ငြိမ်းချမ်းအေး ဧပြီ ၈၊ ၂၀၁၃ တကယ်တော့.. တိုင်းပြည်မှာ လူမျိုး/ဘာသာ/အသားအရောင်/လိင် ခွဲခြားပြီး ပြောနေဖို့ မလိုဘူး။ တကယ်တမ်း.. တိုင်းပြည်မှာ ခွဲခြားမြင်တတ်ပြီး ပြောရမှာက 'ရှိသူများ' နဲ့ 'မရှိသူများ' အရေး ဖြစ်တယ်။ 'Haves' Vs. 'Have-nots' ကွာခြားချက်ကိုပဲ အသံထွက်ရမယ်..။ 'ရှိသူများ' နဲ့ 'မရှိသူများ'..။ အာဏာရှိသူများ နဲ့ အာဏာမဲ့နေသူများ..။ လုပ်ပိုင်ခွင့် ရှိသူများ နဲ့ လုပ်ပိုင်ခွင့် မဲ့နေသူများ..။ 'စံစား' နေရသူများ နဲ့ 'ခံစား' နေရသူများ..။ ဖိနှိပ်နေသူများ နဲ့ အဖိနှိပ်ခံများ..။ အခွင့်အရေး ရနေသူများ နဲ့ အခွင့်အရေး ဆုံးနေသူများ..။ ထိုင်ရာမထ လိုတ ရနေသူများ နဲ့ ဖောင်စီးရင်း ရေငတ်နေသူများ..။ မိုက်ရိုင်းရင်း [...]

Read more of this post