[mrsorcerer:38063] လူမျိုး ဘာသာပေါင်းစုံ ညီညွတ်မှု သွေးကွန်ရက်(ရန်ကုန်) နှင့် သတင်းများ


လူမျိုး ဘာသာပေါင်းစုံ ညီညွတ်မှု သွေးကွန်ရက်(ရန်ကုန်)မှ ဖွဲ့စည်းခြင်း အထိမ်းအမှတ်အဖြစ် စုပေါင်းသွေး လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

P7250055

လူမျိုး ဘာသာပေါင်းစုံ ညီညွှတ်မူ သွေးကွန်ရက်(ရန်ကုန်)အား ၁၈.၄.၂၀၁၃ နေ့က ဖွဲ့စည်းခြင်း အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံ စုပေါင်းသွေး လှူဒါန်းပွဲ အခမ်းအနားကို ဧပြီလ ၂၇-ရက်နေ့က ရန်ကုန်မြို့ အမျိုးသားသွေးလှူ ဌာနတွင် နံနက်(၉)နာရီမှ (၁၁)နာရီ အထိ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အခမ်းအနားကို အခမ်းအနားမှူး အဖြစ် သွေးမေတ္တာမှ အမှုဆောင် မမိုခမ်း( သရုပ်ဆောင်) မှဆောင်ရွက်ပြီး သဘာပတိမှ အဖွင့်အမှာ စကားပြောကြားပြီး စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် သွေးမေတ္တာ ပရဟိတ အသင်း (ရန်ကုန်)၏ ဒု-ဥက္ကဌ သရုပ်ဆောင် ကိုဝေဠုကျော်မှ မိတ်ဆက်စကားပြောကြားရာတွင် "အတတ်နိုင်ဆုံး အချိန်တိုသွားအောင်၊ မြန်ဆန်သွားအောင်၊ ကုန်ကျ စရိတ်နည်းသွားအောင် အဓိက ကွန်ယက်လေး လုပ်ချင်တာပါ။ သွေးမေတ္တာ အသင်းအနေနဲ့ ခေါင်းဆောင်ချင်လို့ လုပ်တာ မဟုတ်ပါဘူး။ အခုထိ ကျွန်တော်တို့ မည်သည့် ဖွဲ့စည်းပုံမှ မလုပ်ရသေးပါဘူး။ ညီညွှတ်မှု အရင်ဆုံး စယူနေတာပါ။ ဒါလေးကို သဘောတူလို့ ရန်ကုန်မြို့မှာရှိတဲ့ ဘာသာရေး၊ လူမူရေး၊ ကျန်းမာရေး နဲ့ပတ်သပ်တဲ့ အသင်းအဖွဲ့တွေ အားလုံး တညီတညွှတ်တည်း သုံးပုံ နှစ်ပုံလောက်ဖြစ်လာပြီ ဆိုတဲ့ အချိန်ကြမှ ဒီအဖွဲ့ကြီးကို စတင် ဖွဲ့စည်းမှာ ဖြစ်ပါတယ်။"

