[mrsorcerer:38092] ဥက္ကံမြို့ ဈေးဗလီရှိ မွတ်စလင်မ်ပိုင် ဆိုင်ခန်းများအား အကြမ်းဖက်ဖျက်ဆီးခြင်း နှင့်သတင်းများ

ဥက္ကံ ။ ။ ယနေ့ ဧပြီလ ၃၀ ရက် နေ့လည် ၁ နာရီ ခန့်က ရန်ကုန်တိုင်း ဥက္ကံမြို့ ဈေးဗလီရှိ မွတ်စလင်မ်ပိုင် ဆိုင်ခန်းများအား အကြမ်းဖက်လူတစ်စုမှ ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။

ဥက္ကံမြို့ ဈေးဗလီတွင် ရှိသော မွတ်စလင်မ်များပိုင်သည့် ဆိုင်ခန်းများအား အကြမ်းဖက်၍ ၀ိုင်းဝန်းဖျက်ဆီးလိုက်သည့်အတွက် ဆိုင်ခန်း(၅)ခန်း ပျက်စီးသွားသည်ဟု သိရသည်။

ဆိုင်ခန်းများဖျက်ဆီးစဉ်ကတည်းက ရဲများရောက်ရှိလာသော်လည်း ရဲများမှလည်း မထိန်းသိမ်းနိုင်ပဲရှိနေသည်။

မွတ်စလင်မ်များ စိုးရိမ်ထိတ်လန့်နေ၍ အိမ်ထဲမှ မထွက်ဝံ့ကြောင်းလည်း သိရသည်

ဥက္ကံမြို့ ပြဿနာစဖြစ်စဉ်တွင်ပင် ဖုန်းလိုင်းများ ပြတ်တောက်နေမှုဖြစ်ပေါ်ခဲ့ပြီး ပတယ်လီဖုန်းလိုင်းများ ခေါ်ဆိုမရဖြစ်ခဲ့ပါသည်။

နောက်ဆက်တွဲရရှိသည့် သတင်းများကို ထပ်မံဖော်ပြပါမည်

ဥက္ကံမြို့ရှိ မွတ်စလင်မ်များ အကြမ်းဖက်ခံရ၊ ထွက်ပြေး တိမ်းရှောင်နေသူများနှင့် ဆက်သွယ် မေးမြန်းချက်

ဧပြီ ၃၀၊ ၂၀၁၃
M-Media
K K

Oak Kan
ဥက္ကံ ။ ။ ဥက္ကံမြို့ရှိ ဗလီ၊ စာသင်ကျောင်းနှင့် မွတ်စလင်မ်အိမ်များ၊ ဆိုင်ခန်းများကို ယနေ့ နေ့လည် ၁- နာရီခန့်ကစတင် အကြမ်းဖက် ဖျက်ဆီးနေမှုနှင့် ပတ်သက်၍ အကြမ်းဖက်ခံရသည့်နေရာမှ ထွက်ပြေးတိမ်းရှောင်နေသူများနှင့် ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

"ဗလီ၊ အာရဗီစာသင်ကျောင်း၊ မွတ်စလင်မ်ပိုင် အိမ်နဲ့ ဆိုင်ခန်းတွေကို ဖျက်ဆီးတယ်။ မီးရှို့တယ်။ မီးရှို့တာက ဟာဖိဇ်(အာရဗီစာသင်)ကျောင်းဘေးက တဲကို မီးရှိုတယ်။ ကျန်တဲ့ အိမ်တွေ ဆိုင်တွေကိုတော့ မီးမရှို့ပါဘူး။ စာသင်ကျောင်းကတော့ ပျက်တာ သေချာပါတယ်။ ကျွန်တော်လည်း အဲ့ဒီဘက်ကို အခု သွားကြည့်လို့ မရတော့ဘူး။ ရှောင်နေရတယ်။ ဟာဂျီဦးမောင်ရွှေတိုက်လည်းဖျက်တယ်။ ဟာဂျီတင်ဦးဆိုင်လည်းဖျက်တယ်။ ရပ်ကွက်ထဲမှာ မွတ်စလင်မ်ပိုင်နေရာတွေ တော်တော်များများဖျက်တယ်။ အခုလည်း ဖျက်နေတာ အုန်းအုန်း အုန်းအုန်းနဲ့ အသံတွေ ကြားနေရတယ်။ ကျွန်တော်တို့ရပ်ကွက်ထဲမှာလည်း အခု လက်ရှိဖျက်နေတယ်။ ကျွန်တော့်အိမ်ရှေ့ကအိမ်လည်း ဖျက်ခံလိုက်ရတယ်။ ဒါဆို ကျွန်တော့်အိမ်လည်း ဖျက်ခံရတဲ့အထဲ ပါသွားလောက်ပြီ။ အခုပဲ အခု။ ကျွန်တော် ကွင်းထဲမှာ အခုရောက်နေတယ်။"

