[mrsorcerer:38091] ရခိုင်စုံစမ်းရေးကောင်မရှင် တဘက်သတ် အစီရင်ခံစာ

from U U Mhaw Sayar FB-30/04/2013
ကော်မရှင်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်သလို ပြောမိရင် မဆီမဆိုင် အစိုးရခိုင်းလို့ ဘုမသိ ဘမသိ ၀င်ပါရတဲ့သူတွေ ထိခိုက်မယ်။ အမှန်တော့ ဒါဟာ အစိုးရတိုက်ရိုက်ခန့်ထားတဲ့ အစိုးရ
ကိုယ်စားပြု ကော်မရှင်သက်သက်ပါ။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် မဟုတ်သလို၊
တကယ်တမ်း အကြမ်းဖက်သတ်ဖြတ်မှုတွေမှာ အဓိကတာဝန်ရှိနေသူတွေ စွပ်စွဲခံနေရသူတချို့
ပါဝင်နေပါတယ်။ အဲလို လူတွေကို အရင်ဆုံး စစ်ဆေးရမဲ့အစား အဲဒီ လူတွေက ဒီပြဿနာကို
ဘယ်လိုဖြေရှင်းမှ ပြီးလိမ့်မယ်လို့ အဖြေထုတ်ခွင့် ပြုထားတယ်။ ဒီလို ကော်မရှင်ဆီက ဘာများကောင်းတာပါမလဲလို့ မျှော်လင့်ချက်ထားမိသူများ ကိုယ့်ကိုယ်ကို အပြစ်ပေးတဲ့အနေနဲ့ `အောင်လ´ သီချင်း တနေကုန် ငြီးနေပါ.. ။ "ငါ့ ဘက်က မှားတာပါ" ပေါ့လေ ..

တကယ်တမ်း ဘယ်လိုအစီရင်ခံစာမျိုးပဲ ထွက်လာလာ အရေးပါမှာလည်းမဟုတ်သလို၊ ရခိုင်ပြည်နယ်မှာ လုပ်ချင်တိုင်း လုပ်နေဦးမှာပါပဲ .. မယုံရင် စောင့်ကြည့် ..။ ဒါကြောင့် စကတည်းက စိတ်လည်း မ၀င်စားခဲ့ဘူး။

အလွယ်တကူထောက်ပြရတဲ့ အချက်တချို့ကို ပြောရရင် လွန်ခဲ့တဲ့ နှစ်ထဲက အစိုးရထုတ်ပြန်
ခဲ့တဲ့ အသတ်ခံရသူဦးရေ ၁၉၂ ယောက် ဆိုတဲ့ စာရင်းက ခုချိန်ထိ ကိန်းသေဖြစ်နေတယ်။
ကျနော့်ဆီမှာတောင် အသတ်ခံရသူ နာမည်၊ လိပ်စာနဲ့တကွ ၆၈၀ ကျော် စာရင်း ရှိနေတာပဲ ..
ဒါတောင် အလောင်း ဖျောက်ဖျက်ခံရတာတွေ မပါဘူး။ နောက်ပြီး ပြဿနာဖြစ်ပြီးနောက်ပိုင်းမှ
အိမ်ပေါ်ထိ တက်ပြီး လည်လှီးသတ်သွားတာတွေ၊ ငါးရှာထွက်တုန်း တိုက်ခိုက်သတ်ဖြတ်
ခဲ့တာတွေ မပါသေးဘူး။

သေနတ် အလက်ပေါင်း ရာနဲ့ချီပြီး ဖမ်းမိတာတွေ၊ အဲဒီသေနတ်တွေ အသုံးချပြီး လူပေါင်း
ဘယ်လောက် သတ်ဖြတ် ခံလိုက်ရပြီလဲ ဆိုတာတွေ၊ .. နောက်ပြီး ပထမအကြိမ် အကြမ်း
ဖက်မှုဖြစ်ပြီးနောက် ဒုတိယအကြိမ် ဆက်မလုပ်ခင် ရန်ကုန်မှာ အခြေဆိုက်တဲ့ မူးယစ်ဆေးဝါး
နဲ့ ချမ်းသာလာတဲ့ RNDP ပါတီရဲ့ အတွင်းစည်းမန်ဘာဖြစ်သူ ရခိုင်သားတစ်ဦး ကတဆင့်
သရီးကွာတား ဘောင်းဘီ အထည်သုံးသောင်း အလျင်အမြန် မှာယူခဲ့တာတွေ .. တောင်ကုတ် သတ်ဖြတ်မှုက စလို့ ရခိုင်ပြည်နယ်အနှံ့မှာ Mobile Terrorist ပုံစံမျိုး သေချာ အစီအစဉ်
ကျကျ အကြမ်းဖက်ခဲ့တာတွေ.. ဒီကော်မရှင်ကို သြဂုတ်လ (၁၇) ရက်နေ့ မှာ ဖွဲ့စည်းခဲ့ပေမဲ့ စစ်တွေ နဲ့ တခြားမြို့နယ်တွေမှာ အတည်တကျ ရုံးထိုင် စုံစမ်းခွင့် မရှိခဲ့တာတွေ..
ဒါကြောင့်လည်း ဒီစုံစမ်းစစ်ဆေးရေးကော်မရှင် ငုတ်တုတ်ရှိရက်နဲ့ အောက်တိုဘာလမှာ
ဒုတိယအကြိမ် အကြမ်းဖက်သတ်ဖြတ်မှု ဆက်လုပ်ခဲ့တာတွေ ... ဒါတွေ တကယ်မလိုအပ်လို့
ထည့်မစဉ်းစားတာလား၊ ကုလားသေတာ လူတွေ သေတာမှမဟုတ်ဘဲဆိုတဲ့ စိတ်နဲ့ မသိယောင်ဆောင်ပြီး ပစ်ချထားတာလား ..

တရားခံရှာဖို့ တာဝန်မ၇ှိပါဘူးလို့ ကြိုကန်ထားပေမဲ့လည်း ဒီအစီရင်ခံစာထဲမှာ လူမဆန်တဲ့
သတ်ဖြတ်မှုတွေနဲ့ပက်သက်ပြီး တာဝန်ခံဖို့ ထောက်ပြတာတွေ ပါမလာတဲ့အပြင်၊ တကယ်တမ်း
အကြမ်းဖက်ခံရတဲ့သူတွေရဲ့ လိုအပ်ချက်ကြောင့် ဖြစ်လာရတဲ့ ပြဿနာတစ်ခုသဖွယ် ရေးထား တာကိုက ခံရတဲ့သူတွေကိုပဲ တရားခံလို့ ခပ်ပါးပါး ပို့လိုက်တာပါ။ ကိုကိုကြီး ပြောတဲ့စကား
အတိုင်း ပြောရရင် တိုင်းရင်းသားတွေရဲ့ခံစားချက်ကို အပြည့်အ၀ ထည့်သွင်းစဉ်းစားထားတယ်
ပေါ့ဗျာ ..

တကယ်နစ်နာခဲ့သူများကိုလည်း တစ်ခုတော့ အားပေးချင်တယ်။ ဘယ်လိုမျိုး အစီရင်ခံစာပဲ
ထုတ် ထုတ် ကိုယ့်အတွက် ဘာမှမထူးတဲ့အတူတူ အစိုးရရဲ့ ဒီလိုထုတ်ပြန်မှုတွေ တဘက်သတ်
ရေးထားလေ ခင်ဗျားတို့အတွက် ပိုကောင်းလေပဲလို့ မှတ်ပါ။


--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.