးမှာ တစ်ခါတစ်လေ ကိုယ်ကလိမ်္မာလှလို့မဟုတ်ပေမဲ့ မိုက်ဖို့အခြေအနေပေးမလာတဲ့ အခါ...။ ကိုယ့်ရဲ့လူမိုက်အကြံကို ဘယ်သူမှမသိလိုက်ဘဲ လူလိမ်္မာလို့ အထင်ခံရတဲ့အခါ...။ အကြောက်လွန်ပြီးတွေဝေနေရာက စဉ်းစားဥာဏ်ရှိသူလို့ မတော်တဆ အချီးကျူးခံရပြီးတဲ့အခါ...။
ပတ်ဝန်းကျင်က ကပ်လိုက်တဲ့တံဆိပ်တစ်ခုအောက်မှာ အလိုက်သင့်အလျားသင့် နေမိတဲ့သူတစ်ယောက်ကို ဘယ်လို ခေါင်းစဉ်တပ်ရင်ကောင်းမလဲ။
                                 ++++++
    " သမီးကညာ အခါမလင့်စေနှင့်" တဲ့။ ခုပဲ နွယ့်အသက်က သုံးဆယ်နားကပ်လာပြီ။ အရိုးများသလေး ချေးခါးသလေးနဲ့ ချေးများလာခဲ့တာ...။ ကိုယ်ကပဲ မောင်နှမတွေအားလုံးထဲမှာ စဉ်းစားဥာဏ်အရှိဆုံး၊ အလိမ်္မာဆုံး၊ အတွေးအခေါ်အမြင့်ဆုံးဆိုတဲ့ မိဘဆွေမျိုးတွေ ချီးကျူးစကားနဲ့ပဲ ခြေချုပ်မိနေသလိုလို။
    တကယ်တော့ အခြေအနေကကို မပေးလို့ အပျိုကြီးဘ၀နဲ့ သောင်တင်ကျန်ခဲ့ရတာ။ နောက်ကားတွေကလည်း ကျော်တက်ကုန်တာ တစ်စီးပြီးတစ်စီး။ နောက်ဆုံး အနီးကပ် ဟွန်းဆင့်တီးနေတဲ့ကား မြီးကောင်ပေါက်ညီမလေးကပဲ ဆယ့်လေးနှစ်ရှိလာပြီ။
    အမေ အထိန်းအသိမ်းတော်လို့ နွယ်က ဒီအရွယ်ထိ အပျိုကြီးဖြစ်နေရတယ်လို့များ ထင်ရင်တော့ မှားလိမ့်မပေါ့။
အသက်ဆယ့်ငါးနှစ်လောက်နဲ့ အိမ်ထောင်ကျပြီး သားသမီးခုနစ်ယောက်သာ မွေးပြီးသွားတယ်။ ထင်ရာစိုင်း ကလေးဆန်နေဆဲ အမေ့ကို အမေ့အစ်ကိုကြီးကဆို ခုချိန်ထိ မာန်မဲနေရတုန်း။ ယောကျာ်းကလည်း အသက်ချင်းအရမ်းကွာပြီး အလိုလိုက်လွန်းတော့ အမေက အိမ်မှုကိစ်္စမနိုင်နင်းတဲ့အပြင် တစ်လုံး၊ နှစ်လုံး၊ သုံးလုံး... လောင်းကစားမှန်သမျှ အကုန်လုပ်တယ်။ စက်ဘီးပေါင်တယ်။ ကက်ဆက်ပေါင်တယ်။ အိမ်ဂရံပေါင်တယ်။
    ပထမ မြို့ထဲကအိမ် ရောင်းပြီး မြို့သစ်၊ နောက် မြို့သစ်ကနေ ကွက်သစ်၊ နောက်ဆုံး ကွက်သစ်ကအိမ် အပေါင်ဆုံးခါနီးလာတော့မှ အဖေနဲ့ဦးကြီးတို့ကလည်း ရာဇသံပေးရတော့တယ်။ အိမ်စီးပွားရေးယိုင်နဲ့လာပြီ ဆိုမှတော့ ဆယ်တန်းနဲ့ရှစ်တန်းရောက်နေတဲ့ နွယ်တို့ ရှေ့ဆုံးကညီအစ်မနှစ်ယောက်ပဲ ကျောင်းတစ်ပိုင်းတစ်စနဲ့ အလုပ်ထွက်လုပ်ရတော့တာပေါ့။ အဲဒီမှာ နွယ် မျက်လုံးချင်းစကားပြောထားတဲ့ အတန်းထဲက ကောင်ကလေးနဲ့ ဝေးခဲ့ရတယ်။
    ဒီလိုနဲ့ ဘယ်သူမှမသိတဲ့ အသည်းကွဲနာ မကျက်တကျက်မှာပဲ အတူအလုပ်လုပ်နေတဲ့ ညီမက အလုပ်ရှင် မုန့်စက်ပိုင်ရှင်ရဲ့ သားနဲ့ လိုက်ပြေးပါလေရော။ ဆယ့်ခြောက်နှစ်တောင် မပြည့်သေးတဲ့ သမီးလေးမို့ အဖေက စိတ်အဆိုးကြီးဆိုးပေမဲ့ အမေကတော့ သမီးနောက်ကို တိတ်တိတ်လေး လိုက်စုံစမ်းပြီး အားပေးစကားပြော...၊ လူကြီးစုံရာနဲ့ ပြန်လာအပ်ခဲ့ရင် ပြေပြေလည်လည်ဆက်ဆံဖို့ ယောကျာ်းကို ဖျောင်းဖျနဲ့...၊ ဗျာများနေရှာတာပေါ့။
