[mrsorcerer:37827] မိတ္ထီလာရှိ မွတ်စလင် ဒုက္ခသည် စခန်းများတွင်း အခြေအနေ အလွန်ဆိုးရွားလျက်ရှိ

မိတ္ထီလာရှိ မွတ်စလင် ဒုက္ခသည် စခန်းများတွင်း အခြေအနေ အလွန်ဆိုးရွားလျက်ရှိ
=============
ဧပြီ ၈ ၊၂၀၁၃
M-Media
ထွန်းတောက်

မိတ္ထီလာမြို့ အကြမ်းဖက်မှုများကြောင့် ထွက်ပြေးကြရသော မွတ်စလင်များအား ထားရှိသည့် ဒုက္ခသည်စခန်းများ တွင် အခြေအနေအလွန်ဆိုးရွားလျက်ရှိသည်။

မြန်မာသတင်းများတွင် လှူဒါန်းမှုများ၊ ကူညီမှုများကို ဝေေ၀ဆာဆာရေးသားဖော်ပြနေကြသော်လည်း မွတ်စလင် ဒုက္ခသည်များအတွက်မူ ထိန်းသိမ်းရေး စခန်းကဲ့သို့ ဖြစ်နေကြောင်း၊ အစားအသောက် အနေအထိုင် အခြေအနေ အလွန်ဆိုးလျက်ရှိကြောင်း မိသားစုဝင်များကဆိုသည်။

လိုအပ်သည့် စားနပ်ရိက္ခာများလည်း မရရှိကြောင်း မိတ္ထီလာ ဘောလုံးကွင်း အတွင်းရောက်နေသည့် မိသားစုဝင် တဦးက ပြောပြသည်။

"မွတ်စလင်တွေအတွက် အစားအသောက် အလုံအလောက် မပေးဘူး။ မာမား ခေါက်ဆွဲခြောက် တယောက်တစ် ထုပ်စီ ခုနနေတစ်ထုပ် ခုနနေတစ်ထုပ် လာလာဝေတယ်။ ခုဆိုရင် သောက်ရေသန့်  တစ်ဗူးကို နှစ်ယောက် သုံး ယောက် သောက်ခိုင်းတယ်"

နေထိုင်ရေးနဲ့  ပတ်သက်ပြီး တခြားမိသားစုဝင် တစ်ဦးက "ဆေးလည်းမပေးဘူး၊ အပြင် ထွက်ဝယ်မယ်ဆို တော့လည်း ပေးမထွက်ဘူး၊ အဲ့ဒီ ဒုက္ခသည်စခန်းဆိုတာ ထိန်းသိမ်းရေး စခန်းလိုဖြစ်နေတယ်" ဟုဆိုသည်။

လူ ကိုးထောင်ကျော်ရှိသည့် အဆိုပါ ဒုက္ခသည်စခန်းတွင် အိမ်သာ ၄ လုံးသာရှိကြောင်း၊ သက်ကြီးရွယ်အိုများနှင့် ကလေးများလည်းရှိရာ ကျန်းမာရေးဆိုင်ရာ သန့် ရှင်းရေးကိစ္စများအတွက် စိုးရိမ်ရကြောင်း သိရသည်။

"ဗုဒ္ဓဘာသာတွေကိုတော့ စတိတ်ကျောင်းမှာထားတယ်ဗျာ၊ သူတို့ အတွက် အမိုးအကာ အပြည့်အ၀ရှိတယ်။ ကျ နော်တို့ မွတ်စလင်တွေအတွက်တော့ ဟင်းလင်းပြင်ကြီးမှာထားတယ်၊ အမိုးအကာမရှိ အိပ်သာမရှိ။ အစားအ သောက်ကျတော့လည်း လှူဒါန်းထားတာတွေ မရဘူး။ လှူထားတဲ့ ပစ္စည်း အကဒ်လိုက် အကဒ်လိုက်တွေကို ဗုဒ္ဓဘာသာဝင်တွေအတွက် သယ်သွားပြီး မွတ်စလင်တွေအတွက်တော့ အကန့် အသတ်နဲ့ ပဲရတယ်။ ဒါကြောင့် လှူဒါန်းတဲ့လူတွေအနေနဲ့  အာဏာပိုင်တွေလက်ထဲ ပုံအပ်လိုက်တာမဟုတ်ပဲ ကိုယ်တိုင်ကိုယ်ကျ ထောက်ပံ့ပေးသင့်တယ်။" ဒုက္ခသည်စခန်းအတွင်းမှ မွတ်စလင်တဦးမှ M-Media သို့ပြောကြားခဲ့တာပါ။


ဓါတ်ပုံ (Eleven Media)