"ရဲတွေ စစ်တပ်တွေတော့ရှိနေတယ်။ သူတို့လည်း ဘာမှ လုပ်လို့မရဘူးဗျ။ တောကနေ လူတွေအများကြီးတက်လာတယ်။ လူဦးရေက ကျွန်တော်ပြောလို့မရဘူး။ သူတို့တက်လာက ဘယ်ရောညာရော လေးဘက်လေးတန် ဘေးပတ်ပတ်လည်ကနေ အကုန်တက်လာကြတာ။ ကျွန်တော်တို့က ကြားထဲမှာဖြစ်နေတယ်။ ဟုတ်ကဲ့ ဘယ်ကနေစဖြစ်တာလဲဆိုတာ သိတယ်ခင်ဗျ။ စဖြစ်တာက မနက်ပိုင်း (၁၀)နာရီလောက်မှာဖြစ်တာ။ ဥက္ကံအနီးရွာတစ်ရွာက မွတ်စလင်မ်အမျိုးသမီးတစ်ဦးက ဈေးသွားရင်း ကိုရင်လေးနဲ့ ၀င်တိုက်မိတယ်။ ကိုရင်လေးရဲ့ သပိတ်က မှောက်သွားတယ်။ သပိတ်ထဲက ထမင်းတွေလည်း မှောက်ကုန်တယ်။ အဲဒါကို တမင်တကာလုပ်တယ်ဆိုပြီးပြောတယ်။ အဲဒါ ရဲစခန်းမှာ သွားပြီးရှင်းကြတယ်။ သပိတ်နဲ့ ဆွမ်းကို ပြန်ပြီး ဝယ်ပေးတယ်လို့ပြောတယ်။ အဲလို ရှင်းနေတုံးပဲ လူတွေစုပြီး ရောက်လာကြတာ။ စဖြစ်တာက မနက်ပိုင်းကစဖြစ်ပြီး တခဏချင်းမှာပဲ လူစုကြီးဖြစ်သွားတာ။"

"ကျွန်တော် အခု အိမ်ကနေ ထွက်ပြေးနေကြတယ်။ အသိ ဗုဒ္ဓဘာသာမိတ်ဆွေ အိမ်တစ်အိမ်မှာ အခု ပုန်းနေပါတယ်။ မိတ်ဆွေ ဗုဒ္ဓဘာသာအိမ်ကပြောတယ်။ ဒါက တမင်သက်သက် အဖျက်သမားတွေက လုပ်ကြတာ။ ခင်ဗျားအပြင်မထွက်ပါနဲ့။ လုံးဝ မထွက်ပါနဲ့ဆိုပြီး ကျွန်တော့်ကို အိမ်ထဲမှာပဲ ပုန်းခိုင်းထားတယ်။ သူတို့ပြောတာတော့ ဗလီ(၂)လုံးကို ဖျက်လိုက်ပြီ။ ဗလီတွေက ဈေးဗလီနဲ့ လမ်းချိုးဗလီပါ။ ဥက္ကံမှာက ဒီဗလီ ၂-လုံးပဲ ရှိတာပါ။ မွတ်စလင်မ်ဆိုင်တွေ အိမ်တွေတော်တော်များများကိုဖျက်လိုက်ပြီ။"လို့ ဥက္ကံမြို့ရဲ့ လတ်တလောအခြေအနေများအား M-Media ကို ပြောပြလာပါတယ်။

အခင်းစတင်ဖြစ်ပွားသည့်အခြေအနေမှာ သာမန်မတော်တဆ ထိခိုက်မှုဖြစ်သော်လည်း ယင်းဖြစ်ရပ်ကိုအခြေခံပြီး အကြမ်းဖက်မှုဖြစ်ပွားအောင် စတင်ခဲ့ခြင်းဖြစ်ပြီး တရားဥပဒေအရ အရေးယူရန် ရဲစခန်းတွင် အမှုဖွင့်သော်လည်း တရားဥပဒေအရ ထိန်းသိမ်းနိုင်စွမ်းမရှိပဲ အကြမ်းဖက်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

နောက်ဆုံးရရှိသော သတင်းများ အရ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သေနတ်ပစ်ဖောက်ပြီး အကြမ်းဖက်သမားများကို ဟန့်တားခဲ့ကြကြောင်း သတင်းရရှိပါသည်။