    ဒါပေမဲ့ ညီမသွယ်ရဲ့ ယောက်္ခမဖက်က ထင်ထားသလို လူကြီးလူကောင်း မဆန်ကြပါဘူး။ အလုပ်သမားနဲ့ ယူရကောင်းလား ဆိုပြီး သားကိုစိတ်ဆိုးလွန်းလို့ မင်္ဂလာလည်း ဆောင်မပေးဘူး။ ပြန်လည်း မအပ်နိုင်ဘူးတဲ့။ မတူတန်ဘူးဆိုတဲ့ သဘောပေါ့လေ။
    အဖေက ရှက်လွန်း၊ ဒေါသဖြစ်ရလွန်းလို့ မျက်ရည်တွေတွေ ကျရှာတယ်။ အမေကလည်း မျက်ရည်လေး စမ်းစမ်း စမ်းစမ်းနဲ့။
    နွယ် ဒီအရွယ်ထိ အပျိုကြီးဖြစ်နေခဲ့ရတာ... ညီမသွယ်က နမူနာ ပြလွန်းလို့လည်းပါတယ်။ သွယ်က နွယ့်လို မဟုတ်ဘူး။ စိတ်ပျော့ညံ့လွန်းပြီး တိမ်းလွယ် ယိမ်းလွယ်လွန်းတယ်။ ဘယ်သူမဆို နှစ်ခါမဆွယ်ရဘူး။ သူ ပါသွားတာပဲ။
    ညီမက စောစောစီးစီး အိမ်ထောင်ကျသွားတော့ ရပ်ကွက်ထဲ၊ သူငယ်ချင်း အပေါင်းအသင်းထဲက တချို့က ပြုံးစေ့စေ့နဲ့ နောက်ကားကျော်တက်သွားပြီလို့ ပြောင်ချင် စချင်ကြသေးတာကိုတော့ နွယ်က မဖြုံပါဘူး။ ဦးကြီးနဲ့အဖေက " ငါ့သမီးကြီးကမှ တည်တည်ကြည်ကြည်ရှိလို့ တော်သေးတယ်..." လို့ ချီးကျူးသလိုလိုနဲ့ ခြေချုပ်သလိုလို အပြောကိုလည်း နွယ်က မတုန်လှုပ်ပါဘူး။
    နွယ် စိတ်ဆင်းရဲရတာက အိမ်ထောင်ကျပြီး တစ်လသာသာမှာပဲ ညီမသွယ် အိမ်ပြန်ရောက်လာတာပါ။ စိတ်ဆိုးပြီး ကွဲလာကြပြီတဲ့။ လွယ်လိုက်ကြတဲ့ အိမ်ထောင်ရေးဒဿနတွေ..။ ဟင်းရွက်ကန်ဇွန်းရွက် ခူးတာကမှ ဟင်းစားတစ်နပ်ရဦးမယ်။ လင်နောက်လိုက်ပြီး တစ်လလောက်နဲ့ အိမ်ပြန်ရောက်လာတော့လည်း သူ့လောက် ပေါ့ပါးလွတ်လပ်နေတဲ့လူ မရှိဘူး။ သူပဲ အမှားမလုပ်ခဲ့သလိုနဲ့။ ခေါင်းရင်းအိမ်ကို အသစ်ပြောင်းလာတဲ့ အိမ်ငှားကောင်လေးနဲ့တောင် ပြောဆိုရယ်မော ရောနှောလွန်းလို့
နွယ်ကပဲ မနေနိုင်မထိုင်နိုင် ဟန့်မိသေးတယ်။
    " မမနွယ်ဟာလေ နေရာတကာ အပျိုကြီးလေသံနဲ့၊ သိတ်ရယ်ရတာပဲ။ သွယ်က ကလေးမဟုတ်တော့ပါဘူး။ စိတ်မပူပါနဲ့.." တဲ့။
                                 ++++++
    ဒီအချိန်မှာ နွယ်တို့ တစ်ဖက်ရပ်ကွက်က အသက်အစိတ်ကျော် တစ်ခုလပ်ကလေး ကိုအောင်ကလည်း သွယ်နဲ့ပတ်သက်ပြီး နွယ့်ကို ချဉ်းကပ်လာတယ်။ ရုပ်ရည်ချောမောပြီး မွန်ရည်တာရော၊ ငွေကြေးပြည့်စုံပြီး စီးပွားအရှာကောင်းတာရော၊ မိန်းကလေးတွေ ကျလောက်စရာ အပြောအဆိုရော၊  အရည်အချင်းပြည့်မီသူမို့ သွယ်က နွယ့်ကို တိုက်တိုက်တွန်းတွန်းအားပေးတယ်။
    " ငါ့မကြိုက်လို့...၊ ငါ့ကိုကြိုက်ရင် နင့်လို မူမနေပေါင်..." လို့တောင် ပြောနေလို့ နွယ်က ဟန့်ရသေး။
