(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၄၀၊ ဧပြီ ၄ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂) မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် အောင်ဒင် အပိုင်း (၁၇) လွှတ်တော်နှင့် ငြိမ်းချမ်းရေး (ခ) ပြည်ထောင်စုလွှတ်တော်ဟာ မြန်မာနိုင်ငံမှာ နှစ် ၆၀ကျော်ကြာဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ကြီးကို အဆုံးသတ်နိုင်ရေးအတွက် အင်မတန်အရေးပါတဲ့ အခန်းကဏ္ဏမှာရှိကြောင်းတင်ပြခဲ့ပါတယ်၊ တိုင်းရင်းသားလူမျိုးစုများ တောင်းဆိုနေတဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နဲ့ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်တွေကို လွှတ်တော်ကပဲ ဥပဒေပြုအာဏာနဲ့ အာမခံဖြည့်ဆီးပေးနိုင်လို့ပါ၊ တိုင်းရင်းသားလူမျိုးစုများ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်၊ ပြဋ္ဌန်းမပေးသေးသ၍ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်မှာ မဟုတ်ပါ၊ အခုလို မြန်မာနိုင်ငံရဲ့ အင်မတန်အရေးကြီးတဲ့ အပြောင်းအလဲကာလမှာ လွှတ်တော်က လုပ်သင့်လုပ်ထိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ [...]

Read more of this post