အမျိုးသား သွေးလှူဘဏ်မှ တွဲဖက် ပါမောက္ခ ဒေါက်တာဒေါ်သီတာအောင်မှလည်း သွေးကွန်ရက်များ၏ အခက်အခဲများ၊ ဆေးရုံတိုင်းမှာ ကြုံတွေ့ရသည်များနှင့် ပတ်သက်၍ ဆရာမမှ မားမားမတ်မတ် ရပ်တည်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းကို ဂတိပြု ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၅၉-လမ်းဗလီ(ကုန်အာန် အသိပညာ ပြန့်ပွားရေး)အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သော ဆရာဦးသန်းအောင်မှ "ကျွန်တော်ကိုယ်တိုင်က AB သွေးပိုင်ရှင် ဖြစ်ပြီးတော့ (၃၅)ကြိမ်မြောက်  သွေးလှူရှင် ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်က ကျွန်တော်တို့ ဆုတောင်းပြည့် အစ္စလာမ့် ၀တ်ကျောင်းတော်သားတွေ စီစဉ်တဲ့ မျက်ကြည်လွှာ အလှူရှင် လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အသွေးအရောင် ပေါင်းစုံ၊ ဘာသာစကား ပေါင်းစုံ ပြောဆိုနေပေမယ့် ရှိနေကြပေမယ့် ကျွန်တော်တို့ အားလုံးမှာ တူညီတဲ့ အရောင်နှစ်ခု ရှိပါတယ်။ အဲဒါကတော့ မေတ္တာတရားနဲ့ ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ကျွန်တော်တို့က သူတော်ကောင်းတရား ကျင့်ပြီးတော့ ဒီနေ့လို  လိုအပ်နေတဲ့ လူတွေ အတွက် ကျွန်တော်တို့ရဲ့ တရားတော်ကနေ ညွှန်ကြားထားတဲ့ ကိုယ့်မှာရှိနေတဲ့ အရည်အသွေး၊ အရင်းအမြစ်တွေကို နောက်လူကို မျှဝေ သုံးစွဲဖို့ဆိုတဲ့ လမ်းညွှန်ချက်ကြောင့် ကျွန်တော်တို့ ခုလို လာရောက် လှူဒါန်းရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ မေတ္တာတရားနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ပြီး ကိုယ်မှာရှိနေတဲ့ အရည်အသွေးတွေကို ခုလို လိုအပ်ချက် ရှိနေတဲ့ သူတွေကို မျှဝေ လှူဒါန်းခွင့် ရရှိတဲ့ အတွက်ကြောင့်  အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အတွက် အကျိုးအမြတ်ကတော့ ကျွန်တော်တို့ဟာ သွေးလှူဒါန်းလိုက်တဲ့ အတွက် ကျန်းမာရေးကို လေးစားတ ထိန်းသိမ်းတဲ့ သူဖြစ်လာသလို၊ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ထိန်းသိမ်းတဲ့၊ စည်းကမ်းတကျ နေတတ်တဲ့ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ လူ့အသိုင်းအ၀ိုင်း ဖြစ်လာစေတာပါ " ဟု ထည့်သွင်းပြောကြားခဲ့သည်။
P7250045
၈၈ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျမှ "ဘာသာပေါင်းစုံပါတဲ့ သွေးကွန်ရက်ကို ဖွဲ့စည်းလိုက်ပြီ ဆိုတာဟာ မင်္ဂလာရှိတဲ့ သတင်းကြီးပါ။ အခုလို အချိန်အခါမျိုး မှာ မင်္ဂလာရှိတဲ့ သတင်းပါ။ ကိုဝေဠုကျော်က သွေးကွန်ရက်ရဲ့ သဘောထားကို ရှင်းပြတယ်။ အဲလို ရှင်းပြပြီးတဲ့နောက်မှာ ဆရာမကြီးက သွေးလှူတဲ့ အချိန်မှာ ဖြစ်ပျက်တဲ့ ပြဿနာတွေကို သူဘက်က တာဝန်ယူပြီး ဖြေရှင်းပေးပါ့မယ်လို့ အားတက်သရော လှိုက်လှိုက်လှဲလှဲ ဂတိတစ်ခု ထပ်ပေးလိုက်တယ်။ အင်မတန်ကို မင်္ဂလာရှိပါတယ်။ အဲဒီအတွက် ကျေးဇူးတင်ပါတယ်။ အခုလို အကူးအပြောင်းကာလ၊ အမှောက်ပရောဂတွေ မကင်းသေးတဲ့ ကာလမှာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ သွေးစည်းညီညွှတ်ခြင်းဟာ အင်မတန် လိုအပ်ပါတယ်။ ညီညွှတ်ရေးကို တည်ဆောက်ဖို့အတွက်က ထိတွေ့မူ၊ ရင်းနှီးမူနဲ့ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မထိတွေ့ပဲနဲ့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မဆက်ဆံပဲနဲ့ ရင်းနှီးမူ မရနိုင်ပါဘူး၊ ရင်းနှီးမူ မရရင် ညီညွှတ်မူ မရနိုင်ပါဘူး။ အဲတော့ ဒီလို ကွန်ယက်မျိုးတွေ အဖွဲ့အစည်းတွေက ညီညွှတ်ရေးရဲ့ လမ်းစပါ။ တနည်းအားဖြင့် ညီညွှတ်မူကို စတင်တည်ဆောက်တာပါ။ ဒီသွေးကွန်ယက်ဆိုတဲ့ ညီညွှတ်မူ လမ်းစ ကနေပြီးတော့ အမျိုးသား ကွန်ယက်၊ နိုင်ငံ ကွန်ယက် အထိ ဖြစ်သွားတဲ့ အထိ အကုန်လုံး ၀ိုင်းဝန်းကြိုးစားဖို့ လိုပါတယ် "ဟု ထည့်သွင်းပြောကြားခဲ့သည်။