    တစ်ခါတလေ နွယ်လည်း သူ့လို ယိမ်းလွယ်ချင်လိုက်တာ။ ကိုအောင်က တစ်ခုလပ်ဆိုတာလေးကလွဲပြီး အားလုံး ပြည့်စုံရှာသူပါ။ နွယ့်ကိုလည်း ခခယယနဲ့ ချစ်အဖြေတောင်းထားသူ။ ပထမအိမ်ထောင်ကလည်း သူက ကြင်ကြင်နာနာပေါင်းလျက်နဲ့ မိန်းကလေးကစပြီး ဖောက်ပြန်သွားတာဆိုတော့ သူက အပြစ်လွတ်ရုံမက သနားစဖွယ် ကျန်ခဲ့ရသူပေါ့။ ရပ်ကွက်ထဲမှာလည်း သူ့ကို ကြင်နာသနားချင်ကြတဲ့ မိန်းမပျိုတွေက များမှများ။ သူကသာ နွယ်မှနွယ် လုပ်နေတာ။
    နွယ်က သွယ့်လိုမချောပါဘူး။ ဒါပေမဲ့ အနေတည်တာလေးကိုပဲ သူက သဘောကျမြတ်နိုးသတဲ့။ က်္ကုနြေ်္ဒရတာလေးကိုပဲ ချစ်ခင်စုံမက်သတဲ့။ မိသားဖသားပီပီ တောင်းရမ်းလက်ထပ်ပါရစေတဲ့။
    အမေကတော့ " ဆယ့်ရှစ်၊ဆယ့်ကိုးဆိုတာ ငယ်တော့လည်း မငယ်လှပါဘူး။ လူကောင်းသူကောင်းလေးတွေ့တုန်း ငါ့သမီးသဘော..." တဲ့။ အဖေနဲ့ဦးကြီးကတော့ " တစ်ခုလပ်နဲ့ ငါ့သမီး မတန်ပါဘူးကွာ။ သမီးလေး ငယ်သေးတယ်.." တဲ့။
    မိဘတွေ ဘေးလူတွေ ဘယ်လိုပြောပြော၊ အဓိက က " နှလုံးသားရဲ့ အလိုဆန်္ဒ " လို့ စာအုပ်တွေထဲမှာ ဖတ်ထားဖူးတော့     နွယ်လည်း ကိုယ့်နှလုံးသားကို ကိုယ် စမ်းစစ်ကြည့်မိတယ်။
    နှလုံးသားက စည်းချက်မှန်မှန် မတုန်လှုပ်ပေမဲ့ ရည်းစားလေးတစ်ယောက်လောက် ထားကြည့်ချင်စိတ်က ဘယ်ထဲကပေါ်လာတဲ့
ဆန်္ဒမှန်းမသိဘူး။ ရေဆာသလို ဆာနေတယ်။ ဒါပေမဲ့ ကိုအောင့်ရဲ့ ချစ်မေတ်္တာဟာ စိမ့်စမ်းရေလို အေးမြချိုမြိန်မနေဘဲ သောက်လေသောက်လေ ငတ်မပြေဆိုတဲ့ ပင်လယ်ရေလိုဖြစ်နေရင် ဘယ်လိုလုပ်မလဲ။
    နွယ်က စာလေးပေလေး နည်းနည်းပါးပါးဖတ်တော့ စာအုပ်တွေထဲဖတ်ဖူးသလို ရှာရှာဖွေဖွေတွေ တွေးမိတာပေါ့။ ဒါကြောင့်လည်း သွယ်ကပြောတာ... " မမနွယ်က အပျိုကြီးဇာတာကို ပါတာ။ ကြည့်ပါလား၊ တွေးတာခေါ်တာကအစ ကွေ့ကွေ့ ကောက်ကောက်နဲ့။ ဖြောင့်ဖြောင့်တွေးစမ်းပါ။ ရှင်းရှင်းကြည့်စမ်းပါ။ နေရာတကာ သံသယထားနေရတာ ပျင်းစရာကြီး.." ...ဆိုပဲ။
    အဲဒီလို ပျော်ပျော်နေပြီး ပေါ့ပေါ့တွေးတဲ့ ညီမသွယ်ကြောင့်ပဲ နွယ့်ရဲ့ ယိမ်းချင်နေတဲ့ စိတ်ကလေးတွေ ပြန်မတ်သွားခဲ့ရတာပါ။
အိမ်ထောင်ကွဲတာ တစ်နှစ်မပြည့်သေးဘူး။ အမေနဲ့ညီမသွယ်နဲ့ ကြိတ်ကြိတ် ကြိတ်ကြိတ် ဆွေးနွေးကြ။ သုတ်သုတ် သုတ်သုတ် သွားလိုက်ကြ။ ရှုံ့ရှုံ့ ရှုံ့ရှုံ့နဲ့ ကြိတ်ငိုလိုက်ကြနဲ့။ နွယ်ရိပ်မိတဲ့အချိန်..၊ အဖေလည်းရိပ်မိသွားပြီ။ ဓားဆွဲပြီး ခေါင်းရင်းအိမ်ပြေးမယ် လုပ်တော့ ခေါင်းရင်းအိမ်က အိမ်သားတွေက ပြောင်းတောင်သွားတာ တစ်ပတ်လောက်ရှိပြီတဲ့။
    ဘာတတ်နိုင်မှာလဲ။ ကိုယ်က မိန်းကလေးရှင်။ တာဝန်မယူချင်လို့မှ ရှောင်ပြေးတဲ့သူကို သူခိုးဖမ်းသလို အော်ဟစ်လိုက်ဖမ်းလို့မှ ဖြစ်တဲ့ ကိစ်္စလည်းမဟုတ်။ ရပ်ကွက်ထဲ ကိုယ့်အထုပ် ကိုယ်ဖြေပြသလိုဖြစ်နေမှာမို့လို့ အဖေ့ကို ဦးကြီးက ၀ိုင်းဖျောင်းဖျပြီး အမေက ပြဿနာကို သိုသိုဝှက်ဝှက်ဖြေရှင်းပစ်လိုက်တယ်။
