ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) ဧပြီ ၂၊ ၂၀၁၃ နွေရာသီအချိန်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ နွေရာသီကျောင်း ပိတ်ရက်ရှည်ကာလတွင် နယ်ဒေသရှိ ကလေးငယ်များ အင်္ဂလိပ်ဘာသာစကား ရေး/ဖတ်/ပြောဆိုနိုင်ရန် ရည်ရွယ်၍ သုခအလင်း နယ်လှည့်ပညာဒါန (Mobile Education)အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ကျွန်းဦး ခတ္တိယကျေးရွာ၊ ရွာလည်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသွားရောက်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခအလင်း ပညာဒါနတွင် သင်ကြားပို့ချပေးလျှက်ရှိသည့် ဆရာ/မများ၏ ကူညီပံ့ပိုးမှုဖြင့် နယ်လှည့်ပညာဒါနအဖြစ် နွေရာသီအင်္ဂလိပ်စာ 4 Skills သင်ကြားပို့ချမည် အစီအစဉ်အား တစ်ပါတ်လျှင် (စနေနေ့၊ တနင်္ဂနွေနေ့) နှစ်ရက် တစ်ညအိပ်အဖြစ် ၂ဝ၁၃ ခုနှစ် နွေကျောင်းပိတ်ရက်ရှည် (၃) လများမှစတင်၍ အကောင်အထည်ဖော် သင်ကြား ပေးလျှက်ရှိသည်။ ၂ဝ၁၃ ခုနှစ်၊ မတ်လ [...]

Read more of this post