ဘာဟာအီ သာသနာ့ နေရှင်နယ် အဖွဲ့ချုပ် မြန်မာနိုင်ငံအောက်ပိုင်းမှ အတွင်းရေးမှူး ကိုတင်ဇော်မင်းမှ "ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ အသွေးအရောင်တွေ ကွဲပြားပါစေ ကျွန်တော်တို့ဟာ ဘုရားရှင် ဖန်တီးပေးထားတဲ့ ဒီကမ္ဘာလောက ကြီးကို ဥယျာဉ်လေး တစ်ခုအနေနဲ့ မှတ်ယူရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာနှင်းဆီပန်းကို ကြိုက်ကြပါတယ်။ နှင်းဆီပန်းကို ကြိုက်တယ် ဆိုပြီး နှင်းဆီပန်းတစ်ခုတည်းကိုပဲ ဥယျာဉ်ထဲမှာ စိုက်ထားမယ် ဆိုလို့ရှိရင် ဒါကို ဥယျာဉ်လို့ မခေါ်ဆိုနိုင်ပါဘူး။ ဒီနေ့ ဥယျာဉ်လို့ ခေါ်ရတဲ့ အကြောင်းလေး ကတော့ ဒီဥယျာဉ်တစ်ခု အတွင်းမှာ အရောင်အသွေး စုံလင်စွာ ရှိမယ်၊ အရွယ်အစား မတူတာ ရှိမယ်၊ ကွဲပြားတဲ့ အရောင် အနံ အဆင်းတွေ ရှိမယ်။ ဒီလို ကွဲပြားနေခြင်းသာသည် ဥယျာဉ်လို့ ခေါ်ဆိုရခြင်းဖြစ်ပြိး ဒီလို ကွဲပြားနေခြင်းတာလျှင် ဒီဥယျာဉ်တစ်ခုကို အလှဆင်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီကမ္ဘာလောက ကြီးမှာ ရှိနေတဲ့ လူသားအချင်းချင်း ကွဲပြားမူ ဆိုတဲ့ မြင်ရတဲ့ အကြောင်းအရာတွေ ပေါ်မှာ ရုပ်ပိုင်းဆိုင်ရာ ကွဲပြားမူ မရှိပဲနဲ့ ဒီကမ္ဘာကြီးကို သာယာဝပြောဖို့၊ ပိုကောင်းတထက် ပိုကောင်းအောင် တို့လူသားတွေ အချင်းချင်း ချစ်ဖို့ ရှေ့ရှု ပြီးတဲ့ အခါမှာ အတူတကွ လက်တွဲသွားကြဖို့ ဖိတ်မန္တက ပြုလိုက်ပါတယ်" ဟု ထည့်သွင်းပြောကြားခဲ့သည်။

ယင်းနောက် သွေးကွန်ရက် ကိုယ်စား ဥက္ကဌ ဦးမြတ်ကျော် မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် ဆက်လက်၍ သွေးလှူပွဲခြင်းအား စတင်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ စုစုပေါင်း လူအင်အား သုံးရာကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ လူမျိုး ဘာသာပေါင်းစုံ ညီညွှတ်မူ သွေးကွန်ယက်(ရန်ကုန်) ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ
(၁) စုစည်းမူဖြင့် အင်အားကို ဖြစ်မည်။
(၂) အပြန်အလှန် ကူညီမူဖြင့် အထောက်အကူဖြစ်စေမည်။
(၃) ပူးပေါင်းဆောင်ရွက်မူဖြင့် အခက်အခဲများကို ကျော်လွှားမည်။
(၄) အချင်းချင်း အသိပညာပေးခြင်းဖြင့် အမှန်အမှားကို မြင်နိုင်မည် ဟူ၍ဖြစ်ကြောင်းလည်း ဟု သိရသည်။

P7250058

စစ်အစိုးရ အာဏာတည်မြဲဖို့အတွက် သံဃာ အတုစီမံကိန်း..
အရည်အချင်းမပြည့်တဲ့ သံဃာအတုများကို ဘွဲ့ထူး ဂုဏ်ထူးများပေးပီး လက်သပ်မွေးထားပီး စစ်တပ်အား သတင်းပေးခိုင်းခဲ့ပါတယ်.. စီးပွားရေးလုပ်ချင်ရင် ဘယ်ဘုန်းဘုန်းနဲ့ တွေ့ ဘယ်လောက်ပေးလိုက် အဆင်ပြေသွားလိမ့်မယ်..စီးပွားလုပ်ချင်သူ ခရိုနီများနဲ့ သံဃာအတုများ ပူးပေါင်းကာ.. အာဏာတည်မြဲအောင် ဦးဇင်းတို့စတော့လေ ဆိုပီး ၉၆၉ ဖွဲ့စည်းပီး ဆူပူလှုံ့ဆော်အောင် ဘာသာရေး အထိကရုံး လုပ်ခဲ့သည်...စစ်တပ်က  ရွှေဝါရောင် အရေးအခင်းတုန်းက သံဃာတွေ ကိုသတ်တုန်းက ၉၆၉ ဘယ်ရောက်နေသလဲ ?...ရွှေဝါရောင်အရေးခင်းတုန်းက.စစ်တပ်က သံဃာတွေကို စစ်ဖိနပ်နဲ့နင်းသတ်ချိန်မှာ.သာသနာကို ကာကွယ်မဲ့ ၉၆၉ တွေ ဘယ်ရောက်နေလဲ ................................................... နားထောင်ကြည့်ကြပါ.နားထောင်ရန် အောက်ပါ link ကို ကလစ်ပါ.....

<iframe width="640" height="360" src="https://www.youtube.com/embed/BriScUHPjVM?feature=player_detailpage" frameborder="0" allowfullscreen></iframe>



May Peace Be Upon You
Regards,
Ruby



--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.