    ရပ်ကွက်ထဲက ရှောင်နေချင်တဲ့ နှစ်ထပ်ကွမ်းအသည်းကွဲရှင်လေးကို အမေက ဆွေရိပ်မျိုးရိပ်မကင်းတဲ့ မြို့ထဲက ထမင်းဆိုင်တစ်ဆိုင်မှာ အလုပ်အပ်ပေးတော့ အိမ်တွင်းလည်းပုန်းပြီးသားဖြစ်၊ စရိတ်ငြိမ်း လခလည်းရ။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။
    ဒါပေမဲ့ နွယ်က ဓားခုတ်ရာ လက်ဝင်မလျှိုပါပဲနဲ့ အမေက သုံးချက်ပြတ်အောင် စီမံလိုက်ပုံများက...၊ သွယ့်တစ်ယောက်တည်း စိတ်မချလို့ နွယ်ပါ အတူလိုက်သွားပါတဲ့လေ။ ခုတ်ရာတလွဲ ရှရာတခြား ဆိုတာ ဒါမျိုးပဲနေမှာ။ အိမ်တွင်းအောင်းစေချင်လို့မှ မီးဖိုချောင်အလုပ်လုပ်ရအောင် ထမင်းဆိုင်ပို့ပါတယ်။ အလုပ်ရှင်ရဲ့အဒေါ်အပျိုကြီးနဲ့ သွယ်နဲ့က တစောင်းစေးနဲ့မျက်ချေး။ တစ်နေ့မှ ပြဿနာမဖြစ်တဲ့ရက် မရှိဘူး။ နွယ်နဲ့ကျတော့လည်း အဆင်ကချောနေပြန်ရော။
    ဘယ်သူမဆို လုပ်ရင်းကိုင်ရင်း ပစ်္စည်းပြုတ်ကျတာ၊ ပန်းကန်ကွဲသွားတာတော့ ကြုံရမှာပဲမဟုတ်လား။ ဒါဆို အဒေါ်အပျိုကြီးက
" ညည်းတို့မလည်းအေ စိတ်တွေဘယ်ရောက်နေမှန်းမှ မသိတာ။ လုပ်လိုက်ရင် အရာရာနဲ့အကြောင်းကြောင်းချည်းပဲ..." လို့များ မမြည်တွန်လိုက်နဲ့။ ညီမသွယ်ကဆို ပြာပြာသလဲ.. " ဘယ်မှ စိတ်မရောက်ပါဘူး ဒေါ်ကြီးရယ်။ စိတ်ပါလက်ပါ လုပ်တာပါပဲ..." လို့ ပြန်ဖာထေးတတ်တယ်။ ဒါဆိုရင် အပျိုကြီးရဲ့ ပွစိပွစိမြည်တွန်မှုကနေ ဗျစ်တောက်ဗျစ်တောက်ဆူပူမှုထိ ပြင်းထန်လာပြီသာ မှတ်ပေရော့။
    နွယ်ကများ ဒီလို ကြုံလာရင်... " အို ဟုတ်ပါရဲ့ ဒေါ်ကြီးရယ်။ ဒီနေ့ နွယ့်စိတ်တွေ ဘာဖြစ်မှန်းမသိပါဘူး။ ကယောက်ကယက်နဲ့...၊ ခက်လိုက်တာ..." လို့ ပြန်ညည်းလိုက်တာပဲ။ ဒါဆို.. " အေး ငါက ဒီလို ၀န်ခံမှကြိုက်တာ။ စိတ်ပျံ့လွင့်ရင် လွင့်တယ်ပေါ့။ ဘာဖြစ်လဲ လူပဲ..၊ တစ်ခါတလေတော့ ဖြစ်တတ်တာပဲ..."ဆိုပြီး အပျိုကြီးရဲ့ မကျေနပ်မှုက ဆုံးခန်းတိုင်သွားပါလေရော။
    ဒါနဲ့ပဲ သွယ်က ခဏခဏ ငိုလိုက်ယိုလိုက်ဖြစ်ပြီး ပြန်သွားတော့ ထမင်းဆိုင်မှာ တကယ်တမ်းဆက်နေဖြစ်တာက နွယ်ဖြစ်သွားရတယ်။ မကြာပါဘူး။ သွယ့်အောက်ကညီမ ဆယ်တန်းကျောင်းသူ စပယ်က လင်နောက်လိုက်ပြေးပြန်တယ်။     
    ဦးကြီးက " ညည်းတို့ ညီတစ်မတွေတော့ တစ်ယောက်မှ ဆယ့်ခြောက်နှစ်တောင် မကျော်ဘူး.. လို့ ရပ်ကွက်ထဲမှာ နာမည်ကြီးနေပြီ.." လို့ညည်းတယ်။ ပြောလည်းပြောစရာပဲ။ ဒုတိယညီမလည်း မကြာခင်မှာအိမ်ထောင်ကွဲပြီး အိမ်ပြန်ရောက်နေပြန်ပြီတဲ့။
သွယ်နဲ့စပယ် အတူတူမုန့်ထုပ်နေကြပြန်သတဲ့။ နွယ်ကတော့ ရှက်လည်းရှက်၊စိတ်လည်းကုန်တာနဲ့ အိမ်ကိုတောင်သိတ်မပြန်ဖြစ်တော့ဘူး။