ဧပြီ ၂၈၊ ၂၀၁၃
M-Media
ဇာဏီ

ဘားအံ ။ ။ ဘားအံမြို့ပေါ်တွင် ဆွမ်းခံထွက်လာသော ဘုန်းကြီးများမှ မွတ်စလင်မ် အမျိုးသမီးကြီး တစ်ဦးအား သပိတ်ဖြင့် ရိုက်နှက်မှုတစ်ခု ရာဘာခြံ ၁-လမ်းထိပ်တွင် ယနေ့မနက် ၈-နာရီ ၁၅-မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ ယနေ့မနက်ပိုင်း ဘုန်းကြီးများ ဆွမ်းခံထွက်လာချိန် ဘားအံမြို့ ရာဘာခြံ ၁-လမ်းထိပ်အရောက်တွင်ရာဘာခြံ ၃-လမ်းနေ အသက်(၅၀)ကျော် အရွယ်ရှိ ဒေါ်မခင်(ခ)ဒေါ်ရှကီရာဆိုသည့် မွတ်စလင်မ် အမျိုးသမီးကြီးတစ်ဦးက  ဘုန်းကြီးများ ကြွလာသည်ကိုမြင်၍ ဘေးနားတွင်မတ်တပ်ရပ်နေခဲ့သည်။  ထိုသို့ မတ်တပ် ရပ်နေသည့်ကို  ဘုန်းကြီးမှ ဆွမ်းခံကြွလာတာကို လမ်းဖြတ်ကူးသည်ဟု စွပ်စွဲပြောဆိုပြီး ခေါင်းကို သပိတ်ဖြင့် ရိုက်နှက်ခဲ့သည်။ ယင်းရိုက်နှက်မှုကြောင့် ဒေါ်မခင် မှာ ခေါင်းကွဲပြိး  သွေးများကျကာ လဲကျသွားသည်။  လဲကျသွားသည်ကို အနီးအနားမှ မြင်ကြသော်လည်း ဘုန်းကြီးမှ ရိုက်နှက်မှုဖြစ်သည့်အတွက် မည်သူမျှလာရောက်၍ ကူညီမှု မပေးရဲသည့် အတွက် ဒီအတိုင်းကြည့်နေကြသည်။ ခဏကြာမှ ဒေါ်မခင် ၏ သမီးရောက်ရှိလာပြီး ဒေါ်မခင် အား ဆေးရုံသို့ ခေါ်ဆောင်သွား ခဲ့ကြောင်းနှင့် သက်ဆိုင်ရာမှလည်း လာရောက်ကြည့်ရှုခဲ့သော်လည်း ရိုက်နှက်သည့် ဘုန်းကြီးအား မည်သည့် အရေးယူမှုမျိုးမှ မရှိခဲ့ကြောင်းလည်းသိရသည်။

ယခု မွတ်စလင်မ် အမျိုးသမီးကြီး ဒေါ်မခင်ကို ရိုက်နှက်သည့် ဘုန်းကြီးမှာ သစ္စာမဏ္ဍိုင်ကျောင်းတွင် သီးတင်းနေထိုင်သည့် ဘုန်းကြီးဖြစ်ကြောင်းသိရသည်။ ဒေါ်မခင်မှာ ယခု အခါ ရိုက်နှက်ခံရသည့် ခေါင်းတွင် ထိခိုက်ဒဏ်ရကြောင့် ဆေးရုံတွင် ကုသမှုခံယူနေရကြောင်းသ တင်းရရှိပါသည်။

ဘားအံမြို့တွင်  ဘုန်းကြီးများမှာ ဆွမ်းခံထွက်သည့် လမ်းဖြတ်ကူးသည်ဟူသော အကြောင်းပြချက်ဖြင့်  ဘားအံမြို့တွင် နေထိုင်သည့် မွတ်စလင်မ်များကို ရိုက်နှက်လေ့ရှိကြောင်း ၂၀၁၂-ခုအတွင်းက ဖြစ်ပွားခဲ့သည့် ရိုက်နှက်မှု ဖြစ်စဉ်တခုတွင်   အဖိုးအိုတစ်ဦး ရိုက်နှက်ခံရသည့် ဒဏ်ရများဖြင့် သေဆုံးသွားခဲ့ရသည်။ ၄င်းဖြစ်စဉ်  နောက်ပိုင်းတွင်လည်း ယင်းကဲ့သို့ ရိုက်နှက်မှုများရှိခဲ့သည်မှာ ၁၀-ယောက်ထက်မနည်းရှိပြီဖြစ်ကြောင်းနှင့် ယင်းကဲ့သို့သော အပြုအမူများအတွက်လည်း မည်ကဲ့သို့မှ အရေးယူမှု မရှိသည့်အတွက် ဘားအံမြို့ခံ မွတ်စလင်မ်များမှလည်း စိုးရိမ်ထိတ်လန့်မှုများရှိနေကြောင်း သိရသည်။

လွန်ခဲ့သည့် အပတ် ဧပြီလ ၂၀-ရက်နေ့မှ ၂၂-ရက်နေ့အထိ ၃ ညတိုင်တိုင် ဘားအံမြို့ပေါ်ရှိ မဲဘောင်ကျောင်းတွင် ပြုလုပ်ခဲ့သည့် ၉၆၉ တရားပွဲတွင် ဦးဝီရသူမှ အစ္စလာမ်မုန်းတီးရေး တရားများ ဟောပြောပြိးနောက် ယခုကဲ့သို့ ရိုက်နှက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.