ဟာဖွဇ်မနန်းကျောင်းမှကျောင်းသားတစ်ဦး ဒါးတင်၍ ဆွဲလှီးလိုက်သော ဓါတ်ပုံ

Posted by danyawadi on April 4, 2013 i
(တောင်ကြီး-မိတ္ထီလာ – ရန်ကုန် လမ်းခွဲအဆုံဘေး) ပွိုင့်ဘီယာဆိုင်ဘေးတွင် နေထိုင်သူ နဂါး ဦးဆောင်သော လူတစ်စုသည် ခရိုင်ကွင်းဘက်မှ ထွက်ပြေးလာသော လူများကို ဒါးနှင့် လိုက်ခုတ်၍ ရွှေမြင်တင်ဘုရား(ရန်ကုန်လမ်းဘက်သို့) ဘက်သို့ ပြေးတက်လာသောသူများနှင့် ကားပေါ်မှ ချထားသော သူများကို နဂါးဦးဆောင်သော အဖွဲ့မှ လိုက်လံ ဒါးနှင့်ခုတ်၍ အချို့ မှာ သစ်ခွဲစက် (မူလတန်းကျောင်းဝန်း)ဘက်နှင့် မိတ္ထီလာရေကန်အတွင်းထိ ဆင်းပြေးကြပါသည်။ ကန်ထဲဆင်းပြေးသူများကို နဂါးမှ ဘာမှမလုပ်ဘူးဟု ချော့ခေါ်ကာ ကုန်းပေါ်ရောက်သော အခါ တွင် တစ်ဦး ကိုလည်ပင်းပေါ် ဒါးတင်၍ ဆွဲလှီးလိုက်ပါသည်။(ခုတ်သတ်ခြင်းမဟုတ်ပါ)။၎င်း ကလေးသည် ဟာဖွဇ်မနန်းကျောင်းမှ ကျောင်းသား တစ်ဦးဖြစ် ပါသည်။

မကြာခင်ကဖြစ်ပွါးခဲ့ တဲ့ မိထ္တိလာမြို့မှာ၊ ၉၆၉ အကြမ်းဖက်အဖွဲ့ များ၊ ၉၆၉ အကြမ်းဖက်သံဃာတော် များ ရဲနှင့် ပူပေါင်းပြီး ၊မွတ်ဆလင်များအား ဗီဒီယိုဖိုင်တွင်ပါသည့် အတိုင်၊ ၀ိုင်းဝန်နှိပ် စက်၊ သတ်ဖြတ်ပြီး ရဲ အရှေ့ တွင် မီးရှို့ ကြပါသည်၊ ဒီဗီဒီယို ကိုလေ့လာ ကြည့်ခြင်အား ဖြင့် အကြမ်းဖက်မှုတွင်မည်သူတို့ က ပါဝင်ပတ်သက်သည်ဟု သိရှိနိုင်ပါသည်။ မိထ္တိလာမှာ ရဲတွေ   ရှေ့ တွင် မွတ်ဆလင်တွေရဲ့ အသက်ပေါင်း များစွာ သတ်ဖြတ်မီးရှို့ တယ်၊ တရာခံ မဖေါ်ထုတ်ပေး နိုင်မရှိ။

အောက်ပါလင့်ကိုနှိပ်၍ကြည့်ပါ။

http://www.facebook.com/photo.php?v=471734259566986&set=vb.465866293487116&type=2&theater


"၉၆၉"မွတ်စလင်ဆန့်ကျင်ရေးအစွန်းရောက်အကြမ်း ဖက်များနှင့်ပတ်သတ်၍ရိုက်တာ သတင်းဌာန၏ ကွင်းဆင်းတွေ့ ဆုံထားမှုများ … …

မိတ္ထီလာမြို့ အကြမ်းဖက်မှုတွေကနေတဆင့် ပဲခူးတိုင်း အနောက်ခြမ်းမှာရှိတဲ့ မြို့တွေကို ကူးစက်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ စပ်လျဉ်းပြီး ဒီလိုအခြေအနေတွေ ပေါ်ပေါက်ခဲ့ရတာဟာ ဝါဒဖြန့် လှုံ့ဆော်နေတဲ့ "၉၆၉" အစွန်းရောက် ဝါဒီတွေ၊ အစွန်းရောက်တရားဟော ဘုန်းကြီးတွေကြောင့်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက သုံးသပ်ခဲ့ပြီး အကြမ်းဖက်မှုဖြစ်ပွါးခဲ့တဲ့ ဒေသက လူတွေရဲ့ ပြောဆိုချက်တွေကို စုစည်းတင်ပြ ထားပါတယ်။

http://myanmarmuslimsvoice.com/archives/6352

http://myanmarhttp://myanmarmuslimsvoice.com/archives/6490muslimsvoice.com/archives/6490


--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.