    ဆိုင်ကို ခဏခဏလာလည်တတ်တဲ့ ကိုအောင့်ကိုလည်း အပြတ်ငြင်းလိုက်တော့တယ်။ ဟုတ်တယ်လေ။ ကြိုးရှည်ရှည်နဲ့ လှန်ထားရအောင် နွယ့်နှလုံးသားကမှ ဘယ်လောက်ကြာကြာ မတုန်လှုပ်တာ။ ဦးနှောက်နဲ့စဉ်းစားကြည့်တော့လည်း ညီမတွေကိုမြင်ပြီး ရှေ့ကို စမ်းသပ်ပြီးတော့တောင် ခြေမလှမ်းရဲတော့ဘူး။
                                +++++++
    အပြင်မထွက်ရလေ ကောင်းလေ မို့ ထမင်းဆိုင်မှာပဲ နေလာလိုက်တာ...။ လေး ငါး ခြောက်နှစ်မက ကြာလာတော့ နွယ်က လုပ်သက်အရင့်ဆုံး၊ ဆိုင်က အလုပ်သမားတွေကို စီမံခန့်ခွဲအုပ်ချုပ်ရတဲ့ လူယုံတစ်ယောက်ဖြစ်လာတယ်။
    အဲဒီမှာတင် နောက်ဆုံးရောက်လာတဲ့ စားပွဲထိုးအသစ်လေးမောင်မောင်က လူလည်ကျပြီး နွယ့်ကို အတင်းဝင်ပေါင်းတော့တာလေ။ " မမနွယ်၊ မမနွယ်.. " နဲ့ သူ့အလုပ်တွေ အားတာနဲ့ ချက်ရေးပြုတ်ရေးမှာ ငရုတ်သီးပဲ ၀င်ထောင်းပေးရမလား။ ကြက်သွန်ပဲ ၀င်လှီး ပေးရမလား၊ နွယ်လိုတာ အကုန်ဝင်ကူတာပဲ။ နွယ်က ခပ်တည်တည်နဲ့ "မလိုပါဘူး" ပြောလည်း မျက်နှာငယ်လေးလုပ်ပြီး အိမ်က
သူ့အစ်မတွေကို လွမ်းလို့ မမနွယ်ကို ကူညီချင်တာပါလို့ ချွဲတတ်သေးတယ်။ မမနားနေရရင် အစ်မတွေကို လွမ်းစိတ်ပြေသတဲ့။
    မိတဆိုးလေး မောင်က အစ်မလေးယောက်ရဲ့ အချစ်တော်မို့ အိမ်မှာဘော်ကြော့နေရသူလေးဆိုတာ သိရပြန်တော့ နွယ့်မှာ အသနားပိုသွားရတယ်။ အမှန်တော့ မောင်မောင့်အသက်က နွယ့်မောင်လေးထက်တောင် ငယ်သေးတယ်။ ရှစ်တန်းရောက်ခါမှ ကျောင်းဆက်မထားနိုင်တော့လို့ စားပွဲထိုးဝင်လုပ်ရတဲ့အကြောင်း...၊ အပြင်ကနေ ရှစ်တန်းကို ကြိုးစားဖြေမယ့်အကြောင်း...၊ အားရင် စာအုပ်ကလေး တကိုင်ကိုင်နဲ့ ဟန်ရေးပြပြီး သနားအောင်လည်း လုပ်တတ်သေးတာ။
    ပထမတော့ မောင်လေးတစ်ယောက်လို သနားမိသွားတာရယ်ပါ။ နောက်တော့ မျက်နှာသာ နည်းနည်းပေးမိတာနဲ့ လူလစ်ရင်လစ်သလို နွယ့်နားတိုးကပ်ပြီး ခေါင်းတိုး ချွဲနွဲ့ချင်လာတယ်။ ခါးဖက်၊ပုခုံးကိုင် လုပ်ချင်လာတယ်။ ဒီကနေ တစ်ဆင့်တက်လို့ တွန်းလားထိုးလား ငြင်းခုန်ရင်း ခိုးနမ်းလာပြန်တယ်။ မမ သီချင်းမျိုးစုံကိုလည်း မရိုးနိုင်အောင် သူစောင်းဆိုတယ်။ နွယ်နေထိုင်မကောင်းရင် ပြာပြာသလဲ ဂရုစိုက်တတ်သလို၊ သူနေမကောင်းရင်လည်း အင်မတန် ချွဲနွဲ့ပလီတတ်လွန်းပြန်တယ်။
    အပျိုကြီးလောင်း နွယ်တစ်ယောက် မောင်လေး တရော်ပက်ကျိနဲ့ကျမှ အရည်ပျော်ကျရတော့မလို ဖြစ်နေပြီကွယ်။
    အသက်က ဆယ်နှစ်ကျော်လောက် ကွာရုံမက၊ သူက ခေတ်ရှေ့ပြေး တက်ကြွလွန်ပြီး ဆံပင်ထောင်ထောင်၊ နားမှာလည်း နားကပ်တွေရော၊ လက်မှာလည်း ဟမ်းချိန်းတွေရော၊ ရှုပ်ထွေးပွေလီသလောက်၊ နွယ်က နဂိုနေရိုးအေးပြီး တည်ကြည်ငြိမ်သက်လွန်းတော့      အရွယ်က ပိုကွာသလို ထင်နေရတယ်။ ဆိုင်က လုပ်ဖော်ကိုင်ဘက်တွေက နောက်ကွယ်မှာ တိုးတိုးတိတ်တိတ်တစ်မျိုး၊ ရှေ့မှာ ပေါ်တင်တစ်မျိုး၊ နွယ်တို့နှစ်ယောက်ကို မြေးအဘွားလို့ စနောက်တတ်ကြတယ်။
   " အလကား၊ မောင်က သူတို့ကိုမကြိုက်လို့ မမကို မနာလိုဖြစ်နေကြတာ..."လို့ မောင်မောင်ကတော့ နွယ့်ဖက်ကစိတ်ဆိုးပြတာပေါ့။
   ဘာပဲဖြစ်ဖြစ် အတူနေ သံယောဇဉ်ဟာ ရုန်းရခက်အောင် တွယ်နှောင်ရစ်ပတ်နိုင်မှန်း အချိန်ကြာလာတာနဲ့အမျှ နွယ် သိလာရပြီ။
ကိုယ့်ရဲ့လုပ်ပိုင်ခွင့်ထဲကနေ ဟင်းခွဲပေးရင် သူ့ကို သာသာထိုးထိုးလေး ပိုထည့်ပေးမိတာ၊ သူ ကြိုက်တတ်တဲ့ဟင်း ချက်တဲ့နေ့ဆိုရင် ကိုယ့်ဝေစုထဲက သူ့အတွက်ချန်ထားပေးမိတာ၊ သူ မကြိုက်တဲ့ဟင်း ချက်တဲ့နေ့ဆိုလည်း ရောင်းတဲ့ဟင်းခွက်ထဲက သူ နှိုက်စားတာ သိရက်နဲ့ မသိချင်ယောင် ဆောင်နေမိတာ။
   အမှန်က ဆိုင်ရှင်တွေ နွယ့်ကိုယုံကြည်ပြီး မီးဖိုချောင်ကိစ်္စမှန်သမျှ ပုံအပ်ထားမှန်းသိနေတော့ မောင်မောင်ကလည်း အခွင့်အရေးယူချင်တယ်။ စည်းကမ်းကြီးတဲ့ ဖြောင့်မှန်တဲ့ နွယ့်ကို ဘယ်အလုပ်သမားမှ ကလန်ကဆန်မလုပ်ရဲ၊ လက်တည့်မစမ်းရဲ၊ ခိုးမစားရဲကြပေမဲ့ မောင်မောင်က တခြားသူတွေရှေ့မှာတောင် ခပ်တည်တည် နှိုက်စားချင်လာတယ်။
   နွယ်လည်း အခက်ကြုံရပြီလေ။ အသက်ကြီးခါမှရတဲ့ ရည်းစားငယ်ငယ်လေးမို့ နွဲ့ဆိုးတင်မကတော့ဘဲ အနိုင်ကျင့်ဆိုးလေးတွေပါ ကြိတ်မှိတ်သည်းခံနေရပြီ။ သူ မထီမဲ့မြင် လုပ်တာများလာတော့ ကျန်တဲ့အလုပ်သမားတွေကလည်း နွယ့်စကားဆို အရင်လို မီးမသေတော့ဘူး။ နောက်ကွယ်ကနေ မကြားတကြားလည်း ပြောကုန်ကြပြီ။
   ကြာတော့ နွယ်ရှက်လာတယ်။ အလုပ်ရှင်တွေကလည်း ရိပ်မိလာပြီး နွယ့်ကို ဆုံးမစကားတွေ ခေါ်ပြောတာ ခဏခဏပဲ။
နွယ့်မိဘတွေဆီ နားပေါက်သွားတော့လည်း အဖေနဲ့ဦးကြီးက အပြေးပေါက်ချလာရှာတယ်။
   "ငါ့သမီးက မောင်နှမတွေထဲမှာ စဉ်းစားဥာဏ်အရှိဆုံး၊ ရှေ့ဆောင်လမ်းပြပါကွယ်။ အဖေက အငယ်တွေကိုဆုံးမတိုင်း သမီးကြီးကို အတုယူဖို့ အမြဲပြောနေရတာ။ ငါ့သမီးမျက်လုံးကို တိမ်မဖုံးပါစေနဲ့ကွယ်.." လို့ မျက်ရည်တလည်လည်နဲ့ တောင်းပန်ရှာတယ်။
   နွယ့်မျက်လုံးကို အချစ်တိမ်တွေ တကယ်ဖုံးနေပြီထင်တယ်။ မောင်မောင်လုပ်သမျှ မကောင်းမှန်းသိလျက်နဲ့ မမြင်ချင်ယောင်ဆောင် နေရတယ်။ ရေငုံနှုတ်ပိတ်နေရတယ်။ ဒီလိုမှ မဟုတ်ရင်လည်း နွယ်ကမှ မောင့်ကိုမမုန်းနိုင်ဘဲ။ အချစ်နွံကို ရုန်းမှမရုန်းနိုင်ဘဲကွယ်။
                                +++++++
   ခုတလော နွယ် စိတ်တွေလေးတာ အရမ်းပဲ။ မောင်မောင် စားပွဲထိုးရင်း ဘတ်လာတဲ့ ငွေစက်္ကူတွေ နွယ့်ကို လာအပ်တဲ့နေ့ကစပြီး နွယ်နဲ့မောင်လည်း စကားမပြောဖြစ်တော့ဘူး။ နွယ်ဆုံးမတာကိုလည်း မောင်မောင်က လုံးဝလက်မခံဘူး။ " မမနဲ့ ကျွန်တော် မြန်မြန်နီးရဖို့ ကျွန်တော်တို့နှစ်ယောက်ပေါင်းပြီး ငွေစုရအောင်.." လို့ မောင်မောင်ပြောတာကိုလည်း နွယ်က လက်မခံနိုင်ဘူး။     
   လုပ်အားခရတဲ့ငွေကို စုတာမှမဟုတ်တာ။ ဆိုင်ရှင်မသိအောင် ခိုးဝှက်လာတဲ့ငွေကို စုမယ်ဆိုတဲ့ကိစ်္စ၊ နွယ် ဘယ်လို သဘောတူရ မလဲ။ တကယ်ဆို နွယ်တို့နှစ်ယောက်ရတဲ့ လခတွေစုကြရအောင်လို့ နွယ် ဖျောင်းဖျတာကို သူ လက်ခံလိုက်ရင် ဘယ်လောက် ကောင်းမလဲ။ ခုတော့ နွယ် သဘောမတူရကောင်းလားလို့ မောင်မောင်က စိတ်ကောက်ပြီး အလုပ်ထဲက တခြားကောင်မလေး တစ်ယောက်နဲ့ ပလူးပလဲလုပ်ပြီး အရွဲ့တိုက်ပြတယ်။ နွယ့်မှာ ဆုပ်လည်းစူး၊ စားလည်းရူး ဘ၀၊ တကယ်ရောက်နေပြီ။
   မောင်မောင့်ကိုလည်း လက်လွှတ်မခံနိုင်ဘူး။ မကောင်းမှုကိုလည်း အားမပေးချင်ဘူး။ တစ်သက်လုံး ထိန်းသိမ်းလာခဲ့တဲ့
ကိုယ်ကျင့်တရားနဲ့ သံယောဇဉ်အချစ်မီးကြားမှာ ဗျာများနေရပြီ။ အားလည်းမပေး၊ ကိုယ်တိုင်လည်းမကျူးလွန်ပေမဲ့
ချစ်သူ့လုပ်ရပ်တွေကို ဖွင့်ဟပြီးလည်း မတိုင်ရက်ဘူး။
   မောင်မောင်ကလည်း ဒီချက်ကောင်းကို အပိုင်ကိုင်ပြီး စားဝိုင်းတွေက ရှင်းတဲ့ငွေတင်မကဘဲ ပိုက်ဆံအံဆွဲထဲကပါ အလစ်သုတ်တဲ့ အထိ ရဲတင်းလာတယ်။ မပြောရက်တဲ့နွယ့်မှာသာ တံတွေးတွေပဲ ကြိတ်ကြိတ်မြိုချနေရ။ မျက်ရည်တွေပဲ အဖော်လုပ်နေရတာပေါ့။
   ဒါပေမဲ့ မကောင်းမှုဟာ ဆိတ်ကွယ်ရာမရှိဘူး ဆိုတဲ့ လောကနီတိစကားက အလကားရှိနေတာမှ မဟုတ်တာ။ မကြာပါဘူး။ မောင်မောင်လည်း အလုပ်ထုတ်ခံရ။ နွယ်လည်း အသည်းကွဲပြီး ငိုကြွေးရ။ ကျန်တဲ့အလုပ်သမားတွေလည်း ဆူပူကြိမ်းမောင်းခံရ။
အို.. ရှက်စရာကောင်းလိုက်တာ။
   နွယ့်အပေါ် အလုပ်ရှင်တွေကနားလည်ပေးပေမဲ့ နွယ်ကတော့ မျက်နှာမထားတတ်တော့ဘူး။ လူဆိုးလေး မောင့်ကိုလည်းမခွဲနိုင်ဘူး။
ချစ်သူမရှိတဲ့ အရပ်မှာလည်း မနေပျော်တော့ဘူး။ တစ်သက်နဲ့တစ်ကိုယ် နွယ် တစ်ခါလောက်တော့ မိုက်ကြည့်ချင်လာတယ်။
   အလုပ်ရှင်ကို အိမ်မပြန်ရတာကြာပြီမို့ ခဏပြန်ဦးမယ်လို့ ခွင့်တောင်းပြီး မောင်မောင်ပေးထားဖူးတဲ့ သူ့အိမ်လိပ်စာအတိုင်း လိုက်လာခဲ့မိတယ်။ တစ်ခါမှ မလုပ်ဖူးတဲ့အလုပ်ကို လုပ်ရလို့ နွယ့်မျက်နှာတစ်ခုလုံး ထူပူနေပေမဲ့ ရင်ထဲမှာ သတ်္တိတွေမွေးထားမိတယ်။
   " လူဆိုးအားပေးအလုပ်သာ မမက မလုပ်ရဲတာပါ။ မောင့်ကိုတော့ ခွင့်လွှတ်ပြီး ချစ်နေရတုန်းပဲ.." ဆိုတာ မောင်သိအောင် ပြောပြချင်လှပြီ။ " မောင့်ကို မညှာမတာ အလုပ်ထုတ်ပစ်တဲ့ အလုပ်ရှင်ကို မကျေနပ်လို့ မမလည်း အလုပ်ထွက်မယ်။ မပြန်တော့ဘူး.." လို့လည်း ပြောလိုက်မယ်။ မောင်ကသာ အရင်ကလို " မမနဲ့ မခွဲနိုင်တော့ဘူး။ အတူနေရအောင်..." လို့ ပြောလာရင် နွယ် ချက်ချင်း ခေါင်းညိတ်လိုက်တော့မယ်။ မောင့်ရဲ့ မကောင်းတဲ့စရိုက်တွေကိုတော့ နောက်မှ တဖြေးဖြေး ချော့မော့ပြုပြင်ယူရမှာပေါ့။
   ကိုယ့်အတွေးနဲ့ကိုယ် နွယ် ရင်တွေခုန်လွန်းလို့ ခလုတ်တွေတောင် တိုက်လား တိုက်မိရဲ့။ လမ်းတွေလည်း မှားလား မှားပြန်ရဲ့။
   တကယ်တမ်း မောင်မောင့်အိမ်ကိုရှာတွေ့တော့လည်း မောင်မောင်က ဘိလိယက်ခုံမှာတဲ့။ အစ်မတစ်ယောက်က လိုက်ခေါ်ပေးနေတုန်း တခြားအစ်မတွေက သူတို့မောင် ဘယ်လောက်ဆိုးကြောင်း၊ လောင်းကစား ဘယ်လောက်မက်ကြောင်း၊ မိန်းကလေးတွေ ဘယ်လိုပွေကြောင်း၊ ရပ်ကွက်ထဲမှာ ရန်ပွဲတွေ ဆက်တိုက်နွှဲကြောင်း...။
   ဘုရား ဘုရား...။ နွယ် ဒါတွေ တစ်ခုမှ မသိခဲ့ပါလား။ နွယ်သိတာက မောင်ဟာ မမနဲ့မြန်မြန်နီးချင်လို့သာ အချစ်စိတ်တွေမွှန်ပြီး လုပ်မိလုပ်ရာ ပိုက်ဆံခိုးစုနေရရှာတာ.. လို့။
   ဒီအချိန်မှာပဲ ပွဲကောင်းနေတုန်း လာအခေါ်ခံရလို့ စိတ်ဆိုးပြီး လိုက်လာတဲ့ မှုန်တေတေမျက်နှာနဲ့ မောင့်စကားကို ကြားရပြန်တော့ နွယ့်ရင်ထဲက ပြောဖို့ရည်ရွယ်ခဲ့တဲ့ စကားတွေဟာ ဆွံ့အကုန်ရပြီ။
   " ဘယ်လိုလဲ သစ်္စာရှင် အပျိုကြီးရဲ့။ ကျွန်တော့်ကို ဘာတွေများ ဆုံးမချင်သေးလို့ လိုက်လာတာလဲ.."
  
   မောင်မောင့်စကား ကြားရတာ ခေါင်းထဲမှာတောင် မိုက်ကနဲဖြစ်သွားရတယ်။ မင်းသားခေါင်းဆောင်း ချွတ်လိုက်ခါမှ
ဘီလူးစွယ်က အဖွေးသားပါလား။
   အံကိုသာ တင်းတင်းကြိတ်ပြီး လာလမ်းအတိုင်း နွယ် တပ်ဆုပ်လာတော့ အခါလွန်မှစွေတဲ့မိုးလို
မျက်ရည်တွေက အဆက်မပြတ်စီးကျလာတာကြောင့် ကိုယ့်ကိုယ်ကိုပဲ ဒေါသထွက်မိရတယ်။
   ခုလောလောဆယ်တော့ ဆိုင်ကို မပြန်ချင်သေးဘူး။ ဘယ်မှလည်း သွားစရာမရှိ။ ဘာမှလည်း လုပ်ချင်စိတ်မရှိတာမို့ အမေ့အိမ်လေးကိုပဲ ခြေဦးလှည့်လိုက်မိတော့တယ်။ တစ်ပတ်လောက် အမေ့ရင်ခွင်ရိပ်မှာ ဝေဒနာဖြေပြီးခါမှ ရှေ့ဆက်ရမယ့် နွယ့်ဘ၀ခရီးကို ဘယ်လို ဆက်လျှောက်ရမလဲ စဉ်းစားတော့မယ်။
   ပထမဦးဆုံး နွယ့်ကို ချီးကျူးကြမယ့် အဖေနဲ့ဦးကြီးရဲ့ စကားကို ပြုံးပြုံးလေး ခံယူနိုင်ဖို့ ကြိုးစားရဦးမယ်။
   " ငါ့သမီးကြီးကမှ စဉ်းစားဥာဏ်ရှိတဲ့၊ အမျိုးဂုဏ်တက်စေမယ့် သူ... " ဆိုပြီး တံဆိပ်ကပ်ဦးမယ့် ခေါင်းစဉ်ကြီးကိုလေ...။
                                +++++++

ဝေ(စီးပွားရေးတက္ကသိုလ်)

March, 2013... Chic Magazine



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/25/2013 12:22:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.